Metallica ၏ အဆိုတော် ဂျိမ်းစ် ဟက်ဖီး နေထိုင်သော တောမြို့ကလေးမှ စံအိမ်
Metallica ၏ အဆိုတော် ဂျိမ်းစ် ဟက်ဖီး နေထိုင်သော တောမြို့ကလေးမှ စံအိမ် - Property News in Myanmar from iMyanmarHouse.com
7 Mar 2022 10:21 am တွင် တင်ခဲ့သည်
1290 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဂျိမ်းစ်ဟက်ဖီးသည် လက်ဖျားခါရသည့် အဆိုတော်၊ ဂစ်တာသမားတစ်ဦးဖြစ်ပြီး ဟဲဗီးမက်တယ်အဖွဲ့ကြီး Metallica ၏ ပူးတွဲတည်ထောင်သူလည်း ဖြစ်သည်။
သူ၏ ထူးခြားသော ဂီတပါရမီဖြင့် နာမည်ကျော်ပြီး Metallica သည် ဂန္ထဝင်မြောက်သည့် ဂီတသံစဉ်များ ပိုင်ဆိုင်ထားကြောင်း အများက လက်ခံထားကြသည်။
ဂျိမ်းစ်ဟက်ဖီးသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဒေါင်းနီမြို့ကလေး (Downey) မှဖြစ်ပြီး လော့စ်အိန်ဂျလိမြို့ကြီးတွင် သူ၏ ဂီတဘဝကို စတင်ခဲ့ကာ ယင်းနောက်ပိုင်းသူ၏ အကြောင်းအရာများသည်ကား လူတိုင်းသိရှိထားပြီး ဖြစ်သည်။
သူသည် အဆိုတော်တစ်ဦးဖြစ်ရုံမျှမက သမိုင်းတစ်လျှောက်အကောင်းဆုံး မက်တယ်ဂစ်တာသမားများ တွင်လည်း တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရသည်။
ဂျိမ်းစ် ဟက်ဖီးသည် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် နေထိုင်ခဲ့ဖူးသည်။
မကြာသေးမီကမူ ကော်လိုရာဒိုပြည်နယ်မှ နာမည်ကျော် Vail နှင်းလျှောစီး အပန်းဖြေစခန်းရှိရာ Vail အမည်ရှိ မြို့ငယ်ကလေးသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၄၇၉ ဦးသာရှိသော မြို့ငယ်ကလေးဖြစ်သည်။
ဂျိမ်းစ် ဟက်ဖီး၏ စံအိမ်တွင် အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၁၀ ခန်းပါဝင်ပြီး စတုရန်းပေ ၁၂၀၀၀ ခန့် ကျယ်ဝန်းသည်။
အဝင်ခန်းမမှာ မြင့်မားသော မျက်နှာကြက်၊ ကြီးကျယ်ခမ်းနားသော မီးပန်းဆိုင်းများတွေ့ရသည်။
စံအိမ်အတွင်း မီးလင်းဖိုများလည်း များစွာပါဝင်သည်။ စံအိမ်အတွင်းရှိ ပရိဘောဂများမှာ အဆိုပါဒေသဝန်းကျင် မှရရှိသော တိရ စ္ဆာန်များနှင့် အခြားကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်ထားသော ပရိဘောဂများဖြစ်သည်။
ရေကူးကန်၊ ရေပူစိမ်ကန်နှင့် ရင်သပ်ရှုမောဖွယ် စံအိမ်ပြင်ပနားနေနေရာတို့ ပါဝင်သည်။
ဂျိမ်းစ်ဟက်ဖီး၏ စံအိမ်သည် Vail နှင်းလျှောစီးအပန်းဖြေစခန်းရှိရာ တောင်တန်း၏ တောင်ခြေတွင် တည်ရှိသည်။
သို့အတွက် ဂျိမ်းစ်ဟက်ဖီးတို့မိသားစုသည် နှင်းလျှောစီးစခန်းတွင် လည်ပတ်ပြီး နေအိမ်တွင် ပြန်လည်ကာ အနားယူနိုင်သော အေးချမ်းလှသည့်စံအိမ်ကလေး ဖြစ်သည်။
ဂျိမ်းစ်ဟက်ဖီး၏ ဇနီး ဖရန်ဆက်စ်ကာ ဟက်ဖီးသည် Vail မြို့ကလေးတွင် ကြီးပြင်းလာခဲ့သူတစ်ဦးဖြစ်ရာ အဆိုပါ မြို့ကလေးသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်တန်ရာချေ ရှိသည်။
ဖရန်ဆက်စ်ကာသည် ဇာတိမြေသို့ ပြန်လည်ခြေချခွင့်ရသောကြောင့် ပျော်ရွှင်နေဖွယ်ရှိသည်။
(အသေးစိတ်အချက်အလက်များ- ဂျိမ်းစ်ဟက်ဖီး၏စံအိမ်)
အိပ်ခန်း- ၇ ခန်း
ရေချိုးခန်း - ၁၀ ခန်း
အကျယ်အဝန်း- ၁၁၅၀၉ စတုရန်းပေ
ကာလပေါက်ဈေး- ကန်ဒေါ်လာ ၂၇ ဒသမ ၅ သန်း
ဂျိမ်းစ်ဟက်ဖီး၏ လိပ်စာ- Rockledge Rd, Vail, CO 81657
ဂျိမ်းစ်ဟက်ဖီး၏ ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၃၀၀
(Metallica ဘာလဲ)
Metallica သည် အမေရိကန် ဟဲဗီးမက်တယ်ဝိုင်းကြီးဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဒရမ်မာ လားစ်အူရစ်နှင့် ရှေ့ထွက်အဆိုတော် ဂျိမ်းစ် ဟက်ဖီးတို့က ၁၉၈၁ ခုနှစ်တွင် ကမကထပြု တည်ထောင်ခဲ့ကြခြင်း ဖြစ်၏။
Metallica သည် စတူဒီယိုအယ်လ်ဘမ် ၁၀ ခု၊ live show အယ်လ်ဘမ် ၄ ခု၊ အခြားသူများ၏ သီချင်းများကို ပြန်လည်သီဆိုထားသည့် Cover အယ်လ်ဘမ်တစ်ခု၊ ဂီတဗွီဒီယို ၃၉ ခုနှင့် ဆင်ဂယ်လ် ၃၇ ခု ထွက်ရှိခဲ့ပြီး ဖြစ်သည်။
ဂီတ၏ အကယ်ဒမီဆုဖြစ်သော Grammy Awards ၉ ကြိမ်ရရှိခဲ့ပြီးဖြစ်ကာ နောက်ဆုံးစတူဒီယိုအယ်လ်ဘမ် ၆ ခုသည် ထွက်ရှိခဲ့သည့် အခါတိုင်း Billboard 200 တွင် နံပါတ်တစ်နေရာ အမြဲချိတ်ဆွဲခဲ့သည်။
Metallica သည် ကမ္ဘာ့ဂီတသမိုင်းတစ်လျှောက် စီးပွားရေးအရလည်း အအောင်မြင်ဆုံး တေးဂီတဝိုင်းများတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၂၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်သည်။ Rolling Stone မဂ္ဂဇင်းကြီးကလည်း Metallica ကို သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးအနုပညာရှင် ၁၀၀ စာရင်းတွင် ထည့်သွင်း ဖော်ပြခဲ့သည်။
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)
Metallica ၏ တေးသီချင်းများကို မြန်မာနိုင်ငံတွင်လည်း ပြန်လည်သီဆိုမှုများ ရှိသည်။
Sad but true ဟယ်ရီလင်း-ထူးဆန်းသောစိတ်ဓာတ်များ/ ဇော်ထက် ဆက်ချစ်စမ်း
For whom the bells toll ခရစ္စတိုဖာ -ပြေး
Ain't my bitch အငဲ -လူတွေနဲ့ တို့နှစ်ယောက်
Enter Sandman လေးဖြူ -ထွက်ပေါက်/ ဖိုးကျော် -အက်ဆစ်ည
Metallica ၏ သီချင်းများကို အများဆုံး ပြန်လည်သီဆိုသူမှာ ချမ့်ခိုင်ဖြစ်ပြီး သူ၏ နက္ခတ်သစ်တစ်ခု မွေးဖွားခြင်း စီးရီးတွင် သီဆိုခဲ့ခြင်းဖြစ်သည်။ ပြန်လည်သီဆိုခဲ့သော သီချင်းများကား…
- The Unforgiven
- Save our love
- Wherever I may roam
- Harvester of sorrow
- Nothing else matter အစရှိသော သီချင်းများဖြစ်ပြီး ချမ့်ခိုင်ပြန်လည်သီဆိုထားသော မြန်မာအမည်များကိုမူ လတ်တလောတွင် ရှာဖွေ၍ မရသေးပါ။
- Whisky in the jar ဇော်ဝင်းထွဋ် မီးတောက်လိုပူပါစေ (Related Articles)
ဂျိမ်းစ်ဟက်ဖီး နေထိုင်လျက်ရှိသော စံအိမ်ကလေးအကြောင်း ဖတ်ရှုရမှုအပေါ် ကျေနပ်နှစ်သက်မည်ဟု iMyanmarHouse.com မှ မျှော်လင့်ပါသည်။ ဖတ်ရှုပြီးနောက် သင်၏ ထင်မြင်ယူဆချက်များကိုလည်း ကွန်မန့်တွင် ဝေမျှပေးခဲ့ပါဦးနော်။ ဂျိမ်းစ်ဟက်ဖီး၏ စံအိမ်အကြောင်းကဲ့သို့ အခြားသော အကျော်အမော်များ၏ စံအိမ်များအကြောင်းကိုလည်း iMyanmarHose.com ရဲ့ သတင်းစာမျက်နှာ https://www.iMyanmarHouse.com/news တွင် ဖတ်ရှုနိုင်ပါသည်။
နောက်ဆုံးအချက်ကား အခြားမည်သည့် အကျော်အမော်၏ စံအိမ်အကြောင်း iMyanmarHouse.com မှာ ဖတ်ရှုလိုပါသလဲ။ ဖတ်ချင်သည့် အကျော်အမော်၏ အမည်ကို ကွန်မန့်မှာ ရေးသားပေးခဲ့ကြပါဦး။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: James Hetfield House: The Vail Resort Home (urbansplatter)
[Zawgyi]
အိပ်ခန်း- ၇ ခန်း
ရေချိုးခန်း - ၁၀ ခန်း
(Metallica ဘာလဲ)
- The Unforgiven
- Save our love
- Wherever I may roam
- Harvester of sorrow
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service