လင်မယားအဖြစ် ကွာရှင်းထားသော မိဘနှင့်အတူမနေသော်လည်း အဘိုးအဘွားထံမှ အမွေရခွင့်ရှိခြင်း

လင်မယားအဖြစ် ကွာရှင်းထားသော မိဘနှင့်အတူမနေသော်လည်း အဘိုးအဘွားထံမှ အမွေရခွင့်ရှိခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
8 Mar 2022 11:47 am တွင် တင်ခဲ့သည်
2591 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

“ ကျွန်တော့်အနေနဲ့ မြေနဲ့အိမ်ဝယ်လိုက်တယ်ဆရာ။ မြေအမည်ပေါက်ရဲ့ မြေးတော်စပ်သူက ကန့်ကွက်နေလို့ ဆရာ။ ဘယ်လိုဖြစ်နိုင်ပါသလဲ ”

မိတ်ဆွေတစ်ဦးက စာရေးသူထံလာရောက်ဆွေးနွေးပါသည်။

“ စရန်ငွေပေးပြီးပြီးလား”

“ ဟုတ်ကဲ့။ စရန်ငွေပေးပြီး ကန့်ကွက်ရှိ၊ မရှိ ကြေညာမှ မြေးဖြစ်သူကလည်း အမွေဆိုင်အိမ်ဖြစ်လို့ ရပိုင်ခွင့်ရှိကြောင်း ကန့်ကွက်တာဖြစ်တယ် ”

“ မြေးမှာလည်း အမွေမီမြေးနဲ့ အမွေမမီမြေး ဆိုတာ ရှိတယ်”

“ ရှင်းပြပါဦးဗျာ”

“ အမွေမီမြေးဆိုတာက အဘိုးအဘွားက မိဘများထက် စောစွာကွယ်လွန်သွားပြီး ကျန်ရှိတဲ့ မြေးဖြစ်တယ်။ အမွေမမီမြေးကတော့ မိဘက အဘိုးအဘွားထက် ဦးစွာကွယ်လွန်သွားလို့ ကျန်ခဲ့တဲ့မြေးဖြစ်တယ် ”

“ အခုကိစ္စမှာတော့ ဖခင်ဖြစ်သူက ဦးစွာကွယ်လွန်သွားတာဖြစ်မယ်”

“ မြေအမည်ပေါက်က အဘိုးအဘွားအမည်ပေါက်ဖြစ်မှာပေါ့”

“ ဟုတ်ပါတယ် ဆရာ။ အမည်ပေါက်က ဇနီးမောင်နှံနှစ်ဦးအမည်ပေါက်ဖြစ်ပါတယ်”

“ မြေအမည်ပေါက်ဇနီးမောင်နှံမှာ သားသမီးဘယ်နှယောက်ရှိသလဲ”

“ သုံးယောက်ရှိတယ် ဆရာ”

“ သုံးဦးလုံးက သက်ရှ်ိထင်ရှားရှိသေးလား”

“ နှစ်ဦးပဲရှိတယ်။ ကန့်ကွက်တယ်ဆိုတဲ့ မြေးဖြစ်သူရဲ့ ဖခင်က ကွယ်လွန်သွားပြီဆရာ”

“ အခုရောင်းမယ်ဆိုသူတွေက သက်ရှိထင်ရှားရှိတဲ့ သားသမီးနှစ်ဦးက ရောင်းမှာလား”

“ ဟုတ်တယ် ဆရာ၊ မောင်နှမနှစ်ဦးက ရောင်းမှာဖြစ်ပါတယ်။ မူလရောင်းမယ့်ပြောစဉ်က သူတို့မောင်နှမနှစ်ဦးတည်းရှိတဲ့ သဘောပြောတာ ဆရာ။ အခုကန့်ကွက်သူပေါ်လာမှ ကွယ်လွန်သွားတဲ့ အစ်ကိုကြီးတစ်ဦးရှိတယ်လို့ သိရတာ”

“ ရောင်းမယ်ဆိုတဲ့ မောင်နှမနှစ်ဦက ဘာပြောသလဲ”

“ အစ်ကိုကြီးဖြစ်သူက အိမ်ထောင်ကွဲသွားတာလို့ ပြောပါတယ်။ အခုကန့်ကွက်တဲ့ မိန်းကလေးက အစ်ကိုကြီးနဲ့ ဇနီးကွာရှင်းပြီး မိခင်ဘက်လိုက်နေတာလို့ ပြောတယ်။ ဒါကြောင့် အမွေရခွင့်မရှိဘူးလို့ ပြောတယ် ဆရာ”

“ ကွယ်လွန်သွားတဲ့ အစ်ကိုကြီးဖြစ်သူက နောက်အိမ်ထောင်ပြုထားတာရှိ၊ မရှိ ဘာသိသေးလဲ ”

“ အစ်ကိုကြီးဖြစ်သူက ကျန်းမားရေးမကောင်းလို့ ဦးစွာ ကွယ်လွန်သွားတယ်လို့ ပြောတယ်။ နောက်အိမ်ထောင့်ပြုခဲ့တယ်လို့တော့ မပြောဘူး ဆရာ”

“ ဒါဆိုရင်တော့ အမွေမမီမြေးအဖြစ် ကျန်ရှိခဲ့တာဖြစ်တယ်။ အမွေဆိုင်သဘောပြောရရင်တော့ ဦးလေး။ အဒေါ်နဲ့ တူမတို့ဖြစ်နေတဲ့ အခြေအနေဖြစ်တယ်”

“ ဟုတ်ပါတယ်ဆရာ။ အစ်ကိုကြီးဖြစ်သူက ဦးစွာ ကွယ်လွန်သွားတယ်။ ဇနီးလည်းမရှိလို့ သူတို့မောင်နှမနှစ်ဦး ဆက်ခံပိုင်ဆိုင်တယ်လို့ ပြောပြီး ရောင်းတာဖြစ်မယ် ဆရာ”

“ မှန်ပါတယ်။ မိတ်ဆွေအနေနဲ့လည်း မိဘအမည်ပေါက်ဖြစ်တယ်။ သားသမီးနှစ်ဦးကသက်ရှိထင်ရှားရှိတယ်။ အငြင်းပွားစရာမရှိလို့ ဝယ်လိုက်တာပဲလေ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဖုံးကွယ်ထားတဲ့ မိသားစုကိစ္စတွေက ပေါ်ပေါက်လာတော့ အခက်အခဲဖြစ်တတ်တယ် ” “ ဟုတ်ကဲ့ ဆရာ။ အခုကိစ္စမှာမြေးဖြစ်သူက အမွေရခွင့်ရှိပါသလား ဆရာ”

“ ဥပဒေအရပြောရင်တော့ အမွေရခွင့်ရှိတယ်လို့ပဲ ပြောရမယ်”

“ သူတို့ပြောသလို အစ်ကိုအကြီးဆုံးက ဇနီးသည်နဲ့ ကွဲကွာစဉ်မှာ ပစ္စည်းခန်းပါအပြီးအပိုင်ပေးခဲ့တာလို့ ပြောတယ်။ ဒါကြောင့် ဇနီးနဲ့ ပါသွားတဲ့ သမီးက ဖဖခင်ရဲ့ အမွေကို ရခွင့် မရှိဘူးဆိုတာ ဟုတ်ပါသလား”

“ မြန်မာ့ဓလေ့ထုံးထမ်းဥပဒေမှာ လင်မယားကွာရှင်းပြီးနောက် အဖေနှင့်အတူလိုက်နေသည့်သားသမီးသည် အဖေ၏ အမွေကို ဆက်ခံနိုင်သည်။ အမေ၏အမွေကို ဆက်ခံခွင့်မရှိ။ ထိုနည်းတူ အမေနှင့် လိုက်ပါသွားသော သားသမီးသည် အမေ၏ အမွေကို ဆက်ခံနိုင်သည်။ အဖေ၏အမွေကို ဆက်ခံခွင့်မရှိလို့ သတ်မှတ်ထားပါတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မောင်ကျော်မြင့်နှင့် မောင်ကျော်ဆင့်၊ ၁၉၇၁ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ -၄၇ အမှုမှာ အမည်ပြုဆုံးဖြတ်ထားတာကို တွေ့ရတယ် ”

“ ဒါဆိုရင် အခုကန့်ကွက်တဲ့သူက သူ့အဖေရဲ့ ဝေစုကို ရပိုင်ခွင့်မရှိသူပေါ့ ဆရာ”

“ သာမန်အားဖြင့် ကြည့်ရင်တော့ ဟုတ်တယ်။ ကန့်ကွက်သူမိန်းကလေးက မိခင်နဲ့အတူငယ်စဉ်က လိုက်ပါနေထိုက်သူဖြစ်တဲ့အတွက် ဖခင်ထံမှ အမွေရခွင့်မရှိပါဘူး။ ဒါပေမဲ့ အမွေရှင်က ဖခင်မဟုတ်ဘဲ အဘိုးအဘွားဖြစ်နေတယ်”

“ အဘိုးအဘွားအမွေဆိုပေမယ့် ဖခင်ကကွယ်လွန်သွားတော့ ကန့်ကွက်တဲ့ သမီးက အဘိုးအဘွားထံက ရပိုင်ခွင့်ရှ်ိပါ့မလား”

“ ဖခင်ဖြစ်သူကွယ်လွန်တဲ့အတွက် အမွေမမှီမြေးအဖြစ် ကျန်ရှိတာကြောင့် ရပိုင်ခွင့်ရှိသွားမှာဖြစ်တယ်။ အကယ်၍ဖခင်ဖြစ်သူက သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင်တော့ သားသမီး ၃ ဦးက အမွေဝေစုခွဲဝေရရှိမှာဖြစ်တဲ့အတွက် ဖခင်ဝေစုကို ဖခင်က အပြီးအပိုင်ရခွင့်ရှိမှာဖြစ်ပါတယ်”

“ ဖခင်သက်ရှိထင်ရှားရှိနေသေးရင်တော့သမီးဖြစ်သူက အဘိုးအဘွားထံမှ အမွေမရနိုင်ဘူးပေါ့ ”

“ မှန်ပါတယ်။ အဘိုးအဘွားရဲ့ အမွေဟာ ဖခင်ဖြစ်သူထံရောက်ရှိသွားမှာဖြစ်ပါတယ်။ ဖခင်ထံ ရောက်ရှိသွားတဲ့ အမွေပစ္စည်းကိူ မိခင်နဲ့အတူ လိုက်ပါနေထိုင်တဲ့ သမီးဖြစ်သူက ဖခင်ကွယ်လွန်လျှင် အမွေဆက်ခံခွင့်ရှိမှာ မဟုတ်ပါဘူး”

“ အခုကိစ္စက အဘိုးအဘွားရဲ့ အမွေမို့ မြေးဖြစ်သူက ရခွင့်ရှိတယ်လို့ ဆရာဆိုလိုချင်တာမဟုတ်လား ”

“ ဥဒေက အဲဒီလိုပဲ သတ်မှတ်ထားပါတယ်။ ရှင်းအောင်ပြောရရင် ဒါနဲ့ပတ်သက်လို့တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးလတ်ကလေးနှင့် ကိုအောင်ကြည်(ခ) အောင်ကြည်သွင် ၁၉၉၂ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ - ၁၃၁ အမှုမှာ လင်မယားကွာရှင်းစဉ် မိခင်ဘက်သို့ လိုက်ပါသွားပြီး ဖခင်နှင့် အဆက်အသွယ်မရှိ၊ သားသမီးတို့၏ ပြုဖွယ်ဝတ္တရားကို ဖခင်အားပြုလုပ်ပေးခြင်းမရှိသော သားသမီးသည် ဖခင်ထံမှ အမွေဆက်ခံခွင့်ဆုံးရှုံးလင့်ကစာ ထိုသားသမီးမှ မွေးဖွားသည့်မြေအနေဖြင့် အဘိုးအဘွား၏အမွေကို ဆက်ခံခွင့်မဆုံးရှုံးကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့ ကိစ္စမှာ ကန့်ကွက်သူမြေးက အမွေရခွင့်ရှိမှ ဖြစ်တယ်”

“ ဒါဆိုရင် ဦးလေးနဲ့ အဒေါ်က အမွေခွဲပေးရမှာပေါ့။ အဲဒါမှ အရောင်းအဝယ်ဆက်လုပ်လို့ရမယ်ဖြစ်နေပြီ ”

“ ဟုတ်ပါတယ်။ နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။ ဒါမှ အရောင်းအဝယ်အဆင်ပြေမှာဖြစ်တယ်”

“ ဒါနဲ့ ဗဟုသုတအဖြစ် သိချင်တာက ဆရာအမွေမမီမြေးဆိုရင် ဘယ်လိုအမွေဝေစုရပါသလဲ။ ဖခင်ဝေစုအတိုင်း သုံးပုံတစ်ပုံရမှာလား ဆရာ”

“ အခုကိစ္စက အကြီးဆုံးသားကမွေးတဲ့မြေးဖြစ်လို့ ဦးလေး၊ အဒေါ်တို့နဲ့ အမွေဝေစုအညီအမျှရရှိမှာဖြစ်ပါတယ်” ဟု ရှင်းပြဆွေးနွေးလိုက်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု(ဥပဒေအတိုင်ပင်ခံ)

 

 

[Zawgyi]

လင္မယားအျဖစ္ ကြာရွင္းထားေသာ မိဘႏွင့္အတူမေနေသာ္လည္း အဘိုးအဘြားထံမွ အေမြရခြင့္ရွိျခင္း

“ ကၽြန္ေတာ့္အေနနဲ႕ ေျမနဲ႕အိမ္ဝယ္လိုက္တယ္ဆရာ။ ေျမအမည္ေပါက္ရဲ႕ ေျမးေတာ္စပ္သူက ကန္႕ကြက္ေနလို႕ ဆရာ။ ဘယ္လိုျဖစ္ႏိုင္ပါသလဲ ”

မိတ္ေဆြတစ္ဦးက စာေရးသူထံလာေရာက္ေဆြးေႏြးပါသည္။

“ စရန္ေငြေပးၿပီးၿပီးလား”

“ ဟုတ္ကဲ့။ စရန္ေငြေပးၿပီး ကန္႕ကြက္ရွိ၊ မရွိ ေၾကညာမွ ေျမးျဖစ္သူကလည္း အေမြဆိုင္အိမ္ျဖစ္လို႕ ရပိုင္ခြင့္ရွိေၾကာင္း ကန္႕ကြက္တာျဖစ္တယ္ ”

“ ေျမးမွာလည္း အေမြမီေျမးနဲ႕ အေမြမမီေျမး ဆိုတာ ရွိတယ္”

“ ရွင္းျပပါဦးဗ်ာ”

“ အေမြမီေျမးဆိုတာက အဘိုးအဘြားက မိဘမ်ားထက္ ေစာစြာကြယ္လြန္သြားၿပီး က်န္ရွိတဲ့ ေျမးျဖစ္တယ္။ အေမြမမီေျမးကေတာ့ မိဘက အဘိုးအဘြားထက္ ဦးစြာကြယ္လြန္သြားလို႕ က်န္ခဲ့တဲ့ေျမးျဖစ္တယ္ ”

“ အခုကိစၥမွာေတာ့ ဖခင္ျဖစ္သူက ဦးစြာကြယ္လြန္သြားတာျဖစ္မယ္”

“ ေျမအမည္ေပါက္က အဘိုးအဘြားအမည္ေပါက္ျဖစ္မွာေပါ့”

“ ဟုတ္ပါတယ္ ဆရာ။ အမည္ေပါက္က ဇနီးေမာင္ႏွံႏွစ္ဦးအမည္ေပါက္ျဖစ္ပါတယ္”

“ ေျမအမည္ေပါက္ဇနီးေမာင္ႏွံမွာ သားသမီးဘယ္ႏွေယာက္ရွိသလဲ”

“ သံုးေယာက္ရွိတယ္ ဆရာ”

“ သံုးဦးလံုးက သက္ရွိ္ထင္ရွားရွိေသးလား”

“ ႏွစ္ဦးပဲရွိတယ္။ ကန္႕ကြက္တယ္ဆိုတဲ့ ေျမးျဖစ္သူရဲ႕ ဖခင္က ကြယ္လြန္သြားၿပီဆရာ”

“ အခုေရာင္းမယ္ဆိုသူေတြက သက္ရွိထင္ရွားရွိတဲ့ သားသမီးႏွစ္ဦးက ေရာင္းမွာလား”

“ ဟုတ္တယ္ ဆရာ၊ ေမာင္ႏွမႏွစ္ဦးက ေရာင္းမွာျဖစ္ပါတယ္။ မူလေရာင္းမယ့္ေျပာစဥ္က သူတို႕ေမာင္ႏွမႏွစ္ဦးတည္းရွိတဲ့ သေဘာေျပာတာ ဆရာ။ အခုကန္႕ကြက္သူေပၚလာမွ ကြယ္လြန္သြားတဲ့ အစ္ကိုႀကီးတစ္ဦးရွိတယ္လို႕ သိရတာ”

“ ေရာင္းမယ္ဆိုတဲ့ ေမာင္ႏွမႏွစ္ဦက ဘာေျပာသလဲ”

“ အစ္ကိုႀကီးျဖစ္သူက အိမ္ေထာင္ကြဲသြားတာလို႕ ေျပာပါတယ္။ အခုကန္႕ကြက္တဲ့ မိန္းကေလးက အစ္ကိုႀကီးနဲ႕ ဇနီးကြာရွင္းၿပီး မိခင္ဘက္လိုက္ေနတာလို႕ ေျပာတယ္။ ဒါေၾကာင့္ အေမြရခြင့္မရွိဘူးလို႕ ေျပာတယ္ ဆရာ”

“ ကြယ္လြန္သြားတဲ့ အစ္ကိုႀကီးျဖစ္သူက ေနာက္အိမ္ေထာင္ျပဳထားတာရွိ၊ မရွိ ဘာသိေသးလဲ ”

“ အစ္ကိုႀကီးျဖစ္သူက က်န္းမားေရးမေကာင္းလို႕ ဦးစြာ ကြယ္လြန္သြားတယ္လို႕ ေျပာတယ္။ ေနာက္အိမ္ေထာင့္ျပဳခဲ့တယ္လို႕ေတာ့ မေျပာဘူး ဆရာ”

“ ဒါဆိုရင္ေတာ့ အေမြမမီေျမးအျဖစ္ က်န္ရွိခဲ့တာျဖစ္တယ္။ အေမြဆိုင္သေဘာေျပာရရင္ေတာ့ ဦးေလး။ အေဒၚနဲ႕ တူမတို႕ျဖစ္ေနတဲ့ အေျခအေနျဖစ္တယ္”

“ ဟုတ္ပါတယ္ဆရာ။ အစ္ကိုႀကီးျဖစ္သူက ဦးစြာ ကြယ္လြန္သြားတယ္။ ဇနီးလည္းမရွိလို႕ သူတို႕ေမာင္ႏွမႏွစ္ဦး ဆက္ခံပိုင္ဆိုင္တယ္လို႕ ေျပာၿပီး ေရာင္းတာျဖစ္မယ္ ဆရာ”

“ မွန္ပါတယ္။ မိတ္ေဆြအေနနဲ႕လည္း မိဘအမည္ေပါက္ျဖစ္တယ္။ သားသမီးႏွစ္ဦးကသက္ရွိထင္ရွားရွိတယ္။ အျငင္းပြားစရာမရွိလို႕ ဝယ္လိုက္တာပဲေလ။ ဒါေပမဲ့ တစ္ခါတစ္ရံမွာ ဖံုးကြယ္ထားတဲ့ မိသားစုကိစၥေတြက ေပၚေပါက္လာေတာ့ အခက္အခဲျဖစ္တတ္တယ္ ” “ ဟုတ္ကဲ့ ဆရာ။ အခုကိစၥမွာေျမးျဖစ္သူက အေမြရခြင့္ရွိပါသလား ဆရာ”

“ ဥပေဒအရေျပာရင္ေတာ့ အေမြရခြင့္ရွိတယ္လို႔ပဲ ေျပာရမယ္”

“ သူတို႕ေျပာသလို အစ္ကိုအႀကီးဆံုးက ဇနီးသည္နဲ႕ ကြဲကြာစဥ္မွာ ပစၥည္းခန္းပါအၿပီးအပိုင္ေပးခဲ့တာလို႕ ေျပာတယ္။ ဒါေၾကာင့္ ဇနီးနဲ႕ ပါသြားတဲ့ သမီးက ဖဖခင္ရဲ႕ အေမြကို ရခြင့္ မရွိဘူးဆိုတာ ဟုတ္ပါသလား”

“ ျမန္မာ့ဓေလ့ထံုးထမ္းဥပေဒမွာ လင္မယားကြာရွင္းၿပီးေနာက္ အေဖႏွင့္အတူလိုက္ေနသည့္သားသမီးသည္ အေဖ၏ အေမြကို ဆက္ခံႏိုင္သည္။ အေမ၏အေမြကို ဆက္ခံခြင့္မရွိ။ ထိုနည္းတူ အေမႏွင့္ လိုက္ပါသြားေသာ သားသမီးသည္ အေမ၏ အေမြကို ဆက္ခံႏိုင္သည္။ အေဖ၏အေမြကို ဆက္ခံခြင့္မရွိလို႕ သတ္မွတ္ထားပါတယ္။ တရား႐ုံးခ်ဳပ္က ဆံုးျဖတ္ထားတဲ့ ေမာင္ေက်ာ္ျမင့္ႏွင့္ ေမာင္ေက်ာ္ဆင့္၊ ၁၉၇၁ ခုႏွစ္ ျမန္မာႏိုင္ငံ တရားစီရင္ထံုး စာမ်က္ႏွာ -၄၇ အမႈမွာ အမည္ျပဳဆံုးျဖတ္ထားတာကို ေတြ႕ရတယ္ ”

“ ဒါဆိုရင္ အခုကန္႕ကြက္တဲ့သူက သူ႕အေဖရဲ႕ ေဝစုကို ရပိုင္ခြင့္မရွိသူေပါ့ ဆရာ”

“ သာမန္အားျဖင့္ ၾကည့္ရင္ေတာ့ ဟုတ္တယ္။ ကန္႕ကြက္သူမိန္းကေလးက မိခင္နဲ႕အတူငယ္စဥ္က လိုက္ပါေနထိုက္သူျဖစ္တဲ့အတြက္ ဖခင္ထံမွ အေမြရခြင့္မရွိပါဘူး။ ဒါေပမဲ့ အေမြရွင္က ဖခင္မဟုတ္ဘဲ အဘိုးအဘြားျဖစ္ေနတယ္”

“ အဘိုးအဘြားအေမြဆိုေပမယ့္ ဖခင္ကကြယ္လြန္သြားေတာ့ ကန္႕ကြက္တဲ့ သမီးက အဘိုးအဘြားထံက ရပိုင္ခြင့္ရွိ္ပါ့မလား”

“ ဖခင္ျဖစ္သူကြယ္လြန္တဲ့အတြက္ အေမြမမွီေျမးအျဖစ္ က်န္ရွိတာေၾကာင့္ ရပိုင္ခြင့္ရွိသြားမွာျဖစ္တယ္။ အကယ္၍ဖခင္ျဖစ္သူက သက္ရွိထင္ရွားရွိေနဦးမယ္ဆိုရင္ေတာ့ သားသမီး ၃ ဦးက အေမြေဝစုခြဲေဝရရွိမွာျဖစ္တဲ့အတြက္ ဖခင္ေဝစုကို ဖခင္က အၿပီးအပိုင္ရခြင့္ရွိမွာျဖစ္ပါတယ္”

“ ဖခင္သက္ရွိထင္ရွားရွိေနေသးရင္ေတာ့သမီးျဖစ္သူက အဘိုးအဘြားထံမွ အေမြမရႏိုင္ဘူးေပါ့ ”

“ မွန္ပါတယ္။ အဘိုးအဘြားရဲ႕ အေမြဟာ ဖခင္ျဖစ္သူထံေရာက္ရွိသြားမွာျဖစ္ပါတယ္။ ဖခင္ထံ ေရာက္ရွိသြားတဲ့ အေမြပစၥည္းကိူ မိခင္နဲ႕အတူ လိုက္ပါေနထိုင္တဲ့ သမီးျဖစ္သူက ဖခင္ကြယ္လြန္လွ်င္ အေမြဆက္ခံခြင့္ရွိမွာ မဟုတ္ပါဘူး”

“ အခုကိစၥက အဘိုးအဘြားရဲ႕ အေမြမို႕ ေျမးျဖစ္သူက ရခြင့္ရွိတယ္လို႕ ဆရာဆိုလိုခ်င္တာမဟုတ္လား ”

“ ဥေဒက အဲဒီလိုပဲ သတ္မွတ္ထားပါတယ္။ ရွင္းေအာင္ေျပာရရင္ ဒါနဲ႕ပတ္သက္လို႕တရား႐ုံးခ်ဳပ္က ဆံုးျဖတ္ထားတဲ့ ဦးလတ္ကေလးႏွင့္ ကိုေအာင္ၾကည္(ခ) ေအာင္ၾကည္သြင္ ၁၉၉၂ ခုႏွစ္ ျမန္မာႏိုင္ငံတရားစီရင္ထံုးစာမ်က္ႏွာ - ၁၃၁ အမႈမွာ လင္မယားကြာရွင္းစဥ္ မိခင္ဘက္သို႕ လိုက္ပါသြားၿပီး ဖခင္ႏွင့္ အဆက္အသြယ္မရွိ၊ သားသမီးတို႕၏ ျပဳဖြယ္ဝတၱရားကို ဖခင္အားျပဳလုပ္ေပးျခင္းမရွိေသာ သားသမီးသည္ ဖခင္ထံမွ အေမြဆက္ခံခြင့္ဆံုးရႈံးလင့္ကစာ ထိုသားသမီးမွ ေမြးဖြားသည့္ေျမအေနျဖင့္ အဘိုးအဘြား၏အေမြကို ဆက္ခံခြင့္မဆံုးရႈံးေၾကာင္း ဆံုးျဖတ္ထားပါတယ္။ ဒါေၾကာင့္ မိတ္ေဆြရဲ႕ ကိစၥမွာ ကန္႕ကြက္သူေျမးက အေမြရခြင့္ရွိမွ ျဖစ္တယ္”

“ ဒါဆိုရင္ ဦးေလးနဲ႕ အေဒၚက အေမြခြဲေပးရမွာေပါ့။ အဲဒါမွ အေရာင္းအဝယ္ဆက္လုပ္လို႕ရမယ္ျဖစ္ေနၿပီ ”

“ ဟုတ္ပါတယ္။ ႏွစ္ဦးႏွစ္ဖက္ၫွိႏိႈင္းေဆာင္ရြက္သင့္ပါတယ္။ ဒါမွ အေရာင္းအဝယ္အဆင္ေျပမွာျဖစ္တယ္”

“ ဒါနဲ႕ ဗဟုသုတအျဖစ္ သိခ်င္တာက ဆရာအေမြမမီေျမးဆိုရင္ ဘယ္လိုအေမြေဝစုရပါသလဲ။ ဖခင္ေဝစုအတိုင္း သံုးပံုတစ္ပံုရမွာလား ဆရာ”

“ အခုကိစၥက အႀကီးဆံုးသားကေမြးတဲ့ေျမးျဖစ္လို႕ ဦးေလး၊ အေဒၚတို႕နဲ႕ အေမြေဝစုအညီအမွ်ရရွိမွာျဖစ္ပါတယ္” ဟု ရွင္းျပေဆြးေႏြးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု(ဥပေဒအတိုင္ပင္ခံ)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service