မီးပြတ်တောက်မှုများ

မီးပြတ်တောက်မှုများ - Property Knowledge in Myanmar from iMyanmarHouse.com
22 Feb 2022 9:57 am တွင် တင်ခဲ့သည်
605 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

“မီးပြတ်တောက်မှုနှင့်ပတ်သက်၍ အကြံပြုချက်များ”၊ “မီးပြတ်တောက်မှုအတွင်း သင့်ကိုယ်သင် ကာကွယ်စောင့်ရှောက်ရန်နည်းလမ်း” နဲ့ “မီးပြန်လာပြီးနောက် လုပ်ဆောင်ရန်” စတဲ့ သိမှတ်ဖွယ်ရာဗဟုသုတလေးတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးထားပါတယ်။

အချိန်ကြာကြာ မီးပြတ်မှု (ခေါ်) အချိန်ကြာကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေဟာ ပြတ်တောက်မှုဖြစ်ပွားတဲ့အရပ်ဒေသရှိ လူတစ်စုလုံးနဲ့ စီးပွားရေးကို သက်ရောက်မှုရှိနိုင်ပါတယ်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုက

(၁) ဆက်သွယ်ရေး၊ ရေနဲ့ ပို့ဆောင်ရေးတွေကို အလျဉ်ပြတ်စေပါတယ်

(၂) လက်လီအရောင်းလုပ်ငန်း၊ ကုန်စုံဆိုင်၊ ဓာတ်ဆီဆိုင်၊ ATM စက်၊ ဘဏ်နဲ့ အခြားဝန်ဆောင်မှုတွေကို ပိတ်ရစေပါတယ်

(၃) အစားအစာပုပ်သိုးမှုနဲ့ ရေညစ်ညမ်းမှုတို့ကို ဖြစ်ပွားစေပါတယ်

(၄) ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာတွေကို အသုံးပြုမရဖြစ်စေပါတယ်

မီးပြတ်တောက်မှုနှင့်ပတ်သက်၍ အကြံပြုချက်များ

(၁) ရေခဲသေတ္တာတွေနဲ့ ရေခဲခံသေတ္တာ (freezer) တွေကို (တံခါး) ပိတ်ထားပါ။

(၂) မီးစက်သုံးပါ၊ ဒါပေမဲ့ အဆောက်အအုံအပြင်ဘက်ဖြစ်ကာ ပြတင်းပေါက်တွေနဲ့ ဝေးတဲ့နေရာမှာသာ သုံးပါ။

(၃) ချမ်းအေးတဲ့အရပ်ဒေသတွေမှာဆို နေအိမ်ကို အနွေးဓာတ်ပေးဖို့အတွက် ဂတ်စ်မီးဖို (ဓာတ်ငွေ့မီးဖို)၊ မုန့် အစရှိသဖြင့် ဖုတ်ရန်ဖိုတို့ မသုံးရ။

(၄) လျှပ်စစ်ဓာတ်အားတစ်ရှိန်ထိုးတက်ခြင်းကြောင့် ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ရန် အီလက်ထ‌ရောနစ်ပစ္စည်းကိရိယာတွေနဲ့ အိမ်အသုံးအဆောင်တွေကို မီးကြိုးဖြုတ်ပါ။

(၅) ဆေးတွေကို ရေခဲရိုက်ခြင်းနဲ့ ဓာတ်အားသုံး ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာတွေ အသုံးပြုခြင်းအတွက် အခြားအစီအစဉ်တွေ ထားရှိပါ။

(၆) သင့်အနီးအနား ဖွင့်လှစ်တဲ့ အပူဓာတ် (သို့မဟုတ်) အအေးဓာတ်ပေးတဲ့နေရာတွေနဲ့ပတ်သက်ပြီး ဒေသဆိုင်ရာတာဝန်ရှိသူတွေထံ စုံစမ်းပါ။

မီးပြတ်တောက်မှုအတွင်း သင့်ကိုယ်သင် ကာကွယ်စောင့်ရှောက်ရန်နည်းလမ်း

သင်ရှိတဲ့အရပ်က ပူလွန်း (သို့မဟုတ်) အေးလွန်းနေလျှင် မီးလာတဲ့အရပ်သို့ သွားပါ။

(၁) မီးပြတ်တောက်မှုအတွက် ကြိုတင်ပြင်ဆင်ခြင်း

သင်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားသုံးအရာဝတ္ထုတွေစာရင်းကို ချရေးပါ။ မီးပြတ်တဲ့အခါ သင့်လိုအပ်ချက်တွေနဲ့ကိုက်ညီဖို့ power bank ကဲ့သို့သော ဓာတ်ခဲ၊ ဘက်ထရီအိုးတွေနဲ့ အခြားရွေးချယ်စရာစွမ်းအင်ရင်းမြစ်တွေ ပြင်ဆင်ပါ။ မိသားစုဝင်တိုင်းအတွက် ဓာတ်မီးတွေ ထားရှိပါ။ သင့်လက်ကိုင်ဖုန်း (သို့မဟုတ်) အိမ်ဖုန်းက မီးပြတ်တောက်မှုအတွင်း ဖုန်းလိုင်းမိ/မမိနဲ့ ဖုန်းဘက်ထရီ အချိန်ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ တွက်ချက်ပါ။

(၂) သင့်ဆေးဘက်ဆိုင်ရာလိုအပ်ချက်များအား သိပါစေ

လျှပ်စစ်ဓာတ်အားသုံး ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာတွေနဲ့ ရေခဲရိုက်ရတဲ့ ဆေးတွေအတွက် သင်ပြင်ဆင်ထားတဲ့ မီးပြတ်တောက်မှုအစားထိုးအစီအစဉ်အကြောင်း သင့်ရဲ့ဆေးဘက်ဆိုင်ရာပံ့ပိုးပေးသူနဲ့ စကားပြောပါ။ ဆေးဝါးကို ပိုမိုမြင့်မားတဲ့အပူချိန်မှာ ဘယ်လောက်ကြာကြာ ထိန်းသိမ်းသိုလှောင်နိုင်မလဲဆိုတာ သိအောင်လုပ်ပြီး အသက်အတွက် အလွန်အရေးပါတဲ့ ဘယ်ဆေးဝါးမဆိုအတွက် သီးသန့်လမ်းညွှန်ချက် ရယူပါ။

(၃) အစားအစာသိုလှောင်မှု

မပျက်စီးလွယ်၊ မပုပ်သိုးလွယ်တဲ့ အစားအစာနဲ့ ရေ လုံလုံလောက်လောက် ထားရှိပါ။ ရေခဲခံသေတ္တာ (freezer) တွေနဲ့ ရေခဲသေတ္တာတွေကို (တံခါး) ပိတ်ထားပါ။ ရေခဲသေတ္တာဆို လျှပ်စစ်ဓာတ်အားမရတော့သည့်တိုင် အစားအစာတွေကို လေးနာရီလောက် ဆက်လက်အေးမြနေစေမှာပါ။ ရေခဲခံသေတ္တာ (freezer) ဆိုရင်တော့ အပူချိန်ကို ၄၈ နာရီလောက် ဆက်ထိန်းပေးထားနိုင်ပါသေးတယ်။ လိုအပ်ရင် ရေခဲတုံးတွေနဲ့ ဝန်းရံကာ အစားအစာတွေကို အေးမြစေပါ။ အပူချိန်တိုင်းကိရိယာသုံးပြီး အစားအစာတွေရဲ့ အပူချိန်တွေကို စောင့်ကြည့်ပါ။ အကယ်၍ အပူချိန်က ၄၀ ဒီဂရီ (°C) ရှိတယ် ဒါမှမဟုတ် အဲဒီထက်မြင့်မားတယ်ဆိုရင်တော့ အဲဒီအစားအစာကို လွှင့်ပစ်ပါ။

(၄) မီးပြတ်တောက်မှုအတွင်း အိမ်အသုံးအဆောင်များ အသုံးပြုခြင်း

မီးစက်၊ မီးသွေးမီးဖိုနဲ့ ဂတ်စ်မီးဖို (ဓာတ်ငွေ့မီးဖို) တွေကို အမြဲတစေ အဆောက်အအုံအပြင်ဘက်မှာပဲ အသုံးပြုသင့်ကာ ပြတင်းပေါက်တွေနဲ့ အနည်းဆုံး ပေ ၂၀ ကွာဝေးစေသင့်ပါတယ်။ သင့်အိမ်အပူချိန်က အရမ်းအေးတာကြောင့် အနွေးဓာတ်ပေးတဲ့အခါ ဂတ်စ်မီးဖို၊ မုန့်စသည် ဖုတ်ရန်ဖိုတွေကို ဘယ်တော့မှ အသုံးမပြုပါနဲ့။ အိမ်အသုံးအဆောင်၊ ပစ္စည်းကိရိယာနဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို မီးကြိုးဖြုတ်ပါ သို့မဟုတ် စက်ပိတ်ပါ။ မီးပြန်လာတဲ့အခါ မီးအားမငြိမ်သေးခြင်း၊ မီးအားတစ်ရှိန်ထိုးတက်ခြင်းတို့ဖြစ်နိုင်တာကြောင့် အဆိုပါသင့်စက်ပစ္စည်းတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

မီးပြန်လာပြီးနောက် လုပ်ဆောင်ရန်

(၁) သံသယရှိရင် လွှင့်သာပစ်ပါ။ ၄၀ ဒီဂရီ (°C) နဲ့အထက်မြင့်မားတဲ့ အပူချိန်တွေနဲ့ နှစ်နာရီနဲ့အထက် ထိတွေ့ထားတဲ့ ဒါမှမဟုတ် အနံ့၊ အရောင်အဆင်း၊ ပုံသဏ္ဍာန်အနေအထား ပျက်ယွင်းနေတဲ့ အစားအစာမှန်သမျှ လွှင့်ပစ်ပါ။

(၂) တစ်ရက်ကျော်ကြာအောင် မီးပြတ်နေရင် ရေခဲရိုက်သင့်တဲ့ ဆေးမှန်သမျှကို (ဆေးအညွှန်းက မည်သို့ဆိုသည်ဖြစ်စေ) ဖျက်ဆီးပစ်ပါ။ ဆေးအသစ်ပေးဖို့အတွက် သင့်ဆရာဝန် (သို့မဟုတ်) ဆေးဝါးပညာရှင်ကို တိုင်ပင်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: power outages (ready.gov)

[Zawgyi]

မီးျပတ္ေတာက္မႈမ်ား

“မီးျပတ္ေတာက္မႈႏွင့္ပတ္သက္၍ အၾကံျပဳခ်က္မ်ား”၊ “မီးျပတ္ေတာက္မႈအတြင္း သင့္ကိုယ္သင္ ကာကြယ္ေစာင့္ေ႐ွာက္ရန္နည္းလမ္း” နဲ႔ “မီးျပန္လာၿပီးေနာက္ လုပ္ေဆာင္ရန္” စတဲ့ သိမွတ္ဖြယ္ရာဗဟုသုတေလးေတြကို ဒီေဆာင္းပါးမွာ ေဖာ္ျပေပးထားပါတယ္။

အခ်ိန္ၾကာၾကာ မီးျပတ္မႈ (ေခၚ) အခ်ိန္ၾကာၾကာ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈေတြဟာ ျပတ္ေတာက္မႈျဖစ္ပြားတဲ့အရပ္ေဒသ႐ွိ လူတစ္စုလုံးနဲ႔ စီးပြားေရးကို သက္ေရာက္မႈ႐ွိႏိုင္ပါတယ္။

လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈက

(၁) ဆက္သြယ္ေရး၊ ေရနဲ႔ ပို႔ေဆာင္ေရးေတြကို အလ်ဥ္ျပတ္ေစပါတယ္

(၂) လက္လီအေရာင္းလုပ္ငန္း၊ ကုန္စုံဆိုင္၊ ဓာတ္ဆီဆိုင္၊ ATM စက္၊ ဘဏ္နဲ႔ အျခားဝန္ေဆာင္မႈေတြကို ပိတ္ရေစပါတယ္

(၃) အစားအစာပုပ္သိုးမႈနဲ႔ ေရညစ္ညမ္းမႈတို႔ကို ျဖစ္ပြားေစပါတယ္

(၄) ေဆးဘက္ဆိုင္ရာပစၥည္းကိရိယာေတြကို အသုံးျပဳမရျဖစ္ေစပါတယ္

မီးျပတ္ေတာက္မႈႏွင့္ပတ္သက္၍ အၾကံျပဳခ်က္မ်ား

(၁) ေရခဲေသတၱာေတြနဲ႔ ေရခဲခံေသတၱာ (freezer) ေတြကို (တံခါး) ပိတ္ထားပါ။

(၂) မီးစက္သုံးပါ၊ ဒါေပမဲ့ အေဆာက္အအုံအျပင္ဘက္ျဖစ္ကာ ျပတင္းေပါက္ေတြနဲ႔ ေဝးတဲ့ေနရာမွာသာ သုံးပါ။

(၃) ခ်မ္းေအးတဲ့အရပ္ေဒသေတြမွာဆို ေနအိမ္ကို အေႏြးဓာတ္ေပးဖို႔အတြက္ ဂတ္စ္မီးဖို (ဓာတ္ေငြ႕မီးဖို)၊ မုန္႔ အစ႐ွိသျဖင့္ ဖုတ္ရန္ဖိုတို႔ မသုံးရ။

(၄) လွ်ပ္စစ္ဓာတ္အားတစ္႐ွိန္ထိုးတက္ျခင္းေၾကာင့္ ထိခိုက္ပ်က္စီးျခင္းမွ ကာကြယ္ရန္ အီလက္ထ‌ေရာနစ္ပစၥည္းကိရိယာေတြနဲ႔ အိမ္အသုံးအေဆာင္ေတြကို မီးႀကိဳးျဖဳတ္ပါ။

(၅) ေဆးေတြကို ေရခဲ႐ိုက္ျခင္းနဲ႔ ဓာတ္အားသုံး ေဆးဘက္ဆိုင္ရာစက္ပစၥည္းကိရိယာေတြ အသုံးျပဳျခင္းအတြက္ အျခားအစီအစဥ္ေတြ ထား႐ွိပါ။

(၆) သင့္အနီးအနား ဖြင့္လွစ္တဲ့ အပူဓာတ္ (သို႔မဟုတ္) အေအးဓာတ္ေပးတဲ့ေနရာေတြနဲ႔ပတ္သက္ၿပီး ေဒသဆိုင္ရာတာဝန္႐ွိသူေတြထံ စုံစမ္းပါ။

မီးျပတ္ေတာက္မႈအတြင္း သင့္ကိုယ္သင္ ကာကြယ္ေစာင့္ေ႐ွာက္ရန္နည္းလမ္း

သင္႐ွိတဲ့အရပ္က ပူလြန္း (သို႔မဟုတ္) ေအးလြန္းေနလွ်င္ မီးလာတဲ့အရပ္သို႔ သြားပါ။

(၁) မီးျပတ္ေတာက္မႈအတြက္ ႀကိဳတင္ျပင္ဆင္ျခင္း

သင္လိုအပ္တဲ့ လွ်ပ္စစ္ဓာတ္အားသုံးအရာဝတၳဳေတြစာရင္းကို ခ်ေရးပါ။ မီးျပတ္တဲ့အခါ သင့္လိုအပ္ခ်က္ေတြနဲ႔ကိုက္ညီဖို႔ power bank ကဲ့သို႔ေသာ ဓာတ္ခဲ၊ ဘက္ထရီအိုးေတြနဲ႔ အျခားေ႐ြးခ်ယ္စရာစြမ္းအင္ရင္းျမစ္ေတြ ျပင္ဆင္ပါ။ မိသားစုဝင္တိုင္းအတြက္ ဓာတ္မီးေတြ ထား႐ွိပါ။ သင့္လက္ကိုင္ဖုန္း (သို႔မဟုတ္) အိမ္ဖုန္းက မီးျပတ္ေတာက္မႈအတြင္း ဖုန္းလိုင္းမိ/မမိနဲ႔ ဖုန္းဘက္ထရီ အခ်ိန္ဘယ္ေလာက္ၾကာၾကာ ခံမလဲဆိုတာ တြက္ခ်က္ပါ။

(၂) သင့္ေဆးဘက္ဆိုင္ရာလိုအပ္ခ်က္မ်ားအား သိပါေစ

လွ်ပ္စစ္ဓာတ္အားသုံး ေဆးဘက္ဆိုင္ရာပစၥည္းကိရိယာေတြနဲ႔ ေရခဲ႐ိုက္ရတဲ့ ေဆးေတြအတြက္ သင္ျပင္ဆင္ထားတဲ့ မီးျပတ္ေတာက္မႈအစားထိုးအစီအစဥ္အေၾကာင္း သင့္ရဲ႕ေဆးဘက္ဆိုင္ရာပံ့ပိုးေပးသူနဲ႔ စကားေျပာပါ။ ေဆးဝါးကို ပိုမိုျမင့္မားတဲ့အပူခ်ိန္မွာ ဘယ္ေလာက္ၾကာၾကာ ထိန္းသိမ္းသိုေလွာင္ႏိုင္မလဲဆိုတာ သိေအာင္လုပ္ၿပီး အသက္အတြက္ အလြန္အေရးပါတဲ့ ဘယ္ေဆးဝါးမဆိုအတြက္ သီးသန္႔လမ္းၫႊန္ခ်က္ ရယူပါ။

(၃) အစားအစာသိုေလွာင္မႈ

မပ်က္စီးလြယ္၊ မပုပ္သိုးလြယ္တဲ့ အစားအစာနဲ႔ ေရ လုံလုံေလာက္ေလာက္ ထား႐ွိပါ။ ေရခဲခံေသတၱာ (freezer) ေတြနဲ႔ ေရခဲေသတၱာေတြကို (တံခါး) ပိတ္ထားပါ။ ေရခဲေသတၱာဆို လွ်ပ္စစ္ဓာတ္အားမရေတာ့သည့္တိုင္ အစားအစာေတြကို ေလးနာရီေလာက္ ဆက္လက္ေအးျမေနေစမွာပါ။ ေရခဲခံေသတၱာ (freezer) ဆိုရင္ေတာ့ အပူခ်ိန္ကို ၄၈ နာရီေလာက္ ဆက္ထိန္းေပးထားႏိုင္ပါေသးတယ္။ လိုအပ္ရင္ ေရခဲတုံးေတြနဲ႔ ဝန္းရံကာ အစားအစာေတြကို ေအးျမေစပါ။ အပူခ်ိန္တိုင္းကိရိယာသုံးၿပီး အစားအစာေတြရဲ႕ အပူခ်ိန္ေတြကို ေစာင့္ၾကည့္ပါ။ အကယ္၍ အပူခ်ိန္က ၄၀ ဒီဂရီ (°C) ႐ွိတယ္ ဒါမွမဟုတ္ အဲဒီထက္ျမင့္မားတယ္ဆိုရင္ေတာ့ အဲဒီအစားအစာကို လႊင့္ပစ္ပါ။

(၄) မီးျပတ္ေတာက္မႈအတြင္း အိမ္အသုံးအေဆာင္မ်ား အသုံးျပဳျခင္း

မီးစက္၊ မီးေသြးမီးဖိုနဲ႔ ဂတ္စ္မီးဖို (ဓာတ္ေငြ႕မီးဖို) ေတြကို အၿမဲတေစ အေဆာက္အအုံအျပင္ဘက္မွာပဲ အသုံးျပဳသင့္ကာ ျပတင္းေပါက္ေတြနဲ႔ အနည္းဆုံး ေပ ၂၀ ကြာေဝးေစသင့္ပါတယ္။ သင့္အိမ္အပူခ်ိန္က အရမ္းေအးတာေၾကာင့္ အေႏြးဓာတ္ေပးတဲ့အခါ ဂတ္စ္မီးဖို၊ မုန္႔စသည္ ဖုတ္ရန္ဖိုေတြကို ဘယ္ေတာ့မွ အသုံးမျပဳပါနဲ႔။ အိမ္အသုံးအေဆာင္၊ ပစၥည္းကိရိယာနဲ႔ အီလက္ထေရာနစ္ပစၥည္းေတြကို မီးႀကိဳးျဖဳတ္ပါ သို႔မဟုတ္ စက္ပိတ္ပါ။ မီးျပန္လာတဲ့အခါ မီးအားမၿငိမ္ေသးျခင္း၊ မီးအားတစ္႐ွိန္ထိုးတက္ျခင္းတို႔ျဖစ္ႏိုင္တာေၾကာင့္ အဆိုပါသင့္စက္ပစၥည္းေတြကို ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။

မီးျပန္လာၿပီးေနာက္ လုပ္ေဆာင္ရန္

(၁) သံသယ႐ွိရင္ လႊင့္သာပစ္ပါ။ ၄၀ ဒီဂရီ (°C) နဲ႔အထက္ျမင့္မားတဲ့ အပူခ်ိန္ေတြနဲ႔ ႏွစ္နာရီနဲ႔အထက္ ထိေတြ႕ထားတဲ့ ဒါမွမဟုတ္ အနံ႔၊ အေရာင္အဆင္း၊ ပုံသ႑ာန္အေနအထား ပ်က္ယြင္းေနတဲ့ အစားအစာမွန္သမွ် လႊင့္ပစ္ပါ။

(၂) တစ္ရက္ေက်ာ္ၾကာေအာင္ မီးျပတ္ေနရင္ ေရခဲ႐ိုက္သင့္တဲ့ ေဆးမွန္သမွ်ကို (ေဆးအၫႊန္းက မည္သို႔ဆိုသည္ျဖစ္ေစ) ဖ်က္ဆီးပစ္ပါ။ ေဆးအသစ္ေပးဖို႔အတြက္ သင့္ဆရာဝန္ (သို႔မဟုတ္) ေဆးဝါးပညာ႐ွင္ကို တိုင္ပင္ပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: power outages (ready.gov)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service