ရေခဲသေတ္တာသန့်ရှင်းမွှေးပျံ့နေဖို့ဘာတွေလုပ်ရမလဲ

ရေခဲသေတ္တာသန့်ရှင်းမွှေးပျံ့နေဖို့ဘာတွေလုပ်ရမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
1 Mar 2022 2:19 pm တွင် တင်ခဲ့သည်
561 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မီးဖိုခန်းထဲမှာ မရှိမဖြစ်လိုအပ်တဲ့အရာ၊ တစ်အိမ်သားလုံးရဲ့ကျန်းမာရေးအတွက်အရေးပါတဲ့အရာဆိုရင် ရေခဲသေတ္တာကိုညွှန်ရမှာပါ။ ကျွန်မတို့တွေက ရေခဲသေတ္တာထဲမှာ အသားစိမ်းငါးစိမ်း၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ သောက်စရာအအေးတွေ၊ ပြန်နွှေးစားဦးမယ့်ထမင်းဟင်းတွေ စသဖြင့် စုံစုံစိစိထားရှိကြရတာဖြစ်ပါတယ်။ ဒီလိုနေရာတစ်ခုဟာ သန့်ရှင်းမှုမရှိညစ်ပတ်နေမယ်ဆိုရင် အစာအဆိပ်သင့်မှုတွေ၊ အစားကြောင့်ဘေးဖြစ်တာတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာလေးသန့်ရှင်းမွှေးပျံ့နေစေဖို့ ဒီအချက် ၅ ချက်နဲ့ ရေခဲသေတ္တာလေး သန့်ရှင်းကြမယ်

ရေခဲသေတ္တာလေး သန့်ရှင်းကြမယ်

အချိန်ပေးသန့်စင်ပါ

ရေခဲသေတ္တာသန့်ရှင်းရာမှာ အတွင်းဘက်၊ သူ့မှာပါဝင်တဲ့ အစိတ်အပိုင်းတွေနဲ့ ရေခဲသေတ္တာအပြင်ဘက်ဆိုပြီး ၃ ပိုင်းခွဲခြားသန့်စင်ရမှာဖြစ်ပါတယ်။ ရေခဲသေတ္တာကို ရေတွေ၊ ဆပ်ပြာတွေအများကြီးနဲ့ ကိုယ့်စိတ်ကြိုက်ဆေးချင်သလိုဆေးဖို့ အဆင်မပြေပါဘူးနော်။ရေခဲသေတ္တာတစ်ခုလုံးသန့်စင်မွှေးပျံ့သွားဖို့အတွက် အချိန်နည်းနည်းတော့ပေးရပါမယ်။ ပထမဆုံးအနေနဲ့ မီးကိုပိတ်ပါ။ရေခဲသေတ္တာထဲက မသန့်ရှင်းတဲ့ ညစ်ပတ်နေတဲ့ရေခဲတွေ ပျော်ကျသွားဖို့အတွက် ခဏစောင့်ရပါမယ်။ ပြီးမှ ဘေးနံရံက ခွက်တွေ၊ အထဲက စင်အဆင့်လေးတွေကို အကုန်ဖြုတ်ရမှာဖြစ်ပါတယ်။

သန့်စင်နည်းများ

ရေခဲသေတ္တာအတွင်းပိုင်းကို သန့်ရှင်းဖို့အတွက် ရေနဲ့ ဗနီဂါ(ရှာလကာရည်)ကို ဆတူရောပြီး ပက်ဖျန်းကာ ပဝါပိုင်းလေးနဲ့ ပြန်ပွတ်သုတ်ပါ။ ရေခဲသေတ္တာထဲကစင်အဆင့်လေးတွေ၊ ဘေးနံရံက ခွက်တွေ အားလုံးကိုတော့ ဆပ်ပြာရည်ရောထားတဲ့ ရေနွေးနွေးသုံးပြီး ဖော့တုံး၊ပန်းကန်ဆေးဖတ်လေးတွေနဲ့ ပွတ်တိုက်သန့်စင်ကာ အပြင်မှာပဲအခြောက်ခံထားရမှာဖြစ်ပါတယ်။ ရေခဲသေတ္တာအပြင်မျက်နှာပြင်ကို တော့ မီးဖိုချောင်သုံး Microfiber အဝတ်စလေးတွေကို ရေစွတ်ပြီး သေသေချာချာပွတ်တိုက်သန့်စင်ပေးသင့်ပါတယ်။

အနံ့ဆိုးတွေဖယ်ရှားဖို့

ရေခဲသေတ္တာထဲက အနံ့ဆိုးတွေအတွက် ရေခဲသေတ္တာကိုသန့်ရှင်းလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ အနံ့ဆိုးတွေကို စုပ်ယူနိုင်မယ့် အကူပစ္စည်းလေးတွေသုံးဖို့လိုအပ်ပါသေးတယ်။ တန်ဖိုးလည်းနည်း တကယ်လည်းထိရောက်တာကတော့ မုန့်ဖုတ်ဆိုဒါ၊ မီးသွေးနဲ့ ကြိတ်ခွဲထားတဲ့ကော်ဖီစေ့တို့ပါပဲ။ မုန့်ဖုတ်ဆိုဒါ၊ မီးသွေး၊ ကော်ဖီ စတဲ့ ကိုယ်နှစ်သက်တဲ့အရာကို ခွက်လေးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာထားပေးပါ။

ဒီအရာတွေက အနံ့ဆိုးတွေကို အကောင်းဆုံးစုပ်ယူဖယ်ရှားပေးပါလိမ့်မယ်။ အသီးအနှံတွေထားတဲ့နေရာမှာတော့ စက္ကူအိတ်အညိုတွေကို လုံးချေပြီးထားပေးခြင်းအားဖြင့် အမှည့်လွန်သွားတဲ့အသီးအနှံရဲ့ အနံ့တွေကို ဖယ်ရှားပေးပြီးသားဖြစ်စေပါလိမ့်မယ်။

ရေခဲသေတ္တာနောက်မှ ဂက်စ်ပိုက်များ

ရေခဲသေတ္တာနောက်မှာရှိတဲ့ ဂက်စ်ပိုက်တွေ၊ ကွိုင်တွေကိုလည်း ၆ လတစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ဒီနေရာမှာ ဖုန်တွေ၊ အမှိုက်တွေ၊ ဆံပင်တွေနဲ့ ငြိနေခဲ့ရင် ရေခဲသေတ္တာရဲ့စွမ်းဆောင်ရည်ကျစေပါတယ်။ ဒီနေရာကို သန့်ရှင်းမယ်ဆိုရင်တော့ ပိုသတိထားရပါမယ်။ ရေတွေ၊ စိုတဲ့အရည်တွေနဲ့ လုံးဝမထိတွေ့စေဘဲ ခြောက်ခြောက်သွေ့သွေ့သန့်ရှင်းရမှာဖြစ်ပါတယ်။ ဘုရားပန်းအိုးဆေးတဲ့ ဘရပ်ရှ်အတံလေးနဲ့ ပွတ်တိုက်ခါချနိုင်သလို၊ Dryer နဲ့လည်း စုပ်ယူသန့်စင်နိုင်ပါတယ်။

စနစ်တကျထားသိုတတ်မှု

သန့်ရှင်းမွှေးပျံ့အေးမြတဲ့ ရေခဲသေတ္တာလေးရဖို့ စနစ်တကျထားသိုသိမ်းဆည်းတတ်မှုကလည်း အရေး ပါပါတယ်။ အအေးဆို အအေး၊ အသီးဆိုအသီး အိတ်လေးတွေ ဘူးလေးတွေနဲ့စနစ်တကျ လုံလုံခြုံခြုံသိမ်းဆည်းရမှာဖြစ်သလို တစ်ခုခုကိုထုတ်ယူတဲ့အခါ ပြန်ထားတဲ့အခါမှာလည်း စိတ်ရှည်ရှည်နဲ့ သပ်သပ်ရပ်ရပ်လုပ်ဆောင်တဲ့အကျင့်ရှိဖို့လိုပါတယ်။ Refrigerator storage box လေးတွေက ရေခဲသေတ္တာကိုအများကြီးသပ်ရပ်သန့်ရှင်းစေတာမို့ ဝယ်ယူသုံးစွဲဖို့အကြံပြုချင်ပါတယ်။ ရေခဲသေတ္တာကို နေ့စဉ် ဒါမှမဟုတ် နှစ်ရက်ခြားတစ်ခါ စစ်ဆေးကြည့်ရှုဖို့လည်းလိုပါတယ်။

ပုပ်သိုးမှိုတက်နေတဲ့အရာတွေ၊ သက်တမ်းကုန်သွားတဲ့အစားအသောက်တွေ၊ ထမင်းဟင်းအကျန်တွေ စတဲ့ရေခဲသေတ္တာကို ညစ်ပတ်စေမယ့်အရာမှန်သမျှကို အမြဲစောင့်ကြည့်ဖယ်ရှားတတ်ဖို့က တကယ့်ကိုအရေးကြီးတဲ့အချက်ပါပဲနော်..။ ရေခဲသေတ္တာဖွင့်လိုက်တိုင်း စိတ်ချမ်းသာရပြီး ကျန်းမာတဲ့မိသားစုလေးဖြစ်နိုင်ဖို့ ကျွန်မ မျှဝေခဲ့တဲ့ အချက်လေးတွေအတိုင်း မမေ့မလျော့လုပ်ဆောင်ကြည့်ပါဦးနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: howtocook

[Zawgyi]

ေရခဲေသတၱာသန္႔႐ွင္းေမႊးပ်ံ႕ေနဖို႔ဘာေတြလုပ္ရမလဲ

မီးဖိုခန္းထဲမွာ မ႐ွိမျဖစ္လိုအပ္တဲ့အရာ၊ တစ္အိမ္သားလုံးရဲ႕က်န္းမာေရးအတြက္အေရးပါတဲ့အရာဆိုရင္ ေရခဲေသတၱာကိုၫႊန္ရမွာပါ။ ကြၽန္မတို႔ေတြက ေရခဲေသတၱာထဲမွာ အသားစိမ္းငါးစိမ္း၊ ဟင္းသီးဟင္း႐ြက္၊ အသီးအႏွံ၊ ေသာက္စရာအေအးေတြ၊ ျပန္ေႏႊးစားဦးမယ့္ထမင္းဟင္းေတြ စသျဖင့္ စုံစုံစိစိထား႐ွိၾကရတာျဖစ္ပါတယ္။ ဒီလိုေနရာတစ္ခုဟာ သန္႔႐ွင္းမႈမ႐ွိညစ္ပတ္ေနမယ္ဆိုရင္ အစာအဆိပ္သင့္မႈေတြ၊ အစားေၾကာင့္ေဘးျဖစ္တာေတြ ၾကဳံရႏိုင္ပါတယ္။ ဒါေၾကာင့္ ေရခဲေသတၱာေလးသန္႔႐ွင္းေမႊးပ်ံ႕ေနေစဖို႔ ဒီအခ်က္ ၅ ခ်က္နဲ႔ ေရခဲေသတၱာေလး သန္႔႐ွင္းၾကမယ္။

ေရခဲေသတၱာေလး သန္႔႐ွင္းၾကမယ္

အခ်ိန္ေပးသန္႔စင္ပါ

ေရခဲေသတၱာသန္႔႐ွင္းရာမွာ အတြင္းဘက္၊ သူ႕မွာပါဝင္တဲ့ အစိတ္အပိုင္းေတြနဲ႔ ေရခဲေသတၱာအျပင္ဘက္ဆိုၿပီး ၃ ပိုင္းခြဲျခားသန္႔စင္ရမွာျဖစ္ပါတယ္။ ေရခဲေသတၱာကို ေရေတြ၊ ဆပ္ျပာေတြအမ်ားႀကီးနဲ႔ ကိုယ့္စိတ္ႀကိဳက္ေဆးခ်င္သလိုေဆးဖို႔ အဆင္မေျပပါဘူးေနာ္။ေရခဲေသတၱာတစ္ခုလုံးသန္႔စင္ေမႊးပ်ံ႕သြားဖို႔အတြက္ အခ်ိန္နည္းနည္းေတာ့ေပးရပါမယ္။ ပထမဆုံးအေနနဲ႔ မီးကိုပိတ္ပါ။ေရခဲေသတၱာထဲက မသန္႔႐ွင္းတဲ့ ညစ္ပတ္ေနတဲ့ေရခဲေတြ ေပ်ာ္က်သြားဖို႔အတြက္ ခဏေစာင့္ရပါမယ္။ ၿပီးမွ ေဘးနံရံက ခြက္ေတြ၊ အထဲက စင္အဆင့္ေလးေတြကို အကုန္ျဖဳတ္ရမွာျဖစ္ပါတယ္။

သန္႔စင္နည္းမ်ား

ေရခဲေသတၱာအတြင္းပိုင္းကို သန္႔႐ွင္းဖို႔အတြက္ ေရနဲ႔ ဗနီဂါ(႐ွာလကာရည္)ကို ဆတူေရာၿပီး ပက္ဖ်န္းကာ ပဝါပိုင္းေလးနဲ႔ ျပန္ပြတ္သုတ္ပါ။ ေရခဲေသတၱာထဲကစင္အဆင့္ေလးေတြ၊ ေဘးနံရံက ခြက္ေတြ အားလုံးကိုေတာ့ ဆပ္ျပာရည္ေရာထားတဲ့ ေရေႏြးေႏြးသုံးၿပီး ေဖာ့တုံး၊ပန္းကန္ေဆးဖတ္ေလးေတြနဲ႔ ပြတ္တိုက္သန္႔စင္ကာ အျပင္မွာပဲအေျခာက္ခံထားရမွာျဖစ္ပါတယ္။ ေရခဲေသတၱာအျပင္မ်က္ႏွာျပင္ကို ေတာ့ မီးဖိုေခ်ာင္သုံး Microfiber အဝတ္စေလးေတြကို ေရစြတ္ၿပီး ေသေသခ်ာခ်ာပြတ္တိုက္သန္႔စင္ေပးသင့္ပါတယ္။

အနံ႔ဆိုးေတြဖယ္႐ွားဖို႔

ေရခဲေသတၱာထဲက အနံ႔ဆိုးေတြအတြက္ ေရခဲေသတၱာကိုသန္႔႐ွင္းလိုက္႐ုံနဲ႔ မလုံေလာက္ပါဘူး။ အနံ႔ဆိုးေတြကို စုပ္ယူႏိုင္မယ့္ အကူပစၥည္းေလးေတြသုံးဖို႔လိုအပ္ပါေသးတယ္။ တန္ဖိုးလည္းနည္း တကယ္လည္းထိေရာက္တာကေတာ့ မုန္႔ဖုတ္ဆိုဒါ၊ မီးေသြးနဲ႔ ႀကိတ္ခြဲထားတဲ့ေကာ္ဖီေစ့တို႔ပါပဲ။ မုန္႔ဖုတ္ဆိုဒါ၊ မီးေသြး၊ ေကာ္ဖီ စတဲ့ ကိုယ္ႏွစ္သက္တဲ့အရာကို ခြက္ေလးထဲထည့္ၿပီး ေရခဲေသတၱာထဲမွာထားေပးပါ။ ဒီအရာေတြက အနံ႔ဆိုးေတြကို အေကာင္းဆုံးစုပ္ယူဖယ္႐ွားေပးပါလိမ့္မယ္။ အသီးအႏွံေတြထားတဲ့ေနရာမွာေတာ့ စကၠဴအိတ္အညိဳေတြကို လုံးေခ်ၿပီးထားေပးျခင္းအားျဖင့္ အမွည့္လြန္သြားတဲ့အသီးအႏွံရဲ႕ အနံ႔ေတြကို ဖယ္႐ွားေပးၿပီးသားျဖစ္ေစပါလိမ့္မယ္။

ေရခဲေသတၱာေနာက္မွ ဂက္စ္ပိုက္မ်ား

ေရခဲေသတၱာေနာက္မွာ႐ွိတဲ့ ဂက္စ္ပိုက္ေတြ၊ ကြိဳင္ေတြကိုလည္း ၆ လတစ္ႀကိမ္ သန္႔႐ွင္းေရးလုပ္ေပးသင့္ပါတယ္။ ဒီေနရာမွာ ဖုန္ေတြ၊ အမိႈက္ေတြ၊ ဆံပင္ေတြနဲ႔ ၿငိေနခဲ့ရင္ ေရခဲေသတၱာရဲ႕စြမ္းေဆာင္ရည္က်ေစပါတယ္။ ဒီေနရာကို သန္႔႐ွင္းမယ္ဆိုရင္ေတာ့ ပိုသတိထားရပါမယ္။ ေရေတြ၊ စိုတဲ့အရည္ေတြနဲ႔ လုံးဝမထိေတြ႕ေစဘဲ ေျခာက္ေျခာက္ေသြ႕ေသြ႕သန္႔႐ွင္းရမွာျဖစ္ပါတယ္။ ဘုရားပန္းအိုးေဆးတဲ့ ဘရပ္႐ွ္အတံေလးနဲ႔ ပြတ္တိုက္ခါခ်ႏိုင္သလို၊ Dryer နဲ႔လည္း စုပ္ယူသန္႔စင္ႏိုင္ပါတယ္။

စနစ္တက်ထားသိုတတ္မႈ

သန္႔႐ွင္းေမႊးပ်ံ႕ေအးျမတဲ့ ေရခဲေသတၱာေလးရဖို႔ စနစ္တက်ထားသိုသိမ္းဆည္းတတ္မႈကလည္း အေရး ပါပါတယ္။ အေအးဆို အေအး၊ အသီးဆိုအသီး အိတ္ေလးေတြ ဘူးေလးေတြနဲ႔စနစ္တက် လုံလုံျခဳံျခဳံသိမ္းဆည္းရမွာျဖစ္သလို တစ္ခုခုကိုထုတ္ယူတဲ့အခါ ျပန္ထားတဲ့အခါမွာလည္း စိတ္႐ွည္႐ွည္နဲ႔ သပ္သပ္ရပ္ရပ္လုပ္ေဆာင္တဲ့အက်င့္႐ွိဖို႔လိုပါတယ္။ Refrigerator storage box ေလးေတြက ေရခဲေသတၱာကိုအမ်ားႀကီးသပ္ရပ္သန္႔႐ွင္းေစတာမို႔ ဝယ္ယူသုံးစြဲဖို႔အၾကံျပဳခ်င္ပါတယ္။ ေရခဲေသတၱာကို ေန႔စဥ္ ဒါမွမဟုတ္ ႏွစ္ရက္ျခားတစ္ခါ စစ္ေဆးၾကည့္႐ႈဖို႔လည္းလိုပါတယ္။ ပုပ္သိုးမိႈတက္ေနတဲ့အရာေတြ၊ သက္တမ္းကုန္သြားတဲ့အစားအေသာက္ေတြ၊ ထမင္းဟင္းအက်န္ေတြ စတဲ့ေရခဲေသတၱာကို ညစ္ပတ္ေစမယ့္အရာမွန္သမွ်ကို အၿမဲေစာင့္ၾကည့္ဖယ္႐ွားတတ္ဖို႔က တကယ့္ကိုအေရးႀကီးတဲ့အခ်က္ပါပဲေနာ္..။ ေရခဲေသတၱာဖြင့္လိုက္တိုင္း စိတ္ခ်မ္းသာရၿပီး က်န္းမာတဲ့မိသားစုေလးျဖစ္ႏိုင္ဖို႔ ကြၽန္မ မွ်ေဝခဲ့တဲ့ အခ်က္ေလးေတြအတိုင္း မေမ့မေလ်ာ့လုပ္ေဆာင္ၾကည့္ပါဦးေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: howtocook

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service