သတိပြုသင့်သည့် အိမ် မြေ အဝယ်ထပ်ခြင်း

သတိပြုသင့်သည့် အိမ် မြေ အဝယ်ထပ်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
9 Mar 2022 10:09 am တွင် တင်ခဲ့သည်
655 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

“ပြီးခဲ့တဲ့ ရက်ပိုင်းက ဆရာ့ရဲ့ ကြိုပွိုင့်ဝယ်ယူထားသည့် တိုက်ခန်းများကို ကန်ထရိုက်တာမှ ဆက်လက် မဆောက်နိုင်လျှင်ဆိုတဲ့ ဆောင်းပါး ကို iMyanmarHouse.com ဝဘ်ဆိုက်မှာ ဖတ်လိုက်ရတယ်” ဟု မိတ်ဆွေတစ်ဦးက စာရေးသူ၏ ရုံးခန်းသို့ ရောက်လာပြီး ဝမ်းသာစရာ စကားကို ပြောလာပါသည်။

“ဒီလို စကားကြားရတာ ဝမ်းသာမိပါတယ်ဗျာ။ စာရေးဆရာဆိုတာလည်း အနုပညာသမားတစ်ဦးပဲ မဟုတ် လား။ စာဖတ်ပရိသတ်ရှိမှ ရှင်သန်တာလေ”

“ဖတ်သူ အကြိမ်သောင်းဂဏန်းကျော်မယ်ထင်တယ် ဆရာ။ အဲဒီ ဆောင်းပါးမှာတော့ တိုက်ခန်းအဝယ်ထပ်တဲ့ ကိစ္စကို ဖတ်လိုက်ရတယ်။ တကယ်လို့များ အိမ်မြေဝယ်တဲ့အခါ ထပ်နေတာမျိုးဖြစ်ရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”

“မြေက ပိုပြီး ဂရုစိုက်ဖို့လိုတယ်။ ပါမစ်မြေဖြစ်စေ ဂရန်မြေဖြစ်စေ စိတ်ချလို့ မရဘူး။ ပါမစ်မူရင်း နှစ်စောင် ဂရန်မူရင်းနှစ်စောင်ရှိတာမျိုးလည်း ဖြစ်တတ်တယ်”

“ပါမစ်မူရင်းနှစ်စောင် ဂရန်မူရင်း နှစ်စောင်မျိုးရှိတတ်တယ်ဆိုတာက ဘယ်လိုဖြစ်တာလဲ ဆရာ။ ကျွန်တော်သိ သလောက်က အတုလုပ်တာမျိုး ရှိတယ်လို့ ကြားဖူးတယ်”

“အခုက စာရွက်စာတမ်းအတုနဲ့ မဟုတ်ဘဲ မူရင်း ပါမစ် ဒါမှမဟုတ် မူရင်း ဂရန်စာချုပ် ပျောက်ဆုံးပါတယ်ဆိုပြီး မူရင်းခွဲတွေ ထုတ်ယူကာ နှစ်ခါရောင်းတဲ့ ကိစ္စတွေလည်း ရှိတယ်”

“ဒါဆိုရင် အဝယ်ထပ်နေတဲ့ သဘောပေါ့နော်”

“ဟုတ်ပါတယ်။ တချို့ မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုထားတာလည်း ရှိတယ်”

“ကျွန်တော်လည်း အဲဒီလို အခု ဖြစ်နေလို့ ဆရာ”

“အိုး - ဘယ်လိုဖြစ်လို့လဲ ရှင်းပြပါဦး”

“မြေက ပါမစ်မြေ ဆရာ”

“ပါမစ်အမည်ပေါက်ဆီက ဝယ်တာလား။ တစ်ဆင့်ဝယ်ထားသူထံက ပြန်ဝယ်တာလား”

“မဟုတ်ဘူး ဆရာ။ ပါမစ် အမည်ပေါက်က ကွယ်လွန်သွားပြီး သူ့ရဲ့ သားသမီးတွေထံက ဝယ်တာ ဆရာ”

“အခု စရန်ငွေပေးပြီးပြီပေါ့”

“ဟုတ်ကဲ့ ဆရာ၊ စရန်ငွေပေးပြီး ကန့်ကွက်ရန် ရှိ မရှိ ကြေညာမှ ကန့်ကွက်သူ ပေါ်လာတယ် ဆရာ”

“သူကလည်း အဲဒီမြေကွက်ကို ဝယ်ထားတယ်ပေါ့။ ဒီလိုလား”

“ဟုတ်တယ် ဆရာ၊ ဒါနဲ့ ရောင်းသူတွေထံပြောတော့ သူတို့က ရောင်းမထားဘူးလို့ ငြင်းတယ်။ ဒါပေမယ့် ကန့်ကွက်သူက အမည်ပေါက်သူဖြစ်တဲ့ ဖခင်ထံမှ တိုက်ရိုက်စာချုပ် ချုပ် ဝယ်တယ်လို့ သိရတယ်”

“ဟုတ်ပြီ။ လက်ရှိ အဆိုပါ မြေကွက်နဲ့ အိမ်ကို ဘယ်သူနေသလဲ”

“ရောင်းမယ်ဆိုတဲ့ သားနှစ်ယောက်နေတာ ဆရာ။ ဝယ်ထားတယ်ဆိုတဲ့ သူတွေက မနေဘူး”

“မိတ်ဆွေကြီး ဝယ်မယ်ဆိုရင် သူတို့က ဆင်းပေးမယ်ပေါ့။ လက်ရောက်အပ်မယ်ပေါ့”

“ဟုတ်ပါတယ် ဆရာ။ ဒါကြောင့် ကျွန်တော်လည်း ဘာဆက်လုပ်ရမှန်း မသိလို့ ဆရာ့ဆီလာပြီး တိုင်ပင် ဆွေးနွေးတာပါ ဆရာ”

“မိတ်ဆွေကြီးက အမည်ပေါက်ထံက တိုက်ရိုက်ဝယ်မှာ မဟုတ်ဘဲ အမွေဆက်ခံသူထံက ဝယ်တာဆိုတော့ အခက်အခဲရှိနိုင်တယ်”

“သားနှစ်ဦးက ဖခင်ရဲ့ အမွေကို ဆက်ခံခွင့်ရှိတယ် မဟုတ်လား”

“မြေနှင့် အခွန်စည်းကြပ်ရေး ဥပဒေအရ အစိုးရက ဂရန်ထုတ်ပေးထားခြင်း မရှိသေးသော အစိုးရပိုင် မြေပေါ် တွင် နေထိုင်သူသည် အမွေဆက်ခံခွင့် လွှဲပြောင်းပိုင်ခွင့်မရှိ။ အစိုးရက ဂရန်ထုတ်ပေးပြီးမှသာ ထိုမြေနှင့် စပ်လျဉ်း၍ အမွေဆက်ခံခွင့် လွှဲပြောင်းပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်”

“ဒါဆိုရင် ပါမစ်မြေတွေက အမွေဆက်ခံခွင့်မရဘူးဆိုတဲ့ သဘောလား ဆရာ”

“တစ်ခုရှိတာက ပါမစ်စာရွက်စာတမ်းမှာ အမည်ပေါက်သူက မွေးချင်းတစ်ဦးကို အမွေခံအဖြစ် ဖော်ပြထားတဲ့ အချက်ပါဝင်ပြီး မိသားစု ဓာတ်ပုံနဲ့ အတိအလင်းဖော်ပြထားရင်တော့ ဆောင်ရွက်ခွင့် ရောင်းချခွင့်ရှိနိုင်မှာ ဖြစ်ပါ တယ်။ ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မရင်နုနှင့် မအေးမြင့်ပါ (၂) ၁၉၇၅ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၈၇) အမှုမှာ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့ရှိ အချင်းဖြစ်မြေသည် အစိုးရမြေ ဖြစ်ပြီး ဒေါ်မြိုင်၏ အမည်နှင့် နေခွင့် လက်မှတ် (Permit) မြေဖြစ်သည်။ Permit ဖြင့် ရရှိခဲ့သော မြေဖြစ်သဖြင့် ဒေါ်မြိုင်ကွယ်လွန်ပြီးနောက် ယင်းမြေကို ဒေါ်မြိုင်၏ အမွေစား အမွေခံများက အမွေဆက်ခံပိုင်ခွင့်မရှိလို့ ဆုံးဖြတ်ထားပါတယ်”

“ဒါဆိုရင် မူလအမည်ပေါက်ထံက ဝယ်တဲ့သူက ပိုပြီး အကျိုးခံစားခွင့်ရနိုင်တာပေါ့”

“မှန်ပါတယ်။ ဒါကြောင့် ဂရန်လျှောက်ထားတဲ့အခါမှာ မူလပိုင်ရှင် အမည်ပေါက်ထံမှ အဆင့်ဆင့်ဝယ်တဲ့ ကတိ စာချုပ်ကို တင်ပြပြီး လျှောက်ထားခွင့်ရှိပါတယ်”

“ဒါပေမယ့် ဆရာ၊ ကန့်ကွက်သူက လက်ရောက်ရယူမထားတာက စဉ်းစားစရာဖြစ်နေတယ် မဟုတ်လား”

“မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းဝယ်ခြင်းမှာ လက်ရောက် ပေးအပ်ပြီးမှသာ အရောင်းအဝယ်အထ မြောက်ပြီးဆုံးမှာဖြစ်ပါတယ်။ အခုကိစ္စမှာ ပထမဝယ်ထားသူက မြေကို လက်ရောက်ရယူထားခြင်း မရှိတဲ့ အတွက် စရန်ငွေပေးခြင်းသာဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ တွေ့ဆုံပြီး သေချာလေ့လာဖို့ လိုပါတယ်”

“စရန်ပေးထားခြင်းသာဖြစ်ရင် မူလစာချုပ် ပျက်ပျယ်သွားပြီးပေါ့ ဆရာ”

“ဒီလိုလည်း သတ်မှတ်လို့ ရပါတယ်။ တစ်ခုရှိတာက မူလပိုင်ရှင် ဖခင်ရဲ့ ပေးရန်ရှိတဲ့ ကျန်ငွေကို သား နှစ်ယောက်က လက်ခံပြီးဆက်လက် အရောင်းအဝယ်ပြုရင်တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆွေ ပြောစကားအရ ပါမစ်နှစ်ခုဖြစ်နေတဲ့ သဘောတွေ့ရတယ်။ ဒါကြောင့် ပါမစ်စာရွက်မှာ မိသားစုဓာတ်ပုံပါရှိခြင်းရှိ မရှိ အချက်ကို သေချာစိစစ်ဖို့ လိုပါတယ်။ မြေချပါမစ် မူရင်းနှစ်ခုရှိနေရင်တော့ လက်ရှိနေထိုင်သူ သားနှစ်ဦးမှ ကန့်ကွက်စိစစ်ဖို့ သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကောမတီထံ လျှောက်ထားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”

“အမှုအခင်းထိ ဖြစ်လာနိုင်တာပေါ့နော်”

“ဟုတ်ပါတယ်။ အမှုအခင်းထိဖြစ်လာနိုင်တဲ့အတွက် စရန်ငွေပြန် ပေးမယ်ဆိုရင်တော့ လက်ခံပြီး နောက်ဆုတ် လိုက်တာ သင့်တော်မယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

သတိျပဳသင့္သည့္ အိမ္ ေျမ အ၀ယ္ထပ္ျခင္း

“ၿပီးခဲ့တဲ့ ရက္ပုိင္းက ဆရာ့ရဲ႕ ႀကိဳပြိဳင့္၀ယ္ယူထားသည့္ တုိက္ခန္းမ်ားကုိ ကန္ထ႐ုိက္တာမွ ဆက္လက္ မေဆာက္ႏုိင္လွ်င္ဆုိတဲ့ ေဆာင္းပါး ကို iMyanmarHouse.com ဝဘ္ဆိုက္မွာ ဖတ္လုိက္ရတယ္” ဟု မိတ္ေဆြတစ္ဦးက စာေရးသူ၏ ႐ုံးခန္းသုိ႔ ေရာက္လာၿပီး ၀မ္းသာစရာ စကားကုိ ေျပာလာပါသည္။

“ဒီလုိ စကားၾကားရတာ ၀မ္းသာမိပါတယ္ဗ်ာ။ စာေရးဆရာဆုိတာလည္း အႏုပညာသမားတစ္ဦးပဲ မဟုတ္ လား။ စာဖတ္ပရိသတ္ရွိမွ ရွင္သန္တာေလ”

“ဖတ္သူ အႀကိမ္ေသာင္းဂဏန္းေက်ာ္မယ္ထင္တယ္ ဆရာ။ အဲဒီ ေဆာင္းပါးမွာေတာ့ တုိက္ခန္းအ၀ယ္ထပ္တဲ့ ကိစၥကို ဖတ္လုိက္ရတယ္။ တကယ္လုိ႔မ်ား အိမ္ေျမ၀ယ္တဲ့အခါ ထပ္ေနတာမ်ဳိးျဖစ္ရင္ ဘယ္လုိျဖစ္ႏုိင္သလဲ ဆရာ”

“ေျမက ပုိၿပီး ဂ႐ုစုိက္ဖုိ႔လိုတယ္။ ပါမစ္ေျမျဖစ္ေစ ဂရန္ေျမျဖစ္ေစ စိတ္ခ်လုိ႔ မရဘူး။ ပါမစ္မူရင္း ႏွစ္ေစာင္ ဂရန္မူရင္းႏွစ္ေစာင္ရွိတာမ်ဳိးလည္း ျဖစ္တတ္တယ္”

“ပါမစ္မူရင္းႏွစ္ေစာင္ ဂရန္မူရင္း ႏွစ္ေစာင္မ်ဳိးရွိတတ္တယ္ဆုိတာက ဘယ္လုိျဖစ္တာလဲ ဆရာ။ ကၽြန္ေတာ္သိ သေလာက္က အတုလုပ္တာမ်ဳိး ရွိတယ္လုိ႔ ၾကားဖူးတယ္”

“အခုက စာရြက္စာတမ္းအတုနဲ႔ မဟုတ္ဘဲ မူရင္း ပါမစ္ ဒါမွမဟုတ္ မူရင္း ဂရန္စာခ်ဳပ္ ေပ်ာက္ဆုံးပါတယ္ဆိုၿပီး မူရင္းခြဲေတြ ထုတ္ယူကာ ႏွစ္ခါေရာင္းတဲ့ ကိစၥေတြလည္း ရွိတယ္”

“ဒါဆုိရင္ အ၀ယ္ထပ္ေနတဲ့ သေဘာေပါ့ေနာ္”

“ဟုတ္ပါတယ္။ တခ်ဳိ႕ မွတ္ပုံတင္ အေရာင္းအ၀ယ္ စာခ်ဳပ္ ခ်ဳပ္ဆုိထားတာလည္း ရွိတယ္”

“ကၽြန္ေတာ္လည္း အဲဒီလုိ အခု ျဖစ္ေနလုိ႔ ဆရာ”

“အုိး - ဘယ္လုိျဖစ္လုိ႔လဲ ရွင္းျပပါဦး”

“ေျမက ပါမစ္ေျမ ဆရာ”

“ပါမစ္အမည္ေပါက္ဆီက ၀ယ္တာလား။ တစ္ဆင့္၀ယ္ထားသူထံက ျပန္၀ယ္တာလား”

“မဟုတ္ဘူး ဆရာ။ ပါမစ္ အမည္ေပါက္က ကြယ္လြန္သြားၿပီး သူ႔ရဲ႕ သားသမီးေတြထံက ၀ယ္တာ ဆရာ”

“အခု စရန္ေငြေပးၿပီးၿပီေပါ့”

“ဟုတ္ကဲ့ ဆရာ၊ စရန္ေငြေပးၿပီး ကန္႔ကြက္ရန္ ရွိ မရွိ ေၾကညာမွ ကန္႔ကြက္သူ ေပၚလာတယ္ ဆရာ”

“သူကလည္း အဲဒီေျမကြက္ကို ၀ယ္ထားတယ္ေပါ့။ ဒီလုိလား”

“ဟုတ္တယ္ ဆရာ၊ ဒါနဲ႔ ေရာင္းသူေတြထံေျပာေတာ့ သူတို႔က ေရာင္းမထားဘူးလုိ႔ ျငင္းတယ္။ ဒါေပမယ့္ ကန္႔ကြက္သူက အမည္ေပါက္သူျဖစ္တဲ့ ဖခင္ထံမွ တုိက္႐ုိက္စာခ်ဳပ္ ခ်ဳပ္ ၀ယ္တယ္လုိ႔ သိရတယ္”

“ဟုတ္ၿပီ။ လက္ရွိ အဆုိပါ ေျမကြက္နဲ႔ အိမ္ကုိ ဘယ္သူေနသလဲ”

“ေရာင္းမယ္ဆုိတဲ့ သားႏွစ္ေယာက္ေနတာ ဆရာ။ ၀ယ္ထားတယ္ဆုိတဲ့ သူေတြက မေနဘူး”

“မိတ္ေဆြႀကီး ၀ယ္မယ္ဆုိရင္ သူတုိ႔က ဆင္းေပးမယ္ေပါ့။ လက္ေရာက္အပ္မယ္ေပါ့”

“ဟုတ္ပါတယ္ ဆရာ။ ဒါေၾကာင့္ ကၽြန္ေတာ္လည္း ဘာဆက္လုပ္ရမွန္း မသိလုိ႔ ဆရာ့ဆီလာၿပီး တုိင္ပင္ ေဆြးေႏြးတာပါ ဆရာ”

“မိတ္ေဆြႀကီးက အမည္ေပါက္ထံက တုိက္႐ုိက္၀ယ္မွာ မဟုတ္ဘဲ အေမြဆက္ခံသူထံက ၀ယ္တာဆုိေတာ့ အခက္အခဲရွိႏုိင္တယ္”

“သားႏွစ္ဦးက ဖခင္ရဲ႕ အေမြကုိ ဆက္ခံခြင့္ရွိတယ္ မဟုတ္လား”

“ေျမႏွင့္ အခြန္စည္းၾကပ္ေရး ဥပေဒအရ အစုိးရက ဂရန္ထုတ္ေပးထားျခင္း မရွိေသးေသာ အစုိးရပုိင္ ေျမေပၚ တြင္ ေနထုိင္သူသည္ အေမြဆက္ခံခြင့္ လႊဲေျပာင္းပုိင္ခြင့္မရွိ။ အစုိးရက ဂရန္ထုတ္ေပးၿပီးမွသာ ထုိေျမႏွင့္ စပ္လ်ဥ္း၍ အေမြဆက္ခံခြင့္ လႊဲေျပာင္းပုိင္ခြင့္ရွိတယ္လုိ႔ ျပ႒ာန္းထားပါတယ္”

“ဒါဆုိရင္ ပါမစ္ေျမေတြက အေမြဆက္ခံခြင့္မရဘူးဆိုတဲ့ သေဘာလား ဆရာ”

“တစ္ခုရွိတာက ပါမစ္စာရြက္စာတမ္းမွာ အမည္ေပါက္သူက ေမြးခ်င္းတစ္ဦးကို အေမြခံအျဖစ္ ေဖာ္ျပထားတဲ့ အခ်က္ပါ၀င္ၿပီး မိသားစု ဓာတ္ပုံနဲ႔ အတိအလင္းေဖာ္ျပထားရင္ေတာ့ ေဆာင္ရြက္ခြင့္ ေရာင္းခ်ခြင့္ရွိႏုိင္မွာ ျဖစ္ပါ တယ္။ ရွင္းေအာင္ေျပာရရင္ တရား႐ုံးခ်ဳပ္က ဆံုးျဖတ္ထားတဲ့ မရင္ႏုႏွင့္ မေအးျမင့္ပါ (၂) ၁၉၇၅ ခုႏွစ္ ျမန္မာ ႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ (၈၇) အမႈမွာ ရန္ကုန္ၿမိဳ႕ ေတာင္ဥကၠလာပၿမိဳ႕ရွိ အခ်င္းျဖစ္ေျမသည္ အစုိးရေျမ ျဖစ္ၿပီး ေဒၚၿမိဳင္၏ အမည္ႏွင့္ ေနခြင့္ လက္မွတ္ (Permit) ေျမျဖစ္သည္။ Permit ျဖင့္ ရရွိခဲ့ေသာ ေျမျဖစ္သျဖင့္ ေဒၚၿမိဳင္ကြယ္လြန္ၿပီးေနာက္ ယင္းေျမကို ေဒၚၿမိဳင္၏ အေမြစား အေမြခံမ်ားက အေမြဆက္ခံပိုင္ခြင့္မရွိလုိ႔ ဆံုးျဖတ္ထားပါတယ္”

“ဒါဆုိရင္ မူလအမည္ေပါက္ထံက ၀ယ္တဲ့သူက ပိုၿပီး အက်ဳိးခံစားခြင့္ရႏုိင္တာေပါ့”

“မွန္ပါတယ္။ ဒါေၾကာင့္ ဂရန္ေလွ်ာက္ထားတဲ့အခါမွာ မူလပုိင္ရွင္ အမည္ေပါက္ထံမွ အဆင့္ဆင့္၀ယ္တဲ့ ကတိ စာခ်ဳပ္ကုိ တင္ျပၿပီး ေလွ်ာက္ထားခြင့္ရွိပါတယ္”

“ဒါေပမယ့္ ဆရာ၊ ကန္႔ကြက္သူက လက္ေရာက္ရယူမထားတာက စဥ္းစားစရာျဖစ္ေနတယ္ မဟုတ္လား”

“မေရႊ႕မေျပာင္းႏုိင္ေသာ ပစၥည္းကုိ ေရာင္း၀ယ္ျခင္းမွာ လက္ေရာက္ ေပးအပ္ၿပီးမွသာ အေရာင္းအ၀ယ္အထ ေျမာက္ၿပီးဆုံးမွာျဖစ္ပါတယ္။ အခုကိစၥမွာ ပထမ၀ယ္ထားသူက ေျမကို လက္ေရာက္ရယူထားျခင္း မရွိတဲ့ အတြက္ စရန္ေငြေပးျခင္းသာျဖစ္ႏုိင္တယ္လို႔ ယူဆႏုိင္ပါတယ္။ ေတြ႕ဆုံၿပီး ေသခ်ာေလ့လာဖုိ႔ လုိပါတယ္”

“စရန္ေပးထားျခင္းသာျဖစ္ရင္ မူလစာခ်ဳပ္ ပ်က္ပ်ယ္သြားၿပီးေပါ့ ဆရာ”

“ဒီလုိလည္း သတ္မွတ္လုိ႔ ရပါတယ္။ တစ္ခုရွိတာက မူလပုိင္ရွင္ ဖခင္ရဲ႕ ေပးရန္ရွိတဲ့ က်န္ေငြကုိ သား ႏွစ္ေယာက္က လက္ခံၿပီးဆက္လက္ အေရာင္းအ၀ယ္ျပဳရင္ေတာ့ ျဖစ္ႏုိင္ပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ မိတ္ေဆြ ေျပာစကားအရ ပါမစ္ႏွစ္ခုျဖစ္ေနတဲ့ သေဘာေတြ႕ရတယ္။ ဒါေၾကာင့္ ပါမစ္စာရြက္မွာ မိသားစုဓာတ္ပုံပါရွိျခင္းရွိ မရွိ အခ်က္ကို ေသခ်ာစိစစ္ဖုိ႔ လုိပါတယ္။ ေျမခ်ပါမစ္ မူရင္းႏွစ္ခုရွိေနရင္ေတာ့ လက္ရွိေနထုိင္သူ သားႏွစ္ဦးမွ ကန္႔ကြက္စိစစ္ဖုိ႔ သက္ဆုိင္ရာ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာမတီထံ ေလွ်ာက္ထားေဆာင္ရြက္ၾကရမွာ ျဖစ္ပါတယ္”

“အမႈအခင္းထိ ျဖစ္လာႏုိင္တာေပါ့ေနာ္”

“ဟုတ္ပါတယ္။ အမႈအခင္းထိျဖစ္လာႏုိင္တဲ့အတြက္ စရန္ေငြျပန္ ေပးမယ္ဆုိရင္ေတာ့ လက္ခံၿပီး ေနာက္ဆုတ္ လုိက္တာ သင့္ေတာ္မယ္”ဟု အႀကံျပဳေဆြးေႏြးလုိ္က္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
Grand Aung Thar Yar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service