လက်သုတ်ပဝါများတွင် ဘက်တီးရီးယားများပေါက်ပွားနိုင်ကြောင်း သတိပြုမိစေဖို့

လက်သုတ်ပဝါများတွင် ဘက်တီးရီးယားများပေါက်ပွားနိုင်ကြောင်း သတိပြုမိစေဖို့ - Property Knowledge in Myanmar from iMyanmarHouse.com
8 Mar 2022 11:18 am တွင် တင်ခဲ့သည်
618 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အိမ်ထောင်စုတိုင်းရဲ့ မီးဖိုချောင်တွေမှာ အစားအစာ ချက်ပြုတ်ပြင်ဆင်ရာမှာ လက်သုတ်ပဝါ၊ လက်နှီးစတာတွေ အသုံးပြုတတ်ကြပါတယ်။ ဒီနေရာမှာ မီးဖိုချောင်သုံး လက်သုတ်ပဝါတွေနဲ့ပတ်သက်ပြီး သတိပြုသင့်တာကတော့ အဲဒီလက်နှီး၊ လက်သုတ်ပဝါတွေမှာ ရောဂါပိုးတွေ ကပ်ငြိနေနိုင်တယ်ဆိုတာပါပဲ။ ဘက်တီးရီးယားအများစုဟာ လူတို့ကို အန္တရာယ်မဖြစ်စေပေမယ့် တချို့ကတော့ တစ်ခါတရံမှာ အစာအဆိပ်သင့်ခြင်း၊ အစားအစာများမှ ကူးစက်တတ်သောရောဂါများ ဖြစ်စေခြင်း စတဲ့ ပြဿနာတွေကို ဦးတည်စေပါတယ်။

မောရစ်သျှတက္ကသိုလ်မှ သုတေသီများဟာ လက်သုတ်ပဝါများနဲ့ ပတ်သက်ပြီး သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီသုတေသနအရ မီးဖိုခန်းမှာသုံးတဲ့ လက်သုတ်ပဝါတွေကို လျှော်ဖွပ်ခြင်းမပြုဘဲ တစ်လခန့် ထားစေပါတယ်။ နောင်တစ်လပြည့်လို့ စစ်ဆေးကြည့်ရာမှာ လက်သုတ်ပဝါများရဲ့ ထက်ဝက်ခန့်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားနေတာကို တွေ့ရပါတယ်။ အဲဒီဘက်တီးရီးယားတွေဟာ လူတွေရဲ့ အူလမ်းကြောင်းမှာနေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ အတူတူပါပဲ။ အဆိုပါတွေ့ရှိချက်ကို အမေရိကန် အဏုဇီဝဗေဒအသင်းရဲ့ နှစ်ပတ်လည်ညီလာခံမှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။

ဘယ်အခြေအနေတွေက ပိုမိုပေါက်ပွားစေသလဲ….

အဆိုပါသုတေသနမှာ ဘက်တီးရီးယားပေါက်ပွားမှုကို လေ့လာရာမှာ coliform ဘက်တီးရီးယားက ၃၆.၇ ရာခိုင်နှုန်း၊ Enterococcus ဘက်တီးရီးယားက ၃၆.၇ ရာခိုင်နှုန်း၊ Staphylococcus aureus က ၁၄.၃ ရာခိုင်နှုန်း စသဖြင့် အသီးသီးရှိတယ်လို့ ဆိုပါတယ်။ လက်သုတ်ပဝါတွေရဲ့ ဘက်တီးရီးယားတွေဟာ ပိုင်ရှင်တွေအပေါ် မူတည်ပြီးလည်း ပြောင်းလဲမှု ရှိတတ်ပါတယ်။ မိသားစုဝင်ဦးရေ၊ ကလေးဦးရေ၊ လူမှုစီးပွားရေးအခြေအနေ၊ စားသောက်မှုပုံစံ၊ လက်သုတ်ပဝါအမျိုးအစား စတာတွေအပေါ် မူတည်ပါတယ်။ ဥပမာအားဖြင့် Staphylococcus aureus ဘက်တီးရီးယားဟာ ကလေးများစွာရှိပြီး လူမှုစီးပွားရေး နိမ့်ကျတဲ့ မိသားစုတွေရဲ့ မီးဖိုချောင်က လက်သုတ်ပဝါတွေမှာ အတွေ့များပါတယ်။ coliform ဘက်တီးရီးယားမျိုးဖြစ်တဲ့ E. coli ဘက်တီးရီးယားကိုတော့ အသားစားများသူတွေမှာ တွေ့ရပါတယ်။

ဘာအကျိုးသက်ရောက်မှုရှိလဲ……

ဘက်တီးရီးယားအများစုဟာ ယေဘုယျအားဖြင့် ကိုယ်ခံအားကောင်းပြီး ကျန်းမာသူတွေကို အန္တရာယ်မဖြစ်စေပါဘူး။ ဒါပေမယ့် E. coli နဲ့ S. aureus စတဲ့ ဘက်တီးရီးယားတွေဟာ အစာအဆိပ်သင့်ခြင်းနဲ့ ဆက်စပ်မှုရှိပြီး ပျို့ခြင်းအန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဖျားနာခြင်း စတာတွေ ဖြစ်ပွားစေတတ်ပါတယ်။ အဲဒီရောဂါဝေဒနာတွေဟာ နာရီအနည်းငယ်ကနေ ရက်ပေါင်းများစွာအထိ ကြာမြင့်တတ်ပါတယ်။

မီးဖိုခန်းသုံးလက်သုတ်ပဝါဆိုတာ မိသားစုဝင်အားလုံးလိုလိုနဲ့ ထိတွေ့မှုရှိတဲ့အပြင် ညစ်ပေတဲ့အခါ သန့်ရှင်းရေးပစ္စည်းအဖြစ်သုံးတတ်တာကြောင့် ရောဂါပိုးမွှားတွေ စုဆုံရာဖြစ်နေတတ်ပါတယ်။ ပုံမှန်လျှော်ဖွပ်ခြင်းမရှိရင် ဘက်တီးရီးယားတွေ ပိုမိုပေါက်ပွားလာတတ်ပါတယ်။ ဒါ့အပြင် မီးဖိုခန်းသုံး အမှိုက်သရိုက်တွေကို စနစ်တကျစွန့်ပစ်ခြင်းမရှိရင် ပိုမိုဆိုးရွားတတ်ပါတယ်။

ဘာလုပ်သင့်သလဲ…..

တခါသုံး လက်သုတ်ပဝါများ၊ တစ်သျှူးများကို အသုံးပြုခြင်းဟာလည်း လက်သုတ်ပဝါများကနေ ဘက်တီးရီးယားပေါက်ပွားမှုကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ တခါသုံးမဟုတ်တဲ့ မီးဖိုခန်းသုံးပဝါတွေကို ပုံမှန်လျှော်ဖွပ်သင့်ပါတယ်။ ရံဖန်ရံခါ ရေနွေးနဲ့ပြုတ်လျှော်သင့်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ပိုင်လက်သုတ်ပဝါတွေထားရင် ပိုကောင်းပါတယ်။ ဒါ့အပြင် မီးဖိုခန်းထဲက စင်တွေ၊ ကြပ်ခိုးစင်တွေ၊ ဗီရိုတွေကိုလည်း ပုံမှန်သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။

စားပွဲမျက်နှာပြင်တွေ၊ မီးဖိုစင်တွေကို သန့်ရှင်းရေးပြုလုပ်ရာမှာ လက်သုတ်ပဝါနဲ့ အလွယ်တကူ ယူပြီး ပွတ်တိုက်သန့်ရှင်းရေးပြုလုပ်ခြင်း မပြုသင့်ပါဘူး။ အသားလှီးတဲ့ စဉ့်တီတုံးတွေကိုလည်း အသုံးပြုပြီးတာနဲ့ ချက်ချင်းဆေးကြောဖို့ လိုပါတယ်။ စနစ်တကျ ဆေးကြောမထားတဲ့ စဉ့်တီတုံးကို လက်သုတ်ပဝါနဲ့သုတ်ပြီး အဲဒီလက်သုတ်ပဝါကို တယောက်ယောက်က ယူပြီး လက်သုတ်ခြင်းဟာ ရောဂါပိုးတွေကို ပိုမိုပျံ့နှံ့စေနိုင်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့တချက်ကတော့ လက်ကို စနစ်တကျ ဆေးကြောဖို့ပါပဲ။ လက်ကိုစင်ကြယ်စွာ ဆေးကြောပေးခြင်းဟာ ဘက်တီးရီးယားများ ကူးစက်ခြင်းကို အတော်အသင့် ကာကွယ်ပြီးသား ဖြစ်သွားစေပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

လက္သုတ္ပဝါမ်ားတြင္ ဘက္တီးရီးယားမ်ားေပါက္ပြားႏိုင္ေၾကာင္း သတိျပဳမိေစဖို႔

အိမ္ေထာင္စုတိုင္းရဲ႕ မီးဖိုေခ်ာင္ေတြမွာ အစားအစာ ခ်က္ျပဳတ္ျပင္ဆင္ရာမွာ လက္သုတ္ပဝါ၊ လက္ႏွီးစတာေတြ အသုံးျပဳတတ္ၾကပါတယ္။ ဒီေနရာမွာ မီးဖိုေခ်ာင္သုံး လက္သုတ္ပဝါေတြနဲ႔ပတ္သက္ၿပီး သတိျပဳသင့္တာကေတာ့ အဲဒီလက္ႏွီး၊ လက္သုတ္ပဝါေတြမွာ ေရာဂါပိုးေတြ ကပ္ၿငိေနႏိုင္တယ္ဆိုတာပါပဲ။ ဘက္တီးရီးယားအမ်ားစုဟာ လူတို႔ကို အႏၲရာယ္မျဖစ္ေစေပမယ့္ တခ်ိဳ႕ကေတာ့ တစ္ခါတရံမွာ အစာအဆိပ္သင့္ျခင္း၊ အစားအစာမ်ားမွ ကူးစက္တတ္ေသာေရာဂါမ်ား ျဖစ္ေစျခင္း စတဲ့ ျပႆနာေတြကို ဦးတည္ေစပါတယ္။

ေမာရစ္သွ်တကၠသိုလ္မွ သုေတသီမ်ားဟာ လက္သုတ္ပဝါမ်ားနဲ႔ ပတ္သက္ၿပီး သုေတသနတစ္ခု ျပဳလုပ္ခဲ့ပါတယ္။ အဲဒီသုေတသနအရ မီးဖိုခန္းမွာသုံးတဲ့ လက္သုတ္ပဝါေတြကို ေလွ်ာ္ဖြပ္ျခင္းမျပဳဘဲ တစ္လခန္႔ ထားေစပါတယ္။ ေနာင္တစ္လျပည့္လို႔ စစ္ေဆးၾကည့္ရာမွာ လက္သုတ္ပဝါမ်ားရဲ႕ ထက္ဝက္ခန္႔မွာ ဘက္တီးရီးယားေတြ ေပါက္ပြားေနတာကို ေတြ႕ရပါတယ္။ အဲဒီဘက္တီးရီးယားေတြဟာ လူေတြရဲ႕ အူလမ္းေၾကာင္းမွာေနႏိုင္တဲ့ ဘက္တီးရီးယားေတြနဲ႔ အတူတူပါပဲ။ အဆိုပါေတြ႕႐ွိခ်က္ကို အေမရိကန္ အဏုဇီဝေဗဒအသင္းရဲ႕ ႏွစ္ပတ္လည္ညီလာခံမွာ တင္သြင္းဖတ္ၾကားခဲ့ပါတယ္။

ဘယ္အေျခအေနေတြက ပိုမိုေပါက္ပြားေစသလဲ….

အဆိုပါသုေတသနမွာ ဘက္တီးရီးယားေပါက္ပြားမႈကို ေလ့လာရာမွာ coliform ဘက္တီးရီးယားက ၃၆.၇ ရာခိုင္ႏႈန္း၊ Enterococcus ဘက္တီးရီးယားက ၃၆.၇ ရာခိုင္ႏႈန္း၊ Staphylococcus aureus က ၁၄.၃ ရာခိုင္ႏႈန္း စသျဖင့္ အသီးသီး႐ွိတယ္လို႔ ဆိုပါတယ္။ လက္သုတ္ပဝါေတြရဲ႕ ဘက္တီးရီးယားေတြဟာ ပိုင္႐ွင္ေတြအေပၚ မူတည္ၿပီးလည္း ေျပာင္းလဲမႈ ႐ွိတတ္ပါတယ္။ မိသားစုဝင္ဦးေရ၊ ကေလးဦးေရ၊ လူမႈစီးပြားေရးအေျခအေန၊ စားေသာက္မႈပုံစံ၊ လက္သုတ္ပဝါအမ်ိဳးအစား စတာေတြအေပၚ မူတည္ပါတယ္။ ဥပမာအားျဖင့္ Staphylococcus aureus ဘက္တီးရီးယားဟာ ကေလးမ်ားစြာ႐ွိၿပီး လူမႈစီးပြားေရး နိမ့္က်တဲ့ မိသားစုေတြရဲ႕ မီးဖိုေခ်ာင္က လက္သုတ္ပဝါေတြမွာ အေတြ႕မ်ားပါတယ္။ coliform ဘက္တီးရီးယားမ်ိဳးျဖစ္တဲ့ E. coli ဘက္တီးရီးယားကိုေတာ့ အသားစားမ်ားသူေတြမွာ ေတြ႕ရပါတယ္။

ဘာအက်ိဳးသက္ေရာက္မႈ႐ွိလဲ……

ဘက္တီးရီးယားအမ်ားစုဟာ ေယဘုယ်အားျဖင့္ ကိုယ္ခံအားေကာင္းၿပီး က်န္းမာသူေတြကို အႏၲရာယ္မျဖစ္ေစပါဘူး။ ဒါေပမယ့္ E. coli နဲ႔ S. aureus စတဲ့ ဘက္တီးရီးယားေတြဟာ အစာအဆိပ္သင့္ျခင္းနဲ႔ ဆက္စပ္မႈ႐ွိၿပီး ပ်ိဳ႕ျခင္းအန္ျခင္း၊ ဝမ္းပ်က္ျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ဖ်ားနာျခင္း စတာေတြ ျဖစ္ပြားေစတတ္ပါတယ္။ အဲဒီေရာဂါေဝဒနာေတြဟာ နာရီအနည္းငယ္ကေန ရက္ေပါင္းမ်ားစြာအထိ ၾကာျမင့္တတ္ပါတယ္။

မီးဖိုခန္းသုံးလက္သုတ္ပဝါဆိုတာ မိသားစုဝင္အားလုံးလိုလိုနဲ႔ ထိေတြ႕မႈ႐ွိတဲ့အျပင္ ညစ္ေပတဲ့အခါ သန္႔႐ွင္းေရးပစၥည္းအျဖစ္သုံးတတ္တာေၾကာင့္ ေရာဂါပိုးမႊားေတြ စုဆုံရာျဖစ္ေနတတ္ပါတယ္။ ပုံမွန္ေလွ်ာ္ဖြပ္ျခင္းမ႐ွိရင္ ဘက္တီးရီးယားေတြ ပိုမိုေပါက္ပြားလာတတ္ပါတယ္။ ဒါ့အျပင္ မီးဖိုခန္းသုံး အမိႈက္သ႐ိုက္ေတြကို စနစ္တက်စြန္႔ပစ္ျခင္းမ႐ွိရင္ ပိုမိုဆိုး႐ြားတတ္ပါတယ္။

ဘာလုပ္သင့္သလဲ…..

တခါသုံး လက္သုတ္ပဝါမ်ား၊ တစ္သွ်ဴးမ်ားကို အသုံးျပဳျခင္းဟာလည္း လက္သုတ္ပဝါမ်ားကေန ဘက္တီးရီးယားေပါက္ပြားမႈကို ကာကြယ္ၿပီးသားျဖစ္ေစပါတယ္။ တခါသုံးမဟုတ္တဲ့ မီးဖိုခန္းသုံးပဝါေတြကို ပုံမွန္ေလွ်ာ္ဖြပ္သင့္ပါတယ္။ ရံဖန္ရံခါ ေရေႏြးနဲ႔ျပဳတ္ေလွ်ာ္သင့္ပါတယ္။ ျဖစ္ႏိုင္ရင္ ကိုယ္ပိုင္လက္သုတ္ပဝါေတြထားရင္ ပိုေကာင္းပါတယ္။ ဒါ့အျပင္ မီးဖိုခန္းထဲက စင္ေတြ၊ ၾကပ္ခိုးစင္ေတြ၊ ဗီ႐ိုေတြကိုလည္း ပုံမွန္သန္႔႐ွင္းေရး ျပဳလုပ္သင့္ပါတယ္။

စားပြဲမ်က္ႏွာျပင္ေတြ၊ မီးဖိုစင္ေတြကို သန္႔႐ွင္းေရးျပဳလုပ္ရာမွာ လက္သုတ္ပဝါနဲ႔ အလြယ္တကူ ယူၿပီး ပြတ္တိုက္သန္႔႐ွင္းေရးျပဳလုပ္ျခင္း မျပဳသင့္ပါဘူး။ အသားလွီးတဲ့ စဥ့္တီတုံးေတြကိုလည္း အသုံးျပဳၿပီးတာနဲ႔ ခ်က္ခ်င္းေဆးေၾကာဖို႔ လိုပါတယ္။ စနစ္တက် ေဆးေၾကာမထားတဲ့ စဥ့္တီတုံးကို လက္သုတ္ပဝါနဲ႔သုတ္ၿပီး အဲဒီလက္သုတ္ပဝါကို တေယာက္ေယာက္က ယူၿပီး လက္သုတ္ျခင္းဟာ ေရာဂါပိုးေတြကို ပိုမိုပ်ံ႕ႏွံ႔ေစႏိုင္ပါတယ္။

ေနာက္ထပ္အေရးႀကီးတဲ့တခ်က္ကေတာ့ လက္ကို စနစ္တက် ေဆးေၾကာဖို႔ပါပဲ။ လက္ကိုစင္ၾကယ္စြာ ေဆးေၾကာေပးျခင္းဟာ ဘက္တီးရီးယားမ်ား ကူးစက္ျခင္းကို အေတာ္အသင့္ ကာကြယ္ၿပီးသား ျဖစ္သြားေစပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service