IP Man သရုပ်ဆောင် ဒွန်နီယန်း၏ ဟောင်ကောင်ဒေါ်လာ သန်း ၁၀၀ တန် စံအိမ်

IP Man သရုပ်ဆောင် ဒွန်နီယန်း၏ ဟောင်ကောင်ဒေါ်လာ သန်း ၁၀၀ တန် စံအိမ် - Property News in Myanmar from iMyanmarHouse.com
7 Mar 2022 10:49 am တွင် တင်ခဲ့သည်
2040 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောင်ကောင်မင်းသမီးဟောင်း ရို့စမွန် ကွမ်သည် မကြာသေးမီက အက်ရှင်ကြယ်ပွင့် ဒွန်နီယန်း၏ စံအိမ်သို့ သွားရောက်လည်ပတ်ခဲ့ရာ ဒွန်နီယန်း၏ စံအိမ်ခမ်းနားလှပပုံကို လက်ဖျားခါသွားခဲ့သည်။

ရို့စမွန်ကွမ်သည် ဟောင်ကောင်အဆိုတော်၊ ရုပ်ရှင်မင်းသမီးဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ်များက ရုံတင်ခဲ့သော Once Upon a Time in China ရုပ်ရှင်ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ကာ သူမ၏ မိဘ ၂ ပါးလုံးမှာလည်း ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြသည်။

ရို့စမွန်က ဒွန်နီယန်း၏ စံအိမ်ဧည့်ခန်းတွင် ဒွန်နီယန်းနှင့် စကားပြောနေပုံကို ဓာတ်ပုံရိုက်ကူးကာ လူမှုကွန်ရက်တွင် တင်ခဲ့သည်။

“သူငယ်ချင်းဟောင်းတွေ ပြန်ဆုံကြပြန်ပေါ့။ ဘဝအကြောင်း စကားစမြည်ပြောရင်း ငြိမ်းချမ်းရှည်လျားတဲ့ မွန်းလွဲပိုင်းကို ဖြတ်သန်းခဲ့ပါတယ်။ ဧည့်ဝတ်ကျေမှုအတွက် ကျေးဇူးပါ ဒွန်နီ။ ပျော်စရာ လက်ဖက်ရည်ဝိုင်းလေးပါ” ဟု အဆိုပါဓာတ်ပုံနှင့်အတူ ရေးသားထားခဲ့သည်။

ဒွန်နီယန်း၏ စံအိမ်သို့ ရို့စမွန်သွားရောက်လည်ပတ်ခဲ့ပုံ ဗွီဒီယိုဖိုင်မှာလည်း အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။

ဒွန်နီယန်းက စံအိမ်အဝင်ဝတွင် ရို့စမွန်အား တံထောင်နှင့်တွတ်ကာ နှုတ်ဆက်လိုက်ပြီးနောက် (ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုသို့နှုတ်ဆက်ဟန်ရသည်) နေအိမ်အတွင်းသို့ ဝင်လိုက်သည်နှင့် ရို့စမွန်မှာ “အရမ်းလှလိုက်တာ”ဟု အာမေဋိတ်ဖြင့် မြည်တမ်းမိသည်။

အဝင်ပေါက်အနီးထားရှိသော ဝင်ချွန်းလေ့ကျင့်သည့် သစ်သားတိုင်ကြီးကလည်း ရို့စမွန်ကို ဆွဲဆောင်ခဲ့၏။

(IP MAN ဇာတ်ကားသရုပ်ဆောင်၏ စံအိမ်တွင် သေချာပေါက်ရှိနေမည့်အရာတစ်ခု ဖြစ်သည်။)

သို့သော် အဆိုပါကိုယ်ခံပညာလေ့ကျင့်ရာနေရာမှာ ဒွန်နီယန်း၏ စံအိမ်အတွင်း ထိုတစ်ခုတည်းသာ ရှိသည်ကား မဟုတ်ချေ။

ဒွန်နီယန်းတွင် ပစ္စည်းအစုံအလင်ထည့်သွင်းထားသော အားကစားလေ့ကျင့်ရေးခန်းမကြီးတစ်ခုလည်း စံအိမ်တွင် ရှိသေးသည်။

သူ၏ အားကစားလေ့ကျင့်ခန်းမမှာ အခကြေးငွေဖြင့် လုပ်ကိုင်နေကြသော အားကစားခန်းမများထက်ပင် ပစ္စည်းပိုမိုစုံလင်ပုံရသည်။

ဟောင်ကောင်မှ သတင်းများအရ ဒွန်နီယန်းသည် ဟောင်ကောင်တွင် တန်ဖိုးကြီး အိမ်ခြံမြေ ၆ လုံး ပိုင်ဆိုင်ထားပြီး စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းမီတာ ၁၃၂၀၀ ခန့်ရှိသည်ဟု ဆိုသည်။

ဒွန်နီယန်း၏ အိမ်ခြံမြေများ အကျယ်အဝန်းကို သိသာစေရန် စင်္ကာပူမှ လူနေခန်းများနှင့် နှိုင်းယှဉ်ကြည့်ပါ။

စင်္ကာပူတွင် အခန်း ၄ ခန်းပါ HDB အခန်း၏ အကျယ်အဝန်းမှာ ၉၀ စတုရန်းမီတာဖြစ်ပြီး အခန်း ၅ ခန်းပါ လူနေခန်းမှာ ၁၁၀ စတုရန်းမီတာသာဖြစ်သည်။ ရို့စမွန် သွားရောက်လည်ပတ်ခဲ့သော ဒွန်နီယန်း၏ စံအိမ်သည် သတင်းမီဒီယာများတွင် “အခိုင်မာဆုံး ခံတပ်ကြီး”ဟု နာမည်ကျော်ပြီး ကာလတန်ကြေးအားဖြင့် ဟောင်ကောင်ဒေါ်လာ သန်း ၁၀၀ (ကန်ဒေါ်လာ ၁၂ ဒသမ ၇ သန်း) တန်ကြေးရှိသည်ဟု ဆိုသည်။

ဒွန်နီယန်းက ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုမှာ ဇနီးဖြစ်သူနှင့် ၂ ဦးပူးတွဲ ပိုင်ဆိုင်ခြင်းဖြစ်ကာ ဇနီးဖြစ်သူ စစ်ဆီ ဝမ် (Cissy Wang) မှာ ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ဒွန်နီယန်း၏ ပိုင်ဆိုင်မှုမှာ ၂၀ ရာခိုင်နှုန်း ဖြစ်သည်။

သူ၏ ဇနီး စစ်ဆီ ဝမ်သည် ဟောင်ကောင်မော်ဒယ်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က Miss Toronto Pageant မယ်ဘွဲ့ ရရှိထားသူ ဖြစ်ကာ ဒွန်နီယန်းနှင့် ၂၀၀၃ ခုနှစ်တွင် လက်ထပ်ခဲ့ခြင်းဖြစ်သည်။

ဒွန်နီယန်း၏ စံအိမ်အတွင်း ရေကူးကန်၊ ရေစိမ်ကန်၊ ကလေးကစားကွင်း၊ အကင်နေရာအပြင် အခြားအပန်းဖြေနေရာ အများအပြား ပါဝင်သေးသည်။

(ဒွန်နီယန်း ဘာလဲ)

ဒွန်နီယန်းသည် ကိုယ်ခံပညာရပ်များစွာကို တတ်ကျွမ်းထားရာ တိုက်ချိ၊ ဘောက်ဆင်၊ ကစ်ဘောက်ဆင်၊ Jeet Kune Do၊ ဟက်ပ်ကီဒို၊ ကိုယ်ခံပညာပေါင်းစုံပေါင်းစပ် (MMA)၊ တိုက်ကွမ်ဒို၊ ကရာတေး၊ မွေထိုင်း၊ နပန်း၊ ဘရာဇီး ဂျူဂျစ်ဆု၊ ရှောင်လင်ကိုယ်ခံပညာဖြစ်သော ဟွမ်ဂါ၊ တရုတ်လက်ဝှေ့ဖြစ်သော ရှန်ဒါ၊ ဂျူဒို၊ ဝင်ချွန်းနှင့် ဝူရှုး အစရှိသော ပညာရပ်ပေါင်းစုံ ကောင်းစွာတတ်မြောက်ထားသည်။

ဒွန်နီယန်းသည် အာရှတွင် အနုပညာကြေးအကြီးဆုံး သရုပ်ဆောင်များတွင် ပါဝင်ပြီး ၂၀၁၃ ခုနှစ်က သူ၏ ဝင်ငွေမှာ ဟောင်ကောင်ဒေါ်လာ သန်း ၂၂၀ ရှိခဲ့သည်။

IP MAN ရုပ်ရှင်ဇာတ်ကားတွင် ဝင်ချွန်းကိုယ်ခံပညာရှင်အဖြစ် သရုပ်ဆောင်ခဲ့မှုမှာ ဒွန်နီယန်း၏ အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့ပြီး တရုတ်ပြည်မကြီးတွင်သာမက အာရှနိုင်ငံများတွင် ဝင်ချွန်းသင်တန်းကျောင်းများစွာ ပေါ်ပေါက်လာစေခဲ့သည်။

ဒွန်နီယန်းသည် ပထမဇနီး ဟောင်ကောင်ကြော်ငြာလုပ်ငန်းရှင် Leung Zing-ci နှင့် အမေရိကန်ပြည်ထောင်စုတွင် ၁၉၉၃ ခုနှစ်အတွင်း လျှို့ဝှက်စွာ လက်ထပ်ခဲ့သည်။ သို့သော် အိမ်ထောင်ရေးမှာ တစ်နှစ်ပင် မကြာရှည်ဘဲ လမ်းခွဲခဲ့ကြသည်။ လမ်းခွဲပြီးနောက်တွင်မှ ဇနီးဖြစ်သူမှာ ကိုယ်ဝန်ရှိနေကြောင်း သိခဲ့ရပြီး ၎င်းတို့စုံတွဲ၏ သားကလေး Jeff ကို ၁၉၉၅ ခုနှစ်တွင် မွေးဖွားသည်။

ဒွန်နီယန်းသည် ဟောင်ကောင်မော်ဒယ် စစ်ဆီ ဝမ်နှင့် ၂၀၀၃ ခုနှစ်တွင် ချစ်ကြိုက်ခဲ့ပြီး ချစ်ကြိုးသွယ်ပြီး ၃ လအကြာတွင် လက်ထပ်ခဲ့ကြသည်။ ဒွန်နီယန်းနှင့် စစ်ဆီဝမ်တို့ စုံတွဲမှ ရင်သွေး ၂ ဦး ထွန်းကားပြီး Jasmine နှင့် James တို့ ဖြစ်သည်။

ဒွန်နီယန်းနှင့် စစ်ဆီဝမ်တို့ စုံတွဲသည် ၂၀၁၅ ခုနှစ်၊ မတ်လအတွင်းက ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ လှူဒါန်းမှုများ ပြုလုပ်ခဲ့ဖူးသည်။

(ဆက်စပ်သတင်းများ)

ဒွန်နီယန်း နေထိုင်လျက်ရှိသော စံအိမ်အကြောင်း ဖတ်ရှုရမှုအပေါ် ကျေနပ်နှစ်သက်မည်ဟု iMyanmarHouse.com မှ မျှော်လင့်ပါသည်။ ဖတ်ရှုပြီးနောက် သင်၏ ထင်မြင်ယူဆချက်များကိုလည်း ကွန်မန့်တွင် ဝေမျှပေးခဲ့ပါဦးနော်။ အခြားသော အကျော်အမော်များ၏ စံအိမ်များအကြောင်းကိုလည်း iMyanmarHose.com ရဲ့ သတင်းစာမျက်နှာ https://www.iMyanmarHouse.com/news တွင် ဖတ်ရှုနိုင်ပါသည်။

နောက်ဆုံးအချက်ကား အခြားမည်သည့် အကျော်အမော်၏ စံအိမ်အကြောင်း iMyanmarHouse.com မှာ ဖတ်ရှုလိုပါသလဲ။ ဖတ်ချင်သည့် အကျော်အမော်၏ အမည်ကို ကွန်မန့်မှာ ရေးသားပေးခဲ့ကြပါဦး။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rosamund Kwan Gives Fans A Look Into Donnie Yen’s S$17.6mil House (todayonline)

[Zawgyi]

IP Man သရုပ္ေဆာင္ ဒြန္နီယန္း၏ ေဟာင္ေကာင္ေဒၚလာ သန္း ၁၀၀ တန္ စံအိမ္

ေဟာင္ေကာင္မင္းသမီးေဟာင္း ရို႕စမြန္ ကြမ္သည္ မၾကာေသးမီက အက္ရွင္ၾကယ္ပြင့္ ဒြန္နီယန္း၏ စံအိမ္သို႔ သြားေရာက္လည္ပတ္ခဲ့ရာ ဒြန္နီယန္း၏ စံအိမ္ခမ္းနားလွပပံုကို လက္ဖ်ားခါသြားခဲ့သည္။

ရို႕စမြန္ကြမ္သည္ ေဟာင္ေကာင္အဆိုေတာ္၊ ရုပ္ရွင္မင္းသမီးျဖစ္ျပီး ၁၉၉၀ ျပည့္လြန္ႏွစ္မ်ားက ရံုတင္ခဲ့ေသာ Once Upon a Time in China ရုပ္ရွင္ဇာတ္လမ္းတြဲမ်ားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သူျဖစ္ကာ သူမ၏ မိဘ ၂ ပါးလံုးမွာလည္း ရုပ္ရွင္သရုပ္ေဆာင္မ်ား ျဖစ္ၾကသည္။

ရို႕စမြန္က ဒြန္နီယန္း၏ စံအိမ္ဧည့္ခန္းတြင္ ဒြန္နီယန္းႏွင့္ စကားေျပာေနပံုကို ဓာတ္ပံုရိုက္ကူးကာ လူမႈကြန္ရက္တြင္ တင္ခဲ့သည္။

“သူငယ္ခ်င္းေဟာင္းေတြ ျပန္ဆံုၾကျပန္ေပါ့။ ဘဝအေၾကာင္း စကားစျမည္ေျပာရင္း ျငိမ္းခ်မ္းရွည္လ်ားတဲ့ မြန္းလြဲပိုင္းကို ျဖတ္သန္းခဲ့ပါတယ္။ ဧည့္ဝတ္ေက်မႈအတြက္ ေက်းဇူးပါ ဒြန္နီ။ ေပ်ာ္စရာ လက္ဖက္ရည္ဝိုင္းေလးပါ” ဟု အဆိုပါဓာတ္ပံုႏွင့္အတူ ေရးသားထားခဲ့သည္။

ဒြန္နီယန္း၏ စံအိမ္သို႔ ရို႕စမြန္သြားေရာက္လည္ပတ္ခဲ့ပံု ဗြီဒီယိုဖိုင္မွာလည္း အင္တာနက္တြင္ ပ်ံ႕ႏွံ႔ခဲ့သည္။

ဒြန္နီယန္းက စံအိမ္အဝင္ဝတြင္ ရို႕စမြန္အား တံေထာင္ႏွင့္တြတ္ကာ ႏႈတ္ဆက္လိုက္ျပီးေနာက္ (ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ထိုသို႔ႏႈတ္ဆက္ဟန္ရသည္) ေနအိမ္အတြင္းသို႔ ဝင္လိုက္သည္ႏွင့္ ရို႕စမြန္မွာ “အရမ္းလွလိုက္တာ”ဟု အာေမဋိတ္ျဖင့္ ျမည္တမ္းမိသည္။

အဝင္ေပါက္အနီးထားရွိေသာ ဝင္ခၽြန္းေလ့က်င့္သည့္ သစ္သားတိုင္ၾကီးကလည္း ရို႕စမြန္ကို ဆြဲေဆာင္ခဲ့၏။

(IP MAN ဇာတ္ကားသရုပ္ေဆာင္၏ စံအိမ္တြင္ ေသခ်ာေပါက္ရွိေနမည့္အရာတစ္ခု ျဖစ္သည္။)

သို႔ေသာ္ အဆိုပါကိုယ္ခံပညာေလ့က်င့္ရာေနရာမွာ ဒြန္နီယန္း၏ စံအိမ္အတြင္း ထိုတစ္ခုတည္းသာ ရွိသည္ကား မဟုတ္ေခ်။

ဒြန္နီယန္းတြင္ ပစၥည္းအစံုအလင္ထည့္သြင္းထားေသာ အားကစားေလ့က်င့္ေရးခန္းမၾကီးတစ္ခုလည္း စံအိမ္တြင္ ရွိေသးသည္။

သူ၏ အားကစားေလ့က်င့္ခန္းမမွာ အခေၾကးေငြျဖင့္ လုပ္ကိုင္ေနၾကေသာ အားကစားခန္းမမ်ားထက္ပင္ ပစၥည္းပိုမိုစံုလင္ပံုရသည္။

ေဟာင္ေကာင္မွ သတင္းမ်ားအရ ဒြန္နီယန္းသည္ ေဟာင္ေကာင္တြင္ တန္ဖုိးၾကီး အိမ္ျခံေျမ ၆ လံုး ပိုင္ဆိုင္ထားျပီး စုစုေပါင္းအက်ယ္အဝန္းမွာ စတုရန္းမီတာ ၁၃၂၀၀ ခန္႔ရွိသည္ဟု ဆိုသည္။

ဒြန္နီယန္း၏ အိမ္ျခံေျမမ်ား အက်ယ္အဝန္းကို သိသာေစရန္ စကၤာပူမွ လူေနခန္းမ်ားႏွင့္ ႏႈိင္းယွဥ္ၾကည့္ပါ။

စကၤာပူတြင္ အခန္း ၄ ခန္းပါ HDB အခန္း၏ အက်ယ္အဝန္းမွာ ၉၀ စတုရန္းမီတာျဖစ္ျပီး အခန္း ၅ ခန္းပါ လူေနခန္းမွာ ၁၁၀ စတုရန္းမီတာသာျဖစ္သည္။ ရို႕စမြန္ သြားေရာက္လည္ပတ္ခဲ့ေသာ ဒြန္နီယန္း၏ စံအိမ္သည္ သတင္းမီဒီယာမ်ားတြင္ “အခိုင္မာဆံုး ခံတပ္ၾကီး”ဟု နာမည္ေက်ာ္ျပီး ကာလတန္ေၾကးအားျဖင့္ ေဟာင္ေကာင္ေဒၚလာ သန္း ၁၀၀ (ကန္ေဒၚလာ ၁၂ ဒသမ ၇ သန္း) တန္ေၾကးရွိသည္ဟု ဆိုသည္။

ဒြန္နီယန္းက ၂၀၁၃ ခုႏွစ္ ဧျပီလအတြင္း ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ပိုင္ဆိုင္မႈမွာ ဇနီးျဖစ္သူႏွင့္ ၂ ဦးပူးတြဲ ပိုင္ဆိုင္ျခင္းျဖစ္ကာ ဇနီးျဖစ္သူ စစ္ဆီ ဝမ္ (Cissy Wang) မွာ ၈၀ ရာခိုင္ႏႈန္း ပိုင္ဆိုင္ျပီး ဒြန္နီယန္း၏ ပိုင္ဆိုင္မႈမွာ ၂၀ ရာခုိင္ႏႈန္း ျဖစ္သည္။

သူ၏ ဇနီး စစ္ဆီ ဝမ္သည္ ေဟာင္ေကာင္ေမာ္ဒယ္ျဖစ္ျပီး ၂၀၀၀ ျပည့္ႏွစ္က Miss Toronto Pageant မယ္ဘြဲ႕ ရရွိထားသူ ျဖစ္ကာ ဒြန္နီယန္းႏွင့္ ၂၀၀၃ ခုႏွစ္တြင္ လက္ထပ္ခဲ့ျခင္းျဖစ္သည္။

ဒြန္နီယန္း၏ စံအိမ္အတြင္း ေရကူးကန္၊ ေရစိမ္ကန္၊ ကေလးကစားကြင္း၊ အကင္ေနရာအျပင္ အျခားအပန္းေျဖေနရာ အမ်ားအျပား ပါဝင္ေသးသည္။

(ဒြန္နီယန္း ဘာလဲ)

ဒြန္နီယန္းသည္ ကိုယ္ခံပညာရပ္မ်ားစြာကို တတ္ကၽြမ္းထားရာ တိုက္ခ်ိ၊ ေဘာက္ဆင္၊ ကစ္ေဘာက္ဆင္၊ Jeet Kune Do၊ ဟက္ပ္ကီဒို၊ ကိုယ္ခံပညာေပါင္းစံုေပါင္းစပ္ (MMA)၊ တိုက္ကြမ္ဒို၊ ကရာေတး၊ ေမြထိုင္း၊ နပန္း၊ ဘရာဇီး ဂ်ဴဂ်စ္ဆု၊ ေရွာင္လင္ကိုယ္ခံပညာျဖစ္ေသာ ဟြမ္ဂါ၊ တရုတ္လက္ေဝွ႔ျဖစ္ေသာ ရွန္ဒါ၊ ဂ်ဴဒို၊ ဝင္ခၽြန္းႏွင့္ ဝူရႈး အစရွိေသာ ပညာရပ္ေပါင္းစံု ေကာင္းစြာတတ္ေျမာက္ထားသည္။

ဒြန္နီယန္းသည္ အာရွတြင္ အႏုပညာေၾကးအၾကီးဆံုး သရုပ္ေဆာင္မ်ားတြင္ ပါဝင္ျပီး ၂၀၁၃ ခုႏွစ္က သူ၏ ဝင္ေငြမွာ ေဟာင္ေကာင္ေဒၚလာ သန္း ၂၂၀ ရွိခဲ့သည္။

IP MAN ရုပ္ရွင္ဇာတ္ကားတြင္ ဝင္ခၽြန္းကိုယ္ခံပညာရွင္အျဖစ္ သရုပ္ေဆာင္ခဲ့မႈမွာ ဒြန္နီယန္း၏ ေအာင္ျမင္မႈ အထြတ္အထိပ္သို႔ ေရာက္ရွိသြားေစခဲ့ျပီး တရုတ္ျပည္မၾကီးတြင္သာမက အာရွႏိုင္ငံမ်ားတြင္ ဝင္ခၽြန္းသင္တန္းေက်ာင္းမ်ားစြာ ေပၚေပါက္လာေစခဲ့သည္။

ဒြန္နီယန္းသည္ ပထမဇနီး ေဟာင္ေကာင္ေၾကာ္ျငာလုပ္ငန္းရွင္ Leung Zing-ci ႏွင့္ အေမရိကန္ျပည္ေထာင္စုတြင္ ၁၉၉၃ ခုႏွစ္အတြင္း လွ်ိဳ႕ဝွက္စြာ လက္ထပ္ခဲ့သည္။ သို႔ေသာ္ အိမ္ေထာင္ေရးမွာ တစ္ႏွစ္ပင္ မၾကာရွည္ဘဲ လမ္းခြဲခဲ့ၾကသည္။ လမ္းခြဲျပီးေနာက္တြင္မွ ဇနီးျဖစ္သူမွာ ကိုယ္ဝန္ရွိေနေၾကာင္း သိခဲ့ရျပီး ၎တို႔စံုတြဲ၏ သားကေလး Jeff ကို ၁၉၉၅ ခုႏွစ္တြင္ ေမြးဖြားသည္။

ဒြန္နီယန္းသည္ ေဟာင္ေကာင္ေမာ္ဒယ္ စစ္ဆီ ဝမ္ႏွင့္ ၂၀၀၃ ခုႏွစ္တြင္ ခ်စ္ၾကိဳက္ခဲ့ျပီး ခ်စ္ၾကိဳးသြယ္ျပီး ၃ လအၾကာတြင္ လက္ထပ္ခဲ့ၾကသည္။ ဒြန္နီယန္းႏွင့္ စစ္ဆီဝမ္တို႔ စံုတြဲမွ ရင္ေသြး ၂ ဦး ထြန္းကားျပီး Jasmine ႏွင့္ James တို႔ ျဖစ္သည္။

ဒြန္နီယန္းႏွင့္ စစ္ဆီဝမ္တို႔ စံုတြဲသည္ ၂၀၁၅ ခုႏွစ္၊ မတ္လအတြင္းက ထိုင္း-ျမန္မာနယ္စပ္ရွိ ဒုကၡသည္စခန္းမ်ားသို႔ သြားေရာက္ကာ လွဴဒါန္းမႈမ်ား ျပဳလုပ္ခဲ့ဖူးသည္။

(ဆက္စပ္သတင္းမ်ား)

ဒြန္နီယန္း ေနထုိင္လ်က္ရွိေသာ စံအိမ္အေၾကာင္း ဖတ္ရႈရမႈအေပၚ ေက်နပ္ႏွစ္သက္မည္ဟု iMyanmarHouse.com မွ ေမွ်ာ္လင့္ပါသည္။ ဖတ္ရႈျပီးေနာက္ သင္၏ ထင္ျမင္ယူဆခ်က္မ်ားကိုလည္း ကြန္မန္႔တြင္ ေဝမွ်ေပးခဲ့ပါဦးေနာ္။ အျခားေသာ အေက်ာ္အေမာ္မ်ား၏ စံအိမ္မ်ားအေၾကာင္းကိုလည္း iMyanmarHose.com ရဲ႕ သတင္းစာမ်က္ႏွာ https://www.iMyanmarHouse.com/news တြင္ ဖတ္ရႈႏိုင္ပါသည္။

ေနာက္ဆံုးအခ်က္ကား အျခားမည္သည့္ အေက်ာ္အေမာ္၏ စံအိမ္အေၾကာင္း iMyanmarHouse.com မွာ ဖတ္ရႈလိုပါသလဲ။ ဖတ္ခ်င္သည့္ အေက်ာ္အေမာ္၏ အမည္ကို ကြန္မန္႔မွာ ေရးသားေပးခဲ့ၾကပါဦး။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Rosamund Kwan Gives Fans A Look Into Donnie Yen’s S$17.6mil House (todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service