ယူကရိန်းအရှေ့ပိုင်းကို ရုရှားတပ်များဝင်ရန် ပူတင်အမိန့်ပေးပြီး ရေနံဈေးခုန်တက်ကာ ကမ္ဘာ့ရှယ်ယာဈေးများ ထိုးကျ
ယူကရိန်းအရှေ့ပိုင်းကို ရုရှားတပ်များဝင်ရန် ပူတင်အမိန့်ပေးပြီး ရေနံဈေးခုန်တက်ကာ ကမ္ဘာ့ရှယ်ယာဈေးများ ထိုးကျ - Property News in Myanmar from iMyanmarHouse.com
22 Feb 2022 11:37 am တွင် တင်ခဲ့သည်
1043 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများရှိရာ ဒေသ ၂ ခုသို့ ရုရှားတပ်များဝင်ရောက်ရန် ရုရှားသမ္မတ ပူတင်က အမိန့်ပေးလိုက်ပြီးနောက် စစ်ပွဲချောက်ကမ်းပါးစွန်းသို့ ရောက်ရှိနေရာ ယနေ့နံနက်ပိုင်းတွင် ရေနံဈေးနှုန်းမှာ ၇ နှစ်တာအတွင်း အမြင့်ဆုံးပမာဏသို့ ခုန်တက်သွားပြီး၊ အမေရိက၊ ဥရောပနှင့် အာရှ ရှယ်ယာဈေးများ ထိုးကျသွားကြောင်း ရိုက်တာ သတင်းဌာနနှင့် အခြားကမ္ဘာ့သတင်းမီဒီယာများတွင် ဖော်ပြသည်။
ဘရန့်ရေနံစိမ်းဈေးကွက်တွင် တစ်စည်လျှင် ၉၇ ဒသမ ၃၅ ဒေါ်လာသို့ ခုန်တက်သွားရာ ၂၀၁၄ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံးဈေးနှုန်း ဖြစ်သည်။
S&P 500 နှင့် Nasdaq ရှယ်ယာဈေးကွက်များတွင် ၂ ရာခိုင်နှုန်းနှင့် ၂ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး ထိုးကျသွားသည်။
ဥရောပရှယ်ယာဈေးနှုန်းများမှာလည်း ၁ ဒသမ ၃ ရာခိုင်နှုန်းထိုးကျသွားရာ ၄ လတာအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိသွားသည်။
သြစတေးလျ၏ ASX 200 ရှယ်ယာဈေးကွက်တွင်လည်း ယနေ့နံနက်အစောပိုင်း ဈေးကွက်အဖွင့်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားသည်။
ရုရှားသမ္မတပူတင်က ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ရေးသမားများရှိရာဒေသ ၂ ခုကို လွတ်လပ်သော နိုင်ငံများအဖြစ် ယနေ့နံနက်တွင် အသိအမှတ်ပြုလိုက်ပြီး အဆိုပါဒေသများ၏ ငြိမ်းချမ်းရေးထိန်းသိမ်းရန် အတွက် အကြောင်းပြကာ ရုရှားတပ်များ ဝင်ရောက်ရန် တရားဝင်အမိန့်ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Oil leaps, stocks slide as Russia moves on Ukraine (Reuters)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
Innwa Pyae Sone
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service