မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းဝယ်ယူရာတွင် မည်သို့သော ရောင်ချခြင်းသည် မဝယ်ယူသင့်ဘူးလဲ။

မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းဝယ်ယူရာတွင် မည်သို့သော ရောင်ချခြင်းသည် မဝယ်ယူသင့်ဘူးလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
24 Feb 2022 10:00 am တွင် တင်ခဲ့သည်
543 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

(၁) တရားရုံး၌ အမှုရင်ဆိုင်နေရသော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို လုံးဝယ်ယူရန် မစဉ်းစားသင့်ပါ။

အမှုရင်ဆိုင်နေရသော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို လွှဲပြောင်းခြင်းကို ခွင့်မပြုပါ။ တစ်နည်း အားဖြင့်ဆိုရလျှင် အမူရင်ဆိုင်နေသည့်အတောအတွင်း အမှုနှင့်သက်ဆိုင်နေသောပစ္စည်းကို လွှဲပြောင်းခြင်း သည် ဥပဒေနှင့်မညီညွတ်၍ ထိုသို့လွှဲပြောင်းခြင်း၊ ရယူခြင်းတို့မှာ ဥပဒေအရ ကနေဦးကပင် ပျက်ပြယ်သည်ဟု ဆိုနိုင်ပါသည်။ ပစ္စည်းကိုကြိုက်လွန်း၍ဖြစ်စေ၊ ဈေးချိုလွန်း၍ဖြစ်စေ၊ ရောင်းချသူက အပြောအဆိုကောင်း၍ ဖြစ်စေ၊ တရားရုံးရောက်ပစ္စည်းကို အမှုရင်ဆိုင်နေသည့်အတောအတွင်း လွှဲပြောင်းရယူခြင်းများကို ပြုလုပ် နေကျသည်ကိုလည်းတွေ့ရပါသည်။ ရောင်းချသူသည် တရားရုံးအဆင့်ဆင့်တွင် အနိုင်ရရှိခဲ့ပါက ဝယ်သူအနေ ဖြင့် နစ်နာမည်မဟုတ်သော်လည်း ရောင်းချသူ အမှုရှုံးနိမ့်သွားပါက ဝယ်ယူသူမှာ အလွန်အမင်း နစ်နာ သွားမည်ဖြစ်ပါသည်။ ရောင်းချသူအပေါ် တရားတစ်ထုံးစွဲ၍ ငွေပြန်တောင်းရမည့် အခြေအနေသို့ ရောက်ရှိ သွားနိုင်ပါသည်။ ရောင်းချသူသည် မူလရုံးတွင် အမှုအနိုင်ရရှိစေဦးတော့၊ အထက်အယူခံတရားရုံး အဆင့်ဆင့် တွင် အမှုရှုံးနိမ့်ကောင်း ရှုံးနိမ့်နိုင်သဖြင့် အမြင့်ဆုံးတရားရုံးတွင် အမှုမပြီးပြတ်သေးသော မရွှေ့မပြောင်းနိုင် သည့်ပစ္စည်းကို လုံးဝဝယ်ယူရန် မစဉ်းစားသင့်ပါကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။

(၂) အရွယ်မရောက်သေးသူ လုံးဝပိုင်ဆိုင်လျှင်သော်လည်းကောင်း (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်လျှင်သော်လည်းကောင်း တရားရုံးခွင့်ပြုချက်မရှိလျှင် မဝယ်သင့်ပါ။

မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း ပိုင်ဆိုင်မှုတွင် အရွယ်မရောက်သေးသူက လုံးဝပိုင်ဆိုင်လျှင် သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားလျှင်သော်လည်းကောင်း၊ ယင်းပစ္စည်းကို ရောင်းချလာ ပါက တရားရုံး၏ ခွင့်ပြုချက်မရရှိဘဲ အရွယ်မရောက်သူထံမှ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ဝယ်ယူပါက တရားဝင် မည်မဟုတ်ပါ။ ဥပမာ- ဦးလေး၊ အဒေါ်နှင့် တူမတစ်ဦးတို့၏ အမည်ပေါက် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို ရောင်းချပါက ဦးလေးနှင့်အဒေါ်တို့သည် တရားရုံး၏ ခွင့်ပြုချက်မရရှိဘဲ အရွယ်မရောက်သေးသူ၏ ဝေစုကို ထည့်၍ရောင်းချပါက အရွယ်မရောက်သေးသူ၏ အခွင့်အရေးကို အကာအကွယ်ပေးထားသဖြင့် စီရင်ပိုင်ခွင့် ရှိသော တရားရုံး၏ သီးခြားခွင့်ပြုမိန့်မရရှိဘဲ အရွယ်မရောက်သေးသူ၏ ဝေစုကို ရောင်းချခွင့် မရှိကြောင်း ဝယ်သူတို့ အနေဖြင့် အထူးသတိပြုသင့်သော ဥပဒေရေးရာကိစ္စဖြစ်ပါသည်။

(၃) မရွှေ့မပြောင်းနိုင်သည့် အမွေဆိုင်ပစ္စည်းကို အမွေဆိုင်မစုံလင်ဘဲ ရောင်းချခြင်းကို မဝယ်ယူသင့်ပါ။

ရောင်းသူဘက်မှ အမွေဆိုင်များအနေဖြင့် မရွှေ့မပြောင်းနိုင်သည့် အမွေဆိုင်ပစ္စည်းကို ရောင်းချခြင်း တွင် အမွေဆိုင် မစုံလင်ပါက ရောင်းချမှုသည် တရားဝင်မည်မဟုတ်ပါ။ အချို့ကိစ္စရပ်တွင် အမွေဆိုင် တစ်ဦးဦး သည် နိုင်ငံခြားသို့အပြီးအပိုင် ထွက်ခွာသွားသည့်ကိစ္စ သို့မဟုတ် သေဆုံးသွားသည့်ကိစ္စရပ်များ ရှိတတ်ပါ သည်။ ထိုအခြေအနေမျိုးတွင် အချို့အမွေဆိုင်တို့က နိုင်ငံခြားသို့ အပြီးအပိုင် ထွက်ခွာသွားသော အမွေဆိုင်ကို ချန်လှပ်ထားတတ်ပါက သို့မဟုတ် သေဆုံးသူ အမွေဆိုင်၏ ဇနီးနှင့် သားသမီးတို့ကို အမွေဝေစု ခွဲဝေမပေးချင် ၍ တမင်ထိန်ချန်ထားတတ်သည်ကို ဝယ်သူဘက်မှသတိထား၍ လေ့လာစုံစမ်းရမည့်အချက် ဖြစ်ပါသည်။ ဝယ်သူဘက်မှ ပေါ့ပေါ့ဆဆ စုံစမ်းမပြုဘဲ အလွယ်တကူ ငွေသိန်းပေါင်းများစွာ ပေးချေပြီး ဝယ်ယူပြီးနောက်တွင် အထက်ဖော်ပြပါအမွေဆိုင် ထိန်ချန်ခဲ့သည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက တရားရုံးတွင်သော်လည်း ကောင်း၊ အုပ်ချုပ်မှုအာဏာပိုင်ထံတွင်သော်လည်းကောင်း၊ ဖြေရှင်းရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ဝယ်သူသည် စိတ်ဆင်းရဲမှုနှင့်အမှန်ပင် ကြုံတွေ့ရနိုင်ပါကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။

(၄) မယားပြိုင်များရှိနေသော လင်၏ပိုင်ဆိုင်မှုပစ္စည်းကို မယားတစ်ဦတည်းက လက်မှတ်ထိုး ရောင်းချ ခြင်းကို မဝယ်ယူသင့်ပါ။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်၏ပိုင်ဆိုင်မှုပစ္စည်းအပေါ်တွင် မယားတစ်ယောက်သာ ရှိပါက လင်၏ အထက်ပါ သို့မဟုတ် အမွေရပစ္စည်းအပေါ်တွင် မယားတစ်ဦးတည်းရှိပါက ၎င်းကသာ ဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့်ရပြီး မယားပြိုင်များရှိပါက ဒုတိယ၊ တတိယ မယားများအနေဖြင့် သတ်မှတ်သည့် အချိုးများအရ သက်ဆိုင်ခွင့်ရှိပါသည်။ သို့ဖြစ်ရကား မယားတစ်ဦးထက် ပိုမိုရှိသော လင်ယောက်ျား၏ အမည်ပေါက်ပစ္စည်း ကိုဝယ်ယူရာတွင် အထူးသတိပြု၍ ဆောင်ရွက်ရန်လိုအပ်သော ကိစ္စရပ်များကို ဆောင်ရွက်ပြီး အရှုပ်အရှင်း မပေါ်ပေါက်နိုင်သည်ဟု သေချာရေရာမှ ဝယ်သူအနေဖြင့် ယင်းမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ဝယ်ယူရန် ဖြစ်ပါသည်။ ရောင်းချသူ လင်ယောက်ျားနှင့် စာချုပ်ချုပ်ဆိုရမည်မှာ မှန်သော်လည်း၊ မယားအားလုံး သဘော တူညီ‌ကြောင်း အထောက်အထားများ ရရှိပြီးမှသာ အရောင်းအဝယ်ကို ဝယ်သူဘက်မှ ဆောင်ရွက်သင့် ပါသည်။ စာချုပ်စာတမ်း မှတ်ပုံတင်ကိစ္စတွင် နားလည်တတ် ကျွမ်းသောရှေ့နေရှေ့ရပ်နှင့် တိုင်ပင်ခြင်း၊ ငှားရမ်းခြင်း ပြုလုပ်သင့်ပါသည်ကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။

(၅) မရွှေ့မပြောင်းနိုင်သောပစ္စည်းကို အပေါင်ခံပြီး အရောင်းဟန်ဆောင်စာချုပ်ဖြင့် အပေါင်ဆုံးကို ရောင်းချခြင်းကို မဝယ်ယူသင့်ပါ။

မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းပိုင်ရှင်သည် ငွေအလွန်လိုအပ်နေသဖြင့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း ကို ပေါင်နှံ၍ ငွေချေးသည့်ကိစ္စကို အပေါင်ခံသူသည် အရောင်းစာချုပ်အဖြစ် လက်မှတ်ရေးထိုးစေခြင်း၊ အထူး ကိုယ်စားလှယ်စာ ရယူထားခြင်း၊ ချေးငွေပြန်မဆပ်နိုင်၍ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း လက်ရောက်ရလို မှုစွဲဆိုသည့် ကိစ္စလည်းကြုံတွေ့ဘူးပါသည်။ အပေါင်ခံသူသည် ပစ္စည်းလက်ရောက် မရရှိခဲ့သည့်အတွက် အရောင်းဟန်ဆောင်စာချုပ်အပေါ် အခြေတည်၍ တရားစွဲဆိုပါက အမှုရှုံးနိမ့်မည်မှာ သေချာလှပါသည်။ ထို့ကြောင့် ဟန်ဆောင်စာချုပ်ဖြင့် ပြန်လည်ရောင်းချခြင်းကို သတိပြုစစ်ဆေးပြီးမှသာ အရောင်းအဝယ်ကို ရှေ့ဆက်သင့်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းဝယ္ယူရာတြင္ မည္သို႔ေသာ ေရာင္ခ်ျခင္းသည္ မဝယ္ယူသင့္ဘူးလဲ။

(၁) တရား႐ုံး၌ အမႈရင္ဆိုင္ေနရေသာ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို လုံးဝယ္ယူရန္ မစဥ္းစားသင့္ပါ။

အမႈရင္ဆိုင္ေနရေသာ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို လႊဲေျပာင္းျခင္းကို ခြင့္မျပဳပါ။ တစ္နည္း အားျဖင့္ဆိုရလွ်င္ အမူရင္ဆိုင္ေနသည့္အေတာအတြင္း အမႈႏွင့္သက္ဆိုင္ေနေသာပစၥည္းကို လႊဲေျပာင္းျခင္း သည္ ဥပေဒႏွင့္မညီၫြတ္၍ ထိုသို႔လႊဲေျပာင္းျခင္း၊ ရယူျခင္းတို႔မွာ ဥပေဒအရ ကေနဦးကပင္ ပ်က္ျပယ္သည္ဟု ဆိုႏိုင္ပါသည္။ ပစၥည္းကိုႀကိဳက္လြန္း၍ျဖစ္ေစ၊ ေဈးခ်ိဳလြန္း၍ျဖစ္ေစ၊ ေရာင္းခ်သူက အေျပာအဆိုေကာင္း၍ ျဖစ္ေစ၊ တရား႐ုံးေရာက္ပစၥည္းကို အမႈရင္ဆိုင္ေနသည့္အေတာအတြင္း လႊဲေျပာင္းရယူျခင္းမ်ားကို ျပဳလုပ္ ေနက်သည္ကိုလည္းေတြ႕ရပါသည္။ ေရာင္းခ်သူသည္ တရား႐ုံးအဆင့္ဆင့္တြင္ အႏိုင္ရ႐ွိခဲ့ပါက ဝယ္သူအေန ျဖင့္ နစ္နာမည္မဟုတ္ေသာ္လည္း ေရာင္းခ်သူ အမႈ႐ႈံးနိမ့္သြားပါက ဝယ္ယူသူမွာ အလြန္အမင္း နစ္နာ သြားမည္ျဖစ္ပါသည္။ ေရာင္းခ်သူအေပၚ တရားတစ္ထုံးစြဲ၍ ေငြျပန္ေတာင္းရမည့္ အေျခအေနသို႔ ေရာက္႐ွိ သြားႏိုင္ပါသည္။ ေရာင္းခ်သူသည္ မူလ႐ုံးတြင္ အမႈအႏိုင္ရ႐ွိေစဦးေတာ့၊ အထက္အယူခံတရား႐ုံး အဆင့္ဆင့္ တြင္ အမႈ႐ႈံးနိမ့္ေကာင္း ႐ႈံးနိမ့္ႏိုင္သျဖင့္ အျမင့္ဆုံးတရား႐ုံးတြင္ အမႈမၿပီးျပတ္ေသးေသာ မေ႐ႊ႕မေျပာင္းႏိုင္ သည့္ပစၥည္းကို လုံးဝဝယ္ယူရန္ မစဥ္းစားသင့္ပါေၾကာင္း ႐ွင္းလင္းအၾကံျပဳအပ္ပါသည္။

(၂) အ႐ြယ္မေရာက္ေသးသူ လုံးဝပိုင္ဆိုင္လွ်င္ေသာ္လည္းေကာင္း (သို႔မဟုတ္) တစ္စိတ္တစ္ပိုင္း ပိုင္ဆိုင္လွ်င္ေသာ္လည္းေကာင္း တရား႐ုံးခြင့္ျပဳခ်က္မ႐ွိလွ်င္ မဝယ္သင့္ပါ။

မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္း ပိုင္ဆိုင္မႈတြင္ အ႐ြယ္မေရာက္ေသးသူက လုံးဝပိုင္ဆိုင္လွ်င္ ေသာ္လည္းေကာင္း၊ တစ္စိတ္တစ္ပိုင္း ပိုင္ဆိုင္ထားလွ်င္ေသာ္လည္းေကာင္း၊ ယင္းပစၥည္းကို ေရာင္းခ်လာ ပါက တရား႐ုံး၏ ခြင့္ျပဳခ်က္မရ႐ွိဘဲ အ႐ြယ္မေရာက္သူထံမွ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို ဝယ္ယူပါက တရားဝင္ မည္မဟုတ္ပါ။ ဥပမာ- ဦးေလး၊ အေဒၚႏွင့္ တူမတစ္ဦးတို႔၏ အမည္ေပါက္ မေ႐ႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းကို ေရာင္းခ်ပါက ဦးေလးႏွင့္အေဒၚတို႔သည္ တရား႐ုံး၏ ခြင့္ျပဳခ်က္မရ႐ွိဘဲ အ႐ြယ္မေရာက္ေသးသူ၏ ေဝစုကို ထည့္၍ေရာင္းခ်ပါက အ႐ြယ္မေရာက္ေသးသူ၏ အခြင့္အေရးကို အကာအကြယ္ေပးထားသျဖင့္ စီရင္ပိုင္ခြင့္ ႐ွိေသာ တရား႐ုံး၏ သီးျခားခြင့္ျပဳမိန္႔မရ႐ွိဘဲ အ႐ြယ္မေရာက္ေသးသူ၏ ေဝစုကို ေရာင္းခ်ခြင့္ မ႐ွိေၾကာင္း ဝယ္သူတို႔ အေနျဖင့္ အထူးသတိျပဳသင့္ေသာ ဥပေဒေရးရာကိစၥျဖစ္ပါသည္။

(၃) မေ႐ႊ႕မေျပာင္းႏိုင္သည့္ အေမြဆိုင္ပစၥည္းကို အေမြဆိုင္မစုံလင္ဘဲ ေရာင္းခ်ျခင္းကို မဝယ္ယူသင့္ပါ။

ေရာင္းသူဘက္မွ အေမြဆိုင္မ်ားအေနျဖင့္ မေ႐ႊ႕မေျပာင္းႏိုင္သည့္ အေမြဆိုင္ပစၥည္းကို ေရာင္းခ်ျခင္း တြင္ အေမြဆိုင္ မစုံလင္ပါက ေရာင္းခ်မႈသည္ တရားဝင္မည္မဟုတ္ပါ။ အခ်ိဳ႕ကိစၥရပ္တြင္ အေမြဆိုင္ တစ္ဦးဦး သည္ ႏိုင္ငံျခားသို႔အၿပီးအပိုင္ ထြက္ခြာသြားသည့္ကိစၥ သို႔မဟုတ္ ေသဆုံးသြားသည့္ကိစၥရပ္မ်ား ႐ွိတတ္ပါ သည္။ ထိုအေျခအေနမ်ိဳးတြင္ အခ်ိဳ႕အေမြဆိုင္တို႔က ႏိုင္ငံျခားသို႔ အၿပီးအပိုင္ ထြက္ခြာသြားေသာ အေမြဆိုင္ကို ခ်န္လွပ္ထားတတ္ပါက သို႔မဟုတ္ ေသဆုံးသူ အေမြဆိုင္၏ ဇနီးႏွင့္ သားသမီးတို႔ကို အေမြေဝစု ခြဲေဝမေပးခ်င္ ၍ တမင္ထိန္ခ်န္ထားတတ္သည္ကို ဝယ္သူဘက္မွသတိထား၍ ေလ့လာစုံစမ္းရမည့္အခ်က္ ျဖစ္ပါသည္။ ဝယ္သူဘက္မွ ေပါ့ေပါ့ဆဆ စုံစမ္းမျပဳဘဲ အလြယ္တကူ ေငြသိန္းေပါင္းမ်ားစြာ ေပးေခ်ၿပီး ဝယ္ယူၿပီးေနာက္တြင္ အထက္ေဖာ္ျပပါအေမြဆိုင္ ထိန္ခ်န္ခဲ့သည့္ ကိစၥရပ္မ်ား ေပၚေပါက္လာပါက တရား႐ုံးတြင္ေသာ္လည္း ေကာင္း၊ အုပ္ခ်ဳပ္မႈအာဏာပိုင္ထံတြင္ေသာ္လည္းေကာင္း၊ ေျဖ႐ွင္းရမည့္ ကိစၥရပ္မ်ား ေပၚေပါက္လာပါက ဝယ္သူသည္ စိတ္ဆင္းရဲမႈႏွင့္အမွန္ပင္ ၾကဳံေတြ႕ရႏိုင္ပါေၾကာင္း ႐ွင္းလင္းအၾကံျပဳအပ္ပါသည္။

(၄) မယားၿပိဳင္မ်ား႐ွိေနေသာ လင္၏ပိုင္ဆိုင္မႈပစၥည္းကို မယားတစ္ဦတည္းက လက္မွတ္ထိုး ေရာင္းခ် ျခင္းကို မဝယ္ယူသင့္ပါ။

ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ လင္၏ပိုင္ဆိုင္မႈပစၥည္းအေပၚတြင္ မယားတစ္ေယာက္သာ ႐ွိပါက လင္၏ အထက္ပါ သို႔မဟုတ္ အေမြရပစၥည္းအေပၚတြင္ မယားတစ္ဦးတည္း႐ွိပါက ၎ကသာ ဥပေဒႏွင့္အညီ ပိုင္ဆိုင္ခြင့္ရၿပီး မယားၿပိဳင္မ်ား႐ွိပါက ဒုတိယ၊ တတိယ မယားမ်ားအေနျဖင့္ သတ္မွတ္သည့္ အခ်ိဳးမ်ားအရ သက္ဆိုင္ခြင့္႐ွိပါသည္။ သို႔ျဖစ္ရကား မယားတစ္ဦးထက္ ပိုမို႐ွိေသာ လင္ေယာက်္ား၏ အမည္ေပါက္ပစၥည္း ကိုဝယ္ယူရာတြင္ အထူးသတိျပဳ၍ ေဆာင္႐ြက္ရန္လိုအပ္ေသာ ကိစၥရပ္မ်ားကို ေဆာင္႐ြက္ၿပီး အ႐ႈပ္အ႐ွင္း မေပၚေပါက္ႏိုင္သည္ဟု ေသခ်ာေရရာမွ ဝယ္သူအေနျဖင့္ ယင္းမေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို ဝယ္ယူရန္ ျဖစ္ပါသည္။ ေရာင္းခ်သူ လင္ေယာက်္ားႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုရမည္မွာ မွန္ေသာ္လည္း၊ မယားအားလုံး သေဘာ တူညီ‌ေၾကာင္း အေထာက္အထားမ်ား ရ႐ွိၿပီးမွသာ အေရာင္းအဝယ္ကို ဝယ္သူဘက္မွ ေဆာင္႐ြက္သင့္ ပါသည္။ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ကိစၥတြင္ နားလည္တတ္ ကြၽမ္းေသာေ႐ွ႕ေနေ႐ွ႕ရပ္ႏွင့္ တိုင္ပင္ျခင္း၊ ငွားရမ္းျခင္း ျပဳလုပ္သင့္ပါသည္ေၾကာင္း ႐ွင္းလင္းအၾကံျပဳအပ္ပါသည္။

(၅) မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို အေပါင္ခံၿပီး အေရာင္းဟန္ေဆာင္စာခ်ဳပ္ျဖင့္ အေပါင္ဆုံးကို ေရာင္းခ်ျခင္းကို မဝယ္ယူသင့္ပါ။

မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းပိုင္႐ွင္သည္ ေငြအလြန္လိုအပ္ေနသျဖင့္ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္း ကို ေပါင္ႏွံ၍ ေငြေခ်းသည့္ကိစၥကို အေပါင္ခံသူသည္ အေရာင္းစာခ်ဳပ္အျဖစ္ လက္မွတ္ေရးထိုးေစျခင္း၊ အထူး ကိုယ္စားလွယ္စာ ရယူထားျခင္း၊ ေခ်းေငြျပန္မဆပ္ႏိုင္၍ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္း လက္ေရာက္ရလို မႈစြဲဆိုသည့္ ကိစၥလည္းၾကဳံေတြ႕ဘူးပါသည္။ အေပါင္ခံသူသည္ ပစၥည္းလက္ေရာက္ မရ႐ွိခဲ့သည့္အတြက္ အေရာင္းဟန္ေဆာင္စာခ်ဳပ္အေပၚ အေျခတည္၍ တရားစြဲဆိုပါက အမႈ႐ႈံးနိမ့္မည္မွာ ေသခ်ာလွပါသည္။ ထို႔ေၾကာင့္ ဟန္ေဆာင္စာခ်ဳပ္ျဖင့္ ျပန္လည္ေရာင္းခ်ျခင္းကို သတိျပဳစစ္ေဆးၿပီးမွသာ အေရာင္းအဝယ္ကို ေ႐ွ႕ဆက္သင့္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service