မန်ယူထိပ်တန်းကြယ်ပွင့်များနေထိုင်ခဲ့ရာ မန်ချက်စတာမြို့မှ စံအိမ်ကြီးများ

မန်ယူထိပ်တန်းကြယ်ပွင့်များနေထိုင်ခဲ့ရာ မန်ချက်စတာမြို့မှ စံအိမ်ကြီးများ - Property News in Myanmar from iMyanmarHouse.com
22 Feb 2022 10:37 am တွင် တင်ခဲ့သည်
754 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့သည် ကမ္ဘာ့အကျော်ကြားဆုံး ဘောလုံးအသင်းကြီးများတည်ရှိသည့်မြို့ဖြစ်ရာ အချမ်းသာဆုံး ဘောလုံးသမားများသည်လည်း မန်ချက်စတာတွင် အခြေချခဲ့ကြဖူးသည်။

သို့သော် ဘောလုံးသမားများမှာ ဘောလုံးရာသီတိုင်း အဝင်၊ အထွက်ရှိကြရာ ၎င်းတို့နေထိုင်ခဲ့ရာ စံအိမ်ကြီးများမှာလည်း ဈေးကွက်တွင် အံ့ဖွယ်ဈေးနှုန်းများဖြင့် မကြာခဏဝင်ရောက်လာလေ့ရှိသည်။ ထိပ်တန်းဘောလုံးကြယ်ပွင့်တို့သည် စံအိမ်များအတွင်း နောက်ဆုံးပေါ် ခေတ်မီအသုံးအဆောင်များ ထည့်သွင်းထားသော မီးဖိုဆောင်၊ ရေချိုးခန်း၊ ကြီးမားသော နားနေခန်း၊ အိမ်တွင်းရေကူးကန်၊ ရုပ်ရှင်ရုံ အစရှိသည်တို့ဖြင့် ခမ်းနားထည်ဝါစွာ နေထိုင်လေ့ရှိကြသည်။

အောက်ဖော်ပြပါတို့မှာ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းကြီးမှ ထိပ်တန်းကြယ်ပွင့်များ အခြေချခဲ့ရာ ခမ်းနားလှသော စံအိမ်ကြီးများ ဖြစ်သည်။

(ဒေးဗစ်ဘက်ခမ်း)

ဘက်ကင်ဟမ်နန်းတော်ဟု တင်စားကြသော ဘက်ခမ်း၏ စံအိမ်မရှိသေးမီက ဒေးဗစ်ဘက်ခမ်းသည် မန်ချက်စတာမြို့၊ ဝေါ်စလေအရပ်တွင် အိပ်ခန်း ၄ ခန်းပါ စံအိမ်တွင် အခြေချခဲ့ဖူးသည်။

ဟေဇယ်ဟာ့စ်ထ်လမ်းရှိ စံအိမ်ကို ဒေးဗစ်ဘက်ခမ်းက ၁၉၉၀ ပြည့်လွန်ကာလများတွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး သန်းကြွယ်သူဌေးဘက်ခမ်း ဝယ်ယူခဲ့သည့်စံအိမ်များစွာအနက် ပထမဆုံး စံအိမ်လည်း ဖြစ်သည်။

၂၀၁၄ ခုနှစ်အတွင်း အဆိုပါစံအိမ်သည် အရောင်းဈေးကွက်သို့ ရောက်လာခဲ့ပြီး ပေါင် ၃၇၅၀၀၀ မှ ပေါင် ၄၀၀၀၀၀ ကြား ဈေးနှုန်းဖြင့် ရောင်းထွက်မည်ဟု မျှော်လင့်ခဲ့ကြကြောင်း အိမ်ခြံမြေအကျိုးဆောင် အက်ဒ်ဝါ့ဒ် မယ်လာက ပြောသည်။

ဒေးဗစ်ဘက်ခမ်းသည် အသင်းဖော် ရိုင်ယန်ဂစ်နှင့် နီးနီးနားနားနေထိုင်ရန် အဆိုပါအိမ်သို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆရသည်။

(အိန်ဂျယ် ဒီမာရီယာ)

ဒီမာရီယာသည် မန်ချက်စတာ ယူနိုက်တက်သို့ ထိုခေတ်ထိုကာလက စံချိန်တင်ဈေးနှုန်းဖြစ်သော ပေါင် ၅၉ ဒသမ ၇ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။

သို့သော် ၂၀၁၅ ခုနှစ်တွင် ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့သွားသည်။

မန်ချက်စတာမြို့၊ ပရက်စ်ဘူရီအရပ်တွင် တည်ရှိသော အာဂျင်တီးနားဘောလုံးသမား ဒီမာရီယာ၏ စံအိမ်သည် မန်ချက်စတာမှ သူထွက်ခွာချိန်တွင် အရောင်းဈေးကွက်သို့ ပေါင် ၄ ဒသမ ၁ သန်းဖြင့် ရောက်ရှိလာသည်။

အိမ်ခြံမြေဝက်ဘ်ဆိုက် Rightmove တွင် ဈေးကွက်တင်ထားသောကြော်ငြာအရ “ပရက်စ်ဘူရီမှ သီးသန့်လမ်းပေါ်တွင် တည်ရှိပြီး ဂရုတစိုက် ထိန်းသိမ်းမွမ်းမံထားသော ခြံဝန်း၏ အလယ်တွင် တည်ရှိသော ခမ်းနားသည့်စံအိမ်ကြီး” ဟု ဖော်ပြထားသည်။

အိပ်ခန်း ၆ ခန်းပါ စံအိမ်ကြီးကို ခမ်းနားစွာ မွမ်းမံထားပြီး ခေတ်မီအသုံးအဆောင်များ ပြည့်နှက်နေသည်။

အိမ်တွင်းရေကူးကန်၊ Sauna နှင့် ရေစိမ်ကန်၊ မျက်နှာကြက်တွင် ခမ်းနားထည်ဝါသော မီးအလှဆင်မှုများကို တွေ့ရသည်။

(ခရစ္စတီယာနို ရော်နယ်ဒို)

ခရစ္စတီယာနို ရော်နယ်ဒိုသည် မန်ချက်စတာ ယူနိုက်တက်တွင် ကစားနေစဉ် မန်ချက်စတာမြို့၊ ချက်စ်ရှိုင်းယား အရပ်ရှိ စံအိမ် ၂ လုံးတွင် နေထိုင်ခဲ့သည်။

၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မန်ချက်စတာမြို့၏ တောင်ဘက် ၁၂ မိုင်အကွာ Alderley Edge အမည်ရှိ ကျေးရွာကလေးမှ ၃ ထပ်နေအိမ်တွင် နေထိုင်ခဲ့သည်။ ကော်ဖီဆိုင်များ ၊ ဖက်ရှင်ဆိုင်များ ပေါများသည့် ဒေသဖြစ်ပြီး ပရီးမီးယားလိဂ် ဘောလုံးသမားများ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ သန်းကြွယ်သူဌေးလုပ်ငန်းရှင်များ ခြေချရာနေရာတစ်ခု ဖြစ်သည်။

မန်ယူမှ စီရော်နယ်ဒိုထွက်ခွာအပြီး ၉ နှစ်အကြာတွင် အဆိုပါစံအိမ်သည် အရောင်းဈေးကွက်သို့ ပေါင် ၃ ဒသမ ၂၅ သန်းခေါ်ဈေးဖြင့် ရောက်ရှိခဲ့သည်။ စံအိမ်အတွင်း အိမ်တွင်းရေကူးကန်၊ ရေနွေးငွေ့ခန်း၊ ရေစိမ်ကန်၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ရုပ်ရှင်ရုံနှင့် အိပ်ခန်း ၅ ခန်းတို့ ပါဝင်သည်။

ထိုကာလမတိုင်မီက စီရော်နယ်ဒိုသည် ချက်ရှိုင်းယားအရပ်၊ Woodford တွင် နေထိုင်ခဲ့ပြီး အဆိုပါအိမ်သည်လည်း ပေါင်သန်းပေါင်းများစွာတန်ကြေးှရှိသော စံအိမ်ဖြစ်သည်။

(မာရူအန် ဖယ်လိုင်နီ)

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ဖယ်လိုင်နီသည် မန်ယူကို စွန့်ခွာကာ တရုတ်ပြည်သို့ ထွက်ခွာချိန်တွင် သူ၏ ပေါင် ၂ ဒသမ ၂ သန်းတန်စံအိမ်မှာ အရောင်းဈေးကွက်သို့ ရောက်လာသည်။

သူ၏ အိပ်ခန်း ၆ ခန်းပါ စံအိမ်မှာ မန်ချက်စတာဒေသကြီး၊ ဆဲလ်ဖို့မြို့ဆင်ခြေဖုံး ရိုးဂရင်းကျေးရွာတွင် တည်ရှိသည်။

ပြန်လည်မွမ်းမံမှုများပြုလုပ်ထားသော စံအိမ်ကြီးတွင် ကိုယ်ပိုင်ဆံပင်ညှပ်ဆိုင်ပင် ပါဝင်သည်။

စံအိမ်အတွင်း ကြီးမားသော အိမ်တွင်းရေကူးကန်၊ ရေချိုးကန်၊ ရေနွေးငွေ့ခန်း၊ Spa နှင့် အားကစားလေ့ကျင့်ခန်းမတို့ ပါဝင်သည်။

ယခုစံအိမ်တွင် နေထိုင်ခဲ့ဖူးသည့် အခြားဘောလုံးကြယ်ပွင့်မှာ မန်စီးတီးအသင်းကို ၁၉၉၀ ပြည့်လွန် အလယ်ပိုင်းကာလများတွင် မန်နေဂျာလုပ်ခဲ့ဖူးသူဖြစ်သည့်အပြင် အင်္ဂလန်ကမ္ဘာ့ဖလားရစဉ်က အင်္ဂလန်လက်ရွေးစင်အဖြစ်ပါဝင်ခဲ့သူ အလန်ဘောလ်လည်း နေထိုင်ခဲ့ဖူးသည်။

(ရိုင်ယန်ဂစ်)

မန်ယူထိပ်တန်းကြယ်ပွင့် ရိုင်ယန်ဂစ်နေထိုင်ခဲ့ဖူးသော မန်ချက်စတာမှ စံအိမ်မှာ ပြီးခဲ့သောနှစ်အတွင်း ပေါင် ၃ ဒသမ ၅ သန်းခေါ်ဈေးဖြင့် အရောင်းဈေးကွက်သို့ ရောက်လာသည်။

ဝေါ်စလေအရပ်၊ ချက်စ်ဝါ့သ်လမ်းတွင် တည်ရှိပြီး ထိုဒေသတဝိုက် ဈေးအကြီးဆုံး စံအိမ်များတွင် အပါအဝင်ဖြစ်သည်။

အိပ်ခန်း ၅ ခန်းပါသော စံအိမ်အတွင်း ကိုယ်ပိုင်ရုပ်ရှင်ရုံနှင့် အရက်ဘားတို့ပါဝင်ပြီး ဝေါ်စလေဂေါက်ကွင်းနှင့် ထိစပ်နေသည်။

ခမ်းနားသော အဝင်ခန်းမ၊ နားနေဆောင်၊ မီးဖိုဆောင်၊ မိသားစုခန်းမ၊ ညစာစားခန်း၊ အိပ်ခန်း ၅ ခန်း၊ အားကစားလေ့ကျင့်ခန်းမတို့ ပါဝင်ပြီး အားကစားခန်းမှတဆင့် အိမ်တွင်းအပူပေးစနစ်ပါရေကူးကန်နှင့် ရေနွေးငွေ့ခန်းများသို့ ရောက်ရှိနိုင်သည်။

(ပေါလ် စခိုး)

၁၉၉၂ ကာလများ၏ ဘောလုံးဂန္ထဝင် မန်ယူကစားသမား ပေါလ်စခိုးသည် မန်ချက်စတာဒေသကြီး၊ အိုးဟမ်းမြို့၊ ဂရာ့စ်ကရော့ဖ်အရပ်ရှိ စံအိမ်ကြီးတစ်လုံးတွင် နေထိုင်ခဲ့ဖူးသည်။

ရင်သပ်ရှုမောဖွယ်စံအိမ်ကြီးအတွင်း ရေကူးကန်၊ နောက်ဆုံးပေါ်ပစ္စည်းများတပ်ဆင်ထားသော အားကစား လေ့ကျင့်ခန်းမနှင့် အိပ်ခန်း ၆ ခန်း ပါဝင်သည်။

ပေါလ်စခိုးလ် တခေတ်တခါက နေထိုင်ခဲ့ဖူးသော အဆိုပါစံအိမ်ကြီးကို ပေါလ်စခိုးလ် မန်ယူတွင် မရှိတော့သည့်နောက်ပိုင်း ပေါင် ၃ ဒသမ ၈၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။ စံအိမ်ဝန်းအတွင်း ကိုယ်ပိုင်ဘောလုံးကွင်း၊ ဂေါက်ကျင်း၊ spa ၊ ရုပ်ရှင်ရုံ၊ အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၆ ခန်း၊ စံအိမ်၏ အထပ် ၃ ထပ်တွင် reception နေရာတို့ ပါဝင်သည်။

(ဖီးလ် နဗီး)

မန်ချက်စတာ ယူနိုက်တက်နှင့် အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဖီးလ်နဗီးပိုင်ဆိုင်သော စံအိမ် ၂ လုံး လက်ရှိအားဖြင့် အရောင်းဈေးကွက်သို့ ရောက်ရှိနေသည်။

ဇနိးဖြစ်သူ ဂျူလီနှင့်အတူ နေထိုင်ခဲ့သော မန်ချက်စတာဒေသကြီး၊ ဟေးလ်အရပ်မှ အိပ်ခန်း ၆ ခန်းပါ စံအိမ်ကို ပေါင် ၅ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထားသည်။

၄ ထပ်စံအိမ်ဖြစ်ပြီး အိပ်ခန်း ၆ ခန်း၊ မကြာသေးမီကမှ မွမ်းမံထားသော ရေချိုးခန်း ၆ ခန်းနှင့် ရေပန်းခန်းများပါဝင်သည်။

မန်ချက်စတာမြို့၊ Beetham တာဝါမှ လူနေခန်းတွင်မူ ဖီးလ်နဗီး နေထိုင်ခဲ့ဖူးခြင်းမရှိ။ အဆိုပါအခန်းကို ပေါင် ၃ ဒသမ ၆ သန်းဖြင့် အရောင်းဈေးကွက်တင်ထားသည်။

(ဂယ်ရီ နဗီးလ်)

ဖီးလ် နဗီး၏ အစ်ကို ဂယ်ရီနဗီးလ် နေထိုင်ခဲ့ဖူးသော မန်ချက်စတာဒေသကြီး၊ ဘော်လ်တန်အရပ်ရှိ စံအိမ်မှာ အရောင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိနေသည်။ လက်ရှိအားဖြင့် ဆဲလ်ဖို့ဒ်အသင်း၏ ပိုင်ရှင်တစ်ဦးဖြစ်နေသူ မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်သည် အဆိုပါစံအိမ်ကို လွန်ခဲ့သော ၁၈ နှစ်က ရောင်းချလိုက်ခြင်း ဖြစ်သည်။

ခြံဝန်းအကျယ် ၃၅ ဧကရှိပြီး ၁၉၉၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် အိပ်ခန်း ၅ ခန်းပါ စံအိမ်ဖြစ်သည်။ ခြံဝန်းအတွင်း ၅ ကျင်းပါ ဂေါက်ကွင်း၊ တင်းနစ်ကွင်းနှင့် ကျယ်ပြောလှသော ရေကူးကန်တို့ ပါဝင်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside the Cheshire and Greater Manchester homes where Man United's biggest stars have lived (manchestereveningnews)

[Zawgyi]

မန္ယူထိပ္တန္းၾကယ္ပြင့္မ်ားေနထိုင္ခဲ့ရာ မန္ခ်က္စတာျမိဳ႕မွ စံအိမ္ၾကီးမ်ား

အဂၤလန္ႏိုင္ငံ မန္ခ်က္စတာျမိဳ႕သည္ ကမၻာ့အေက်ာ္ၾကားဆံုး ေဘာလံုးအသင္းၾကီးမ်ားတည္ရွိသည့္ျမိဳ႕ျဖစ္ရာ အခ်မ္းသာဆံုး ေဘာလံုးသမားမ်ားသည္လည္း မန္ခ်က္စတာတြင္ အေျခခ်ခဲ့ၾကဖူးသည္။

သို႔ေသာ္ ေဘာလံုးသမားမ်ားမွာ ေဘာလံုးရာသီတိုင္း အဝင္၊ အထြက္ရွိၾကရာ ၎တို႔ေနထုိင္ခဲ့ရာ စံအိမ္ၾကီးမ်ားမွာလည္း ေစ်းကြက္တြင္ အံ့ဖြယ္ေစ်းႏႈန္းမ်ားျဖင့္ မၾကာခဏဝင္ေရာက္လာေလ့ရွိသည္။ ထိပ္တန္းေဘာလံုးၾကယ္ပြင့္တို႔သည္ စံအိမ္မ်ားအတြင္း ေနာက္ဆံုးေပၚ ေခတ္မီအသံုးအေဆာင္မ်ား ထည့္သြင္းထားေသာ မီးဖိုေဆာင္၊ ေရခ်ဳိးခန္း၊ ၾကီးမားေသာ နားေနခန္း၊ အိမ္တြင္းေရကူးကန္၊ ရုပ္ရွင္ရံု အစရွိသည္တို႔ျဖင့္ ခမ္းနားထည္ဝါစြာ ေနထိုင္ေလ့ရွိၾကသည္။

ေအာက္ေဖာ္ျပပါတို႔မွာ မန္ခ်က္စတာယူႏိုက္တက္ ေဘာလံုးအသင္းၾကီးမွ ထိပ္တန္းၾကယ္ပြင့္မ်ား အေျခခ်ခဲ့ရာ ခမ္းနားလွေသာ စံအိမ္ၾကီးမ်ား ျဖစ္သည္။

(ေဒးဗစ္ဘက္ခမ္း)

ဘက္ကင္ဟမ္နန္းေတာ္ဟု တင္စားၾကေသာ ဘက္ခမ္း၏ စံအိမ္မရွိေသးမီက ေဒးဗစ္ဘက္ခမ္းသည္ မန္ခ်က္စတာျမိဳ႕၊ ေဝၚစေလအရပ္တြင္ အိပ္ခန္း ၄ ခန္းပါ စံအိမ္တြင္ အေျခခ်ခဲ့ဖူးသည္။

ေဟဇယ္ဟာ့စ္ထ္လမ္းရွိ စံအိမ္ကို ေဒးဗစ္ဘက္ခမ္းက ၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး သန္းၾကြယ္သူေဌးဘက္ခမ္း ဝယ္ယူခဲ့သည့္စံအိမ္မ်ားစြာအနက္ ပထမဆံုး စံအိမ္လည္း ျဖစ္သည္။

၂၀၁၄ ခုႏွစ္အတြင္း အဆိုပါစံအိမ္သည္ အေရာင္းေစ်းကြက္သို႔ ေရာက္လာခဲ့ျပီး ေပါင္ ၃၇၅၀၀၀ မွ ေပါင္ ၄၀၀၀၀၀ ၾကား ေစ်းႏႈန္းျဖင့္ ေရာင္းထြက္မည္ဟု ေမွ်ာ္လင့္ခဲ့ၾကေၾကာင္း အိမ္ျခံေျမအက်ဳိးေဆာင္ အက္ဒ္ဝါ့ဒ္ မယ္လာက ေျပာသည္။

ေဒးဗစ္ဘက္ခမ္းသည္ အသင္းေဖာ္ ရိုင္ယန္ဂစ္ႏွင့္ နီးနီးနားနားေနထိုင္ရန္ အဆိုပါအိမ္သို႔ ေရႊ႕ေျပာင္းခဲ့ျခင္းျဖစ္ႏိုင္သည္ဟု ယူဆရသည္။

(အိန္ဂ်ယ္ ဒီမာရီယာ)

ဒီမာရီယာသည္ မန္ခ်က္စတာ ယူႏိုက္တက္သို႔ ထိုေခတ္ထိုကာလက စံခ်ိန္တင္ေစ်းႏႈန္းျဖစ္ေသာ ေပါင္ ၅၉ ဒသမ ၇ သန္းျဖင့္ ေျပာင္းေရႊ႕ခဲ့သည္။

သို႔ေသာ္ ၂၀၁၅ ခုႏွစ္တြင္ ပီအက္စ္ဂ်ီအသင္းသို႔ ေျပာင္းေရႊ႕သြားသည္။

မန္ခ်က္စတာျမိဳ႕၊ ပရက္စ္ဘူရီအရပ္တြင္ တည္ရွိေသာ အာဂ်င္တီးနားေဘာလံုးသမား ဒီမာရီယာ၏ စံအိမ္သည္ မန္ခ်က္စတာမွ သူထြက္ခြာခ်ိန္တြင္ အေရာင္းေစ်းကြက္သို႔ ေပါင္ ၄ ဒသမ ၁ သန္းျဖင့္ ေရာက္ရွိလာသည္။

အိမ္ျခံေျမဝက္ဘ္ဆိုက္ Rightmove တြင္ ေစ်းကြက္တင္ထားေသာေၾကာ္ျငာအရ “ပရက္စ္ဘူရီမွ သီးသန္႔လမ္းေပၚတြင္ တည္ရွိျပီး ဂရုတစိုက္ ထိန္းသိမ္းမြမ္းမံထားေသာ ျခံဝန္း၏ အလယ္တြင္ တည္ရွိေသာ ခမ္းနားသည့္စံအိမ္ၾကီး” ဟု ေဖာ္ျပထားသည္။

အိပ္ခန္း ၆ ခန္းပါ စံအိမ္ၾကီးကို ခမ္းနားစြာ မြမ္းမံထားျပီး ေခတ္မီအသံုးအေဆာင္မ်ား ျပည့္ႏွက္ေနသည္။

အိမ္တြင္းေရကူးကန္၊ Sauna ႏွင့္ ေရစိမ္ကန္၊ မ်က္ႏွာၾကက္တြင္ ခမ္းနားထည္ဝါေသာ မီးအလွဆင္မႈမ်ားကို ေတြ႔ရသည္။

(ခရစၥတီယာႏို ေရာ္နယ္ဒို)

ခရစၥတီယာႏို ေရာ္နယ္ဒိုသည္ မန္ခ်က္စတာ ယူႏိုက္တက္တြင္ ကစားေနစဥ္ မန္ခ်က္စတာျမိဳ႕၊ ခ်က္စ္ရႈိင္းယား အရပ္ရွိ စံအိမ္ ၂ လံုးတြင္ ေနထိုင္ခဲ့သည္။

၂၀၀၆ ခုႏွစ္မွ ၂၀၀၉ ခုႏွစ္အထိ မန္ခ်က္စတာျမိဳ႕၏ ေတာင္ဘက္ ၁၂ မိုင္အကြာ Alderley Edge အမည္ရွိ ေက်းရြာကေလးမွ ၃ ထပ္ေနအိမ္တြင္ ေနထုိင္ခဲ့သည္။ ေကာ္ဖီဆိုင္မ်ား ၊ ဖက္ရွင္ဆိုင္မ်ား ေပါမ်ားသည့္ ေဒသျဖစ္ျပီး ပရီးမီးယားလိဂ္ ေဘာလံုးသမားမ်ား၊ ရုပ္ရွင္သရုပ္ေဆာင္မ်ား၊ သန္းၾကြယ္သူေဌးလုပ္ငန္းရွင္မ်ား ေျခခ်ရာေနရာတစ္ခု ျဖစ္သည္။

မန္ယူမွ စီေရာ္နယ္ဒိုထြက္ခြာအျပီး ၉ ႏွစ္အၾကာတြင္ အဆိုပါစံအိမ္သည္ အေရာင္းေစ်းကြက္သို႔ ေပါင္ ၃ ဒသမ ၂၅ သန္းေခၚေစ်းျဖင့္ ေရာက္ရွိခဲ့သည္။ စံအိမ္အတြင္း အိမ္တြင္းေရကူးကန္၊ ေရေႏြးေငြ႔ခန္း၊ ေရစိမ္ကန္၊ အားကစားေလ့က်င့္ေရးခန္းမ၊ ရုပ္ရွင္ရံုႏွင့္ အိပ္ခန္း ၅ ခန္းတို႔ ပါဝင္သည္။

ထိုကာလမတိုင္မီက စီေရာ္နယ္ဒိုသည္ ခ်က္ရိႈင္းယားအရပ္၊ Woodford တြင္ ေနထိုင္ခဲ့ျပီး အဆိုပါအိမ္သည္လည္း ေပါင္သန္းေပါင္းမ်ားစြာတန္ေၾကးွရိွေသာ စံအိမ္ျဖစ္သည္။

(မာရူအန္ ဖယ္လိုင္နီ)

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ဖယ္လိုင္နီသည္ မန္ယူကို စြန္႔ခြာကာ တရုတ္ျပည္သို႔ ထြက္ခြာခ်ိန္တြင္ သူ၏ ေပါင္ ၂ ဒသမ ၂ သန္းတန္စံအိမ္မွာ အေရာင္းေစ်းကြက္သို႔ ေရာက္လာသည္။

သူ၏ အိပ္ခန္း ၆ ခန္းပါ စံအိမ္မွာ မန္ခ်က္စတာေဒသၾကီး၊ ဆဲလ္ဖို႔ျမိဳ႕ဆင္ေျခဖံုး ရိုးဂရင္းေက်းရြာတြင္ တည္ရွိသည္။

ျပန္လည္မြမ္းမံမႈမ်ားျပဳလုပ္ထားေသာ စံအိမ္ၾကီးတြင္ ကိုယ္ပိုင္ဆံပင္ညွပ္ဆိုင္ပင္ ပါဝင္သည္။

စံအိမ္အတြင္း ၾကီးမားေသာ အိမ္တြင္းေရကူးကန္၊ ေရခ်ဳိးကန္၊ ေရေႏြးေငြ႔ခန္း၊ Spa ႏွင့္ အားကစားေလ့က်င့္ခန္းမတို႔ ပါဝင္သည္။

ယခုစံအိမ္တြင္ ေနထိုင္ခဲ့ဖူးသည့္ အျခားေဘာလံုးၾကယ္ပြင့္မွာ မန္စီးတီးအသင္းကို ၁၉၉၀ ျပည့္လြန္ အလယ္ပိုင္းကာလမ်ားတြင္ မန္ေနဂ်ာလုပ္ခဲ့ဖူးသူျဖစ္သည့္အျပင္ အဂၤလန္ကမၻာ့ဖလားရစဥ္က အဂၤလန္လက္ေရြးစင္အျဖစ္ပါဝင္ခဲ့သူ အလန္ေဘာလ္လည္း ေနထုိင္ခဲ့ဖူးသည္။

(ရိုင္ယန္ဂစ္)

မန္ယူထိပ္တန္းၾကယ္ပြင့္ ရိုင္ယန္ဂစ္ေနထိုင္ခဲ့ဖူးေသာ မန္ခ်က္စတာမွ စံအိမ္မွာ ျပီးခဲ့ေသာႏွစ္အတြင္း ေပါင္ ၃ ဒသမ ၅ သန္းေခၚေစ်းျဖင့္ အေရာင္းေစ်းကြက္သို႔ ေရာက္လာသည္။

ေဝၚစေလအရပ္၊ ခ်က္စ္ဝါ့သ္လမ္းတြင္ တည္ရွိျပီး ထိုေဒသတဝိုက္ ေစ်းအၾကီးဆံုး စံအိမ္မ်ားတြင္ အပါအဝင္ျဖစ္သည္။

အိပ္ခန္း ၅ ခန္းပါေသာ စံအိမ္အတြင္း ကိုယ္ပိုင္ရုပ္ရွင္ရံုႏွင့္ အရက္ဘားတို႔ပါဝင္ျပီး ေဝၚစေလေဂါက္ကြင္းႏွင့္ ထိစပ္ေနသည္။

ခမ္းနားေသာ အဝင္ခန္းမ၊ နားေနေဆာင္၊ မီးဖိုေဆာင္၊ မိသားစုခန္းမ၊ ညစာစားခန္း၊ အိပ္ခန္း ၅ ခန္း၊ အားကစားေလ့က်င့္ခန္းမတို႔ ပါဝင္ျပီး အားကစားခန္းမွတဆင့္ အိမ္တြင္းအပူေပးစနစ္ပါေရကူးကန္ႏွင့္ ေရေႏြးေငြ႔ခန္းမ်ားသို႔ ေရာက္ရွိႏိုင္သည္။

(ေပါလ္ စခိုး)

၁၉၉၂ ကာလမ်ား၏ ေဘာလံုးဂႏၳဝင္ မန္ယူကစားသမား ေပါလ္စခိုးသည္ မန္ခ်က္စတာေဒသၾကီး၊ အိုးဟမ္းျမိဳ႕၊ ဂရာ့စ္ကေရာ့ဖ္အရပ္ရွိ စံအိမ္ၾကီးတစ္လံုးတြင္ ေနထုိင္ခဲ့ဖူးသည္။

ရင္သပ္ရႈေမာဖြယ္စံအိမ္ၾကီးအတြင္း ေရကူးကန္၊ ေနာက္ဆံုးေပၚပစၥည္းမ်ားတပ္ဆင္ထားေသာ အားကစား ေလ့က်င့္ခန္းမႏွင့္ အိပ္ခန္း ၆ ခန္း ပါဝင္သည္။

ေပါလ္စခိုးလ္ တေခတ္တခါက ေနထိုင္ခဲ့ဖူးေသာ အဆိုပါစံအိမ္ၾကီးကို ေပါလ္စခိုးလ္ မန္ယူတြင္ မရွိေတာ့သည့္ေနာက္ပိုင္း ေပါင္ ၃ ဒသမ ၈၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ဖူးသည္။ စံအိမ္ဝန္းအတြင္း ကိုယ္ပိုင္ေဘာလံုးကြင္း၊ ေဂါက္က်င္း၊ spa ၊ ရုပ္ရွင္ရံု၊ အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၆ ခန္း၊ စံအိမ္၏ အထပ္ ၃ ထပ္တြင္ reception ေနရာတို႔ ပါဝင္သည္။

(ဖီးလ္ နဗီး)

မန္ခ်က္စတာ ယူႏိုက္တက္ႏွင့္ အဂၤလန္ကြင္းလယ္ကစားသမားေဟာင္း ဖီးလ္နဗီးပိုင္ဆိုင္ေသာ စံအိမ္ ၂ လံုး လက္ရွိအားျဖင့္ အေရာင္းေစ်းကြက္သို႔ ေရာက္ရွိေနသည္။

ဇနိးျဖစ္သူ ဂ်ဴလီႏွင့္အတူ ေနထုိင္ခဲ့ေသာ မန္ခ်က္စတာေဒသၾကီး၊ ေဟးလ္အရပ္မွ အိပ္ခန္း ၆ ခန္းပါ စံအိမ္ကို ေပါင္ ၅ ဒသမ ၂၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ထားသည္။

၄ ထပ္စံအိမ္ျဖစ္ျပီး အိပ္ခန္း ၆ ခန္း၊ မၾကာေသးမီကမွ မြမ္းမံထားေသာ ေရခ်ဳိးခန္း ၆ ခန္းႏွင့္ ေရပန္းခန္းမ်ားပါဝင္သည္။ မန္ခ်က္စတာျမိဳ႕၊ Beetham တာဝါမွ လူေနခန္းတြင္မူ ဖီးလ္နဗီး ေနထိုင္ခဲ့ဖူးျခင္းမရွိ။ အဆိုပါအခန္းကို ေပါင္ ၃ ဒသမ ၆ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ထားသည္။

(ဂယ္ရီ နဗီးလ္)

ဖီးလ္ နဗီး၏ အစ္ကို ဂယ္ရီနဗီးလ္ ေနထိုင္ခဲ့ဖူးေသာ မန္ခ်က္စတာေဒသၾကီး၊ ေဘာ္လ္တန္အရပ္ရွိ စံအိမ္မွာ အေရာင္းေစ်းကြက္သို႔ ျပန္လည္ေရာက္ရွိေနသည္။ လက္ရွိအားျဖင့္ ဆဲလ္ဖုိ႔ဒ္အသင္း၏ ပိုင္ရွင္တစ္ဦးျဖစ္ေနသူ မန္ယူကစားသမားေဟာင္း ဂယ္ရီနဗီးလ္သည္ အဆိုပါစံအိမ္ကို လြန္ခဲ့ေသာ ၁၈ ႏွစ္က ေရာင္းခ်လိုက္ျခင္း ျဖစ္သည္။

ျခံဝန္းအက်ယ္ ၃၅ ဧကရွိျပီး ၁၉၉၉ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည့္ အိပ္ခန္း ၅ ခန္းပါ စံအိမ္ျဖစ္သည္။ ျခံဝန္းအတြင္း ၅ က်င္းပါ ေဂါက္ကြင္း၊ တင္းနစ္ကြင္းႏွင့္ က်ယ္ေျပာလွေသာ ေရကူးကန္တို႔ ပါဝင္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside the Cheshire and Greater Manchester homes where Man United's biggest stars have lived (manchestereveningnews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service