အပိုအလိုမရှိသူ (minimalist) တစ်ဦး၏ ဘဝနေထိုင်မှုပုံစံ စတင်ရန် အဆင့် (၄) ဆင့်

အပိုအလိုမရှိသူ (minimalist) တစ်ဦး၏ ဘဝနေထိုင်မှုပုံစံ စတင်ရန် အဆင့် (၄) ဆင့် - Property Knowledge in Myanmar from iMyanmarHouse.com
21 Feb 2022 12:12 pm တွင် တင်ခဲ့သည်
833 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မာယာများပြီး ရှုပ်ထွေးလှတဲ့လောကကြီးမှာ သင့်ပတ်ဝန်းကျင်ရှိ အရာတွေကြောင့် သင်မွန်းကျပ်နေရင် ရိုးရိုးရှင်းရှင်းနေထိုင်လိုက်ခြင်းက လတ်ဆတ်တဲ့လေကို ရှူရှိုက်လိုက်ရသလိုမျိုး ခံစားရနိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းနေထိုင်ခြင်းဆိုတော့ အင်္ဂလိပ်လိုဆို Minimalism ပေါ့။ Minimalism ကို အဓိပ္ပာယ်ဖွင့်ဆိုရမယ်ဆိုရင် မရှိမဖြစ်လိုအပ်တဲ့အရာတွေသာ ရှိစေပြီး မလိုတာတွေ စွန့်ကာ ဖြစ်နိုင်သမျှ နည်းနည်းနဲ့ပဲ ရှင်သန်နေထိုင်ခြင်းလို့ ဆိုရမှာပါ။ အဲဒီလိုမျိုးလိုအပ်သလောက်သာရှိစေပြီး အပိုမရှိ၊ ရိုးရှင်းစွာ ရှင်သန်နေထိုင်တဲ့အလေ့ (Minimalism) ကျင့်သုံးသူတွေကို Minimalist လို့ခေါ်ပါတယ်။

အဲဒီလိုနေထိုင်လို့ ဘာတွေများအကျိုးအမြတ်ရမှာပါလိမ့်။ Minimalism ဟာ တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံနဲ့လည်း အကျုံးဝင်တာကြောင့် သင့်အတွက် ဆေးဖြစ်စေမှာတော့ သေချာပါတယ်။ နေအိမ်ထဲမှာဆိုလည်း မြင်ကွင်းကို ရှင်းစေတာကြောင့် အိမ်သန့်ရှင်းရေးအလုပ်သက်သာကာ စိတ်ကိုပါကြည်လင်အေးချမ်းစေပါတယ်။ မလိုတာကို မစားသုံး၊ မသုံးစွဲ၊ မဝယ်ယူတော့တာကြောင့် ပိုင်ဆိုင်လိုစိတ်အား အလိုလိုက်မိခြင်းရဲ့ နောက်ဆက်တွဲဝန်ထုပ်ဝန်ပိုးတွေ၊ နောင်တတွေကနေလည်း သင့်ကို လွတ်မြောက်စေပါလိမ့်မယ်။ မလိုအပ်တဲ့ဝန်ထုပ်တွေကို မထမ်းပိုးရတော့တဲ့အခါ ဘဝနေထိုင်မှုမှာ အဘက်ဘက်က တိုးတက်လာပါလိမ့်မယ်။

Minimalism ရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြရမယ်ဆို တော်တော်လေးရှည်ပါလိမ့်မယ်။ အချုပ်အားဖြင့်ဆိုရရင် မိမိသာမက ပတ်ဝန်းကျင်ရှိလူတွေနဲ့ ကမ္ဘာလောကကြီးအတွက်ပါ အကျိုးပြုပါတယ်။

ဒါကြောင့် သင့်နေစဉ်ဘဝမှာ Minimalism ကို အသုံးချပြီး Minimalist တစ်ယောက်အဖြစ် စတင်နိုင်ဖို့ရာ အဆင့်လေးဆင့် ဆောင်ရွက်ဖို့လိုပါတယ်။

၁။ ဘာကြောင့်လဲဆိုတာ သိပါစေ

Minimalist တစ်ယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကို ဘာလို့စတင်ချင်တာလဲ၊ ဘာက သင့်ရဲ့နောက်ဆုံးပန်းတိုင်လဲနဲ့ ဘာကို အောင်မြင်ရရှိဖို့ မျှော်လင့်တာလဲ စတဲ့မေးခွန်းတွေ သင့်ကိုယ်သင်ပြန်မေးပါ။ သေချာသိအောင် အချိန်ယူ အဖြေရှာပါ။ သင်လုပ်ဆောင်မယ့်အရာနဲ့ပတ်သက်ပြီး သင့်မှာသေချာရေရာမှုမရှိဘူးဆိုရင် လုပ်ဆောင်ချက်ကလည်း တည်ငြိမ်အောင်မြင်တော့မှာ မဟုတ်ပါဘူး။

၂။ စားသုံးခြင်း၊ သုံးစွဲခြင်း၊ အသုံးပြုခြင်း၏ အကြောင်းရင်းများအား နားလည်ပါ

စားသုံးခြင်း၊ သုံးစွဲခြင်း၊ အသုံးပြုခြင်းဆိုတာ မလွဲဧကန်ဖြစ်နေရတဲ့အရာတွေပါ။ ဒါပေမဲ့ လွန်ကဲတဲ့ စားသုံးမှု၊ သုံးစွဲမှု၊ အသုံးပြုမှုတွေ မဖြစ်အောင်လို့တော့ ကျွန်ုပ်တို့တွေ အစကတည်းက ဆင်ခြင်နိုင်ပါတယ်နော်။

ဈေးဝယ်ခြင်း (မဝယ်ခင် ခဏလောက်အချိန်ယူစဉ်းစားပါ)

ဝယ်ယူမယ့်အရာကို သင်အမှန်တကယ်လိုအပ်မအပ် ဆုံးဖြတ်ဖို့ ဝယ်ယူခြင်းအား ဖြစ်နိုင်ရင် ရက် ၃၀ ကြာ အချိန်ဆိုင်းထားပါ။ လိုအပ်တာသေချာပြီဆိုရင် အရည်အသွေးကောင်း၊ ကြာရှည်ခံမယ့် ထုတ်ကုန်ကိုသာ ဝယ်ယူပါ။

လက်ဆောင်များ (ယဉ်ကျေးစွာ ငြင်းပယ်နည်း)

သင့်ဘဝမှာ သင့်အတွက်မလိုအပ်ပေမဲ့ ချစ်ခင်ရသူတွေပေးတာဖြစ်လို့ ငြင်းရမှာအာနာပြီး လက်ခံရယူလိုက်ရတာတွေ အများကြီးရှိမှာပါ။ သူတို့သင့်ကိုပေးတဲ့အရာတွေ လက်မခံချင်ကြောင်း ချစ်ခင်သူတွေကို ပြောဆိုရတာဟာ ခဲရာခဲဆစ်နိုင်နိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ လက်မခံချင်ရတဲ့အကြောင်းရင်းကို လေးလေးစားစားနဲ့ စိတ်ရှည်စွာ သူတို့ကို သေချာရှင်းပြပါ။ ဘယ်လိုမှငြင်းမရတဲ့အခါ သင့်အနေနဲ့ အခြားလိုအပ်သူတစ်ဦးဦးကို ပြန်လည်ဝေမျှကောင်းဝေမျှနိုင်မယ့်အကြောင်းပါ အသိပေးပြီးတော့မှ လက်ခံပါ။ ကိုယ့်ကိုပေးတာကို ကိုယ်ကလက်ခံတယ်ဆိုရင် ကိုယ့်ပစ္စည်းဖြစ်သွားပြီဖြစ်တာကြောင့် အသိမပေးဘဲ ပြန်လည်ဝေမျှမယ်ဆိုလည်း မျှဝေလို့ရပေမဲ့၊ အကယ်၍ ပေးတဲ့သူက ပေးပြီးပြီးရောမဟုတ်ဘဲ ကိုယ်စားသုံး၊ သုံးစွဲစေချင်စိတ်နဲ့ ပေးတာဆိုရင် (ကိုယ်မသုံးဖြစ်ဘဲ အခြားသူကိုပြန်ပေးလိုက်ကြောင်း ပြန်လည်သိရတော့မှ) နောက်ပိုင်းစိတ်ဆိုးစိတ်ခုအထင်လွဲစရာမရှိရလေအောင် အသိပေးသင့်တာဖြစ်ပါတယ်။

၃။ နည်းနိုင်သမျှနည်းစေနည်း၊ ရှင်းလင်းနေစေနည်း၊ နှင့် အစီအစဉ်တကျရှိစေနည်း

ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်း၊ သန့်စင်ခန်း စသဖြင့် အခန်းတစ်ခန်း ဒါမှမဟုတ် အဝတ်ဗီရိုတစ်လုံးကနေ စတင်လိုက်ပါ။ ၁ - ၂ နာရီကြာ အချိန်ယူပြီး စွန့်ပစ်ရမယ့်အရာ၊ စွန့်ကြဲရမယ့်အရာ၊ ပြန်လည်ပြုပြင်သုံးစွဲရမယ့်အရာ၊ ပြန်လည်ရောင်းချမယ့်အရာ၊ ဆက်လက်ထားရှိသင့်တဲ့အရာ စသဖြင့် စစ်ထုတ်ပါ။ ဝေခွဲမရဖြစ်နေတဲ့အရာတွေဆိုရင် ပုံး/အိတ်/သေတ္တာ စသဖြင့် ထည့်စရာတစ်ခုခုထဲ အချိန်တစ်ခုကြာထည့်ထားပြီး နောက်မှပြန်လည်ဆန်းစစ်ဆုံးဖြတ်ပါ။

သက်မဲ့အရာတွေသာမက သက်ရှိတွေလည်း အလားတူပါပဲ။ အဓိကအပတ်သက်ရဆုံးသက်ရှိဖြစ်တာက လူဖြစ်တာကြောင့် လူတွေနဲ့ ဥပမာပေးပါရစေ။ ဘဝမှာကြုံလာသမျှလူပုဂ္ဂိုလ်တွေအတွက် ကိုယ့်အချိန်တွေ၊ ခွန်အားတွေအသုံးပြုနေလို့မရပါဘူး။ ကိုယ့်ဘဝအတွက် အဓိကကျ လိုအပ်သူတွေကိုသာ အခြေအနေ၊ အချိန်အခါတွေပေါ်မူတည်ပြီး ဦးစားပေးအစဉ်နဲ့ ပိုမိုအချိန်ပေးပတ်သက်ဂရုစိုက်သင့်ပါတယ်။ ဒါမှသာ Minimalist တစ်ယောက်ဖြစ်မှာပါ။

၄။ Minimalist လမ်းကြောင်းပေါ် ရှိနေခြင်း

သင့်ရဲ့ Minimalism ခရီးလမ်းမှာ အခက်အခဲ၊ အကျပ်အတည်းတွေအမျိုးမျိုးအဖုံဖုံ ရှိပါလိမ့်မယ်။ ဒါကြောင့်လည်း သင်ဒီဘဝနေထိုင်မှုပုံစံကို စတင်ပြောင်းလဲချင်ရခြင်းအကြောင်းရင်းအတွေးအမြင်သဘောထား ခိုင်မာရှင်းလင်းပြတ်သားဖို့လိုကြောင်း အဆင့် ၁ မှာကတည်းက ဖော်ပြခဲ့တာဖြစ်ပါတယ်။

အခြား Minimalist ပုဂ္ဂိုလ်တွေနဲ့ အွန်လိုင်းမှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အဆက်အသွယ်ပြုလုပ်ခြင်းက သင့် Minimalism ခရီးလမ်းတစ်လျှောက် အကဲစမ်း၊ စိန်ခေါ်မှုတွေကြုံရတဲ့အခါ အားအင်ဖြစ်၊ အကြံဉာဏ်ရစေနိုင်ပါတယ်နော်။

မဖြစ်မနေစားသုံး၊ သုံးစွဲရခြင်းတွေအတွက်လည်း နှမြောစိတ်မဖြစ်မိပါစေနဲ့ဦး။ အတိုင်းအတာတစ်ခုထိ စားသုံး၊ သုံးစွဲ၊ အသုံးပြုရခြင်းတွေဆိုတာ မလွဲမသွေဧကန်ပြုလုပ်နေကြရတဲ့အရာတွေဆိုတာကို အမှတ်ရပါ။ စားသင့်စားထိုက်၊ သုံးသင့်သုံးထိုက်တာကို မစားမသောက်၊ မသုံးမစွဲနေထိုင်ခြင်းက minimalism မဟုတ်တဲ့အပြင် ဆုတ်ယုတ်ခြင်းတွေကိုသာ ဖြစ်စေမှာပါ။ မရှိမဖြစ်လိုအပ်တဲ့အရာတွေသာ ရှိစေပြီး မလိုတာတွေ စွန့်ကာ ဖြစ်နိုင်သမျှ နည်းနည်းနဲ့ပဲ ရှင်သန်နေထိုင်ခြင်းကသာ Minimalism ပါနော်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 4 steps to start a minimalist lifestyle(simplybychristine.com)

 

 

[Zawgyi]

အပိုအလိုမ႐ွိသူ (minimalist) တစ္ဦး၏ ဘဝေနထိုင္မႈပုံစံ စတင္ရန္ အဆင့္ (၄) ဆင့္

မာယာမ်ားၿပီး ႐ႈပ္ေထြးလွတဲ့ေလာကႀကီးမွာ သင့္ပတ္ဝန္းက်င္႐ွိ အရာေတြေၾကာင့္ သင္မြန္းက်ပ္ေနရင္ ႐ိုး႐ိုး႐ွင္း႐ွင္းေနထိုင္လိုက္ျခင္းက လတ္ဆတ္တဲ့ေလကို ႐ွဴ႐ိႈက္လိုက္ရသလိုမ်ိဳး ခံစားရႏိုင္ပါတယ္။ ႐ိုး႐ိုး႐ွင္း႐ွင္းေနထိုင္ျခင္းဆိုေတာ့ အဂၤလိပ္လိုဆို Minimalism ေပါ့။ Minimalism ကို အဓိပၸာယ္ဖြင့္ဆိုရမယ္ဆိုရင္ မ႐ွိမျဖစ္လိုအပ္တဲ့အရာေတြသာ ႐ွိေစၿပီး မလိုတာေတြ စြန္႔ကာ ျဖစ္ႏိုင္သမွ် နည္းနည္းနဲ႔ပဲ ႐ွင္သန္ေနထိုင္ျခင္းလို႔ ဆိုရမွာပါ။ အဲဒီလိုမ်ိဳးလိုအပ္သေလာက္သာ႐ွိေစၿပီး အပိုမ႐ွိ၊ ႐ိုး႐ွင္းစြာ ႐ွင္သန္ေနထိုင္တဲ့အေလ့ (Minimalism) က်င့္သုံးသူေတြကို Minimalist လို႔ေခၚပါတယ္။

အဲဒီလိုေနထိုင္လို႔ ဘာေတြမ်ားအက်ိဳးအျမတ္ရမွာပါလိမ့္။ Minimalism ဟာ တန္ေဆးလြန္ေဘးဆိုတဲ့ စကားပုံနဲ႔လည္း အက်ံဳးဝင္တာေၾကာင့္ သင့္အတြက္ ေဆးျဖစ္ေစမွာေတာ့ ေသခ်ာပါတယ္။ ေနအိမ္ထဲမွာဆိုလည္း ျမင္ကြင္းကို ႐ွင္းေစတာေၾကာင့္ အိမ္သန္႔႐ွင္းေရးအလုပ္သက္သာကာ စိတ္ကိုပါၾကည္လင္ေအးခ်မ္းေစပါတယ္။ မလိုတာကို မစားသုံး၊ မသုံးစြဲ၊ မဝယ္ယူေတာ့တာေၾကာင့္ ပိုင္ဆိုင္လိုစိတ္အား အလိုလိုက္မိျခင္းရဲ႕ ေနာက္ဆက္တြဲဝန္ထုပ္ဝန္ပိုးေတြ၊ ေနာင္တေတြကေနလည္း သင့္ကို လြတ္ေျမာက္ေစပါလိမ့္မယ္။ မလိုအပ္တဲ့ဝန္ထုပ္ေတြကို မထမ္းပိုးရေတာ့တဲ့အခါ ဘဝေနထိုင္မႈမွာ အဘက္ဘက္က တိုးတက္လာပါလိမ့္မယ္။ Minimalism ရဲ႕ အက်ိဳးေက်းဇူးေတြကို ေဖာ္ျပရမယ္ဆို ေတာ္ေတာ္ေလး႐ွည္ပါလိမ့္မယ္။ အခ်ဳပ္အားျဖင့္ဆိုရရင္ မိမိသာမက ပတ္ဝန္းက်င္႐ွိလူေတြနဲ႔ ကမ႓ာေလာကႀကီးအတြက္ပါ အက်ိဳးျပဳပါတယ္။

ဒါေၾကာင့္ သင့္ေနစဥ္ဘဝမွာ Minimalism ကို အသုံးခ်ၿပီး Minimalist တစ္ေယာက္အျဖစ္ စတင္ႏိုင္ဖို႔ရာ အဆင့္ေလးဆင့္ ေဆာင္႐ြက္ဖို႔လိုပါတယ္။

၁။ ဘာေၾကာင့္လဲဆိုတာ သိပါေစ

Minimalist တစ္ေယာက္ရဲ႕ ဘဝေနထိုင္မႈပုံစံကို ဘာလို႔စတင္ခ်င္တာလဲ၊ ဘာက သင့္ရဲ႕ေနာက္ဆုံးပန္းတိုင္လဲနဲ႔ ဘာကို ေအာင္ျမင္ရ႐ွိဖို႔ ေမွ်ာ္လင့္တာလဲ စတဲ့ေမးခြန္းေတြ သင့္ကိုယ္သင္ျပန္ေမးပါ။ ေသခ်ာသိေအာင္ အခ်ိန္ယူ အေျဖ႐ွာပါ။ သင္လုပ္ေဆာင္မယ့္အရာနဲ႔ပတ္သက္ၿပီး သင့္မွာေသခ်ာေရရာမႈမ႐ွိဘူးဆိုရင္ လုပ္ေဆာင္ခ်က္ကလည္း တည္ၿငိမ္ေအာင္ျမင္ေတာ့မွာ မဟုတ္ပါဘူး။

၂။ စားသုံးျခင္း၊ သုံးစြဲျခင္း၊ အသုံးျပဳျခင္း၏ အေၾကာင္းရင္းမ်ားအား နားလည္ပါ

စားသုံးျခင္း၊ သုံးစြဲျခင္း၊ အသုံးျပဳျခင္းဆိုတာ မလြဲဧကန္ျဖစ္ေနရတဲ့အရာေတြပါ။ ဒါေပမဲ့ လြန္ကဲတဲ့ စားသုံးမႈ၊ သုံးစြဲမႈ၊ အသုံးျပဳမႈေတြ မျဖစ္ေအာင္လို႔ေတာ့ ကြၽႏ္ုပ္တို႔ေတြ အစကတည္းက ဆင္ျခင္ႏိုင္ပါတယ္ေနာ္။

ေဈးဝယ္ျခင္း (မဝယ္ခင္ ခဏေလာက္အခ်ိန္ယူစဥ္းစားပါ)

ဝယ္ယူမယ့္အရာကို သင္အမွန္တကယ္လိုအပ္မအပ္ ဆုံးျဖတ္ဖို႔ ဝယ္ယူျခင္းအား ျဖစ္ႏိုင္ရင္ ရက္ ၃၀ ၾကာ အခ်ိန္ဆိုင္းထားပါ။ လိုအပ္တာေသခ်ာၿပီဆိုရင္ အရည္အေသြးေကာင္း၊ ၾကာ႐ွည္ခံမယ့္ ထုတ္ကုန္ကိုသာ ဝယ္ယူပါ။

လက္ေဆာင္မ်ား (ယဥ္ေက်းစြာ ျငင္းပယ္နည္း)

သင့္ဘဝမွာ သင့္အတြက္မလိုအပ္ေပမဲ့ ခ်စ္ခင္ရသူေတြေပးတာျဖစ္လို႔ ျငင္းရမွာအာနာၿပီး လက္ခံရယူလိုက္ရတာေတြ အမ်ားႀကီး႐ွိမွာပါ။ သူတို႔သင့္ကိုေပးတဲ့အရာေတြ လက္မခံခ်င္ေၾကာင္း ခ်စ္ခင္သူေတြကို ေျပာဆိုရတာဟာ ခဲရာခဲဆစ္ႏိုင္ႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ လက္မခံခ်င္ရတဲ့အေၾကာင္းရင္းကို ေလးေလးစားစားနဲ႔ စိတ္႐ွည္စြာ သူတို႔ကို ေသခ်ာ႐ွင္းျပပါ။ ဘယ္လိုမွျငင္းမရတဲ့အခါ သင့္အေနနဲ႔ အျခားလိုအပ္သူတစ္ဦးဦးကို ျပန္လည္ေဝမွ်ေကာင္းေဝမွ်ႏိုင္မယ့္အေၾကာင္းပါ အသိေပးၿပီးေတာ့မွ လက္ခံပါ။ ကိုယ့္ကိုေပးတာကို ကိုယ္ကလက္ခံတယ္ဆိုရင္ ကိုယ့္ပစၥည္းျဖစ္သြားၿပီျဖစ္တာေၾကာင့္ အသိမေပးဘဲ ျပန္လည္ေဝမွ်မယ္ဆိုလည္း မွ်ေဝလို႔ရေပမဲ့၊ အကယ္၍ ေပးတဲ့သူက ေပးၿပီးၿပီးေရာမဟုတ္ဘဲ ကိုယ္စားသုံး၊ သုံးစြဲေစခ်င္စိတ္နဲ႔ ေပးတာဆိုရင္ (ကိုယ္မသုံးျဖစ္ဘဲ အျခားသူကိုျပန္ေပးလိုက္ေၾကာင္း ျပန္လည္သိရေတာ့မွ) ေနာက္ပိုင္းစိတ္ဆိုးစိတ္ခုအထင္လြဲစရာမ႐ွိရေလေအာင္ အသိေပးသင့္တာျဖစ္ပါတယ္။

၃။ နည္းႏိုင္သမွ်နည္းေစနည္း၊ ႐ွင္းလင္းေနေစနည္း၊ ႏွင့္ အစီအစဥ္တက်႐ွိေစနည္း

ဧည့္ခန္း၊ အိပ္ခန္း၊ မီးဖိုခန္း၊ သန္႔စင္ခန္း စသျဖင့္ အခန္းတစ္ခန္း ဒါမွမဟုတ္ အဝတ္ဗီ႐ိုတစ္လုံးကေန စတင္လိုက္ပါ။ ၁ - ၂ နာရီၾကာ အခ်ိန္ယူၿပီး စြန္႔ပစ္ရမယ့္အရာ၊ စြန္႔ႀကဲရမယ့္အရာ၊ ျပန္လည္ျပဳျပင္သုံးစြဲရမယ့္အရာ၊ ျပန္လည္ေရာင္းခ်မယ့္အရာ၊ ဆက္လက္ထား႐ွိသင့္တဲ့အရာ စသျဖင့္ စစ္ထုတ္ပါ။ ေဝခြဲမရျဖစ္ေနတဲ့အရာေတြဆိုရင္ ပုံး/အိတ္/ေသတၱာ စသျဖင့္ ထည့္စရာတစ္ခုခုထဲ အခ်ိန္တစ္ခုၾကာထည့္ထားၿပီး ေနာက္မွျပန္လည္ဆန္းစစ္ဆုံးျဖတ္ပါ။

သက္မဲ့အရာေတြသာမက သက္႐ွိေတြလည္း အလားတူပါပဲ။ အဓိကအပတ္သက္ရဆုံးသက္႐ွိျဖစ္တာက လူျဖစ္တာေၾကာင့္ လူေတြနဲ႔ ဥပမာေပးပါရေစ။ ဘဝမွာၾကဳံလာသမွ်လူပုဂၢိဳလ္ေတြအတြက္ ကိုယ့္အခ်ိန္ေတြ၊ ခြန္အားေတြအသုံးျပဳေနလို႔မရပါဘူး။ ကိုယ့္ဘဝအတြက္ အဓိကက် လိုအပ္သူေတြကိုသာ အေျခအေန၊ အခ်ိန္အခါေတြေပၚမူတည္ၿပီး ဦးစားေပးအစဥ္နဲ႔ ပိုမိုအခ်ိန္ေပးပတ္သက္ဂ႐ုစိုက္သင့္ပါတယ္။ ဒါမွသာ Minimalist တစ္ေယာက္ျဖစ္မွာပါ။

၄။ Minimalist လမ္းေၾကာင္းေပၚ ႐ွိေနျခင္း

သင့္ရဲ႕ Minimalism ခရီးလမ္းမွာ အခက္အခဲ၊ အက်ပ္အတည္းေတြအမ်ိဳးမ်ိဳးအဖုံဖုံ ႐ွိပါလိမ့္မယ္။ ဒါေၾကာင့္လည္း သင္ဒီဘဝေနထိုင္မႈပုံစံကို စတင္ေျပာင္းလဲခ်င္ရျခင္းအေၾကာင္းရင္းအေတြးအျမင္သေဘာထား ခိုင္မာ႐ွင္းလင္းျပတ္သားဖို႔လိုေၾကာင္း အဆင့္ ၁ မွာကတည္းက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

အျခား Minimalist ပုဂၢိဳလ္ေတြနဲ႔ အြန္လိုင္းမွျဖစ္ေစ၊ လူကိုယ္တိုင္ျဖစ္ေစ အဆက္အသြယ္ျပဳလုပ္ျခင္းက သင့္ Minimalism ခရီးလမ္းတစ္ေလွ်ာက္ အကဲစမ္း၊ စိန္ေခၚမႈေတြၾကဳံရတဲ့အခါ အားအင္ျဖစ္၊ အၾကံဉာဏ္ရေစႏိုင္ပါတယ္ေနာ္။

မျဖစ္မေနစားသုံး၊ သုံးစြဲရျခင္းေတြအတြက္လည္း ႏွေျမာစိတ္မျဖစ္မိပါေစနဲ႔ဦး။ အတိုင္းအတာတစ္ခုထိ စားသုံး၊ သုံးစြဲ၊ အသုံးျပဳရျခင္းေတြဆိုတာ မလြဲမေသြဧကန္ျပဳလုပ္ေနၾကရတဲ့အရာေတြဆိုတာကို အမွတ္ရပါ။ စားသင့္စားထိုက္၊ သုံးသင့္သုံးထိုက္တာကို မစားမေသာက္၊ မသုံးမစြဲေနထိုင္ျခင္းက minimalism မဟုတ္တဲ့အျပင္ ဆုတ္ယုတ္ျခင္းေတြကိုသာ ျဖစ္ေစမွာပါ။ မ႐ွိမျဖစ္လိုအပ္တဲ့အရာေတြသာ ႐ွိေစၿပီး မလိုတာေတြ စြန္႔ကာ ျဖစ္ႏိုင္သမွ် နည္းနည္းနဲ႔ပဲ ႐ွင္သန္ေနထိုင္ျခင္းကသာ Minimalism ပါေနာ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 4 steps to start a minimalist lifestyle(simplybychristine.com)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service