ကိုယ်ဝန်ဆောင် မေမေ ချဉ်ပေါင်ဟင်း စားလို့ရလား ........

ကိုယ်ဝန်ဆောင် မေမေ ချဉ်ပေါင်ဟင်း စားလို့ရလား ........ - Property Knowledge in Myanmar from iMyanmarHouse.com
25 Feb 2022 2:27 pm တွင် တင်ခဲ့သည်
2569 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် အနေအထိုင် အစစအရာရာကို ဂရုစိုက်ရပါတယ်။ အကြောင်းကတော့ နုနယ်လွန်းတဲ့ ဗိုက်ထဲက ဘေဘီလေး ထိခိုက်မှာ စိုးလို့ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အနေအထိုင် အစားအသောက်ကို သေချာလေး ဂရုစိုက်မှ ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးကို မွေးဖွားနိုင်မှာ ဖြစ်သလို မေမေကိုယ်တိုင်လည်း ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ မြန်မာလူမျိုးတိုင်း အကြိုက်တွေ့ကြတဲ့ ချဉ်ပေါင်ဟင်း လေးကို ကိုယ်ဝန်ဆောင် မေမေ စားလို့ရလားဆိုတာကို ပြောပြပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင် မေမေ ချဉ်ပေါင်ဟင်း စားလို့ရလား ……

ဒီမေးခွန်းလေးအတွက် အဖြေကတော့ စားလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေ အနေနဲ့ ကဖင်းများတာ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အချိုလွန်ကဲတဲ့ စားစရာတွေ၊ အယ်လ်ကိုဟော၊ နီကိုတင်းစတဲ့ အရာတွေကို ရှောင်ရှားဖို့ လိုပေမယ့် ချဉ်ပေါင်ဟင်းလိုမျိုး သဘာဝ အသီးအရွက်ကို ချက်ပြုတ်ထားတဲ့ စားစရာမျိုးကိုတော့ ရှောင်ဖို့ မလိုပါဘူး။

လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတာမျိုးတော့ ဖြစ်ဖို့ လိုပါမယ်။ ဒါမှလည်း အာဟာရတွေ ရရှိစေပြီး ကျန်းမာရေးကို ထောက်ကူပေးနိုင်မှာပါ။ ဒီလိုပြောရတာက အခုလို အကြောင်းအရင်းတွေကြောင့်ပါ။

ချဉ်ပေါင်မှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ ……

ဘယ်အချိန်စားစား ခံတွင်းတွေ့လှတဲ့ ချဉ်ပေါင်ရွက်မှာ

ကယ်လ်ဆီယမ်

သံဓာတ်

ဗီတာမင် C

မဂ္ဂနီဆီယမ်

ကာဗိုဟိုက်ဒရိတ်

Phosphorus

ပိုတက်ဆီယမ်

ဗီတာမင် B2 နဲ့

ဗီတာမင် A တို့လိုမျိုး ကိုယ်ဝန်ဆောင် မေမေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေလို့ပါ။

ကိုယ်ဝန်ဆောင်ချိန် ချဉ်ပေါင်ဟင်း စားတဲ့အခါ

ရှေးယခင်ကာလတွေက ဆေးဖက်ဝင် အပင် တစ်မျိုးအဖြစ် ချဉ်ပေါင်ပင်ကို အသိအမှတ်ပြုခဲ့တာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ပေါင်ဟင်းစားတဲ့အခါ

သံဓာတ် ပါဝင်တယ်

ချဉ်ပေါင်ရွက်မှာ ကိုယ်ဝန်ဆောင်မေမေတိုင်း ပြည့်ဝဖို့ လိုမယ့် သံဓာတ်ပါဝင်နေပါတယ်။ တစ်နေ့တာမှာ သံဓာတ် ၂၇ မီလီဂရမ်လောက်အထိ လိုအပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ချဉ်ပေါင်ဟင်းစားသုံးပေးလို့ရပါတယ်။

ဒါမှ မေမေမှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတာမျိုး မဖြစ်စေမှာပါ။ ဗိုက်ထဲက ဘေဘီလေးကိုလည်း အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။

ဖောလိတ် ပါဝင်တယ်

ဖောလိတ်ကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ်ပြည့်ဝမှ ဘေဘီလေးရဲ့ အာရုံကြောစနစ်တွေ အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ဆိုရင် ချဉ်ပေါင်ဟင်း စားပေးလို့ ရပါတယ်။

အအေးမိ၊ ဖျားနာ ကင်းစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးဝါးတွေကို သောက်သုံးတာက အဆင်မပြေပါဘူး။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား နည်းတတ်တာကြောင့် ဖျားနာလွယ်ပါတယ်။ ချဉ်ပေါင်ရွက်မှာက ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ခံအား ကောင်းတဲ့အခါ အအေးမိ၊ ဖျားနာတာမျိုး၊ ချောင်းဆိုးတာမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပြီဖြစ်မှာပါ။

နောက်တစ်ချက်က သံဓာတ်စုပ်ယူမှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေတာ​ကြောင့် ရောဂါပိုးတွေ ဝင်ရောက် ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗိုင်းရပ်စ်တွေကိုလည်း ခုခံကာကွယ်ပေးပါတယ်။

ဝမ်းမှန်စေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ချဉ်ပေါင်ရွက်မှာက မဂ္ဂနီဆီယမ် နဲ့ အမျှင်ဓာတ် ပါဝင်နေတာ​ကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေမှာပျော်ဝင်လွယ်တဲ့ မဂ္ဂနီဆီယမ်ဖြည့်စွက်စာတွေကို ဝမ်းပျော့စေဖို့ စားသုံးပေးရတာမျိုးရှိပါတယ်။

မဂ္ဂနီဆီယမ်က ဝမ်းပျော့စေပြီး အူကြွက်သားတွေကို ပြေလျော့စေပါတယ်။ အူတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီး ဝမ်းချုပ်မှုကင်းလို့ ဝမ်းမှန်စေပါတယ်။ ချဉ်ပေါင်ရွက်မှာ မဂ္ဂနီဆီယမ် ၂၉ မီလီဂရမ် ပါဝင်နေပြီး နေ့စဉ် လိုအပ်မှုရဲ့ ၆.၉၀ ရာခိုင်နှုန်းအထိ ပါဝင်နေတာပါ။

အင်အားပြည့်စေတယ်

ချဉ်ပေါင်ရွက်မှာပါတဲ့ Phosphorous က ကြွက်သားအားနည်းတာ၊ ထုံကျဉ်တာ၊ မောပန်းလွယ်တာ လိုမျိုး ကျန်းမာရေးပြဿနာတွေကို ကင်းစေပါတယ်။ အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ နေ့စဉ် လုပ်ဆောင်စရာတွေကို တက်ကြွစွာ လုပ်ဆောင်နိုင်စေဖို့ Phosphorous ၁၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။ ချဉ်ပေါင်ရွက်က Phosphorous ကြွယ်ဝတာကြောင့် နေ့စဉ် တက်ကြွလန်းဆန်းနေစေဖို့ စားပေးသင့်ပါတယ်။

ချဉ်ပေါင်ရွက်က အခုလိုမျိုး အကျိုးကျေးဇူးတွေ များတယ်ဆိုပေမယ့် ချဉ်ပေါင်ဟင်းထဲကို ငပိတွေ၊ ငံပြာရည်တွေ အများကြီးထည့်ပြီး စားသုံးတာမျိုးကတော့ အဆင်မပြေပါဘူး။ ကိုယ်ဝန်ဆောင် သွေးတိုးတာကို ဖြစ်စေနိုင်တာကြောင့်ပါ။

ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ချဉ်ပေါင်ဟင်း စားမယ်ဆိုရင် ငါး၊ ပုစွန်စတာလေးတွေကို အချဉ်ထိန်းအောင် ထည့်ချက်ပြီး ငံပြာရည်၊ ငပိစတာတွေကို တတ်နိုင်သမျှ လျှော့ထည့်ပေးပါ။ ကိုယ်ဝန်ဆောင် သွေးတိုးရှိမယ်။ အခြား ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေမယ်ဆိုရင် မစားခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

ကိုယ္ဝန္ေဆာင္ ေမေမ ခ်ဥ္ေပါင္ဟင္း စားလို႔ရလား ........

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အစားအေသာက္ အေနအထိုင္ အစစအရာရာကို ဂ႐ုစိုက္ရပါတယ္။ အေၾကာင္းကေတာ့ ႏုနယ္လြန္းတဲ့ ဗိုက္ထဲက ေဘဘီေလး ထိခိုက္မွာ စိုးလို႔ပါ။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေမေမက အေနအထိုင္ အစားအေသာက္ကို ေသခ်ာေလး ဂ႐ုစိုက္မွ က်န္းမာေပ်ာ္႐ႊင္တဲ့ ေဘဘီေလးကို ေမြးဖြားႏိုင္မွာ ျဖစ္သလို ေမေမကိုယ္တိုင္လည္း က်န္းမာမွာပါ။ ဒီတစ္ေခါက္ေတာ့ ျမန္မာလူမ်ိဳးတိုင္း အႀကိဳက္ေတြ႕ၾကတဲ့ ခ်ဥ္ေပါင္ဟင္း ေလးကို ကိုယ္ဝန္ေဆာင္ ေမေမ စားလို႔ရလားဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

ကိုယ္ဝန္ေဆာင္ ေမေမ ခ်ဥ္ေပါင္ဟင္း စားလို႔ရလား ……

ဒီေမးခြန္းေလးအတြက္ အေျဖကေတာ့ စားလို႔ ရပါတယ္။ ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာ ေမေမ အေနနဲ႔ ကဖင္းမ်ားတာ၊ ျပဳျပင္ထားတဲ့ အစားအစာေတြ၊ အခ်ိဳလြန္ကဲတဲ့ စားစရာေတြ၊ အယ္လ္ကိုေဟာ၊ နီကိုတင္းစတဲ့ အရာေတြကို ေ႐ွာင္႐ွားဖို႔ လိုေပမယ့္ ခ်ဥ္ေပါင္ဟင္းလိုမ်ိဳး သဘာဝ အသီးအ႐ြက္ကို ခ်က္ျပဳတ္ထားတဲ့ စားစရာမ်ိဳးကိုေတာ့ ေ႐ွာင္ဖို႔ မလိုပါဘူး။

လတ္လတ္ဆတ္ဆတ္ ခ်က္ျပဳတ္ထားတာမ်ိဳးေတာ့ ျဖစ္ဖို႔ လိုပါမယ္။ ဒါမွလည္း အာဟာရေတြ ရ႐ွိေစၿပီး က်န္းမာေရးကို ေထာက္ကူေပးႏိုင္မွာပါ။ ဒီလိုေျပာရတာက အခုလို အေၾကာင္းအရင္းေတြေၾကာင့္ပါ။

ခ်ဥ္ေပါင္မွာပါတဲ့ အာဟာရဓာတ္ေတြက ဘာေတြမ်ားလဲ ……

ဘယ္အခ်ိန္စားစား ခံတြင္းေတြ႕လွတဲ့ ခ်ဥ္ေပါင္႐ြက္မွာ

ကယ္လ္ဆီယမ္

သံဓာတ္

ဗီတာမင္ C

မဂၢနီဆီယမ္

ကာဗိုဟိုက္ဒရိတ္

Phosphorus

ပိုတက္ဆီယမ္

ဗီတာမင္ B2 နဲ႔

ဗီတာမင္ A တို႔လိုမ်ိဳး ကိုယ္ဝန္ေဆာင္ ေမေမအတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြ ပါဝင္ေနလို႔ပါ။

ကိုယ္ဝန္ေဆာင္ခ်ိန္ ခ်ဥ္ေပါင္ဟင္း စားတဲ့အခါ ေ႐ွးယခင္ကာလေတြက ေဆးဖက္ဝင္ အပင္ တစ္မ်ိဳးအျဖစ္ ခ်ဥ္ေပါင္ပင္ကို အသိအမွတ္ျပဳခဲ့တာပါ။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ခ်ဥ္ေပါင္ဟင္းစားတဲ့အခါ

သံဓာတ္ ပါဝင္တယ္

ခ်ဥ္ေပါင္႐ြက္မွာ ကိုယ္ဝန္ေဆာင္ေမေမတိုင္း ျပည့္ဝဖို႔ လိုမယ့္ သံဓာတ္ပါဝင္ေနပါတယ္။ တစ္ေန႔တာမွာ သံဓာတ္ ၂၇ မီလီဂရမ္ေလာက္အထိ လိုအပ္တဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြ အေနနဲ႔ ေမေမေရာ ေဘဘီေလးပါ က်န္းမာေစဖို႔ ခ်ဥ္ေပါင္ဟင္းစားသုံးေပးလို႔ရပါတယ္။

ဒါမွ ေမေမမွာ သံဓာတ္ခ်ိဳ႕တဲ့ၿပီး ေသြးအားနည္းတာမ်ိဳး မျဖစ္ေစမွာပါ။ ဗိုက္ထဲက ေဘဘီေလးကိုလည္း အေကာင္းဆုံး ႀကီးထြားဖြံ႕ၿဖိဳးေစမွာပါ။

ေဖာလိတ္ ပါဝင္တယ္

ေဖာလိတ္ကလည္း ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မ႐ွိမျဖစ္ လိုအပ္တဲ့ အာဟာရဓာတ္ တစ္မ်ိဳးပါ။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေဖာလိတ္ျပည့္ဝမွ ေဘဘီေလးရဲ႕ အာ႐ုံေၾကာစနစ္ေတြ အေကာင္းဆုံး ဖြံ႕ၿဖိဳးေစမွာပါ။ ေဘဘီေလးကို အေကာင္းဆုံး ဖြံ႕ၿဖိဳးေစၿပီး က်န္းမာေပ်ာ္႐ႊင္စြာ ႀကီးျပင္းလာေစဖို႔ဆိုရင္ ခ်ဥ္ေပါင္ဟင္း စားေပးလို႔ ရပါတယ္။

အေအးမိ၊ ဖ်ားနာ ကင္းေစတယ္

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေဆးဝါးေတြကို ေသာက္သုံးတာက အဆင္မေျပပါဘူး။ ေနာက္တစ္ခ်က္က ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ကိုယ္ခံအား နည္းတတ္တာေၾကာင့္ ဖ်ားနာလြယ္ပါတယ္။ ခ်ဥ္ေပါင္႐ြက္မွာက ဗီတာမင္ C ပါဝင္ေနတာေၾကာင့္ ကိုယ္ခံအားကို ျမႇင့္တင္ေပးႏိုင္ပါတယ္။ ကိုယ္ခံအား ေကာင္းတဲ့အခါ အေအးမိ၊ ဖ်ားနာတာမ်ိဳး၊ ေခ်ာင္းဆိုးတာမ်ိဳး က်န္းမာေရး ျပႆနာေတြ မျဖစ္ေအာင္ ကာကြယ္ၿပီျဖစ္မွာပါ။

ေနာက္တစ္ခ်က္က သံဓာတ္စုပ္ယူမႈကို ေကာင္းေစၿပီး ခႏၶာကိုယ္ကို အင္အားျပည့္ဝေစတာ​ေၾကာင့္ ေရာဂါပိုးေတြ ဝင္ေရာက္ ကူးစက္တာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ဗိုင္းရပ္စ္ေတြကိုလည္း ခုခံကာကြယ္ေပးပါတယ္။

ဝမ္းမွန္ေစတယ္

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဝမ္းခ်ဳပ္တာက အျဖစ္မ်ားတဲ့ က်န္းမာေရး ျပႆနာ တစ္ရပ္ပါ။ ခ်ဥ္ေပါင္႐ြက္မွာက မဂၢနီဆီယမ္ နဲ႔ အမွ်င္ဓာတ္ ပါဝင္ေနတာ​ေၾကာင့္ ဝမ္းခ်ဳပ္တာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ေရမွာေပ်ာ္ဝင္လြယ္တဲ့ မဂၢနီဆီယမ္ျဖည့္စြက္စာေတြကို ဝမ္းေပ်ာ့ေစဖို႔ စားသုံးေပးရတာမ်ိဳး႐ွိပါတယ္။

မဂၢနီဆီယမ္က ဝမ္းေပ်ာ့ေစၿပီး အူႂကြက္သားေတြကို ေျပေလ်ာ့ေစပါတယ္။ အူေတြရဲ႕ လုပ္ေဆာင္မႈကို ေကာင္းေစၿပီး ဝမ္းခ်ဳပ္မႈကင္းလို႔ ဝမ္းမွန္ေစပါတယ္။ ခ်ဥ္ေပါင္႐ြက္မွာ မဂၢနီဆီယမ္ ၂၉ မီလီဂရမ္ ပါဝင္ေနၿပီး ေန႔စဥ္ လိုအပ္မႈရဲ႕ ၆.၉၀ ရာခိုင္ႏႈန္းအထိ ပါဝင္ေနတာပါ။

အင္အားျပည့္ေစတယ္

ခ်ဥ္ေပါင္႐ြက္မွာပါတဲ့ Phosphorous က ႂကြက္သားအားနည္းတာ၊ ထုံက်ဥ္တာ၊ ေမာပန္းလြယ္တာ လိုမ်ိဳး က်န္းမာေရးျပႆနာေတြကို ကင္းေစပါတယ္။ အ႐ြယ္ေရာက္ၿပီးသူ တစ္ေယာက္အေနနဲ႔ ေန႔စဥ္ လုပ္ေဆာင္စရာေတြကို တက္ႂကြစြာ လုပ္ေဆာင္ႏိုင္ေစဖို႔ Phosphorous ၁၂၀၀ မီလီဂရမ္ လိုအပ္ပါတယ္။ ခ်ဥ္ေပါင္႐ြက္က Phosphorous ႂကြယ္ဝတာေၾကာင့္ ေန႔စဥ္ တက္ႂကြလန္းဆန္းေနေစဖို႔ စားေပးသင့္ပါတယ္။

ခ်ဥ္ေပါင္႐ြက္က အခုလိုမ်ိဳး အက်ိဳးေက်းဇူးေတြ မ်ားတယ္ဆိုေပမယ့္ ခ်ဥ္ေပါင္ဟင္းထဲကို ငပိေတြ၊ ငံျပာရည္ေတြ အမ်ားႀကီးထည့္ၿပီး စားသုံးတာမ်ိဳးကေတာ့ အဆင္မေျပပါဘူး။ ကိုယ္ဝန္ေဆာင္ ေသြးတိုးတာကို ျဖစ္ေစႏိုင္တာေၾကာင့္ပါ။

ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ ေမေမေတြအေနနဲ႔ ခ်ဥ္ေပါင္ဟင္း စားမယ္ဆိုရင္ ငါး၊ ပုစြန္စတာေလးေတြကို အခ်ဥ္ထိန္းေအာင္ ထည့္ခ်က္ၿပီး ငံျပာရည္၊ ငပိစတာေတြကို တတ္ႏိုင္သမွ် ေလွ်ာ့ထည့္ေပးပါ။ ကိုယ္ဝန္ေဆာင္ ေသြးတိုး႐ွိမယ္။ အျခား က်န္းမာေရး ျပႆနာ တစ္ခုခု ႐ွိေနမယ္ဆိုရင္ မစားခင္မွာ ဆရာဝန္နဲ႔ အရင္တိုင္ပင္ေစခ်င္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service