မည်သည့်ကိစ္စများတွင် ကျမ်းကျိန်လွှာပြုလုပ်ရန် လိုအပ်သနည်း။ ကျမ်းကျိန်လွှာသည် သက်သေခံအထောက် အထားဖြစ်သလား

မည်သည့်ကိစ္စများတွင် ကျမ်းကျိန်လွှာပြုလုပ်ရန် လိုအပ်သနည်း။ ကျမ်းကျိန်လွှာသည် သက်သေခံအထောက် အထားဖြစ်သလား - Property Knowledge in Myanmar from iMyanmarHouse.com
23 Feb 2022 12:01 pm တွင် တင်ခဲ့သည်
1541 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မရွေ့ပြောင်းနိုင်သောပစ္စည်းများ (ဥပမာ-ဘိုးဘွားပိုင်မြေဂရန်၊ လိုင်စင်မြေ၊ အိမ်ရာမြေ၊ တိုက်ခန်း၊ နေအိမ် စသည်) ပိုင်ဆိုင်ကြောင်း၊ မိဘများကွယ်လွန်အနိစ္စရောက်ကြောင်း စာရွက်စာတမ်း၊ နိုင်ငံသားစိစစ် ရေးကတ်ပြား ပျောက်ဆုံးပျက်စီးကြောင်း၊ တရားဝင်ခင်ပွန်း/ဇနီးတော်စပ်ကြောင်း၊ သက်ရှိထင်ရှားရှိကြောင်း စသည်ဖြင့် ကျမ်းကျိန်လွှာအမျိုးမျိုးကို ပြုလုပ်ချုပ်ဆိုကြပါသည်။ မှန်မှန်ကန်ကန် ကျမ်းကျိန်လျှင် အကြောင်း မဟုတ်သော်လည်း မဟုတ်မမှန် ကျမ်းကျိန်ခဲ့လျှင် မည်သို့ဖြစ်လာနိုင်ပါသနည်းဆိုသည်ကို သတိထားသင့်ပေ သည်။

ကျမ်းကျိန်လွှာဟူသည် သက်သေခံဥပဒေအရ သက်သေခံမဝင်သော်လည်း တန်ဖိုးအလွန်ကြီးမားသည်။ ကျမ်းကျိန်လွှာမပါရင် မဖြစ်သလောက်ပါ။ အမှန်တရားများကို ဝန်ခံကျမ်းကျိန်လိုက်လျှင် အလွန်အား ရှိလာသည်။ ကျမ်းကျိန်၍ရသည်ဆိုပြီး မမှန်မကန်ကျမ်းကျိန်လိုက်လျှင် ရတော့ရသည်။ သို့သော် အလိမ်ပေါ် သည့်အခါ ကိုယ်လိမ်ညာမိသောအပြစ်အလိုက် ပြစ်ဒဏ်ခံရပေမည်။ ပြစ်ဒဏ်က မမှန်သက်သေခံခြင်းအတွက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ- ၁၉၃ အရ ခုနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်တယ်ဆိုတာကို သတိပြုသင့်ပါသည်။

လူမျိုးဘာသာမရွေး ကျမ်းကျိန်၍ရသော်လည်း သာသနာ့ဝန်ထမ်းများ (ဘုန်းကြီး၊ သီလရှင်) ကမူ ကျမ်းကျိန်၍မရပါ။ ကျမ်းကျိန်လွှာကို အနည်းဆုံး ငွေကျပ် ၁၅၀တန် ရုံးခွန်တံဆိပ်ခေါင်းပေါ်တွင် ရိုက်နှိပ်ပြီး မြန်မာနိုင်ငံအတွင်းရှိ တရားရုံး တစ်ရုံးရုံးတွင် အခွင့်ရအရာရှိရှေ့မှောက်သို့ ကျမ်းကျိန်လွှာပြုလုပ်မည့်သူ ကိုယ်တိုင် သွားရောက်ဆောင်ရွက်ရမည်။ ကျမ်းကျိန်လွှာပြုလုပ်မည့်သူသည် နိုင်ငံသားစိစစ်ဆေးရေးကတ် မူရင်းနှင့် ကျမ်းကျိန်လွှာ ပြုလုပ်မည့် အကြောင်းအရာနှင့် စပ်ဆိုင်သည့် စာရွက်စာတမ်း အထောက်အထား မူရင်းများ အပြည့်အစုံတင်ပြနိုင်ရမည်။ ကျမ်းကျိန်လွှာပြုလုပ်သည့် အကြောင်းအရာနှင့် စပ်လျဉ်း၍ သက်ဆိုင် ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။ ကျမ်းကျိန်လွှာပြုလုပ်မည့် အကြောင်းအရာတွင် ပျောက်ဆုံးသည့်ကိစ္စပါရှိလျှင် သက်ဆိုင်ရာရဲစခန်းမှူး၏ ထောက်ခံချက်ပါရှိရမည်။ ကျမ်းကျိန်လွှာပြုလုပ်ရာ တွင် အသိသက်သေအဖြစ် ဆောင်ရွက်ရန် အသက် (၁၈)နှစ်ပြည့်ပြီးသူ (၂)ဦး ပါရှိရမည်။

ကျမ်းကျိန်လွှာကို ပြုလုပ်ချုပ်ဆိုပြီးပါက အခြားစာချုပ်စာတမ်းများနည်းတူ (၄)လအတွင်း မှတ်ပုံတင်ရပါမည်။ တရားရုံးတစ်ရုံးရုံးတွင် ပြုလုပ်ထားသော ကျမ်းကျိန်လွှာ တစ်စောင်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ (၄)လအတွင်း မှတ်ပုံမတင်ခဲ့ပါမူ ပျက်ပြယ်သွားမည်ဖြစ်ပါသည်။ သက်တမ်းကုန်ဆုံးနေ သော ကျမ်းကျိန်လွှာများကို သတိထားကြရမည်ဖြစ်သည်။ သို့သော် မှတ်ပုံတင်ထားသော ကျမ်းကျိန်လွှာ တစ်စောင်၏ သက်တမ်းမှာမူ (လိမ်ညာ၍ ကျမ်းကျိန်ထားသည်ဟူသော ပြဿနာမပေါ်ပေါက်ခဲ့ပါက) အကန့် အသတ် မရှိချေ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြရန် ပြုလုပ်သည့် ကျမ်းကျိန်လွှာသည် နေ့ချင်းပြုလုပ်သည့် ကျမ်းကျိန်လွှာဖြစ်ရန် လိုအပ်ပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ တင်ပြရန် ပြလုပ် သည့် ကျမ်းကျိန်လွှာသည် (၁)ပတ်အတွင်း ပြလုပ်ထားသည့် ကျမ်းကျိန်လွှာဖြစ်ရန် လိုအပ်ပါသည်။ အဆိုပါ ကာလအတွင်း ပြုလုပ်ထားသည့် ကျမ်းကျိန်လွှာမဟုတ်ပါက အထက်ပါ ရုံးနှစ်ရုံးသည် အဆိုပါ ကျမ်းကျိန်လွှာ တင်ပြခြင်းကို လက်ခံမည်မဟုတ်ကြောင်း သတိထားရန် လိုအပ်ပါသည်။

နိုင်ငံခြား၌ ကျမ်းကျိန်ခြင်း

နိုင်ငံခြားတွင် ကျမ်းကျိန်လိုပါက သက်ဆိုင်ရာ မြန်မာသံရုံးက သံအမတ်ကြီး (သို့မဟုတ်) သံရုံး တာဝန်ခံ၏ ရှေ့မှောက်၌ကျမ်းကျိန်နိုင်သည်။ ၎င်းကို မြန်မာပြည်ရှိ တရားရုံးများက တရားဝင် အထောက် အထားအဖြစ် လက်ခံပါသည်။

ကျမ်းကျိန်လွှာသည် သက်သေခံဥပဒေပုဒ်မ-၃ တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် " သက်သေခံ အထောက်အထား " ဆိုသော စကားရပ်တွင် အကျုံးမဝင်သဖြင့် ဥပဒေက အတိအလင်းခွင့်ပြုထားသည့် ကိစ္စများမှအပ သက်သေခံအထောက်အထားအဖြစ် လက်ခံနိုင်မည်မဟုတ်ပါ။

တရားမကျင့်ထုံးဥပဒေအမိန့်-၁၉ အရ လုံလောက်သည့် အကြောင်းရှိပါက တရားရုံးသည် မည်သည့် အခါမဆို လျော်ကန်သင့်မြတ်သော စည်းကမ်းချက်များသတ်မှတ်၍ သီးခြားအကြောင်းခြင်းရာ သို့မဟုတ် အကြောင်းခြင်းရာများကို ကျမ်းကျိန်လွှာဖြင့် သက်သေထင်ရှားပြရန်သော်လည်းကောင်း၊ သက်သေတစ်ဦး၏ ကျမ်းကျိန်လွှာကို အမှုကြားနာရာတွင် ဖတ်ကြားစေရန်သော်လည်းကောင်း အမိန့်ချမှတ်နိုင်သည်။ တစ်နည်း ဆိုသော် အကြောင်းခြင်းရာ တစ်ရပ်ရပ်တွင် ကျမ်းကျိန်လွှာဖြင့် သက်သေထင်ရှားပြစေရန် တရားရုံးက အမိန့် ချမှတ်နိုင်သည်။ သို့ရာတွင် တရားရုံးက ထိုသို့အမိန့်မချလျှင် အကြောင်းခြင်းရာ တစ်ရပ်ကို ကျမ်းကျိန်လွှာဖြင့် သက်သေထူခွင့်မရှိပေ။

သက်သေခံစာရွက်စာတမ်း တစ်စုံတစ်ခုကို တရားရုံးက လက်ခံရုံမျှဖြင့် ယင်းစာရွက်စာတမ်းများ သည် အလိုအလျောက်သက်သေခံဝင်သော စာရွက်စာတမ်းများ မဖြစ်လာချေ။ သက်သေခံအက်ဥပဒေ ပုဒ်မ-၆၇ ပါ ပြဋ္ဌာန်းချက်များအတိုင်း ထင်ရှားအောင် သက်သေပြသမှသာလျှင် သက်သေခံဝင်ပေသည်။

လိမ်လည် ကျမ်းကျိန်ကြသူများကို နစ်နာသူက တရားလိုပြုလုပ်၍ တရားစွဲဆိုနိုင်ပါသည်။ ရဲအရေး ပိုင်သော အမှုကိစ္စများတွင် ရဲက တရားလိုပြုလုပ်ရပါသည်။ အချို့ လိမ်လည် ကျမ်းကျိန်ကြရာမှာ နစ်နာသူ လည်းမရှိ၊ ရဲအရေးပိုင်သော အမှုလည်းမဟုတ်လျှင် နိုင်ငံတော်က တရားလိုပြုလုပ်၍ တရားစွဲဆိုနိုင်သည် ဥပမာ- နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မြေငှားဂရန်မူရင်းများ ပျောက်ဆုံးသွားသည်ဟု လိမ်ညာကျမ်းကျိန် ၍ ဂရန်သစ်ထပ်မံထုတ်ယူရန် ကြိုးစားသည့် ကိစ္စရပ်များတွင် မည်သူမျှ မနစ်နာသော်လည်း လိမ်လည် ကျမ်းကျိန်မှုဖြစ်သောကြောင့် နိုင်ငံတော်က တရားလိုပြုလုပ်၍ တရားစွဲဆိုနိုင်ပေသည်။ ဤနေရာ၌ နိုင်ငံတော် ဆိုသည်မှာ ရဲနှင့် တရားရုံးဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းဝယ္ယူရာတြင္ မည္သို႔ေသာ ေရာင္ခ်ျခင္းသည္ မဝယ္ယူသင့္ဘူးလဲ။

မေ႐ြ႕ေျပာင္းႏိုင္ေသာပစၥည္းမ်ား (ဥပမာ-ဘိုးဘြားပိုင္ေျမဂရန္၊ လိုင္စင္ေျမ၊ အိမ္ရာေျမ၊ တိုက္ခန္း၊ ေနအိမ္ စသည္) ပိုင္ဆိုင္ေၾကာင္း၊ မိဘမ်ားကြယ္လြန္အနိစၥေရာက္ေၾကာင္း စာ႐ြက္စာတမ္း၊ ႏိုင္ငံသားစိစစ္ ေရးကတ္ျပား ေပ်ာက္ဆုံးပ်က္စီးေၾကာင္း၊ တရားဝင္ခင္ပြန္း/ဇနီးေတာ္စပ္ေၾကာင္း၊ သက္႐ွိထင္႐ွား႐ွိေၾကာင္း စသည္ျဖင့္ က်မ္းက်ိန္လႊာအမ်ိဳးမ်ိဳးကို ျပဳလုပ္ခ်ဳပ္ဆိုၾကပါသည္။ မွန္မွန္ကန္ကန္ က်မ္းက်ိန္လွ်င္ အေၾကာင္း မဟုတ္ေသာ္လည္း မဟုတ္မမွန္ က်မ္းက်ိန္ခဲ့လွ်င္ မည္သို႔ျဖစ္လာႏိုင္ပါသနည္းဆိုသည္ကို သတိထားသင့္ေပ သည္။

က်မ္းက်ိန္လႊာဟူသည္ သက္ေသခံဥပေဒအရ သက္ေသခံမဝင္ေသာ္လည္း တန္ဖိုးအလြန္ႀကီးမားသည္။ က်မ္းက်ိန္လႊာမပါရင္ မျဖစ္သေလာက္ပါ။ အမွန္တရားမ်ားကို ဝန္ခံက်မ္းက်ိန္လိုက္လွ်င္ အလြန္အား ႐ွိလာသည္။ က်မ္းက်ိန္၍ရသည္ဆိုၿပီး မမွန္မကန္က်မ္းက်ိန္လိုက္လွ်င္ ရေတာ့ရသည္။ သို႔ေသာ္ အလိမ္ေပၚ သည့္အခါ ကိုယ္လိမ္ညာမိေသာအျပစ္အလိုက္ ျပစ္ဒဏ္ခံရေပမည္။ ျပစ္ဒဏ္က မမွန္သက္ေသခံျခင္းအတြက္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ- ၁၉၃ အရ ခုႏွစ္ထိေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးခ်မွတ္ခံရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ခံရႏိုင္တယ္ဆိုတာကို သတိျပဳသင့္ပါသည္။

လူမ်ိဳးဘာသာမေ႐ြး က်မ္းက်ိန္၍ရေသာ္လည္း သာသနာ့ဝန္ထမ္းမ်ား (ဘုန္းႀကီး၊ သီလ႐ွင္) ကမူ က်မ္းက်ိန္၍မရပါ။ က်မ္းက်ိန္လႊာကို အနည္းဆုံး ေငြက်ပ္ ၁၅၀တန္ ႐ုံးခြန္တံဆိပ္ေခါင္းေပၚတြင္ ႐ိုက္ႏွိပ္ၿပီး ျမန္မာႏိုင္ငံအတြင္း႐ွိ တရား႐ုံး တစ္႐ုံး႐ုံးတြင္ အခြင့္ရအရာ႐ွိေ႐ွ႕ေမွာက္သို႔ က်မ္းက်ိန္လႊာျပဳလုပ္မည့္သူ ကိုယ္တိုင္ သြားေရာက္ေဆာင္႐ြက္ရမည္။ က်မ္းက်ိန္လႊာျပဳလုပ္မည့္သူသည္ ႏိုင္ငံသားစိစစ္ေဆးေရးကတ္ မူရင္းႏွင့္ က်မ္းက်ိန္လႊာ ျပဳလုပ္မည့္ အေၾကာင္းအရာႏွင့္ စပ္ဆိုင္သည့္ စာ႐ြက္စာတမ္း အေထာက္အထား မူရင္းမ်ား အျပည့္အစုံတင္ျပႏိုင္ရမည္။ က်မ္းက်ိန္လႊာျပဳလုပ္သည့္ အေၾကာင္းအရာႏွင့္ စပ္လ်ဥ္း၍ သက္ဆိုင္ ရာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၏ ေထာက္ခံခ်က္ပါ႐ွိရမည္။ က်မ္းက်ိန္လႊာျပဳလုပ္မည့္ အေၾကာင္းအရာတြင္ ေပ်ာက္ဆုံးသည့္ကိစၥပါ႐ွိလွ်င္ သက္ဆိုင္ရာရဲစခန္းမႉး၏ ေထာက္ခံခ်က္ပါ႐ွိရမည္။ က်မ္းက်ိန္လႊာျပဳလုပ္ရာ တြင္ အသိသက္ေသအျဖစ္ ေဆာင္႐ြက္ရန္ အသက္ (၁၈)ႏွစ္ျပည့္ၿပီးသူ (၂)ဦး ပါ႐ွိရမည္။

က်မ္းက်ိန္လႊာကို ျပဳလုပ္ခ်ဳပ္ဆိုၿပီးပါက အျခားစာခ်ဳပ္စာတမ္းမ်ားနည္းတူ (၄)လအတြင္း မွတ္ပုံတင္ရပါမည္။ တရား႐ုံးတစ္႐ုံး႐ုံးတြင္ ျပဳလုပ္ထားေသာ က်မ္းက်ိန္လႊာ တစ္ေစာင္ကို စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးမွာ (၄)လအတြင္း မွတ္ပုံမတင္ခဲ့ပါမူ ပ်က္ျပယ္သြားမည္ျဖစ္ပါသည္။ သက္တမ္းကုန္ဆုံးေန ေသာ က်မ္းက်ိန္လႊာမ်ားကို သတိထားၾကရမည္ျဖစ္သည္။ သို႔ေသာ္ မွတ္ပုံတင္ထားေသာ က်မ္းက်ိန္လႊာ တစ္ေစာင္၏ သက္တမ္းမွာမူ (လိမ္ညာ၍ က်မ္းက်ိန္ထားသည္ဟူေသာ ျပႆနာမေပၚေပါက္ခဲ့ပါက) အကန္႔ အသတ္ မ႐ွိေခ်။ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသို႔ တင္ျပရန္ ျပဳလုပ္သည့္ က်မ္းက်ိန္လႊာသည္ ေန႔ခ်င္းျပဳလုပ္သည့္ က်မ္းက်ိန္လႊာျဖစ္ရန္ လိုအပ္ၿပီး စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးသို႔ တင္ျပရန္ ျပလုပ္ သည့္ က်မ္းက်ိန္လႊာသည္ (၁)ပတ္အတြင္း ျပလုပ္ထားသည့္ က်မ္းက်ိန္လႊာျဖစ္ရန္ လိုအပ္ပါသည္။ အဆိုပါ ကာလအတြင္း ျပဳလုပ္ထားသည့္ က်မ္းက်ိန္လႊာမဟုတ္ပါက အထက္ပါ ႐ုံးႏွစ္႐ုံးသည္ အဆိုပါ က်မ္းက်ိန္လႊာ တင္ျပျခင္းကို လက္ခံမည္မဟုတ္ေၾကာင္း သတိထားရန္ လိုအပ္ပါသည္။

ႏိုင္ငံျခား၌ က်မ္းက်ိန္ျခင္း

ႏိုင္ငံျခားတြင္ က်မ္းက်ိန္လိုပါက သက္ဆိုင္ရာ ျမန္မာသံ႐ုံးက သံအမတ္ႀကီး (သို႔မဟုတ္) သံ႐ုံး တာဝန္ခံ၏ ေ႐ွ႕ေမွာက္၌က်မ္းက်ိန္ႏိုင္သည္။ ၎ကို ျမန္မာျပည္႐ွိ တရား႐ုံးမ်ားက တရားဝင္ အေထာက္ အထားအျဖစ္ လက္ခံပါသည္။

က်မ္းက်ိန္လႊာသည္ သက္ေသခံဥပေဒပုဒ္မ-၃ တြင္ အဓိပၸာယ္ဖြင့္ဆိုထားသည့္ " သက္ေသခံ အေထာက္အထား " ဆိုေသာ စကားရပ္တြင္ အက်ံဳးမဝင္သျဖင့္ ဥပေဒက အတိအလင္းခြင့္ျပဳထားသည့္ ကိစၥမ်ားမွအပ သက္ေသခံအေထာက္အထားအျဖစ္ လက္ခံႏိုင္မည္မဟုတ္ပါ။

တရားမက်င့္ထုံးဥပေဒအမိန္႔-၁၉ အရ လုံေလာက္သည့္ အေၾကာင္း႐ွိပါက တရား႐ုံးသည္ မည္သည့္ အခါမဆို ေလ်ာ္ကန္သင့္ျမတ္ေသာ စည္းကမ္းခ်က္မ်ားသတ္မွတ္၍ သီးျခားအေၾကာင္းျခင္းရာ သို႔မဟုတ္ အေၾကာင္းျခင္းရာမ်ားကို က်မ္းက်ိန္လႊာျဖင့္ သက္ေသထင္႐ွားျပရန္ေသာ္လည္းေကာင္း၊ သက္ေသတစ္ဦး၏ က်မ္းက်ိန္လႊာကို အမႈၾကားနာရာတြင္ ဖတ္ၾကားေစရန္ေသာ္လည္းေကာင္း အမိန္႔ခ်မွတ္ႏိုင္သည္။ တစ္နည္း ဆိုေသာ္ အေၾကာင္းျခင္းရာ တစ္ရပ္ရပ္တြင္ က်မ္းက်ိန္လႊာျဖင့္ သက္ေသထင္႐ွားျပေစရန္ တရား႐ုံးက အမိန္႔ ခ်မွတ္ႏိုင္သည္။ သို႔ရာတြင္ တရား႐ုံးက ထိုသို႔အမိန္႔မခ်လွ်င္ အေၾကာင္းျခင္းရာ တစ္ရပ္ကို က်မ္းက်ိန္လႊာျဖင့္ သက္ေသထူခြင့္မ႐ွိေပ။

သက္ေသခံစာ႐ြက္စာတမ္း တစ္စုံတစ္ခုကို တရား႐ုံးက လက္ခံ႐ုံမွ်ျဖင့္ ယင္းစာ႐ြက္စာတမ္းမ်ား သည္ အလိုအေလ်ာက္သက္ေသခံဝင္ေသာ စာ႐ြက္စာတမ္းမ်ား မျဖစ္လာေခ်။ သက္ေသခံအက္ဥပေဒ ပုဒ္မ-၆၇ ပါ ျပ႒ာန္းခ်က္မ်ားအတိုင္း ထင္႐ွားေအာင္ သက္ေသျပသမွသာလွ်င္ သက္ေသခံဝင္ေပသည္။

လိမ္လည္ က်မ္းက်ိန္ၾကသူမ်ားကို နစ္နာသူက တရားလိုျပဳလုပ္၍ တရားစြဲဆိုႏိုင္ပါသည္။ ရဲအေရး ပိုင္ေသာ အမႈကိစၥမ်ားတြင္ ရဲက တရားလိုျပဳလုပ္ရပါသည္။ အခ်ိဳ႕ လိမ္လည္ က်မ္းက်ိန္ၾကရာမွာ နစ္နာသူ လည္းမ႐ွိ၊ ရဲအေရးပိုင္ေသာ အမႈလည္းမဟုတ္လွ်င္ ႏိုင္ငံေတာ္က တရားလိုျပဳလုပ္၍ တရားစြဲဆိုႏိုင္သည္ ဥပမာ- ႏိုင္ငံသားစိစစ္ေရးကတ္ျပားႏွင့္ ေျမငွားဂရန္မူရင္းမ်ား ေပ်ာက္ဆုံးသြားသည္ဟု လိမ္ညာက်မ္းက်ိန္ ၍ ဂရန္သစ္ထပ္မံထုတ္ယူရန္ ႀကိဳးစားသည့္ ကိစၥရပ္မ်ားတြင္ မည္သူမွ် မနစ္နာေသာ္လည္း လိမ္လည္ က်မ္းက်ိန္မႈျဖစ္ေသာေၾကာင့္ ႏိုင္ငံေတာ္က တရားလိုျပဳလုပ္၍ တရားစြဲဆိုႏိုင္ေပသည္။ ဤေနရာ၌ ႏိုင္ငံေတာ္ ဆိုသည္မွာ ရဲႏွင့္ တရား႐ုံးျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service