နွေရာသီအတွက် ရေချိုးနည်း နိဿယ

နွေရာသီအတွက် ရေချိုးနည်း နိဿယ - Property Knowledge in Myanmar from iMyanmarHouse.com
4 Mar 2022 10:59 am တွင် တင်ခဲ့သည်
1211 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

နွေကတော့ မှန်မှန်ကြီးကို အပူရှိန်ပြင်းပြင်းနဲ့ တာထွက်လာခဲ့ပြီ။ ထုံးစံအတိုင်း နွေရောက်ပြီဆိုတာနဲ့ အပူဒါဏ်ကို ကာကွယ်ဖို့ ရေချိုးတဲ့ ကိစ္စက တွဲလျက်သားပါလာပြီ။ ပုံမှန် ရေချိုးပျင်းတဲ့လူတွေတောင် နွေမှာတော့ တတ်နိုင်သမျှ သည်းညီးခံပြီး ရေချိုးရတာပါပဲ။ ပူတာကိုး။

ရေချိုးတယ်ဆိုတာကလည်း ခနခန ချိုးရင် ကောင်းတာမဟုတ်ဘူးရယ်။ ချိုးတဲ့ အချိန်ကလည်း ရှိသေးတယ်၊ အချိန်တိုင်း ချိုးလို့ သင့်လျော်တာမဟုတ်ဘူး။ မချိုးပဲနေရင်လည်း တစ်ကိုယ်ရည်သန့်ရှင်းရေးပိုင်းမှာ အဆင်မပြေပြန်ဘူး။ ဒီတော့ နွေပူပူမှာ ရေဘယ်လိုချိုးသင့်သလဲဆိုတာကို လမ်းညွှန်ပြမယ်နော်။

ရေဘယ်နှစ်ကြိမ် ချိုးသင့်သလဲ

ပုံမှန်ဆိုရင် တစ်ပတ်ကို ၃ ကြိမ် – ၄ ကြိမ်လောက်ပဲ ချိုးသင့်တယ်လို့ Dermatologist တွေက လမ်းညွှန်ကြပါတယ်။ နွေရာသီလို ပူတဲ့ အခါမျိုးတွေမှာတော့ တစ်ကြိမ်ထက် မနည်းချိုးလို့ရပါတယ်။ ဒါပေမယ့် တစ်နေ့ကို ရေ ၂ ကြိမ်လောက်အထိ ချိုးတာကို တားမြစ်ထားတာမျိုးတော့ မရှိပါဘူး။ ကိုယ့်ရဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ ချွေးထွက်နှုန်းပေါ်မူတည်ပြီး ချိုးနိုင်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးကတော့ တစ်နေ့ကို တစ်ကြိမ်သာချိုးပါ။

ဘယ်လောက်ကြာကြာ ချိုးသင့်သလဲ

လူတစ်ယောက်ရဲ့ ပျမ်းမျှ ရေချိုးချိန်က ၈.၂ မိနစ်ဖြစ်ပါတယ်။ အဆိုပါကာလအတွင်းမှာ ရေဂါလံပေါင်း ၁၇.၂ ဂါလံလောက်ကုန်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးလမ်းညွှန်ချက်တွေအရဆိုရင်တော့ လူတစ်ယောက်ဟာ ပုံမှန်အားဖြင့် ၅ မိနစ်နဲ့ ၁၀ မိနစ်အကြား အချိန်ယူပြီး ရေချိုးသင့်တယ်လို့ ဆိုထားပြီး တစ်ပတ်မှာ တစ်ခါလောက်တော့ ၁၀ မိနစ်နဲ့ မိနစ် ၂၀ အကြား အချိန်ပေးပြီးလည်း ရေစိမ်သင့်ပါတယ်။

ဘယ်အချိန်တွေမှာ ချိုးသင့်သလဲ

များသောအားဖြင့် လူအများစုရဲ့ ရေချိုးချိန်တွေက မနက်စောစောပိုင်းနဲ့ ညနေပိုင်း ဒါမှမဟုတ် အိပ်ယာဝင်ခါနီးအချိန်တွေဖြစ်တာများပါတယ်။ ခုလို ပူပြင်းတဲ့ နွေရာသီမျိုးမှာ မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီအကြားကာလတွေမှာ ရေမချိုးဖို့ သတိပြု ရှောင်ကျဉ်သင့်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေနဲ့ ချိန်ညှိပြီး မနက်ဖြစ်ဖြစ်၊ ညနေဖြစ်ဖြစ် ချိုးတာက အကောင်းဆုံးပါပဲ။

ဘယ်လိုချိုးသင့်သလဲ

ရေဘယ်လိုချိုးမလဲဆိုရင် ပုံမှန်အားဖြင့် 90-95F ရှိတဲ့ ရေနွေးမျိုးနဲ့ ချိုးတာက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုရေမျိုးနဲ့ ချိုးမယ်ဆိုရင် သွေးတွင်း သကြားဓာတ်ကို လျှော့ကျစေနိုင်သလို ကြွက်သားတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။ ဒါပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ရေစည်ထဲက ခပ်ချိုးတာ၊ Bathtub နဲ့ ချိုးတာ၊ ရေပန်းနဲ့ ချိုးတာစသဖြင့် ရေချိုးတဲ့ ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ နည်းနည်းနွေးတဲ့ ရေနဲ့ ချိုးတာဖြစ်ပြီးတော့ အရေးအကြီးဆုံးကတော့ ချိုးရေက သန့်ရှင်းမှုရှိဖို့ပဲဖြစ်ပါတယ်။ နောက်ပြီး ဘယ်လိုပုံစံမျိုးနဲ့ ချိုးချိုး ချေး(ဂျီး) တွန်းရာမှာ လက်၊ ကျောက်တုန်းစတာတွေနဲ့ တွန်းတာထက် ရေမြှုပ်နဲ့တိုက်ပေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

ရေချိုးများရင် ဘာဖြစ်သလဲ

ရေချိုးတာများတာပဲ ရေကုန်တာပေါ့တို့၊ ပိုသန့်တာပေါ့တို့ လျှောက်မတွေးပါနဲ့။ ရေချိုးတဲ့ အကြိမ်ရေများလွန်းရင် ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဥပမာ ယားယံတာ၊ အသားအရေခြောက်သွေ့တာ၊ eczema နဲ့ psoriasis တို့လို ကုသလို့မရတဲ့ ယားနာရောဂါတွေ စွဲကပ်တာ၊ ဆံပင်ခြောက်တာ၊ ဆံပင်ကျွတ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

အအေးမိတာနဲ့ အခန့်မသင့်ရင် ဦးနှောက်သွေးကြောပြတ်တာမျိုး အန္တရာယ်တွေလည်း ရှိပါသေးတယ်။

ရေချိုးနည်းလွန်းရင်ရော

ရေချိုးများတာက အန္တရာယ်များသလို ရေချိုးနည်းလွန်းရင်လည်း မကောင်းပါဘူး။ ရေချိုးနည်းလွန်းတဲ့အခါ တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းပြီး ရောဂါပိုးမွှားတွေ ကပ်ညိနိုင်သလို အရေပြားဆိုင်ရာ ပြဿနာတွေလည်း ကြုံရနိုင်ပါတယ်။

ဥပမာ – ဝက်ခြံတွေထွက်တာ၊ အနံ့ဆိုးတွေ ထွက်လာတာ၊ အရေပြားမှာယားနာတွေ ပေါက်တာ၊ အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေ စွဲကပ်တာ၊ အမဲစက်တွေပေါ်လာတာစတာတွေဖြစ်ပေါ်နိုင်ပါတယ်။

ရေပုံမှန်ချိုးတဲ့အခါ

ရေကို တစ်နေ့တစ်ကြိမ်နှုန်းနဲ့ ပုံမှန် ချိုးပေးတဲ့အခါမျိုးမှာ အိပ်မပျော်တဲ့ဝေဒနာ၊ စိတ်ဖိစီးမှုများတာ၊ ယားနာဝေဒနာ၊ ကူးစက်ရောဂါ၊ နှာချေ၊ ချောင်းဆိုးဝေဒနာတွေ သက်သာစေမှာဖြစ်သလို သွေးလည်ပတ်မှုကိုလည်း အားကောင်းစေမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

ေႏြရာသီအတြက္ ေရခ်ိဳးနည္း နိႆယ

ေႏြကေတာ့ မွန္မွန္ႀကီးကို အပူ႐ွိန္ျပင္းျပင္းနဲ႔ တာထြက္လာခဲ့ၿပီ။ ထုံးစံအတိုင္း ေႏြေရာက္ၿပီဆိုတာနဲ႔ အပူဒါဏ္ကို ကာကြယ္ဖို႔ ေရခ်ိဳးတဲ့ ကိစၥက တြဲလ်က္သားပါလာၿပီ။ ပုံမွန္ ေရခ်ိဳးပ်င္းတဲ့လူေတြေတာင္ ေႏြမွာေတာ့ တတ္ႏိုင္သမွ် သည္းညီးခံၿပီး ေရခ်ိဳးရတာပါပဲ။ ပူတာကိုး။

ေရခ်ိဳးတယ္ဆိုတာကလည္း ခနခန ခ်ိဳးရင္ ေကာင္းတာမဟုတ္ဘူးရယ္။ ခ်ိဳးတဲ့ အခ်ိန္ကလည္း ႐ွိေသးတယ္၊ အခ်ိန္တိုင္း ခ်ိဳးလို႔ သင့္ေလ်ာ္တာမဟုတ္ဘူး။ မခ်ိဳးပဲေနရင္လည္း တစ္ကိုယ္ရည္သန္႔႐ွင္းေရးပိုင္းမွာ အဆင္မေျပျပန္ဘူး။ ဒီေတာ့ ေႏြပူပူမွာ ေရဘယ္လိုခ်ိဳးသင့္သလဲဆိုတာကို လမ္းၫႊန္ျပမယ္ေနာ္။

ေရဘယ္ႏွစ္ႀကိမ္ ခ်ိဳးသင့္သလဲ

ပုံမွန္ဆိုရင္ တစ္ပတ္ကို ၃ ႀကိမ္ – ၄ ႀကိမ္ေလာက္ပဲ ခ်ိဳးသင့္တယ္လို႔ Dermatologist ေတြက လမ္းၫႊန္ၾကပါတယ္။ ေႏြရာသီလို ပူတဲ့ အခါမ်ိဳးေတြမွာေတာ့ တစ္ႀကိမ္ထက္ မနည္းခ်ိဳးလို႔ရပါတယ္။ ဒါေပမယ့္ တစ္ေန႔ကို ေရ ၂ ႀကိမ္ေလာက္အထိ ခ်ိဳးတာကို တားျမစ္ထားတာမ်ိဳးေတာ့ မ႐ွိပါဘူး။ ကိုယ့္ရဲ႕ ကိုယ္လက္လႈပ္႐ွားမႈနဲ႔ ေခြၽးထြက္ႏႈန္းေပၚမူတည္ၿပီး ခ်ိဳးႏိုင္ပါတယ္။ ဒါေပမယ့္ အေကာင္းဆုံးကေတာ့ တစ္ေန႔ကို တစ္ႀကိမ္သာခ်ိဳးပါ။

ဘယ္ေလာက္ၾကာၾကာ ခ်ိဳးသင့္သလဲ

လူတစ္ေယာက္ရဲ႕ ပ်မ္းမွ် ေရခ်ိဳးခ်ိန္က ၈.၂ မိနစ္ျဖစ္ပါတယ္။ အဆိုပါကာလအတြင္းမွာ ေရဂါလံေပါင္း ၁၇.၂ ဂါလံေလာက္ကုန္ပါတယ္။ ဒါေပမယ့္ က်န္းမာေရးလမ္းၫႊန္ခ်က္ေတြအရဆိုရင္ေတာ့ လူတစ္ေယာက္ဟာ ပုံမွန္အားျဖင့္ ၅ မိနစ္နဲ႔ ၁၀ မိနစ္အၾကား အခ်ိန္ယူၿပီး ေရခ်ိဳးသင့္တယ္လို႔ ဆိုထားၿပီး တစ္ပတ္မွာ တစ္ခါေလာက္ေတာ့ ၁၀ မိနစ္နဲ႔ မိနစ္ ၂၀ အၾကား အခ်ိန္ေပးၿပီးလည္း ေရစိမ္သင့္ပါတယ္။

ဘယ္အခ်ိန္ေတြမွာ ခ်ိဳးသင့္သလဲ

မ်ားေသာအားျဖင့္ လူအမ်ားစုရဲ႕ ေရခ်ိဳးခ်ိန္ေတြက မနက္ေစာေစာပိုင္းနဲ႔ ညေနပိုင္း ဒါမွမဟုတ္ အိပ္ယာဝင္ခါနီးအခ်ိန္ေတြျဖစ္တာမ်ားပါတယ္။ ခုလို ပူျပင္းတဲ့ ေႏြရာသီမ်ိဳးမွာ မနက္ ၁၀ နာရီနဲ႔ ညေန ၄ နာရီအၾကားကာလေတြမွာ ေရမခ်ိဳးဖို႔ သတိျပဳ ေ႐ွာင္က်ဥ္သင့္ပါတယ္။ ကိုယ့္ရဲ႕ ေန႔စဥ္ လုပ္ငန္းေဆာင္တာေတြနဲ႔ ခ်ိန္ညႇိၿပီး မနက္ျဖစ္ျဖစ္၊ ညေနျဖစ္ျဖစ္ ခ်ိဳးတာက အေကာင္းဆုံးပါပဲ။

ဘယ္လိုခ်ိဳးသင့္သလဲ

ေရဘယ္လိုခ်ိဳးမလဲဆိုရင္ ပုံမွန္အားျဖင့္ 90-95F ႐ွိတဲ့ ေရေႏြးမ်ိဳးနဲ႔ ခ်ိဳးတာက အေကာင္းဆုံးျဖစ္ပါတယ္။ ဒီလိုေရမ်ိဳးနဲ႔ ခ်ိဳးမယ္ဆိုရင္ ေသြးတြင္း သၾကားဓာတ္ကို ေလွ်ာ့က်ေစႏိုင္သလို ႂကြက္သားေတြကိုလည္း ေျပေလ်ာ့ေစႏိုင္ပါတယ္။ ဒါေပမယ့္ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ေရစည္ထဲက ခပ္ခ်ိဳးတာ၊ Bathtub နဲ႔ ခ်ိဳးတာ၊ ေရပန္းနဲ႔ ခ်ိဳးတာစသျဖင့္ ေရခ်ိဳးတဲ့ ပုံစံအမ်ိဳးမ်ိဳး႐ွိႏိုင္ပါတယ္။

အေကာင္းဆုံးနည္းလမ္းကေတာ့ နည္းနည္းေႏြးတဲ့ ေရနဲ႔ ခ်ိဳးတာျဖစ္ၿပီးေတာ့ အေရးအႀကီးဆုံးကေတာ့ ခ်ိဳးေရက သန္႔႐ွင္းမႈ႐ွိဖို႔ပဲျဖစ္ပါတယ္။ ေနာက္ၿပီး ဘယ္လိုပုံစံမ်ိဳးနဲ႔ ခ်ိဳးခ်ိဳး ေခ်း(ဂ်ီး) တြန္းရာမွာ လက္၊ ေက်ာက္တုန္းစတာေတြနဲ႔ တြန္းတာထက္ ေရျမႇဳပ္နဲ႔တိုက္ေပးတာက အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။

ေရခ်ိဳးမ်ားရင္ ဘာျဖစ္သလဲ

ေရခ်ိဳးတာမ်ားတာပဲ ေရကုန္တာေပါ့တို႔၊ ပိုသန္႔တာေပါ့တို႔ ေလွ်ာက္မေတြးပါနဲ႔။ ေရခ်ိဳးတဲ့ အႀကိမ္ေရမ်ားလြန္းရင္ က်န္းမာေရးျပႆနာေတြ ရင္ဆိုင္ရႏိုင္ပါတယ္။ ဥပမာ ယားယံတာ၊ အသားအေရေျခာက္ေသြ႕တာ၊ eczema နဲ႔ psoriasis တို႔လို ကုသလို႔မရတဲ့ ယားနာေရာဂါေတြ စြဲကပ္တာ၊ ဆံပင္ေျခာက္တာ၊ ဆံပင္ကြၽတ္တာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။

အေအးမိတာနဲ႔ အခန္႔မသင့္ရင္ ဦးေႏွာက္ေသြးေၾကာျပတ္တာမ်ိဳး အႏၲရာယ္ေတြလည္း ႐ွိပါေသးတယ္။

ေရခ်ိဳးနည္းလြန္းရင္ေရာ

ေရခ်ိဳးမ်ားတာက အႏၲရာယ္မ်ားသလို ေရခ်ိဳးနည္းလြန္းရင္လည္း မေကာင္းပါဘူး။ ေရခ်ိဳးနည္းလြန္းတဲ့အခါ တစ္ကိုယ္ရည္သန္႔႐ွင္းေရး အားနည္းၿပီး ေရာဂါပိုးမႊားေတြ ကပ္ညိႏိုင္သလို အေရျပားဆိုင္ရာ ျပႆနာေတြလည္း ၾကဳံရႏိုင္ပါတယ္။

ဥပမာ – ဝက္ျခံေတြထြက္တာ၊ အနံ႔ဆိုးေတြ ထြက္လာတာ၊ အေရျပားမွာယားနာေတြ ေပါက္တာ၊ အေရျပားဆိုင္ရာ ကူးစက္ေရာဂါေတြ စြဲကပ္တာ၊ အမဲစက္ေတြေပၚလာတာစတာေတြျဖစ္ေပၚႏိုင္ပါတယ္။

ေရပုံမွန္ခ်ိဳးတဲ့အခါ

ေရကို တစ္ေန႔တစ္ႀကိမ္ႏႈန္းနဲ႔ ပုံမွန္ ခ်ိဳးေပးတဲ့အခါမ်ိဳးမွာ အိပ္မေပ်ာ္တဲ့ေဝဒနာ၊ စိတ္ဖိစီးမႈမ်ားတာ၊ ယားနာေဝဒနာ၊ ကူးစက္ေရာဂါ၊ ႏွာေခ်၊ ေခ်ာင္းဆိုးေဝဒနာေတြ သက္သာေစမွာျဖစ္သလို ေသြးလည္ပတ္မႈကိုလည္း အားေကာင္းေစမွာျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service