အိမ်တွင် သွေးလွန်တုပ်ကွေးကူးစက်ခြင်းအား တားဆီးရန် အစီအမံများ

အိမ်တွင် သွေးလွန်တုပ်ကွေးကူးစက်ခြင်းအား တားဆီးရန် အစီအမံများ - Property Knowledge in Myanmar from iMyanmarHouse.com
4 Mar 2022 11:17 am တွင် တင်ခဲ့သည်
797 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

သွေးလွန်တုပ်ကွေးဆိုတာ အသက်အရွယ်အပိုင်းအခြားမရွေး မည်သူမဆိုကို ကူးစက်နိုင်၊ သေစေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အေးဒီးစ်ခြင်ကျားအကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတဲ့ ဗိုင်းရပ်စ်ကူးစက်မှု - သွေးလွန်တုပ်ကွေးရောဂါကို နေအိမ်မှာ ကူးစက်မခံရအောင် တားဆီးဖို့ သင့်အနေနဲ့ ဆောင်ရွက်နိုင်တဲ့ အစီအမံတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ ခြင်မျိုးပွားသည့်နေရာများအား ဖျက်ဆီးပါ

ခြင်တွေ ပျံ့နှံ့ခြင်းကို တားဆီးဖို့ ပထမအဆင့်ကတော့ သူတို့မျိုးပွားနိုင်ခြေရှိတဲ့နေရာတွေကို ဖျက်ဆီးဖို့ပါပဲ။ ခြင်တွေဟာ ရေသေမှာ ပေါက်ပွားပါတယ်။ ဒါ‌ကြောင့် ရေသေကို ဖယ်ရှားရှင်းထုတ်ပစ်တာ ပိုကောင်းပါတယ်။ အသုံးမပြုတဲ့ တာယာတွေ၊ ခွက်တွေ၊ ဘေစင်တွေ၊ အိုးတွေနဲ့ စည်တွေအပါအဝင် ရေသေရင်းမြစ်အားလုံးကို ရှင်းလင်းပစ်ပါ။ ရေသေရင်းမြစ်တစ်ခု သီတင်းတစ်ပတ်ကျော်ကြာကျန်ရှိနေရင် ခြင်တွေနေထိုင်ပေါက်ပွားဖို့ အခွင့်အရေးများပါတယ်။ အိမ်သာခွက်နဲ့ အမှိုက်ပုံးကို အသုံးပြုချိန်မှလွဲ၍ အမြဲဖုံးအုပ်နေစေကာ စိုစွတ်တဲ့စွန့်ပစ်ပစ္စည်းတွေကို သင့်အိမ်အနီးအနားမှာ ဘယ်တော့မှ မစုဝေးနေပါစေနဲ့။

၂။ ပိုးသတ်ဆေးများ ဖျန်းပါ သို့မဟုတ် ပရုတ်အသုံးပြုပါ

ဤနည်းက လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် သင့်လျော်တာကြောင့် မကြာသေးခင်နှစ်တွေအတွင်း ရေပန်းစားလာခဲ့ပါတယ်။ တစ်ရက်ခြားတစ်ခါ ပိုးသတ်ဆေးဖျန်းပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ခြင်တွေကို သေစေကာ သူတို့ရဲ့ မပေါက်ရသေးတဲ့ဥတွေကို ဖျက်ဆီးပစ်ပြီး နေအိမ်မှာ သွေးလွန်တုပ်ကွေးမဖြစ်ပွားအောင် တားဆီးပေးပါလိမ့်မယ်။

အကယ်၍ သင်က ပိုးသတ်ဆေးနံ့ စသဖြင့် ဓာတုပစ္စည်းတွေနဲ့ ဓာတ်မတည့်ဘူးဆိုရင် ခြင်နိုင်ဆေးအဖြစ် ပရုတ်ကို အသုံးပြုပါ။ အခန်းတံခါးနဲ့ပြတင်းပေါက်အားလုံး ပိတ်ထားပြီး ပရုတ်ကို မီးညှိပါ။ ထွက်လာတဲ့မီးခိုးကို အခန်းတွင်း ၁၅-၂၀ မိနစ်ကြာ ရှိနေပါစေ။ ၎င်းမီးခိုးက ရောဂါပိုးဖြန့်တဲ့ ပိုးကောင်တွေကို သေစေပါလိမ့်မယ်။

၃။ အချိန်အခါသိပါ

သွေးလွန်တုပ်ကွေးရောဂါကို ကူးစက်စေတဲ့ခြင်ဟာ နေ့ဘက်မှာ အများဆုံးတက်ကြွလှုပ်ရှားကာ သူနေထိုင်ရာနေရာကို မမှောင်ခင် ပြန်တတ်ကြပါတယ်။ ကူးစက်မှုကို တားဆီးဖို့အတွက် ကျွန်ုပ်တို့အနေနဲ့ သူတို့ရဲ့အတက်ကြွဆုံးအချိန်နာရီတွေအတောအတွင်း မရင်းနှီးမကျွမ်းဝင်တဲ့ပတ်ဝန်းကျင်တွေကို ရှောင်ရှားသင့်ပါတယ်။

အကယ်၍ သင့်အနေနဲ့ အပြင်သွားရဖို့ ဖြစ်လာခဲ့ရင်တော့ ခြင်မကိုက်စေမယ့်ဆေးလိမ်းသွားခြင်းဖြစ်စေ၊ ခြင်ဆေးထွန်းပြီး အပြင်မှာနေခြင်းဖြင့်ဖြစ်စေ သင့်ကိုယ်သင်ကာကွယ်လို့ ရပါတယ်။

၄။ သစ်ပင်စိုက်ပါ

ခြင်ပြေးစေတဲ့သစ်ပင်တွေက သဘာဝဓာတ်ငွေ့တွေ ထုတ်လွှတ်ပါတယ်။ ယူကလစ်ပင်လိုမျိုး ခြင်ပြေးဆေးတဲ့အပင်တွေကို သင့်အနေနဲ့ အိမ်ပြတင်းအနားဖြစ်စေ အိမ်ထဲမှာဖြစ်စေ စိုက်ပျိုးနိုင်ပါတယ်။

၅။ လုံခြုံသောအဝတ်အစားများ ဝတ်ဆင်ပါ

သွေးလွန်တုပ်ကွေးခြင်အကိုက်ခံရခြင်းမှ ကာကွယ်ဖို့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ကဲ့သို့ လုံခြုံတဲ့အဝတ်အစားတွေကို အိမ်တွင်းရော အိမ်ပြင်မှာပါ ဝတ်ဆင်ပါ။

၆။ ခြင်ထောင်ထောင်အိပ်ပါ

သင်အိပ်စက်တဲ့အခါ ခြင်ထောင်ကိုအသုံးပြုပါ။ ခြင်ထောင်က သင့်ကို သွေးလွန်တုပ်ကွေးခြင်နဲ့ အခြားအင်းဆက်ပိုးမွှားတွေရဲ့ရန်ကနေ ကာကွယ်ပေးပါတယ်။ ခြင်‌ထောင်မှာ အပေါက်တွေ မရှိပါစေနဲ့။

အချုပ်အားဖြင့်ဆိုရသော် သွေးလွန်တုပ်ကွေးဟာ လူကနေ လူကို မကူးစက်နိုင်ပေမဲ့ ခြင်ကတော့ သွေးလွန်တုပ်ကွေးဖြစ်နေတဲ့လူကို ကိုက်ပြီးရင် ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ဒီအသက်အန္တရာယ်ရှိစေနိုင်တဲ့ ရောဂါ ကျွန်ုပ်တို့လူ့အဖွဲ့အစည်းမှာ မပျံ့နှံ့အောင် တားဆီးဖို့နဲ့ သတိထားနေထိုင်ကြဖို့ ကျွန်ုပ်တို့မှာ တာဝန်ရှိကြောင်း တင်ပြလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Measures to prevent getting dengue at home (indiatoday.com)

[Zawgyi]

အိမ္တြင္ ေသြးလြန္တုပ္ေကြးကူးစက္ျခင္းအား တားဆီးရန္ အစီအမံမ်ား

ေသြးလြန္တုပ္ေကြးဆိုတာ အသက္အ႐ြယ္အပိုင္းအျခားမေ႐ြး မည္သူမဆိုကို ကူးစက္ႏိုင္၊ ေသေစႏိုင္တဲ့ ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။ ေအးဒီးစ္ျခင္က်ားအကိုက္ခံရျခင္းေၾကာင့္ ျဖစ္ပြားတဲ့ ဗိုင္းရပ္စ္ကူးစက္မႈ - ေသြးလြန္တုပ္ေကြးေရာဂါကို ေနအိမ္မွာ ကူးစက္မခံရေအာင္ တားဆီးဖို႔ သင့္အေနနဲ႔ ေဆာင္႐ြက္ႏိုင္တဲ့ အစီအမံေတြကို ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ျခင္မ်ိဳးပြားသည့္ေနရာမ်ားအား ဖ်က္ဆီးပါ

ျခင္ေတြ ပ်ံ႕ႏွံ႔ျခင္းကို တားဆီးဖို႔ ပထမအဆင့္ကေတာ့ သူတို႔မ်ိဳးပြားႏိုင္ေျခ႐ွိတဲ့ေနရာေတြကို ဖ်က္ဆီးဖို႔ပါပဲ။ ျခင္ေတြဟာ ေရေသမွာ ေပါက္ပြားပါတယ္။ ဒါ‌ေၾကာင့္ ေရေသကို ဖယ္႐ွား႐ွင္းထုတ္ပစ္တာ ပိုေကာင္းပါတယ္။ အသုံးမျပဳတဲ့ တာယာေတြ၊ ခြက္ေတြ၊ ေဘစင္ေတြ၊ အိုးေတြနဲ႔ စည္ေတြအပါအဝင္ ေရေသရင္းျမစ္အားလုံးကို ႐ွင္းလင္းပစ္ပါ။ ေရေသရင္းျမစ္တစ္ခု သီတင္းတစ္ပတ္ေက်ာ္ၾကာက်န္႐ွိေနရင္ ျခင္ေတြေနထိုင္ေပါက္ပြားဖို႔ အခြင့္အေရးမ်ားပါတယ္။ အိမ္သာခြက္နဲ႔ အမိႈက္ပုံးကို အသုံးျပဳခ်ိန္မွလြဲ၍ အၿမဲဖုံးအုပ္ေနေစကာ စိုစြတ္တဲ့စြန္႔ပစ္ပစၥည္းေတြကို သင့္အိမ္အနီးအနားမွာ ဘယ္ေတာ့မွ မစုေဝးေနပါေစနဲ႔။

၂။ ပိုးသတ္ေဆးမ်ား ဖ်န္းပါ သို႔မဟုတ္ ပ႐ုတ္အသုံးျပဳပါ

ဤနည္းက လူ႕အဖြဲ႕အစည္းတစ္ခုလုံးအတြက္ သင့္ေလ်ာ္တာေၾကာင့္ မၾကာေသးခင္ႏွစ္ေတြအတြင္း ေရပန္းစားလာခဲ့ပါတယ္။ တစ္ရက္ျခားတစ္ခါ ပိုးသတ္ေဆးဖ်န္းေပးပါ။ ဒီလိုလုပ္ျခင္းအားျဖင့္ ျခင္ေတြကို ေသေစကာ သူတို႔ရဲ႕ မေပါက္ရေသးတဲ့ဥေတြကို ဖ်က္ဆီးပစ္ၿပီး ေနအိမ္မွာ ေသြးလြန္တုပ္ေကြးမျဖစ္ပြားေအာင္ တားဆီးေပးပါလိမ့္မယ္။

အကယ္၍ သင္က ပိုးသတ္ေဆးနံ႔ စသျဖင့္ ဓာတုပစၥည္းေတြနဲ႔ ဓာတ္မတည့္ဘူးဆိုရင္ ျခင္ႏိုင္ေဆးအျဖစ္ ပ႐ုတ္ကို အသုံးျပဳပါ။ အခန္းတံခါးနဲ႔ျပတင္းေပါက္အားလုံး ပိတ္ထားၿပီး ပ႐ုတ္ကို မီးညႇိပါ။ ထြက္လာတဲ့မီးခိုးကို အခန္းတြင္း ၁၅-၂၀ မိနစ္ၾကာ ႐ွိေနပါေစ။ ၎မီးခိုးက ေရာဂါပိုးျဖန္႔တဲ့ ပိုးေကာင္ေတြကို ေသေစပါလိမ့္မယ္။

၃။ အခ်ိန္အခါသိပါ

ေသြးလြန္တုပ္ေကြးေရာဂါကို ကူးစက္ေစတဲ့ျခင္ဟာ ေန႔ဘက္မွာ အမ်ားဆုံးတက္ႂကြလႈပ္႐ွားကာ သူေနထိုင္ရာေနရာကို မေမွာင္ခင္ ျပန္တတ္ၾကပါတယ္။ ကူးစက္မႈကို တားဆီးဖို႔အတြက္ ကြၽႏ္ုပ္တို႔အေနနဲ႔ သူတို႔ရဲ႕အတက္ႂကြဆုံးအခ်ိန္နာရီေတြအေတာအတြင္း မရင္းႏွီးမကြၽမ္းဝင္တဲ့ပတ္ဝန္းက်င္ေတြကို ေ႐ွာင္႐ွားသင့္ပါတယ္။

အကယ္၍ သင့္အေနနဲ႔ အျပင္သြားရဖို႔ ျဖစ္လာခဲ့ရင္ေတာ့ ျခင္မကိုက္ေစမယ့္ေဆးလိမ္းသြားျခင္းျဖစ္ေစ၊ ျခင္ေဆးထြန္းၿပီး အျပင္မွာေနျခင္းျဖင့္ျဖစ္ေစ သင့္ကိုယ္သင္ကာကြယ္လို႔ ရပါတယ္။

၄။ သစ္ပင္စိုက္ပါ

ျခင္ေျပးေစတဲ့သစ္ပင္ေတြက သဘာဝဓာတ္ေငြ႕ေတြ ထုတ္လႊတ္ပါတယ္။ ယူကလစ္ပင္လိုမ်ိဳး ျခင္ေျပးေဆးတဲ့အပင္ေတြကို သင့္အေနနဲ႔ အိမ္ျပတင္းအနားျဖစ္ေစ အိမ္ထဲမွာျဖစ္ေစ စိုက္ပ်ိဳးႏိုင္ပါတယ္။

၅။ လုံျခဳံေသာအဝတ္အစားမ်ား ဝတ္ဆင္ပါ

ေသြးလြန္တုပ္ေကြးျခင္အကိုက္ခံရျခင္းမွ ကာကြယ္ဖို႔ အက်ႌလက္႐ွည္၊ ေဘာင္းဘီ႐ွည္ ကဲ့သို႔ လုံျခဳံတဲ့အဝတ္အစားေတြကို အိမ္တြင္းေရာ အိမ္ျပင္မွာပါ ဝတ္ဆင္ပါ။

၆။ ျခင္ေထာင္ေထာင္အိပ္ပါ

သင္အိပ္စက္တဲ့အခါ ျခင္ေထာင္ကိုအသုံးျပဳပါ။ ျခင္ေထာင္က သင့္ကို ေသြးလြန္တုပ္ေကြးျခင္နဲ႔ အျခားအင္းဆက္ပိုးမႊားေတြရဲ႕ရန္ကေန ကာကြယ္ေပးပါတယ္။ ျခင္‌ေထာင္မွာ အေပါက္ေတြ မ႐ွိပါေစနဲ႔။

အခ်ဳပ္အားျဖင့္ဆိုရေသာ္ ေသြးလြန္တုပ္ေကြးဟာ လူကေန လူကို မကူးစက္ႏိုင္ေပမဲ့ ျခင္ကေတာ့ ေသြးလြန္တုပ္ေကြးျဖစ္ေနတဲ့လူကို ကိုက္ၿပီးရင္ ကူးစက္ခံရႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီအသက္အႏၲရာယ္႐ွိေစႏိုင္တဲ့ ေရာဂါ ကြၽႏ္ုပ္တို႔လူ႕အဖြဲ႕အစည္းမွာ မပ်ံ႕ႏွံ႔ေအာင္ တားဆီးဖို႔နဲ႔ သတိထားေနထိုင္ၾကဖို႔ ကြၽႏ္ုပ္တို႔မွာ တာဝန္႐ွိေၾကာင္း တင္ျပလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Measures to prevent getting dengue at home (indiatoday.com)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service