ရေလျှော်ရင်းကြုံ့သွားတဲ့ အထည်တွေ မူလအတိုင်းပြန်ကောင်းအောင် ဖြေရှင်းနိုင်မည့် နည်းလမ်း
ရေလျှော်ရင်းကြုံ့သွားတဲ့ အထည်တွေ မူလအတိုင်းပြန်ကောင်းအောင် ဖြေရှင်းနိုင်မည့် နည်းလမ်း - Property Knowledge in Myanmar from iMyanmarHouse.com
7 Mar 2022 11:40 am တွင် တင်ခဲ့သည်
808 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ကိုယ်ကြိုက်လို့ဝယ်လာတဲ့ အဝတ်အစားတစ်ထည် ရေလျှော်ရင်းကြုံ့သွားတာဟာ တော်တော်စိတ်ရှုပ်ဖို့ကောင်းပါတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေလည်း ရှာကြံမိကြမှာပါ။ တကယ်တော့ ရေလျှော်ရင်းကြုံ့သွားတဲ့ အထည်တွေကို မူလပုံစံအတိုင်း ပြန်ဖြစ်သွားစေနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အဝတ်တွေရဲ့အသားကိုလိုက်ပြီး ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတွေကတော့...
၁။ ချည်ထည် (cotton)
ချည်ထည်နဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတစ်ထည်ကို မူလပုံစံအတိုင်း ပြန်ဖြစ်စေချင်ရင် ကလေးခေါင်းလျှော်ရည် (baby shampoo) (သို့) ပျော့ဆေး အပျော့စားတစ်မျိုးနဲ့ ပြန်လျှော်ပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကလေးခေါင်းလျှော်ရည် (baby shampoo) အနည်းငယ်၊ ကြက်သီးနွေးရုံလောက် ရေနွေးနည်းနည်း၊ တဘက်တစ်ထည်နဲ့ ဇလုံတစ်လုံးတို့ပဲ ဖြစ်ပါတယ်။
အရင်ဆုံး ဇလုံတစ်လုံးထဲမှာ ရေကြုံ့သွားတဲ့အထည်ကို ထည့်လိုက်ပါ။ ပြီးရင် အဲဒီဇလုံကို ကြက်သီးနွေးရုံလောက် ရေနွေးတွေနဲ့ ဖြည့်လိုက်ပါ။ ကလေးခေါင်းလျှော်ရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာလောက်ကိုလည်း ဖြည့်လိုက်ပါ။ မိနစ် (၃၀) လောက် အဲဒီအတိုင်းထားပေးလိုက်ပါ။ ပြီးတာနဲ့ ရေစင်အောင်ညစ်ပြီး လှန်းထားပေးလိုက်ပါ။
အခြောက်လှန်းနေချိန်မှာ နေပူထဲမှာ ချိတ်နဲ့ထုတ်လှန်းထားတာမျိုးထက် ရေစင်အောက်ညှစ်ပြီး ပြင်ညီတစ်နေရာမှာ ဖြန့်လှန်းပေးတာမျိုး လုပ်ပေးပါ။ ပြီးရင် အဝတ်ရဲ့အနားစတွေကို အလေးချိန်စီးတဲ့အရာဝတ္ထုတစ်ခုနဲ့ ဖိထားပေးတာမျိုး လုပ်ပေးပါ။ ခြောက်သွားပြီဆိုရင်တော့ ခင်ဗျားရဲ့အထည်ဟာ အရင်လိုပြန်ဖြစ်သွားပါပြီ။
၂။ လူလုပ်ချည်မျှင် (synthetic fibers)
ပေါ်လီ အက်စတာ (Polyester) တို့၊ ပိုးတု (rayon) တို့လိုမျိုး လူလုပ်ချည်မျှင်တွေနဲ့ ရက်လုပ်ထားတဲ့ အဝတ်အစားတွေ ရေကြုံ့ကုန်ရင် ဖြေရှင်းရမယ့် နည်းလမ်းကလည်း ချည်ထည်တုံးကနဲ့ တူတူပါပဲ။ အရင်ဆုံး ဇလုံတစ်လုံးထဲမှာ ခေါင်းလျှော်ရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာလောက်ကို ထည့်ပါ။ ပြီးရင် ကြက်သီးနွေးရုံလောက် ရေနွေးလေးနည်းနည်းရောလိုက်ပါ။
လူလုပ်ချည်မျှင်တွေကတော့ ချည်ထည်တွေလောက် အချိန်ယူဖို့တော့မလိုအပ်ပါဘူး။ (၁၅) မိနစ်၊ မိနစ် (၂၀) လောက်စိမ်ပေးရင် ရပါပြီ။ synthetic fibers စကိုတော့ အခြောက်ခံစရာမလိုပါဘူး။ စိုစွတ်နေချိန်မှာပဲ အထည်ရဲ့အနားစတွေကို လေးလံတဲ့အရာတွေနဲ့ ဖိထားပေးရင်ရပါပြီ။ ပြီးသွားရင်တော့ အထည်ဟာ အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားမှာပါ။
၃။ ဂျင်းထည်
ဂျင်းထည်တွေကတော့ ရှေ့ (၂) ခုနဲ့ လုံးဝမတူညီပါဘူး။ ဂျင်းထည်တွေက ပုံမှန်အားဖြင့်တော့ ရေမကြုံ့တတ်ပါဘူး။ ဒါပေမယ့် တခြားအထည်တွေ၊ တချို့ပစ္စည်းတွေနဲ့ ရောထားမိရင်တော့ ရေကြုံ့သွားတတ်ပါတယ်။ Denim Jeans အထည်တွေ ရေကြုံ့ခြင်းကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိပါတယ်။
အဲဒါကတော့ ရေချိုးကြွေဇလုံ (bath tub) တစ်လုံးထဲမှာ ကြက်သီးနွေးရုံလောက် ရေနွေးတွေဖြည့်ပြီး ရေကြုံ့သွားလို့ မတော်ချင်တော့တဲ့ ဂျင်းဘောင်းဘီကို ဝတ်လျက်သားနဲ့ပဲ (၁၅) မိနစ်လောက် ဝင်စိမ်ပေးလိုက်ပါ။ ပြီးရင် အဲဒီဂျင်းဘောင်းဘီ ဝတ်လျက်နဲ့ပဲ လျှောက်သွားတာ၊ ထိုင်လိုက် ထလိုက် လုပ်တာ တစ်နာရီလောက်လုပ်ပေးပါ။ ဒါဆိုရင် ရေကြုံ့နေတဲ့ ဂျင်းဘောင်းဘီ ပြန်ကျယ်လာနိုင်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Reader's Digest
[Zawgyi]
၁။ ချည်ထည် (cotton)
၃။ ဂျင်းထည်
Credit: Reader's Digest
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Innwa Pyae Sone
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service