ရှေ့နောက်ဝဲယာ ဘေးဘယ်ညာ

ရှေ့နောက်ဝဲယာ ဘေးဘယ်ညာ - Property Knowledge in Myanmar from iMyanmarHouse.com
22 Feb 2022 2:01 pm တွင် တင်ခဲ့သည်
1033 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

လွန်ခဲ့သောနှစ်ပေါင်း ၃ဝ ကျော်က ဖြစ်လေ၏။ ကျွန်ုပ်၏ဦးကြီးမိသားစုသည် မြို့လယ်မကျတကျ နေရာကောင်း တစ်ခု၌ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့ဖူးလေ၏။

ဦးကြီး၏လက်ဖက်ရည်ဆိုင်သည် အထူးပင် အောင်မြင်ခဲ့၏။ များသောအားဖြင့်မိမိတို့ရပ်ကွက်ထဲမှ လက်ဖက်ရည်ဆိုင်များကိုသာ အားပေးလေ့ရှိကြသော်လည်း ဦးကြီး၏ဆိုင်မှာမူ ဝေးသောလှမ်းသော ရပ်ကွက်များမှပင် လာရောက်အားပေးခြင်းကို ခံရလေ၏။

ထို့ကြောင့်ဦးကြီး၏လက်ဖက်ရည်ဆိုင်မှာ အချိန်ပြည့်ပင် လူစည်ကားနေလေတော့၏။ အထူးသဖြင့် နံနက်စောစောများနှင့် ညနေစောင်းများ၊ ညဦးပိုင်းများဆိုလျှင် ထိုင်စရာခုံပင် မရလောက်အောင် လူပြည့် နေ လေတော့၏။ ဦးကြီးတို့မိသားစုမှာလည်း နှစ်နှစ်၊ သုံးနှစ်အတွင်းမှာပင် စီးပွားအထူးတက်ကာ သူတို့၏ ကလေးများကို ကျောင်းကောင်းစွာထားနိုင်ခဲ့၏။ ထရံကာ၊ သက်ကယ်မိုးအိမ်လေးမှ သည် သစ်မိုး၊ ပျဉ်ထောင် အိမ်ကလေး ဖြစ်လာခဲ့လေ၏။

ဦးကြီးတို့လက်ဖက်ရည်ဆိုင် အောင်မြင်ခြင်းကြောင့်ကျွန်ုပ်တို့လည်း ဝမ်းသာရ၏။ အဘယ်ကြောင့် ဆိုသော် ကျွန််ုပ်တို့ကို ဦးကြီးက မုန့်ဖိုးပဲဖိုးလေးများ မကြာမကြာပေးလေ့ရှိသောကြောင့် ဖြစ်လေ၏။ ကျွန်ုပ် တို့မိသားစုတွင် ငွေကြေးကျပ်တည်းသောအခါများ၌လည်း ဦးကြီးက ကူညီလေ၏။

မှတ်မှတ်ရရ . . . လွန်စွာအောင်မြင်ခဲ့သော ဦးကြီး၏လက်ဖက်ရည်ဆိုင်သည် သုံးနှစ်မြောက်သော ကာလတွင် ရောင်းအား သိသိသာသာ ထိုးကျသွား၏။ တဖြည်းဖြည်းနှင့် လာရောက်သောက်သုံးသူများ နည်းသထက် နည်းလာကာ နောက်ဆုံးတွင် ဆိုင်အလုပ်သမားများကိုပင်တဖြည်းဖြည်း လျော့လာခဲ့ရ၏။ ထိုထက် ပိုဆိုးလာသောအခါ အဖျော်ဆရာများ၊ မုန့်ဆရာများပင် မရှိတော့ဘဲ ဦးကြီးတို့ လင်မယားနှစ်ဦးကသာလျှင် လက်ဖက်ရည်ဖျော်၊ စားပွဲထိုး . . .စသည်ဖြင့် ချို့ငဲ့စွာ ရုန်းကန်လာရလေတော့၏။ နောက်ဆုံး တွင်မူ ဦးကြီး၏လက်ဖက်ရည်ဆိုင်ကလေးသည် အကြွေးတင်၊ အရင်းပြုတ်၊ ဆိုင်ပိတ်လိုက်ရလေတော့သတည်း ဆိုသည်နှင့်ဇာတ်သိမ်းခဲ့ရပါလေတော့၏။

ငယ်စဉ်ကမူ ကျွန်ုပ်သည် ဦးကြီးတို့လက်ဖက်ရည်ဆိုင်ကလေး ဘာကြောင့်ထိုသို့ ဖြစ်သွားကြသည်ကို စဉ်းစား၍မရခဲ့ပါ။ နောင်သော် ကျွန်ုပ်သည် ဗေဒင်ဆရာတစ်ဦးဖြစ်လာခဲ့၏။ ကျွန်ုပ်တို့၏ဆရာကြီးဖြစ်သော အဘမင်းသိင်္ခက ကျွန်ုပ်တို့အား ဆန်းပညာကိုလည်းသင်ပေးလေ၏။ ဆန်းပညာတွင် ဣဋ္ဌအနိဋ္ဌ၊ အကောင်း အဆိုး ခွဲသောကဏ္ဍသည် အထူးအရေးကြီးလေ၏။ အဘမင်းသိင်္ခက –

“ကိုယ့်အိမ်တို့၊ ကိုယ့်ဆိုင်တို့ရဲ့ခေါင်းရင်းဘက်တို့၊ မျက်နှာချင်းဆိုင်ဘက်တို့ဆိုတာတွေဟာ မင်္ဂလာယူရသော၊ ကျက်သရေ မင်္ဂလာရှိသော အရပ်မျက်နှာတွေကွ . . .၊ အဲဒီအရပ်ဌာနတွေမှာ မကောင်းတာတွေလာပြီး မြင်နေကြားနေ၊ ကြုံနေရရင် ကျက်သရေ မင်္ဂလာပျက်ပြီး ကိုယ့်ဆီမှာ လာခိုက် ရောကွ။

ဥပမာဆိုပါတော့ကွာ . . .၊ ကိုယ့်ရဲ့ခေါင်းရင်းဘက်က ဆိုင်ခန်းမှာ နိဗ္ဗာန်ကုန်ပစ္စည်းတွေ၊ တရားခွေ တွေရောင်းတယ်ဆိုပါတော့ . . အဲဒါ ကိုယ့်အတွက် ကျက်သရေမင်္ဂလာတိုးစေတယ်ကွ . . .၊ ကိုယ့်အိမ် ကိုယ့်ဆိုင်မှာ စီးပွားတက်အောင်မြင်မယ့်နိမိတ်ပဲကွ . . .၊

အဲဒီလိုမဟုတ်ဘဲ ကိုယ့်ခေါင်းရင်းဘက်ကဆိုင်ဟာ အမူးသမားတွေ တရုန်းရုန်းနဲ့အရက်ဆိုင် ဖြစ်နေမယ် ဆိုရင်တော့ ကိုယ့်အတွက် ကျက်သရေမင်္ဂလာပျက်ပြီး နေရင်းထိုင်ရင်း ခိုက်နေတတ်တယ်ကွ၊ စီးပွားပျက် တော့မယ့်နိမိတ်ပဲကွ . . .” စသည်ဖြင့် မိမိက မည်မျှပင် ကြိုးစားနေစေကာမူ ပတ်ဝန်းကျင် အခြေအနေကိုလိုက်၍ မိမိတို့အပေါ်တွင် အကောင်းအဆိုး သက်ရောက်နိုင်ကြောင်း သင်ပေးသွားခဲ့ပါသည်။

အဘ၏ ထိုသင်ခန်းစာအပြီးတွင် ကျွန်တော်သည် ဦးကြီးတို့၏လက်ဖက်ရည်ဆိုင်ကလေးကို ချက်ချင်းပင်ပြေး၍ မြင်ယောင်သွားမိပါတော့သည်။ ဟုတ်လည်း ဟုတ်ပါပေသည်။ ဦးကြီးတို့ဆိုင် လွန်စွာအောင်မြင်ခြင်းနှင့်အတူ ထိုနေရာမှဆိုင်တန်းများသည် ငှားခ ဈေးတက်လာလေ၏။ ဆိုင်ခန်းငှားရမ်းခ များလည်း သိသိသာသာ တက်လာလေ၏။ ဤတွင် ဆိုင်အပြောင်းအလဲများလည်း ဖြစ်လာလေတော့၏။ ဦးကြီးတို့၏ဆိုင်ခေါင်းရင်းမှဆိုင်သည် မူလက အုန်းငှက်ပျောရောင်းသောဆိုင်ဖြစ်၏။ ထိုဆိုင်က ထွက်သွားပြီး အရက်ဆိုင် တစ်ဆိုင် ရောက်လာခဲ့၏။

ထိုသို့လျှင် ခေါင်းရင်းဘက်၌ အရက်ဆိုင်ရောက်ပြီး များမကြာမီမှာပင် ဦးကြီး၏လက်ဖက်ရည်ဆိုင်လေး သည် သိသိသာသာ ထိုးဆင်းသွားခြင်း ဖြစ်ပါလေတော့၏။ ထို့ကြောင့်. . .

၁။ မိမိတို့အိမ်၊ မ်ိမိတို့ဆိုင်၊ မိမိတို့ရုံးခန်း၏ ခေါင်းရင်းဘက်တွင်၊ မျက်နှာချင်းဆိုင်တွင် ကောင်းသော အလုပ်ဌာနများရှိနေလျှင် မိမိတို့အတွက် စီးပွားတက်အောင်မြင်စေမည့် နိမိတ်ကောင်းရပါသည်။ ခေါင်းရင်းဘက်၊ မျက်နှာချင်းဆိုင်ဘက်မှ အလုပ်ဌာနများ အောင်မြင်ပျော်ရွှင်နေလျှင်လည်း မိမိအတွက် စီးပွားတက် အောင်မြင်စေမည့်နိမိတ်ကောင်းရပါသည်။

၂။ မိမိတို့၏အိမ်၊ မိမိတို့၏ဆိုင်၊ မိမိတို့ရုံးခန်း၏ ခေါင်းရင်းဘက်တွင်၊ မျက်နှာချင်းဆိုင်တွင် မကောင်းသော အလုပ်ဌာနများရှိ နေလျှင်မူ မိမိတို့အတွက် လာဘ်တိတ်စီးပွားပျက်စေခြင်းဆိုးကျိုးများကို ပေါ်ပေါက်လာစေနိုင်ပါသည်။ ခေါင်းရင်းဘက်၊ မျက်နှာချင်းဆိုင်ဘက်မှ အလုပ်ဌာနများ ဆုတ်ယုတ်ပျက်စီး နေလျှင်လည်း မိမိတို့အတွက်ကိုပါ လာ၍ခိုက်စေတတ်ပါသည်။

ထို့ကြောင့် မိမိတို့အတွက် မင်္ဂလာယူရာ ခေါင်းရင်းဘက်၊ မျက်နှာချင်းဆိုင်တို့မှ ကောင်းနေလျှင် ဝမ်းသာစရာဖြစ်သော်လည်း ကျွန်ုပ်၏ဦးကြီးကဲ့သို့ကြုံလာလျှင်မူ –

– မိမိတို့၏အိမ်တွင်၊ ဆိုင်တွင်ဘုရားစင်၊ ဘုရားခန်းကို ပုံမှန်ထက်ပို၍ ထူးထူးခြားခြားသပ္ပာယ်အောင် ဆောင်ရွက်သင့်ပါသည်။

– ပုံမှန်ထက်ပို၍ ဘုရားစာ၊ တရားစာများ ရွတ်ဖတ်ခြင်း၊ ဘာသာရေးကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၊ တရားခွေများဖွင့်ခြင်း . . . စသည်တို့ပြုလုပ်ခြင်းဖြင့် ဘေးပတ်ဝန်းကျင်ကြောင့် ကြုံလာနိုင်သော အညံ့အခိုက်များကို ဟန့်တားစေနိုင်လိမ့်မည်ဖြစ်ပါကြောင်း . . .။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Myanmar Home & Decor

 

[Zawgyi]

ေ႐ွ႕ေနာက္ဝဲယာ ေဘးဘယ္ညာ

လြန္ခဲ့ေသာႏွစ္ေပါင္း ၃ဝ ေက်ာ္က ျဖစ္ေလ၏။ ကြၽႏ္ုပ္၏ဦးႀကီးမိသားစုသည္ ၿမိဳ႕လယ္မက်တက် ေနရာေကာင္း တစ္ခု၌ လက္ဖက္ရည္ဆိုင္တစ္ဆိုင္ ဖြင့္လွစ္ခဲ့ဖူးေလ၏။

ဦးႀကီး၏လက္ဖက္ရည္ဆိုင္သည္ အထူးပင္ ေအာင္ျမင္ခဲ့၏။ မ်ားေသာအားျဖင့္မိမိတို႔ရပ္ကြက္ထဲမွ လက္ဖက္ရည္ဆိုင္မ်ားကိုသာ အားေပးေလ့႐ွိၾကေသာ္လည္း ဦးႀကီး၏ဆိုင္မွာမူ ေဝးေသာလွမ္းေသာ ရပ္ကြက္မ်ားမွပင္ လာေရာက္အားေပးျခင္းကို ခံရေလ၏။

ထို႔ေၾကာင့္ဦးႀကီး၏လက္ဖက္ရည္ဆိုင္မွာ အခ်ိန္ျပည့္ပင္ လူစည္ကားေနေလေတာ့၏။ အထူးသျဖင့္ နံနက္ေစာေစာမ်ားႏွင့္ ညေနေစာင္းမ်ား၊ ညဦးပိုင္းမ်ားဆိုလွ်င္ ထိုင္စရာခုံပင္ မရေလာက္ေအာင္ လူျပည့္ ေန ေလေတာ့၏။ ဦးႀကီးတို႔မိသားစုမွာလည္း ႏွစ္ႏွစ္၊ သုံးႏွစ္အတြင္းမွာပင္ စီးပြားအထူးတက္ကာ သူတို႔၏ ကေလးမ်ားကို ေက်ာင္းေကာင္းစြာထားႏိုင္ခဲ့၏။ ထရံကာ၊ သက္ကယ္မိုးအိမ္ေလးမွ သည္ သစ္မိုး၊ ပ်ဥ္ေထာင္ အိမ္ကေလး ျဖစ္လာခဲ့ေလ၏။

ဦးႀကီးတို႔လက္ဖက္ရည္ဆိုင္ ေအာင္ျမင္ျခင္းေၾကာင့္ကြၽႏ္ုပ္တို႔လည္း ဝမ္းသာရ၏။ အဘယ္ေၾကာင့္ ဆိုေသာ္ ကြၽႏ္ု္ပ္တို႔ကို ဦးႀကီးက မုန္႔ဖိုးပဲဖိုးေလးမ်ား မၾကာမၾကာေပးေလ့႐ွိေသာေၾကာင့္ ျဖစ္ေလ၏။ ကြၽႏ္ုပ္ တို႔မိသားစုတြင္ ေငြေၾကးက်ပ္တည္းေသာအခါမ်ား၌လည္း ဦးႀကီးက ကူညီေလ၏။

မွတ္မွတ္ရရ . . . လြန္စြာေအာင္ျမင္ခဲ့ေသာ ဦးႀကီး၏လက္ဖက္ရည္ဆိုင္သည္ သုံးႏွစ္ေျမာက္ေသာ ကာလတြင္ ေရာင္းအား သိသိသာသာ ထိုးက်သြား၏။ တျဖည္းျဖည္းႏွင့္ လာေရာက္ေသာက္သုံးသူမ်ား နည္းသထက္ နည္းလာကာ ေနာက္ဆုံးတြင္ ဆိုင္အလုပ္သမားမ်ားကိုပင္တျဖည္းျဖည္း ေလ်ာ့လာခဲ့ရ၏။ ထိုထက္ ပိုဆိုးလာေသာအခါ အေဖ်ာ္ဆရာမ်ား၊ မုန္႔ဆရာမ်ားပင္ မ႐ွိေတာ့ဘဲ ဦးႀကီးတို႔ လင္မယားႏွစ္ဦးကသာလွ်င္ လက္ဖက္ရည္ေဖ်ာ္၊ စားပြဲထိုး . . .စသည္ျဖင့္ ခ်ိဳ႕ငဲ့စြာ ႐ုန္းကန္လာရေလေတာ့၏။ ေနာက္ဆုံး တြင္မူ ဦးႀကီး၏လက္ဖက္ရည္ဆိုင္ကေလးသည္ အေႂကြးတင္၊ အရင္းျပဳတ္၊ ဆိုင္ပိတ္လိုက္ရေလေတာ့သတည္း ဆိုသည္ႏွင့္ဇာတ္သိမ္းခဲ့ရပါေလေတာ့၏။

ငယ္စဥ္ကမူ ကြၽႏ္ုပ္သည္ ဦးႀကီးတို႔လက္ဖက္ရည္ဆိုင္ကေလး ဘာေၾကာင့္ထိုသို႔ ျဖစ္သြားၾကသည္ကို စဥ္းစား၍မရခဲ့ပါ။ ေနာင္ေသာ္ ကြၽႏ္ုပ္သည္ ေဗဒင္ဆရာတစ္ဦးျဖစ္လာခဲ့၏။ ကြၽႏ္ုပ္တို႔၏ဆရာႀကီးျဖစ္ေသာ အဘမင္းသိခၤက ကြၽႏ္ုပ္တို႔အား ဆန္းပညာကိုလည္းသင္ေပးေလ၏။ ဆန္းပညာတြင္ ဣ႒အနိ႒၊ အေကာင္း အဆိုး ခြဲေသာက႑သည္ အထူးအေရးႀကီးေလ၏။ အဘမင္းသိခၤက –

“ကိုယ့္အိမ္တို႔၊ ကိုယ့္ဆိုင္တို႔ရဲ႕ေခါင္းရင္းဘက္တို႔၊ မ်က္ႏွာခ်င္းဆိုင္ဘက္တို႔ဆိုတာေတြဟာ မဂၤလာယူရေသာ၊ က်က္သေရ မဂၤလာ႐ွိေသာ အရပ္မ်က္ႏွာေတြကြ . . .၊ အဲဒီအရပ္ဌာနေတြမွာ မေကာင္းတာေတြလာၿပီး ျမင္ေနၾကားေန၊ ၾကဳံေနရရင္ က်က္သေရ မဂၤလာပ်က္ၿပီး ကိုယ့္ဆီမွာ လာခိုက္ ေရာကြ။

ဥပမာဆိုပါေတာ့ကြာ . . .၊ ကိုယ့္ရဲ႕ေခါင္းရင္းဘက္က ဆိုင္ခန္းမွာ နိဗၺာန္ကုန္ပစၥည္းေတြ၊ တရားေခြ ေတြေရာင္းတယ္ဆိုပါေတာ့ . . အဲဒါ ကိုယ့္အတြက္ က်က္သေရမဂၤလာတိုးေစတယ္ကြ . . .၊ ကိုယ့္အိမ္ ကိုယ့္ဆိုင္မွာ စီးပြားတက္ေအာင္ျမင္မယ့္နိမိတ္ပဲကြ . . .၊

အဲဒီလိုမဟုတ္ဘဲ ကိုယ့္ေခါင္းရင္းဘက္ကဆိုင္ဟာ အမူးသမားေတြ တ႐ုန္း႐ုန္းနဲ႔အရက္ဆိုင္ ျဖစ္ေနမယ္ ဆိုရင္ေတာ့ ကိုယ့္အတြက္ က်က္သေရမဂၤလာပ်က္ၿပီး ေနရင္းထိုင္ရင္း ခိုက္ေနတတ္တယ္ကြ၊ စီးပြားပ်က္ ေတာ့မယ့္နိမိတ္ပဲကြ . . .” စသည္ျဖင့္ မိမိက မည္မွ်ပင္ ႀကိဳးစားေနေစကာမူ ပတ္ဝန္းက်င္ အေျခအေနကိုလိုက္၍ မိမိတို႔အေပၚတြင္ အေကာင္းအဆိုး သက္ေရာက္ႏိုင္ေၾကာင္း သင္ေပးသြားခဲ့ပါသည္။

အဘ၏ ထိုသင္ခန္းစာအၿပီးတြင္ ကြၽန္ေတာ္သည္ ဦးႀကီးတို႔၏လက္ဖက္ရည္ဆိုင္ကေလးကို ခ်က္ခ်င္းပင္ေျပး၍ ျမင္ေယာင္သြားမိပါေတာ့သည္။ ဟုတ္လည္း ဟုတ္ပါေပသည္။ ဦးႀကီးတို႔ဆိုင္ လြန္စြာေအာင္ျမင္ျခင္းႏွင့္အတူ ထိုေနရာမွဆိုင္တန္းမ်ားသည္ ငွားခ ေဈးတက္လာေလ၏။ ဆိုင္ခန္းငွားရမ္းခ မ်ားလည္း သိသိသာသာ တက္လာေလ၏။ ဤတြင္ ဆိုင္အေျပာင္းအလဲမ်ားလည္း ျဖစ္လာေလေတာ့၏။ ဦးႀကီးတို႔၏ဆိုင္ေခါင္းရင္းမွဆိုင္သည္ မူလက အုန္းငွက္ေပ်ာေရာင္းေသာဆိုင္ျဖစ္၏။ ထိုဆိုင္က ထြက္သြားၿပီး အရက္ဆိုင္ တစ္ဆိုင္ ေရာက္လာခဲ့၏။

ထိုသို႔လွ်င္ ေခါင္းရင္းဘက္၌ အရက္ဆိုင္ေရာက္ၿပီး မ်ားမၾကာမီမွာပင္ ဦးႀကီး၏လက္ဖက္ရည္ဆိုင္ေလး သည္ သိသိသာသာ ထိုးဆင္းသြားျခင္း ျဖစ္ပါေလေတာ့၏။ ထို႔ေၾကာင့္. . .

၁။ မိမိတို႔အိမ္၊ မ္ိမိတို႔ဆိုင္၊ မိမိတို႔႐ုံးခန္း၏ ေခါင္းရင္းဘက္တြင္၊ မ်က္ႏွာခ်င္းဆိုင္တြင္ ေကာင္းေသာ အလုပ္ဌာနမ်ား႐ွိေနလွ်င္ မိမိတို႔အတြက္ စီးပြားတက္ေအာင္ျမင္ေစမည့္ နိမိတ္ေကာင္းရပါသည္။ ေခါင္းရင္းဘက္၊ မ်က္ႏွာခ်င္းဆိုင္ဘက္မွ အလုပ္ဌာနမ်ား ေအာင္ျမင္ေပ်ာ္႐ႊင္ေနလွ်င္လည္း မိမိအတြက္ စီးပြားတက္ ေအာင္ျမင္ေစမည့္နိမိတ္ေကာင္းရပါသည္။

၂။ မိမိတို႔၏အိမ္၊ မိမိတို႔၏ဆိုင္၊ မိမိတို႔႐ုံးခန္း၏ ေခါင္းရင္းဘက္တြင္၊ မ်က္ႏွာခ်င္းဆိုင္တြင္ မေကာင္းေသာ အလုပ္ဌာနမ်ား႐ွိ ေနလွ်င္မူ မိမိတို႔အတြက္ လာဘ္တိတ္စီးပြားပ်က္ေစျခင္းဆိုးက်ိဳးမ်ားကို ေပၚေပါက္လာေစႏိုင္ပါသည္။ ေခါင္းရင္းဘက္၊ မ်က္ႏွာခ်င္းဆိုင္ဘက္မွ အလုပ္ဌာနမ်ား ဆုတ္ယုတ္ပ်က္စီး ေနလွ်င္လည္း မိမိတို႔အတြက္ကိုပါ လာ၍ခိုက္ေစတတ္ပါသည္။

ထို႔ေၾကာင့္ မိမိတို႔အတြက္ မဂၤလာယူရာ ေခါင္းရင္းဘက္၊ မ်က္ႏွာခ်င္းဆိုင္တို႔မွ ေကာင္းေနလွ်င္ ဝမ္းသာစရာျဖစ္ေသာ္လည္း ကြၽႏ္ုပ္၏ဦးႀကီးကဲ့သို႔ၾကဳံလာလွ်င္မူ –

– မိမိတို႔၏အိမ္တြင္၊ ဆိုင္တြင္ဘုရားစင္၊ ဘုရားခန္းကို ပုံမွန္ထက္ပို၍ ထူးထူးျခားျခားသပၸာယ္ေအာင္ ေဆာင္႐ြက္သင့္ပါသည္။

– ပုံမွန္ထက္ပို၍ ဘုရားစာ၊ တရားစာမ်ား ႐ြတ္ဖတ္ျခင္း၊ ဘာသာေရးကုသိုလ္ေကာင္းမႈျပဳလုပ္ျခင္း၊ တရားေခြမ်ားဖြင့္ျခင္း . . . စသည္တို႔ျပဳလုပ္ျခင္းျဖင့္ ေဘးပတ္ဝန္းက်င္ေၾကာင့္ ၾကဳံလာႏိုင္ေသာ အညံ့အခိုက္မ်ားကို ဟန္႔တားေစႏိုင္လိမ့္မည္ျဖစ္ပါေၾကာင္း . . .။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Myanmar Home & Decor

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service