ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
K-Pop အဖွဲ့ BIGBANG ၏ခေါင်းဆောင် G-Dragon သည် တောင်ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့တော်မှ လူကုံထံရပ်ကွက်ဖြစ်သော ဟန်နမ်ဒေါင် (Hannam-dong)ခရိုင်ရှိ တန်ဖိုးကြီး Penthouse ခန်းတစ်ခုသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
အခန်းတန်ကြေးမှာ ဝမ်ငွေ ၉ ဘီလီယံ (စင်္ကာပူဒေါ်လာ ၁၀ ဒသမ ၄ သန်း) တန်ကြေးရှိသည်ဟု ဆိုသည်။
ကိုရီးယားသတင်းဌာနတို့၏ ဖော်ပြချက်အရ အသက် ၃၁ နှစ်ရှိပြီဖြစ်သော G-Dragon ၏ Penthouse ခန်းသည် Nine One Hannam အမည်ရှိ လူနေအိမ်ရာ၏ အပေါ်ဆုံးထပ်တွင် တည်ရှိကာ အကျယ်အဝန်း ၂၉၈ စတုရန်းမီတာရှိသည်ဟု ဖော်ပြကြသည်။
Nine One Hannam အိမ်ရာသည် အဆောက်အအုံ ၉ လုံးနှင့် အခန်းပေါင်း ၃၀၀ ပါဝင်သော လူနေအိမ်ရာသစ်တစ်ခု ဖြစ်သည်။
အိမ်ရာအတွင်း ရေကူးကန်၊ ဂေါက်ကွင်း၊ ဘတ်စ်ကက်ဘောကွင်းနှင့် အားကစားလေ့ကျင့်ရေးခန်းမတို့ ပါဝင်သည်။
အွန်လိုင်းပေါ်မှ ကြော်ငြာများတွင် ယခုအိမ်ရာနေရာကို #housegoals ဟု ဖော်ပြကြသည်။
G-Dragon (အမည်ရင်းမှာ Kwon Ji Yong ဖြစ်) က သူ၏နေအိမ်ခန်းဟု ယူဆရသော ဓာတ်ပုံများစွာ လူမှုကွန်ရက်တွင် တင်ထားခဲ့သည်။
Nine One Hannam သို့ မပြောင်းရွှေ့မီက G-Dragon သည် ထိပ်တန်းကြယ်ပွင့်များနေထိုင်သော အိမ်ရာတစ်ခုဖြစ်သည့် Galleria Floret တွင် နေထိုင်ခဲ့သည်။
အဆိုပါအိမ်ရာတွင် ကိုရီးယားထိပ်တန်းကြယ်ပွင့်များဖြစ်သော ရုပ်ရှင်မင်းသား Kim Soo Hyun ၊ ရုပ်ရှင်မင်းသမီး Han Ye Seul၊ SM Entertainment ၏ အကြီးအကဲ Lee Soo Man တို့လည်း နေထိုင်သည်။
ယခုအိမ်ရာတွင်ကား Hallyu Wave…..Bae Yong Joon နှင့် သူ၏ဇနီး ရုပ်ရှင်မင်းသမီး Park Soo Jin ၊ အဆိုတော် Jang Yoon Jung တို့အပြင် အခြားသောနာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးလောကမှပုဂ္ဂိုလ်များလည်း နေထိုင်လျက်ရှိသည်။
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှု)
Big Bang ၏ တေးသီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများမရှိသော်လည်း လွှမ်းပိုင်နှင့် Bobby Soxer တို့၏ အတွဲခွေမှ လွှမ်းပိုင်၏ စနေနေ့သီချင်းသည် Big Bang ၏ Day by Day ကို မှီးထားသည်ဟု မြန်မာပရိသတ်တို့အကြေား ဝေဖန်ပြောဆိုမှုများ ရှိသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: BIGBANG’s G-Dragon Moves Into Swanky New Penthouse Reportedly Worth S$10.4mil (8days.sg)
[Zawgyi]
K-Pop အဖြဲ႔ BIGBANG မွ G-Dragon ၏ ဝမ္ေငြ သန္း ၉၀၀၀ တန္ေၾကးရွိ Penthouse ခန္း
K-Pop အဖြဲ႔ BIGBANG ၏ေခါင္းေဆာင္ G-Dragon သည္ ေတာင္ကိုရီးယားႏိုင္ငံ ၊ ဆိုးလ္ျမိဳ႕ေတာ္မွ လူကံုထံရပ္ကြက္ျဖစ္ေသာ ဟန္နမ္ေဒါင္ (Hannam-dong)ခရိုင္ရွိ တန္ဖိုးၾကီး Penthouse ခန္းတစ္ခုသို႔ ေျပာင္းေရႊ႕ေနထုိင္လ်က္ရွိသည္။
အခန္းတန္ေၾကးမွာ ဝမ္ေငြ ၉ ဘီလီယံ (စကၤာပူေဒၚလာ ၁၀ ဒသမ ၄ သန္း) တန္ေၾကးရွိသည္ဟု ဆိုသည္။
ကိုရီးယားသတင္းဌာနတို႔၏ ေဖာ္ျပခ်က္အရ အသက္ ၃၁ ႏွစ္ရွိျပီျဖစ္ေသာ G-Dragon ၏ Penthouse ခန္းသည္ Nine One Hannam အမည္ရွိ လူေနအိမ္ရာ၏ အေပၚဆံုးထပ္တြင္ တည္ရွိကာ အက်ယ္အဝန္း ၂၉၈ စတုရန္းမီတာရွိသည္ဟု ေဖာ္ျပၾကသည္။
Nine One Hannam အိမ္ရာသည္ အေဆာက္အအံု ၉ လံုးႏွင့္ အခန္းေပါင္း ၃၀၀ ပါဝင္ေသာ လူေနအိမ္ရာသစ္တစ္ခု ျဖစ္သည္။
အိမ္ရာအတြင္း ေရကူးကန္၊ ေဂါက္ကြင္း၊ ဘတ္စ္ကက္ေဘာကြင္းႏွင့္ အားကစားေလ့က်င့္ေရးခန္းမတို႔ ပါဝင္သည္။
အြန္လိုင္းေပၚမွ ေၾကာ္ျငာမ်ားတြင္ ယခုအိမ္ရာေနရာကို #housegoals ဟု ေဖာ္ျပၾကသည္။
G-Dragon (အမည္ရင္းမွာ Kwon Ji Yong ျဖစ္) က သူ၏ေနအိမ္ခန္းဟု ယူဆရေသာ ဓာတ္ပံုမ်ားစြာ လူမႈကြန္ရက္တြင္ တင္ထားခဲ့သည္။
Nine One Hannam သို႔ မေျပာင္းေရႊ႕မီက G-Dragon သည္ ထိပ္တန္းၾကယ္ပြင့္မ်ားေနထိုင္ေသာ အိမ္ရာတစ္ခုျဖစ္သည့္ Galleria Floret တြင္ ေနထုိင္ခဲ့သည္။
အဆိုပါအိမ္ရာတြင္ ကိုရီးယားထိပ္တန္းၾကယ္ပြင့္မ်ားျဖစ္ေသာ ရုပ္ရွင္မင္းသား Kim Soo Hyun ၊ ရုပ္ရွင္မင္းသမီး Han Ye Seul၊ SM Entertainment ၏ အၾကီးအကဲ Lee Soo Man တို႔လည္း ေနထုိင္သည္။
ယခုအိမ္ရာတြင္ကား Hallyu Wave…..Bae Yong Joon ႏွင့္ သူ၏ဇနီး ရုပ္ရွင္မင္းသမီး Park Soo Jin ၊ အဆိုေတာ္ Jang Yoon Jung တို႔အျပင္ အျခားေသာနာမည္ေက်ာ္ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ႏိုင္ငံေရးေလာကမွပုဂၢိဳလ္မ်ားလည္း ေနထုိင္လ်က္ရွိသည္။
(ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈ)
Big Bang ၏ ေတးသီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ားမရွိေသာ္လည္း လႊမ္းပိုင္ႏွင့္ Bobby Soxer တို႔၏ အတြဲေခြမွ လႊမ္းပိုင္၏ စေနေန႔သီခ်င္းသည္ Big Bang ၏ Day by Day ကို မွီးထားသည္ဟု ျမန္မာပရိသတ္တို႔အေၾကား ေဝဖန္ေျပာဆိုမႈမ်ား ရွိသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: BIGBANG’s G-Dragon Moves Into Swanky New Penthouse Reportedly Worth S$10.4mil (8days.sg)