အိမ်မွေးတိရစ္ဆာန်အဖြစ် ငါးမွေးရန် အကြောင်းရင်း (၇) ခု

အိမ်မွေးတိရစ္ဆာန်အဖြစ် ငါးမွေးရန် အကြောင်းရင်း (၇) ခု - Property Knowledge in Myanmar from iMyanmarHouse.com
1 Mar 2022 11:38 am တွင် တင်ခဲ့သည်
1754 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ငါးတွေဟာ ခွေးနဲ့ ကြောင်ပြီးရင် မွေးဖို့ရာ တတိယရေပန်းအစားဆုံးအိမ်မွေးတိရစ္ဆာန်တွေဆိုတာကို သင်သိပါသလား? အံ့အားသင့်ကောင်း အံ့အားသင့်သွားနိုင်ပါတယ်။

အမေရိကန်အိမ်မွေးတိရစ္ဆာန်ထုတ်ကုန်များအသင်း (APPA) ကပြုလုပ်တဲ့ “၂၀၂၁ - ၂၀၂၂ ခုနှစ် နိုင်ငံအဆင့် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များစစ်တမ်း” အရ အမေရိကန်နိုင်ငံမှာ အိမ်ထောင်စု ရာခိုင်နှုန်း ၇၀ က အိမ်မွေးတိရစ္ဆာန်ပိုင်ဆိုင်ကြတယ်လို့ သိရပါတယ်။ ၁၁ ဒသမ ၈ သန်းသော အမေရိကန်အိမ်ထောင်စုတွေက ရေချိုငါးမွေးကြပြီး ၂ ဒသမ ၉ သန်းက ရေငန်ငါးမွေးကြတာကို တွေ့ရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံတစ်ဝန်း ပိုင်ဆိုင်ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေမှာတော့ ရေချိုငါးတွေက အကြီးဆုံးအချိုးအစားရှိပါတယ်။ အရေအတွက်အားဖြင့်ဆို ကြောင်တွေက ၉၄ ဒသမ ၂ သန်းနဲ့ ခွေးတွေက ၈၉ ဒသမ ၇ သန်းရှိကာ ရေချိုငါးကတော့ ၁၃၉ ဒသမ ၉ သန်းကျော် ရှိတာဖြစ်ပါတယ်။

၁။ ကျန်းမာရေးအကျိုးကျေးဇူးများ

ငါးမွေးခြင်းကနေ ကျန်းမာရေးအကျိုးကျေးဇူးတွေ အဘယ်မျှများပြားတယ်ဆိုတာ ကြားရင် သင်အံ့သြကောင်းအံ့သြသွားနိုင်ပါတယ်။ ဆရာဝန်၊ သွားဆရာဝန်နဲ့ therapist (ကုထုံးတစ်ခုခုဖြင့် အထူးပြုကုသသည့် ဆရာ) တွေက ဆေးခန်းပြဖို့ လူနာစောင့်ဆိုင်းခန်းတွေမှာ ငါးကန်တွေ ဘာကြောင့်ထားရှိရတာလဲဆိုတာကို သင့်အနေနဲ့ သိချင်မိဖူးပါသလား?

အမှုမဲ့အမှတ်မဲ့ ထားကြတာ မဟုတ်ပါဘူးနော်။ ငါးမွေးခြင်း ဒါမှမဟုတ် အချိန်ခဏလောက်ပဲဖြစ်ဖြစ် ငါးတွေကိုကြည့်ရုံနဲ့တင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ဆောင်ကြဉ်းနိုင်ကြောင်း တွေ့ရှိထားတဲ့ သုတေသနတွေ အများကြီးရှိပါတယ်။

ငါးမွေးခြင်းရဲ့ အဓိကကျန်းမာ‌ရေးအကျိုးကျေးဇူးတွေကတော့ စိတ်ဖိစီးမှုလျော့ကျခြင်း၊ သွေးဖိအားနဲ့ နှလုံးခုန်နှုန်းလျော့ကျခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါခံစားနေရသူတွေရဲ့ စားသောက်မှုအလေ့အကျင့်နဲ့ အမူအရာတွေ ပိုမိုကောင်းမွန်စေခြင်းတို့ ဖြစ်ပါတယ်။

၂။ သူတို့ တိတ်ဆိတ်ကြသည်

ကျွန်ုပ်တို့ချစ်ရတဲ့ ကြောင်တွေနဲ့ ခွေးတွေက လူကြိုက်များ၊ ရေပန်းအစားဆုံး အိမ်မွေးတိရစ္ဆာန်တွေဆိုပေမဲ့လည်း သူတို့တွေက ဆူညံသံတွေ ပြုလုပ်ကြပါတယ်။

ငါးတွေကတော့ လုံးလုံးလျားလျားမတူညီစွာပဲ တိတ်ဆိတ်ကြပါတယ်။ ဘာအသံမှကို မထွက်ကြတာပါ။ ဒါကြောင့် သင်က တစ်ယောက်တည်းသမားမဟုတ်ဘဲ အခြားမိသားစုဝင်တွေလည်း ရှိတယ်ဆိုရင် သင့်အတွက် အိမ်မွေးတိရစ္ဆာန်အဖြစ် ငါးတွေက အသင့်တော်ဆုံးဖြစ်နိုင်ပါတယ်။

၃။ ကလေးများ လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်း

ငါးမွေးခြင်းက ကလေးတွေအတွက် သိပ်ကောင်းတဲ့ သင်ယူလေ့လာမှုအတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။

ငါးတွေကို အစားကျွေးခြင်း၊ စောင့်ရှောက်ခြင်းနဲ့ ငါးကန်ဆေးခြင်းတွေကို သူတို့ကိုယ်တိုင် မလုပ်နိုင်သေးရင်တောင် လူကြီးလုပ်တာကိုကြည့်ခြင်းကနေလည်း အဖိုးတန်ပညာတွေကို သင့်ကလေးတွေ လေ့လာသင်ယူပါလိမ့်မယ်။

ငါးလေးတွေ သေသွားတဲ့အခါဆိုရင်လည်း ဘဝမှာ ရှောင်လွှဲလို့မရတဲ့ သေခြင်းတရားအကြောင်းကို သူတို့ သိရှိသဘောပေါက်နိုင်ဖို့ရာ အထောက်အကူဖြစ်ပါလိမ့်မယ်။

၄။ သူတို့က နေရာသိပ်မယူဘူး

ငါးတွေဟာ ဆူညံသံတွေမပြုတဲ့အပြင် နေရာလည်းပဲ အများကြီးမယူပါဘူး။ နေထိုင်စရိတ်ကြီးမြင့်လာခြင်းကြောင့် နေအိမ်တွေ ပိုမိုသေးကျဉ်းလာကြခြင်းက စံပြအိမ်မွေးတိရစ္ဆာန်အဖြစ် ငါးတွေ ရေပန်းစားလာရခြင်းအကြောင်းရင်း တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

ငါးအရေအတွက်နဲ့ ကိုက်ညီသင့်လျော်မယ့် အကျယ်အဝန်းရှိပြီး ငါးတွေအတွက် နေထိုင်ဆော့ကစားစရာ၊ ငါးမွေးမြူရေးတန်ဆာပလာတွေပါဝင်တဲ့ ငါးကန်ကိုသာ လိုအပ်ပါတယ်။ ဘယ်ငါးမျိုးစိတ်အတွက်မဆို အနည်းဆုံးတော့ ၅ ဂါလံ (၃ ဒသမ ၇ လီတာ) ဆံ့ ကန်နဲ့မွေးဖို့အတွက် အကြံပြုပါတယ်။

၅။ အခြားအိမ်မွေးတိရစ္ဆာန်များထက် ပိုမိုဈေးသက်သာသည်

ကုန်ကျစရိတ်က မွေးမယ့်မျိုးစိတ်ပေါ်မူတည်ပေမဲ့ ယေဘုယျအားဖြင့်တော့ အခြားတိရစ္ဆာန်တွေနဲ့ယှဉ်ရင် ငါးမွေးခြင်းက တော်တော်လေး ငွေကုန်ကြေးကျသက်သာတဲ့ဝါသနာတစ်ခုဖြစ်ပါတယ်။

၆။ ထိန်းသိမ်းရာတွင် ကရိကထမများဘူး

အစာကျွေး၊ ငါးကန်ရေလဲ၊ ငါးကန်သန့်ရှင်းရေး စသဖြင့်တော့ လုပ်ပေးရတာပေါ့နော်။ ဒါကလည်း အချိန်အများကြီးလည်း မကုန်၊ ခက်ခဲခြင်းလည်း မရှိတာကြောင့် ငါးမွေးခြင်းဟာ တခြားအိမ်မွေးတိရစ္ဆာန်တွေ လောက် ကရိကထမများတာ သေချာပါတယ်။

သူတို့နေရတာ သာယာအဆင်ပြေစေဖို့ ကျွန်ုပ်တို့က တကူးတကလုပ်ပေးစရာလည်း မလိုပါဘူး၊ သူတို့ကို လမ်းလျှောက်ထွက်ပေး/ကျောင်းပေးစရာမလိုသလို ချော့မြူပေးစရာမလိုဘူးလို့ ပြောချင်တာဖြစ်ပါတယ်။ တကယ်တော့ သူတို့ကတောင် ကျွန်ုပ်တို့ကို ပြန်လည်ဖျော်ဖြေပေးနေတာပါနော်။

ငါးတွေဟာ အတော်ကို လွတ်လပ်၊ အမှီအခိုကင်းကြပါတယ်။ ကျွန်ုပ်တို့ သူတို့အနားက ထွက်သွားရင်၊ သူတို့အနားမရှိရင်လည်း သူတို့က စိုးရိမ်၊ သောက၊ ဗျာပါဒ မခံစားကြရပါဘူး။

၇။ အဆင်းအားဖြင့် ကျေနပ်စေခြင်း

လူတွေ ငါးအလှမွေးကန်တစ်ကန်လောက် ထားရှိပိုင်ဆိုင်ချင်ကြတဲ့ ယေဘုယျအကျဆုံးအကြောင်းရင်း တစ်ခုက တော့ ကြည့်မြင်ရတာ လှပတာကြောင့် ဖြစ်နိုင်ပါတယ်။ တည်ငြိမ်အေးချမ်းမှု ခံစားချက်တွေကို မြှင့်တင်ပေးကာ ငါးကန်တွေဟာ ဘယ်အိမ်မဆိုအတွက် ဆွဲဆောင်မှုရှိတဲ့ဖြည့်စွက်မှုတစ်ခုဖြစ်နိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 8 Reasons to Keep Fish (fishkeepingworld.com)

[Zawgyi]

အိမ္ေမြးတိရစၧာန္အျဖစ္ ငါးေမြးရန္ အေၾကာင္းရင္း (၇) ခု

ငါးေတြဟာ ေခြးနဲ႔ ေၾကာင္ၿပီးရင္ ေမြးဖို႔ရာ တတိယေရပန္းအစားဆုံးအိမ္ေမြးတိရစၧာန္ေတြဆိုတာကို သင္သိပါသလား? အံ့အားသင့္ေကာင္း အံ့အားသင့္သြားႏိုင္ပါတယ္။

အေမရိကန္အိမ္ေမြးတိရစၧာန္ထုတ္ကုန္မ်ားအသင္း (APPA) ကျပဳလုပ္တဲ့ “၂၀၂၁ - ၂၀၂၂ ခုႏွစ္ ႏိုင္ငံအဆင့္ အိမ္ေမြးတိရစၧာန္ပိုင္႐ွင္မ်ားစစ္တမ္း” အရ အေမရိကန္ႏိုင္ငံမွာ အိမ္ေထာင္စု ရာခိုင္ႏႈန္း ၇၀ က အိမ္ေမြးတိရစၧာန္ပိုင္ဆိုင္ၾကတယ္လို႔ သိရပါတယ္။ ၁၁ ဒသမ ၈ သန္းေသာ အေမရိကန္အိမ္ေထာင္စုေတြက ေရခ်ိဳငါးေမြးၾကၿပီး ၂ ဒသမ ၉ သန္းက ေရငန္ငါးေမြးၾကတာကို ေတြ႕႐ွိခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံတစ္ဝန္း ပိုင္ဆိုင္ၾကတဲ့ အိမ္ေမြးတိရစၧာန္ေတြမွာေတာ့ ေရခ်ိဳငါးေတြက အႀကီးဆုံးအခ်ိဳးအစား႐ွိပါတယ္။ အေရအတြက္အားျဖင့္ဆို ေၾကာင္ေတြက ၉၄ ဒသမ ၂ သန္းနဲ႔ ေခြးေတြက ၈၉ ဒသမ ၇ သန္း႐ွိကာ ေရခ်ိဳငါးကေတာ့ ၁၃၉ ဒသမ ၉ သန္းေက်ာ္ ႐ွိတာျဖစ္ပါတယ္။

၁။ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

ငါးေမြးျခင္းကေန က်န္းမာေရးအက်ိဳးေက်းဇူးေတြ အဘယ္မွ်မ်ားျပားတယ္ဆိုတာ ၾကားရင္ သင္အံ့ၾသေကာင္းအံ့ၾသသြားႏိုင္ပါတယ္။ ဆရာဝန္၊ သြားဆရာဝန္နဲ႔ therapist (ကုထုံးတစ္ခုခုျဖင့္ အထူးျပဳကုသသည့္ ဆရာ) ေတြက ေဆးခန္းျပဖို႔ လူနာေစာင့္ဆိုင္းခန္းေတြမွာ ငါးကန္ေတြ ဘာေၾကာင့္ထား႐ွိရတာလဲဆိုတာကို သင့္အေနနဲ႔ သိခ်င္မိဖူးပါသလား?

အမႈမဲ့အမွတ္မဲ့ ထားၾကတာ မဟုတ္ပါဘူးေနာ္။ ငါးေမြးျခင္း ဒါမွမဟုတ္ အခ်ိန္ခဏေလာက္ပဲျဖစ္ျဖစ္ ငါးေတြကိုၾကည့္႐ုံနဲ႔တင္ က်န္းမာေရးအက်ိဳးေက်းဇူးေတြ ေဆာင္ၾကဥ္းႏိုင္ေၾကာင္း ေတြ႕႐ွိထားတဲ့ သုေတသနေတြ အမ်ားႀကီး႐ွိပါတယ္။

ငါးေမြးျခင္းရဲ႕ အဓိကက်န္းမာ‌ေရးအက်ိဳးေက်းဇူးေတြကေတာ့ စိတ္ဖိစီးမႈေလ်ာ့က်ျခင္း၊ ေသြးဖိအားနဲ႔ ႏွလုံးခုန္ႏႈန္းေလ်ာ့က်ျခင္းနဲ႔ အယ္လ္ဇိုင္းမားေရာဂါခံစားေနရသူေတြရဲ႕ စားေသာက္မႈအေလ့အက်င့္နဲ႔ အမူအရာေတြ ပိုမိုေကာင္းမြန္ေစျခင္းတို႔ ျဖစ္ပါတယ္။

၂။ သူတို႔ တိတ္ဆိတ္ၾကသည္

ကြၽႏ္ုပ္တို႔ခ်စ္ရတဲ့ ေၾကာင္ေတြနဲ႔ ေခြးေတြက လူႀကိဳက္မ်ား၊ ေရပန္းအစားဆုံး အိမ္ေမြးတိရစၧာန္ေတြဆိုေပမဲ့လည္း သူတို႔ေတြက ဆူညံသံေတြ ျပဳလုပ္ၾကပါတယ္။

ငါးေတြကေတာ့ လုံးလုံးလ်ားလ်ားမတူညီစြာပဲ တိတ္ဆိတ္ၾကပါတယ္။ ဘာအသံမွကို မထြက္ၾကတာပါ။ ဒါေၾကာင့္ သင္က တစ္ေယာက္တည္းသမားမဟုတ္ဘဲ အျခားမိသားစုဝင္ေတြလည္း ႐ွိတယ္ဆိုရင္ သင့္အတြက္ အိမ္ေမြးတိရစၧာန္အျဖစ္ ငါးေတြက အသင့္ေတာ္ဆုံးျဖစ္ႏိုင္ပါတယ္။

၃။ ကေလးမ်ား ေလ့လာသင္ယူႏိုင္မည့္ အခြင့္အလမ္း

ငါးေမြးျခင္းက ကေလးေတြအတြက္ သိပ္ေကာင္းတဲ့ သင္ယူေလ့လာမႈအေတြ႕အၾကဳံတစ္ခု ျဖစ္ပါတယ္။

ငါးေတြကို အစားေကြၽးျခင္း၊ ေစာင့္ေ႐ွာက္ျခင္းနဲ႔ ငါးကန္ေဆးျခင္းေတြကို သူတို႔ကိုယ္တိုင္ မလုပ္ႏိုင္ေသးရင္ေတာင္ လူႀကီးလုပ္တာကိုၾကည့္ျခင္းကေနလည္း အဖိုးတန္ပညာေတြကို သင့္ကေလးေတြ ေလ့လာသင္ယူပါလိမ့္မယ္။

ငါးေလးေတြ ေသသြားတဲ့အခါဆိုရင္လည္း ဘဝမွာ ေ႐ွာင္လႊဲလို႔မရတဲ့ ေသျခင္းတရားအေၾကာင္းကို သူတို႔ သိ႐ွိသေဘာေပါက္ႏိုင္ဖို႔ရာ အေထာက္အကူျဖစ္ပါလိမ့္မယ္။

၄။ သူတို႔က ေနရာသိပ္မယူဘူး

ငါးေတြဟာ ဆူညံသံေတြမျပဳတဲ့အျပင္ ေနရာလည္းပဲ အမ်ားႀကီးမယူပါဘူး။ ေနထိုင္စရိတ္ႀကီးျမင့္လာျခင္းေၾကာင့္ ေနအိမ္ေတြ ပိုမိုေသးက်ဥ္းလာၾကျခင္းက စံျပအိမ္ေမြးတိရစၧာန္အျဖစ္ ငါးေတြ ေရပန္းစားလာရျခင္းအေၾကာင္းရင္း တစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။

ငါးအေရအတြက္နဲ႔ ကိုက္ညီသင့္ေလ်ာ္မယ့္ အက်ယ္အဝန္း႐ွိၿပီး ငါးေတြအတြက္ ေနထိုင္ေဆာ့ကစားစရာ၊ ငါးေမြးျမဴေရးတန္ဆာပလာေတြပါဝင္တဲ့ ငါးကန္ကိုသာ လိုအပ္ပါတယ္။ ဘယ္ငါးမ်ိဳးစိတ္အတြက္မဆို အနည္းဆုံးေတာ့ ၅ ဂါလံ (၃ ဒသမ ၇ လီတာ) ဆံ့ ကန္နဲ႔ေမြးဖို႔အတြက္ အၾကံျပဳပါတယ္။

၅။ အျခားအိမ္ေမြးတိရစၧာန္မ်ားထက္ ပိုမိုေဈးသက္သာသည္

ကုန္က်စရိတ္က ေမြးမယ့္မ်ိဳးစိတ္ေပၚမူတည္ေပမဲ့ ေယဘုယ်အားျဖင့္ေတာ့ အျခားတိရစၧာန္ေတြနဲ႔ယွဥ္ရင္ ငါးေမြးျခင္းက ေတာ္ေတာ္ေလး ေငြကုန္ေၾကးက်သက္သာတဲ့ဝါသနာတစ္ခုျဖစ္ပါတယ္။

၆။ ထိန္းသိမ္းရာတြင္ ကရိကထမမ်ားဘူး

အစာေကြၽး၊ ငါးကန္ေရလဲ၊ ငါးကန္သန္႔႐ွင္းေရး စသျဖင့္ေတာ့ လုပ္ေပးရတာေပါ့ေနာ္။ ဒါကလည္း အခ်ိန္အမ်ားႀကီးလည္း မကုန္၊ ခက္ခဲျခင္းလည္း မ႐ွိတာေၾကာင့္ ငါးေမြးျခင္းဟာ တျခားအိမ္ေမြးတိရစၧာန္ေတြ ေလာက္ ကရိကထမမ်ားတာ ေသခ်ာပါတယ္။

သူတို႔ေနရတာ သာယာအဆင္ေျပေစဖို႔ ကြၽႏ္ုပ္တို႔က တကူးတကလုပ္ေပးစရာလည္း မလိုပါဘူး၊ သူတို႔ကို လမ္းေလွ်ာက္ထြက္ေပး/ေက်ာင္းေပးစရာမလိုသလို ေခ်ာ့ျမဴေပးစရာမလိုဘူးလို႔ ေျပာခ်င္တာျဖစ္ပါတယ္။ တကယ္ေတာ့ သူတို႔ကေတာင္ ကြၽႏ္ုပ္တို႔ကို ျပန္လည္ေဖ်ာ္ေျဖေပးေနတာပါေနာ္။

ငါးေတြဟာ အေတာ္ကို လြတ္လပ္၊ အမွီအခိုကင္းၾကပါတယ္။ ကြၽႏ္ုပ္တို႔ သူတို႔အနားက ထြက္သြားရင္၊ သူတို႔အနားမ႐ွိရင္လည္း သူတို႔က စိုးရိမ္၊ ေသာက၊ ဗ်ာပါဒ မခံစားၾကရပါဘူး။

၇။ အဆင္းအားျဖင့္ ေက်နပ္ေစျခင္း

လူေတြ ငါးအလွေမြးကန္တစ္ကန္ေလာက္ ထား႐ွိပိုင္ဆိုင္ခ်င္ၾကတဲ့ ေယဘုယ်အက်ဆုံးအေၾကာင္းရင္း တစ္ခုက ေတာ့ ၾကည့္ျမင္ရတာ လွပတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ တည္ၿငိမ္ေအးခ်မ္းမႈ ခံစားခ်က္ေတြကို ျမႇင့္တင္ေပးကာ ငါးကန္ေတြဟာ ဘယ္အိမ္မဆိုအတြက္ ဆြဲေဆာင္မႈ႐ွိတဲ့ျဖည့္စြက္မႈတစ္ခုျဖစ္ႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 8 Reasons to Keep Fish (fishkeepingworld.com)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service