ကမ္ဘာကျော်များထံမှ နေအိမ်ဝယ်ယူခဲ့ကြသော ကမ္ဘာကျော်များ

ကမ္ဘာကျော်များထံမှ နေအိမ်ဝယ်ယူခဲ့ကြသော ကမ္ဘာကျော်များ - Property News in Myanmar from iMyanmarHouse.com
25 Feb 2022 10:42 am တွင် တင်ခဲ့သည်
921 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော် အကျော်အမော်များသည် ကော်ဇောနီခင်း ပွဲလမ်းသဘင်များတွင်သာ တစ်ဦးနှင့်တစ်ဦး ပြေးလွှားပွေ့ဖက်ကြသည်မဟုတ်။ လက်တွေ့ဘဝ အိမ်ခြံမြေဝယ်ယူရာတွင်လည်း အချင်းချင်းထိတွေ့မိကြလေ့ ရှိသည်။

တခါတရံတွင် မည်သို့မျှ ဆက်စပ်မရ၊ မနီးစပ်သော နယ်ပယ်များမှ နာမည်ကျော်အချင်းချင်း နေအိမ်ဝယ်ယူမှု များလည်း ဖြစ်ပေါ်လေ့ရှိသည်။ မော်ဒယ်ဖြင့် နာမည်ကျော်သည့် ကာဒါရှီယန်မိသားစုဝင် တစ်ဦးက ဟာသ သရုပ်ဆောင်ထံမှ နေအိမ်ဝယ်ယူခြင်းမျိုးမှ အစပြုကာ ဘောလုံး ချန်ပီယံ တစ်ဦးက ဂီတဘိုးအေကြီးတစ်ဦးထံ နေအိမ်ရောင်းချခြင်းမျိုးအထိ ဖြစ်ရပ်မျိုး ဖြစ်သည်။

(၁) အဆိုတော် ဂျပ်စတင်ဘီဘာနှင့် မော်ဒယ် ခလိုဝီ ကာဒါရှီယန်

၂၀၁၄ ခုနှစ်အတွင်း အမေရိကန်မော်ဒယ် ခလိုဝီ ကာဒါရှီယန်သည် စတုရန်းပေ ၉၀၀၀ ကျယ်ဝန်းသော မြေထဲပင်လယ်ဗိသုကာဟန်စံအိမ်တစ်လုံးကို အဆိုတော် ဂျပ်စတင်ဘီဘာထံမှ ဝယ်ယူခဲ့သည်။ တည်နေရာမှာ သူမတို့ မိသားစုအကြိုက်ဆုံးဖြစ်သော ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိခရိုင်၊ ကာလာဘက်ဆက်စ် မြို့တွင် ဖြစ်သည်။

ဝယ်ယူခဲ့သည့်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၇ ဒသမ ၂ သန်း ဖြစ်သည်။ စံအိမ်အတွင်း ဂျပ်စတင်ဘီဘာ တပ်ဆင်ခဲ့သည့် စကိတ်စီး ဆင်ခြေလျှောနေရာ ပါဝင်သည်။

(၂) ရုပ်ရှင်မင်းသမီး နစ်ကိုး ရစ်ချီနှင့် အဆိုတော် အဒဲလ်

အဆိုတော် အဒဲလ်က သူမ၏ အိမ်နီးချင်း ရုပ်ရှင်မင်းသမီး နစ်ကိုး ရစ်ချီပိုင်ဆိုင်သော လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်တစ်လုံးကို ၂၀၂၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူခဲ့သည်။

နစ်ကိုး ရစ်ချီသည် အမေရိကန်ရုပ်ရှင်မင်းသမီး၊ ဖက်ရှင်ဒီဇိုင်နာဖြစ်ပြီး The Simple Life ရုပ်သံ အစီအစဉ်တွင် ပဲရစ် ဟီလ်တန်နှင့်အတူ ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ပါဝင်သရုပ်ဆောင်ခဲ့သည်။

The Simple Life ရုပ်သံအစီအစဉ်မှာ ဝင်ငွေနည်းသည့်အလုပ်များဖြစ်သော အခန်းသန့်ရှင်းရေးသမား၊ သွားရေစာဆိုင်များတွင် အစားအသောက်များ ပေးခြင်း၊ ယာတောခြံများတွင် လုပ်ကိုင်ခြင်း အစရှိသည် တို့ကို ပဲရစ်ဟီလ်တန်နှင့် နစ်ကိုး ရစ်ချီတို့ အတူလုပ်ကိုင်ပြကြခြင်း ဖြစ်သည်။ ကနဦးတွင် ပဲရစ်ဟီလ်တန်က စတင်ခဲ့ခြင်းဖြစ်ပြီး ပဲရစ်ဟီလ်တန်က သူမ၏ ညီမဖြစ်သူကို ခေါ်ယူခဲ့သော်လည်း ညီမဖြစ်သူမှာ အိမ်တွင် ခြေမွေးမီးမလောင် လက်မွေးမီးမလောင်နေထိုင်ခဲ့ရသူဖြစ်ရာ ရှက်ရွံ့နေ၍ ပဲရစ်ဟီလ်တန်က နစ်ကိုး ရစ်ချီကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါအိမ်သည် အရောင်းဈေးကွက်သို့ မတင်ထားသော်လည်း အဒဲလ်က အဆိုပါအိမ်ကို မြင်ထားသည်။ ထိုလမ်းထဲတွင် သူမ၏ ခင်ပွန်းဟောင်းနှင့်အတူ နေထိုင်ခဲ့ဖူးသော ကန်ဒေါ်လာ ၁၀ ဒသမ ၇ သန်းတန် နေအိမ်တစ်လုံး ပိုင်ဆိုင်ထား၏။

(၃) ရီဟားနား၊ အမေရိကန်အဆိုတော် ဂျွန် လဲဂျင့်ထ်နှင့် မော်ဒယ် ခရစ်ဆီ ထီးဂန်တို့စုံတွဲ

အမေရိကန်အဆိုတော် ဂျွန် လဲဂျင့်ထ် (John Legend)နှင့် မော်ဒယ်ခရစ်ဆီ ထီးဂန် (Chrissy Teigen ) တို့စုံတွဲသည် ၂၀၁၆ ခုနှစ်အတွင်း ရီးဟားနားပိုင်ဆိုင်သော ဒေါ်လာ ၁၄ ဒသမ ၁ သန်းတန် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးစ်အရပ်မှ စံအိမ်သို့ ပြောင်းရွှေ့ခဲ့ကြသည်။

ဂျွန် လဲဂျင့်ထ်တို့ စုံတွဲက စံအိမ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲမွမ်းမံမှုများ ပြုလုပ်ခဲ့ရာ အထူးသဖြင့် မီးဖိုဆောင်ကို အဓိကထားခဲ့သည်။

(၄) အဆိုတော် ဂျိုးဂျိုနာ့စ်နှင့် အင်္ဂလိပ်ရုပ်ရှင်မင်းသမီး ဆိုဖီ တာနာတို့စုံတွဲ- ဒီဂျေ ဇက်ဒ်

ဒီဂျေဇက်ဒ် (Zedd) သည် အဆိုတော် ဂျိုး ဂျိုနာ့စ် (Joe Jonas) နှင့် အင်္ဂလိပ်ရုပ်ရှင်မင်းသမီး ဆိုဖီ တာနာ (Sophie Turner) တို့ စုံတွဲထံမှ လော့စ်အိန်ဂျလိမြို့၊ အန်စီနိုအရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၁၅ ဒသမ ၂ သန်းဖြင့် ၂၀၂၁ ခုနှစ်အတွင်း ဝယ်ယူခဲ့သည်။

(၅) အဆိုတော် ရှား နှင့် အမေရိကန်ရုပ်ရှင်သရုပ်ဆောင် အက်ဒီ မာဖီ

အဆိုတော် ရှား (Cher) သည် ၁၉၇၀ ပြည့်လွန်ကာလများအတွင်း ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲချိန်၌ ဝမ်းနည်းကြေကွဲမနေခဲ့။ အီဂျစ် ပိရမစ်ပုံ စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းသည့် စံအိမ်ကြီးဆောက်လုပ်မှုဖြင့် အလုပ်ရှုပ်နေခဲ့သည်။

နှစ်ပေါင်းများစွာ ကြာမြင့်အပြီး ၁၉၈၈ ခုနှစ်သို့ ရောက်သောအခါ အမေရိကန်သရုပ်ဆောင် အက်ဒီမာဖီက အဆိုပါနေအိမ်ကြီးကို ရှားထံမှ ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Celebrities Who Bought Their Homes From Other Celebrities (goodhousekeeping)

[Zawgyi]

ကမၻာေက်ာ္မ်ားထံမွ ေနအိမ္ဝယ္ယူခဲ့ၾကေသာ ကမၻာေက်ာ္မ်ား

ကမၻာေက်ာ္ အေက်ာ္အေမာ္မ်ားသည္ ေကာ္ေဇာနီခင္း ပြဲလမ္းသဘင္မ်ားတြင္သာ တစ္ဦးႏွင့္တစ္ဦး ေျပးလႊားေပြ႔ဖက္ၾကသည္မဟုတ္။ လက္ေတြ႔ဘဝ အိမ္ျခံေျမဝယ္ယူရာတြင္လည္း အခ်င္းခ်င္းထိေတြ႔မိၾကေလ့ ရွိသည္။

တခါတရံတြင္ မည္သို႔မွ် ဆက္စပ္မရ၊ မနီးစပ္ေသာ နယ္ပယ္မ်ားမွ နာမည္ေက်ာ္အခ်င္းခ်င္း ေနအိမ္ဝယ္ယူမႈ မ်ားလည္း ျဖစ္ေပၚေလ့ရွိသည္။ ေမာ္ဒယ္ျဖင့္ နာမည္ေက်ာ္သည့္ ကာဒါရွီယန္မိသားစုဝင္ တစ္ဦးက ဟာသ သရုပ္ေဆာင္ထံမွ ေနအိမ္ဝယ္ယူျခင္းမ်ဳိးမွ အစျပဳကာ ေဘာလံုး ခ်န္ပီယံ တစ္ဦးက ဂီတဘိုးေအၾကီးတစ္ဦးထံ ေနအိမ္ေရာင္းခ်ျခင္းမ်ဳိးအထိ ျဖစ္ရပ္မ်ဳိး ျဖစ္သည္။

(၁) အဆိုေတာ္ ဂ်ပ္စတင္ဘီဘာႏွင့္ ေမာ္ဒယ္ ခလိုဝီ ကာဒါရွီယန္

၂၀၁၄ ခုႏွစ္အတြင္း အေမရိကန္ေမာ္ဒယ္ ခလိုဝီ ကာဒါရွီယန္သည္ စတုရန္းေပ ၉၀၀၀ က်ယ္ဝန္းေသာ ေျမထဲပင္လယ္ဗိသုကာဟန္စံအိမ္တစ္လံုးကို အဆိုေတာ္ ဂ်ပ္စတင္ဘီဘာထံမွ ဝယ္ယူခဲ့သည္။ တည္ေနရာမွာ သူမတို႔ မိသားစုအၾကိဳက္ဆံုးျဖစ္ေသာ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိခရိုင္၊ ကာလာဘက္ဆက္စ္ ျမိဳ႕တြင္ ျဖစ္သည္။

ဝယ္ယူခဲ့သည့္ေစ်းႏႈန္းမွာ ကန္ေဒၚလာ ၇ ဒသမ ၂ သန္း ျဖစ္သည္။ စံအိမ္အတြင္း ဂ်ပ္စတင္ဘီဘာ တပ္ဆင္ခဲ့သည့္ စကိတ္စီး ဆင္ေျခေလွ်ာေနရာ ပါဝင္သည္။

(၂) ရုပ္ရွင္မင္းသမီး နစ္ကိုး ရစ္ခ်ီႏွင့္ အဆိုေတာ္ အဒဲလ္

အဆိုေတာ္ အဒဲလ္က သူမ၏ အိမ္နီးခ်င္း ရုပ္ရွင္မင္းသမီး နစ္ကိုး ရစ္ခ်ီပိုင္ဆိုင္ေသာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္အရပ္မွ စံအိမ္တစ္လံုးကို ၂၀၂၁ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၀ သန္းျဖင့္ ဝယ္ယူခဲ့သည္။

နစ္ကိုး ရစ္ခ်ီသည္ အေမရိကန္ရုပ္ရွင္မင္းသမီး၊ ဖက္ရွင္ဒီဇိုင္နာျဖစ္ျပီး The Simple Life ရုပ္သံ အစီအစဥ္တြင္ ပဲရစ္ ဟီလ္တန္ႏွင့္အတူ ၂၀၀၃ ခုႏွစ္မွ ၂၀၀၇ ခုႏွစ္အထိ ပါဝင္သရုပ္ေဆာင္ခဲ့သည္။ The Simple Life ရုပ္သံအစီအစဥ္မွာ ဝင္ေငြနည္းသည့္အလုပ္မ်ားျဖစ္ေသာ အခန္းသန္႔ရွင္းေရးသမား၊ သြားေရစာဆိုင္မ်ားတြင္ အစားအေသာက္မ်ား ေပးျခင္း၊ ယာေတာျခံမ်ားတြင္ လုပ္ကိုင္ျခင္း အစရွိသည္ တို႔ကို ပဲရစ္ဟီလ္တန္ႏွင့္ နစ္ကိုး ရစ္ခ်ီတို႔ အတူလုပ္ကိုင္ျပၾကျခင္း ျဖစ္သည္။ ကနဦးတြင္ ပဲရစ္ဟီလ္တန္က စတင္ခဲ့ျခင္းျဖစ္ျပီး ပဲရစ္ဟီလ္တန္က သူမ၏ ညီမျဖစ္သူကို ေခၚယူခဲ့ေသာ္လည္း ညီမျဖစ္သူမွာ အိမ္တြင္ ေျခေမြးမီးမေလာင္ လက္ေမြးမီးမေလာင္ေနထုိင္ခဲ့ရသူျဖစ္ရာ ရွက္ရြံ႕ေန၍ ပဲရစ္ဟီလ္တန္က နစ္ကိုး ရစ္ခ်ီကို ေခၚယူခဲ့ျခင္း ျဖစ္သည္။

အဆိုပါအိမ္သည္ အေရာင္းေစ်းကြက္သို႔ မတင္ထားေသာ္လည္း အဒဲလ္က အဆိုပါအိမ္ကို ျမင္ထားသည္။ ထိုလမ္းထဲတြင္ သူမ၏ ခင္ပြန္းေဟာင္းႏွင့္အတူ ေနထိုင္ခဲ့ဖူးေသာ ကန္ေဒၚလာ ၁၀ ဒသမ ၇ သန္းတန္ ေနအိမ္တစ္လံုး ပိုင္ဆိုင္ထား၏။

(၃) ရီဟားနား၊ အေမရိကန္အဆိုေတာ္ ဂၽြန္ လဲဂ်င့္ထ္ႏွင့္ ေမာ္ဒယ္ ခရစ္ဆီ ထီးဂန္တို႔စံုတြဲ

အေမရိကန္အဆိုေတာ္ ဂၽြန္ လဲဂ်င့္ထ္ (John Legend)ႏွင့္ ေမာ္ဒယ္ခရစ္ဆီ ထီးဂန္ (Chrissy Teigen ) တို႔စံုတြဲသည္ ၂၀၁၆ ခုႏွစ္အတြင္း ရီးဟားနားပိုင္ဆိုင္ေသာ ေဒၚလာ ၁၄ ဒသမ ၁ သန္းတန္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးစ္အရပ္မွ စံအိမ္သို႔ ေျပာင္းေရႊ႕ခဲ့ၾကသည္။

ဂၽြန္ လဲဂ်င့္ထ္တို႔ စံုတြဲက စံအိမ္တစ္ခုလံုးကို ျပဳျပင္ေျပာင္းလဲမြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ရာ အထူးသျဖင့္ မီးဖုိေဆာင္ကို အဓိကထားခဲ့သည္။

(၄) အဆိုေတာ္ ဂ်ဳိးဂ်ဳိနာ့စ္ႏွင့္ အဂၤလိပ္ရုပ္ရွင္မင္းသမီး ဆိုဖီ တာနာတို႔စုံတြဲ- ဒီေဂ် ဇက္ဒ္

ဒီေဂ်ဇက္ဒ္ (Zedd) သည္ အဆိုေတာ္ ဂ်ဳိး ဂ်ိဳနာ့စ္ (Joe Jonas) ႏွင့္ အဂၤလိပ္ရုပ္ရွင္မင္းသမီး ဆိုဖီ တာနာ (Sophie Turner) တို႔ စံုတြဲထံမွ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ အန္စီႏိုအရပ္ရွိ စံအိမ္ကို ကန္ေဒၚလာ ၁၅ ဒသမ ၂ သန္းျဖင့္ ၂၀၂၁ ခုႏွစ္အတြင္း ဝယ္ယူခဲ့သည္။

(၅) အဆိုေတာ္ ရွား ႏွင့္ အေမရိကန္ရုပ္ရွင္သရုပ္ေဆာင္ အက္ဒီ မာဖီ

အဆိုေတာ္ ရွား (Cher) သည္ ၁၉၇၀ ျပည့္လြန္ကာလမ်ားအတြင္း ခင္ပြန္းျဖစ္သူႏွင့္ ကြာရွင္းျပတ္စဲခ်ိန္၌ ဝမ္းနည္းေၾကကြဲမေနခဲ့။ အီဂ်စ္ ပိရမစ္ပံု စတုရန္းေပ ၁၀၀၀၀ က်ယ္ဝန္းသည့္ စံအိမ္ၾကီးေဆာက္လုပ္မႈျဖင့္ အလုပ္ရႈပ္ေနခဲ့သည္။

ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္အျပီး ၁၉၈၈ ခုႏွစ္သို႔ ေရာက္ေသာအခါ အေမရိကန္သရုပ္ေဆာင္ အက္ဒီမာဖီက အဆိုပါေနအိမ္ၾကီးကို ရွားထံမွ ကန္ေဒၚလာ ၅ ဒသမ ၉ သန္းျဖင့္ ဝယ္ယူခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Celebrities Who Bought Their Homes From Other Celebrities (goodhousekeeping)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service