အသီးအရွက်တွေ အထားခံတဲ့ နည်းလမ်းများ

အသီးအရွက်တွေ အထားခံတဲ့ နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
19 Feb 2022 12:50 pm တွင် တင်ခဲ့သည်
2696 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကျောက်ဖရုံ /ရွှေဖရုံ စသည်တို့ကအထားခံဆုံးပါ အေးပြီး ခြောက်သွေ့တဲ့နေရာ သို့ ကြိုးနဲ့ဆိုင်းပြီးလေဝင်လေထွက်ကောင်းတဲ့နေရာမှာ ချိတ်ဆွဲထားပါ….

အာလူး /ကန်စွန်းဥ / ပိန်းဥ စသ ဖြင့်တို့ကို ရေလုံးဝမထိစေပဲ ခြောက်သွေ့အေးမြတဲ့နေရာမှာ ထားပါအလင်းရောင်မရတဲ့နေရာဆိုပိုအထားခံပါတယ်အိမ်မှာတော့ကြွပ်ကြွပ်အိတ်အမည်းထဲ ထည့်ပြီး မီးဖိုချောင်ရဲ့ အေးတဲ့နေရာမှာ ထားပါတယ်…

ကြက်သွန်နီ ဖြူ တို့ကို ရောမထားပဲ သတ်သတ်စီထားပါ အပုပ်အနာပါတာများ သေချာရွေးပြီး ဖြန့်ထားလို့ရရင် ဖြန့်ထားပြီး သိမ်းပါ….

ခရမ်းချဉ်သီး ကိုရေမဆေးပဲ…

၁. အဝတ်ခြောက်နဲ့ သေချာသုတ်ပြီးဘူးနဲ့ ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်… ၂. အစေ့ထုတ် ကြိတ်ကာ…အထုပ်ငယ်များ ထုပ် အခဲခန်းထဲသိမ်းနိုင်ပါတယ်… ၃. ဆီများများနဲ့ အနှစ်လုပ်ကြော်ကာ ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်... ၄. သဲစိုစိုပေါ် ဖြန့်ခင်းကာ သိမ်းနိုင်ပါတယ်… ၅. အညှာပါ ပါက…အညှာများကို ကြိုးနဲ့ချည်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ချိတ်ဆွဲ သိမ်းနိုင်ပါတယ်….

ဒန့်ဒလွန်သီးကိုအသားခြစ်ပြီး အထုပ်ငယ်များ ထုပ်ကာ…အခဲခန်းထဲ သိမ်းနိုင်ပါတယ်..

ပန်းဂေါ်ဖီ အဖြူ အစိမ်းတို့ကို ရေနွေးဆူဆူဖျောကာရေစစ်ပြီး…အထုပ်ငယ်များထုပ်ကာ အခဲခန်းထဲ သိမ်းနိုင်ပါတယ်….

ငရုတ်စိမ်းများကို…. ၁. ရေမဆေးပဲ ဘူးနဲ့ ရေခဲသေတ္တာ ထဲ သိမ်းနိုင်ပါတယ်…. ၂. ခြောက်သွေ့အေးမြတဲ့နေရာမှာဖြန့် ကျင်းထားနိုင်ပါတယ်… ၃. ဆား နဲ့ ဆီပါလေကာထည့်ကာ ပြုတ်ပါ…နူးလာရင် blender နဲ့ မညက်တညက်ကြိတ်ပြီး အထုပ်ငယ်များနဲ့ ရေခဲသေတ္တာ ထဲထည့်သိမ်းနိုင်ပါတယ်...

ဂေါ်ဖီကို အထုပ်လိုက်သိမ်းရင် နေရာယူပါမယ်အခြမ်းများခြမ်းကာ plastic wrap နဲ့ ပိတ်ပြီး ရေခဲသေတ္တာထဲ သိမ်းလို့ရပါတယ်….

မုန်လာဥနီ/ဥဖြူ တို့ကို အရွက်မပါ ဥချည်းသီးသန့် plastic wrap နဲ့ တစ်တောင့်ချင်း ပိတ် ပြီး ရေခဲသေတ္တာထဲ သိမ်းနိုင်ပါတယ် ….

ကိုက်လန် /ဟင်းနုနွယ် စတဲ့ အစိမ်းရွက်တွေကိုတော့ ဆီအနည်းငယ်ထည့်ထားတဲ့ ရေဆူဆူထဲ ထည့်ဖျောပြီးရေစစ်ကာ တစ်ခါစားအထုပ်ငယ်များထုပ်ပြီးအခဲခန်းထဲ ထည့်ထားလို့ရပါတယ်…..

နံနံ /ပင်စိမ်း စတာလေးတွေက အကြာကြီးမခံသလိုသိမ်းလို့ရတဲ့နည်းလေးတွေဝေမျှခဲ့ပြီးပါပြီ အကောင်းဆုံးက မျိုးစေ့များဝယ်ကာပန်းအိုးနဲ့ပျိုးထားလို့ ရပါတယ်နော်….

သံပရာသီး ကို ၁. ဘူးနဲ့ထည့်ရေခဲသေတ္တာထဲ ထည့်ထားပါတယ်…

၂. မြေအိုး ကြွေအိုး စတဲ့…အေးပြီး ခြောက်သွေ့တဲ့အိုးများထဲလေလုံအောင် ထည့်ထားလို့လည်း ရပါတယ်…. ၃. အသီးမနာအောင် အရည်ညှစ်ပြီးရလာတဲ့ အရည်ကိုရေခဲခွက်လေးတွေနဲ့ အခဲခံ ခဲလာရင်ထုတ်ပြီး အခဲခန်းထဲအိတ်နဲ့သိမ်းလည်း ရပါတယ်…..

မျှစ် ကို သေချာပြုတ်ကာ အကြာထားစားနိုင်ပါတယ်မျှစ်ပြုတ်အိုးကိုနေ့တိုင်း ရေလဲပေးရပါမယ် အနည်းဆိုရင်တော့ပြုတ်ပြီးရေသေချာညှစ်ကာ ဘူးနဲ့ထည့်ရေခဲသေတ္တာထဲ ထားနိုင်ပါတယ်…

ပိတ်စွယ်ချဉ် / ပိန္နဲကွင်း တို့ကို ပြန်ပြုတ်ပြီး ရေညှစ်ကာ ဘူးနဲ့ထည့် ရေခဲသေတ္တာထဲ ထည့်ထားနိုင်ပါတယ်…

ဘူးသီးကအလုံးလိုက်ဆိုရင် ၁ပတ်ခန့် အပြင်မှာ အထားခံပါမယ်ခြမ်းထား စိတ်ထားရင်တော့ plastic wrap နဲ့ သေချာပိတ်ပြီး ရေခဲသေတ္တာ ထဲထားပါ အကယ်၍အများကြီးဆိုရင်တော့ အချောင်းလေးများ လုပ်ပြီး ဆားလေ ဖြူးကာ နေလှန်းပါ လုံးဝသွေ့ခြောက်သွားရင်ဘူးထဲထည့်သိမ်းနိုင်ပါတယ် ရေမခြောက်ရင်ထည့်မယ့်ဘူးက လေမလုံရင် မှို တက်နိုင်ပါတယ်နော်….

ပဲသီးတောင့် / မုန်လာဥ ဖြူ နီ / ခရမ်းကစော့သီး / ပဲပင်ပေါက် / ကြောင်လျှာ / ကန်စွန်းရိုးနီ စသဖြင့် ချဉ်ဖတ်လုပ်ကာသိမ်းဆည်းနိုင်ပါတယ်မုန်ညင်းစိမ်းကို ကြာမဆိုင် လုပ်နိုင်ပါတယ်….

ခရမ်းသီး /မုန်လာဥ ဖြူ / ပန်း ဂေါ်ဖီ /မျှစ် စသည်တို့ကို နေလှန်းပြီး အခြောက်ခံ သိမ်းနိုင်ပါတယ်ချဉ်ပေါင် / ကင်ပွန်းချဉ်ရွက်တို့ကိုဆီနည်းနည်းထည့် ခြောက်နေအောင် လှိမ့်ပါအထုက်ငယ်များထုပ် အခဲခန်းထဲ ထည့်ထားနိုင်ပါတယ်…..

ပဒတ်စာကို ရေနွေးဖျော ရေညှစ်ပြီး အထုပ်ငယ်များထုပ် အခဲထားနိုင်ပါတယ်….

မှိုက အမျိုးအစားပေါ် မူတည်ပြီး ကြာကြထားရတာ ထားမရတာ ရှိတယ်ကောက်ရိုးမှို /ငွေနှင်းမှို စသဖြင့် ဒေသမှိုတွေကဆီနဲနဲ နဲ့ ဘာအရသာမှ မထည့်ပဲရေခြောက်အောင်လှိမ့်ထားလို့ရပါတယ် Enoki လို korea မှိုတွေကလေလုံအောင် ထုပ်ထားရင် ရက်ကြာကြာအထားခံတယ် တောင်ပို့မှိုလို မှိုမျိုးကျ ဆီများများနဲ့ အခြောက်ကြော်ထားရင်နှစ်ပေါက်ခံပါတယ်၊ ကောက်ရိုးမှိုကို အခြောက်လှိမ့်ပြီးဘူးနဲ့ခွဲထည့် အခဲခန်းထဲ သိမ်းလို့ရပါမယ်……

ပဲအမျိုးမျိုးကိုအများကြီး တစ်ခါတည်း သိမ်းထားတာထက်အထုပ်ငယ်များထုပ်ပြီး လေလုံအောင် သိမ်းပါတယ် ဝယ်လာပြီးနေပြပေးခြင်း အမှုန်အမွှားလေ့ ပေးခြင်း၊ ပိုးပေါက်အနာအဆာများ သန့်စင်ပေးပြီးမှသိမ်းထားနိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Phyu Thae

 

[Zawgyi]

အသီးအ႐ြက္ေတြ အထားခံတဲ့ နည္းလမ္းမ်ား

ေက်ာက္ဖ႐ုံ /ေ႐ႊဖ႐ုံ စသည္တို႔ကအထားခံဆုံးပါ ေအးၿပီး ေျခာက္ေသြ႕တဲ့ေနရာ သို႔ ႀကိဳးနဲ႔ဆိုင္းၿပီးေလဝင္ေလထြက္ေကာင္းတဲ့ေနရာမွာ ခ်ိတ္ဆြဲထားပါ….

အာလူး /ကန္စြန္းဥ / ပိန္းဥ စသ ျဖင့္တို႔ကို ေရလုံးဝမထိေစပဲ ေျခာက္ေသြ႕ေအးျမတဲ့ေနရာမွာ ထားပါအလင္းေရာင္မရတဲ့ေနရာဆိုပိုအထားခံပါတယ္အိမ္မွာေတာ့ၾကြပ္ႂကြပ္အိတ္အမည္းထဲ ထည့္ၿပီး မီးဖိုေခ်ာင္ရဲ႕ ေအးတဲ့ေနရာမွာ ထားပါတယ္…

ၾကက္သြန္နီ ျဖဴ တို႔ကို ေရာမထားပဲ သတ္သတ္စီထားပါ အပုပ္အနာ ပါတာမ်ား ေသခ်ာေ႐ြးၿပီး ျဖန္႔ထားလို႔ရရင္ ျဖန္႔ထားၿပီး သိမ္းပါ….

ခရမ္းခ်ဥ္သီး ကိုေရမေဆးပဲ…

၁. အဝတ္ေျခာက္နဲ႔ ေသခ်ာသုတ္ၿပီးဘူးနဲ႔ ေရခဲေသတၱာထဲ ထည့္သိမ္းႏိုင္ပါတယ္… ၂. အေစ့ထုတ္ ႀကိတ္ကာ…အထုပ္ငယ္မ်ား ထုပ္ အခဲခန္းထဲသိမ္းႏိုင္ပါတယ္… ၃. ဆီမ်ားမ်ားနဲ႔ အႏွစ္လုပ္ေၾကာ္ကာ ေရခဲေသတၱာထဲ ထည့္သိမ္းႏိုင္ပါတယ္... ၄. သဲစိုစိုေပၚ ျဖန္႔ခင္းကာ သိမ္းႏိုင္ပါတယ္… ၅. အညႇာပါ ပါက…အညႇာမ်ားကို ႀကိဳးနဲ႔ခ်ည္ၿပီး ေလဝင္ေလထြက္ေကာင္းတဲ့ေနရာမွာ ခ်ိတ္ဆြဲ သိမ္းႏိုင္ပါတယ္….

ဒန္႔ဒလြန္သီးကိုအသားျခစ္ၿပီး အထုပ္ငယ္မ်ား ထုပ္ကာ…အခဲခန္းထဲ သိမ္းႏိုင္ပါတယ္..

ပန္းေဂၚဖီ အျဖဴ အစိမ္းတို႔ကို ေရေႏြးဆူဆူေဖ်ာကာေရစစ္ၿပီး…အထုပ္ငယ္မ်ားထုပ္ကာ အခဲခန္းထဲ သိမ္းႏိုင္ပါတယ္….

င႐ုတ္စိမ္းမ်ားကို…. ၁. ေရမေဆးပဲ ဘူးနဲ႔ ေရခဲေသတၱာ ထဲ သိမ္းႏိုင္ပါတယ္…. ၂. ေျခာက္ေသြ႕ေအးျမတဲ့ေနရာမွာျဖန္႔ က်င္းထားႏိုင္ပါတယ္… ၃. ဆား နဲ႔ ဆီပါေလကာထည့္ကာ ျပဳတ္ပါ…ႏူးလာရင္ blender နဲ႔ မညက္တညက္ႀကိတ္ၿပီး အထုပ္ငယ္မ်ားနဲ႔ ေရခဲေသတၱာ ထဲထည့္သိမ္းႏိုင္ပါတယ္...

ေဂၚဖီကို အထုပ္လိုက္သိမ္းရင္ ေနရာယူပါမယ္အျခမ္းမ်ားျခမ္းကာ plastic wrap နဲ႔ ပိတ္ၿပီး ေရခဲေသတၱာထဲ သိမ္းလို႔ရပါတယ္….

မုန္လာဥနီ/ဥျဖဴ တို႔ကို အ႐ြက္မပါ ဥခ်ည္းသီးသန္႔ plastic wrap နဲ႔ တစ္ေတာင့္ခ်င္း ပိတ္ ၿပီး ေရခဲေသတၱာထဲ သိမ္းႏိုင္ပါတယ္ ….

ကိုက္လန္ /ဟင္းႏုႏြယ္ စတဲ့ အစိမ္း႐ြက္ေတြကိုေတာ့ ဆီအနည္းငယ္ထည့္ထားတဲ့ ေရဆူဆူထဲ ထည့္ေဖ်ာၿပီးေရစစ္ကာ တစ္ခါစားအထုပ္ငယ္မ်ားထုပ္ၿပီးအခဲခန္းထဲ ထည့္ထားလို႔ရပါတယ္…..

နံနံ /ပင္စိမ္း စတာေလးေတြက အၾကာႀကီးမခံသလိုသိမ္းလို႔ရတဲ့နည္းေလးေတြေဝမွ်ခဲ့ၿပီးပါၿပီ အေကာင္းဆုံးက မ်ိဳးေစ့မ်ားဝယ္ကာပန္းအိုးနဲ႔ပ်ိဳးထားလို႔ ရပါတယ္ေနာ္….

သံပရာသီး ကို ၁. ဘူးနဲ႔ထည့္ေရခဲေသတၱာထဲ ထည့္ထားပါတယ္… ၂. ေျမအိုး ေႂကြအိုး စတဲ့…ေအးၿပီး ေျခာက္ေသြ႕တဲ့အိုးမ်ားထဲေလလုံေအာင္ ထည့္ထားလို႔လည္း ရပါတယ္…. ၃. အသီးမနာေအာင္ အရည္ညႇစ္ၿပီးရလာတဲ့ အရည္ကိုေရခဲခြက္ေလးေတြနဲ႔ အခဲခံ ခဲလာရင္ထုတ္ၿပီး အခဲခန္းထဲအိတ္နဲ႔သိမ္းလည္း ရပါတယ္…..

မွ်စ္ ကို ေသခ်ာျပဳတ္ကာ အၾကာထားစားႏိုင္ပါတယ္မွ်စ္ျပဳတ္အိုးကိုေန႔တိုင္း ေရလဲေပးရပါမယ္ အနည္းဆိုရင္ေတာ့ျပဳတ္ၿပီးေရေသခ်ာညႇစ္ကာ ဘူးနဲ႔ထည့္ေရခဲေသတၱာထဲ ထားႏိုင္ပါတယ္…

ပိတ္စြယ္ခ်ဥ္ / ပိႏၷဲကြင္း တို႔ကို ျပန္ျပဳတ္ၿပီး ေရညႇစ္ကာ ဘူးနဲ႔ထည့္ ေရခဲေသတၱာထဲ ထည့္ထားႏိုင္ပါတယ္…

ဘူးသီးကအလုံးလိုက္ဆိုရင္ ၁ပတ္ခန္႔ အျပင္မွာ အထားခံပါမယ္ျခမ္းထား စိတ္ထားရင္ေတာ့ plastic wrap နဲ႔ ေသခ်ာပိတ္ၿပီး ေရခဲေသတၱာ ထဲထားပါ အကယ္၍အမ်ားႀကီးဆိုရင္ေတာ့ အေခ်ာင္းေလးမ်ား လုပ္ၿပီး ဆားေလ ျဖဴးကာ ေနလွန္းပါ လုံးဝေသြ႕ေျခာက္သြားရင္ဘူးထဲထည့္သိမ္းႏိုင္ပါတယ္ ေရမေျခာက္ရင္ထည့္မယ့္ဘူးက ေလမလုံရင္ မိႈ တက္ႏိုင္ပါတယ္ေနာ္….

ပဲသီးေတာင့္ / မုန္လာဥ ျဖဴ နီ / ခရမ္းကေစာ့သီး / ပဲပင္ေပါက္ / ေၾကာင္လွ်ာ / ကန္စြန္း႐ိုးနီ စသျဖင့္ ခ်ဥ္ဖတ္လုပ္ကာသိမ္းဆည္းႏိုင္ပါတယ္မုန္ညင္းစိမ္းကို ၾကာမဆိုင္ လုပ္ႏိုင္ပါတယ္….

ခရမ္းသီး /မုန္လာဥ ျဖဴ / ပန္း ေဂၚဖီ /မွ်စ္ စသည္တို႔ကို ေနလွန္းၿပီး အေျခာက္ခံ သိမ္းႏိုင္ပါတယ္ခ်ဥ္ေပါင္ / ကင္ပြန္းခ်ဥ္႐ြက္တို႔ကိုဆီနည္းနည္းထည့္ ေျခာက္ေနေအာင္ လွိမ့္ပါအထုက္ငယ္မ်ားထုပ္ အခဲခန္းထဲ ထည့္ထားႏိုင္ပါတယ္…..

ပဒတ္စာကို ေရေႏြးေဖ်ာ ေရညႇစ္ၿပီး အထုပ္ငယ္မ်ားထုပ္ အခဲထားႏိုင္ပါတယ္….

မိႈက အမ်ိဳးအစားေပၚ မူတည္ၿပီး ၾကာၾကထားရတာ.ထားမရတာ ႐ွိတယ္ေကာက္႐ိုးမိႈ /ေငြႏွင္းမိႈ စသျဖင့္ ေဒသမိႈေတြကဆီနဲနဲ နဲ႔ ဘာအရသာမွ မထည့္ပဲေရေျခာက္ေအာင္လွိမ့္ထားလို႔ရပါတယ္ Enoki လို korea မိႈေတြက..ေလလုံေအာင္ ထုပ္ထားရင္ ရက္ၾကာၾကာအထားခံတယ္ ေတာင္ပို႔မိႈလို မိႈမ်ိဳးက် ဆီမ်ားမ်ားနဲ႔ အေျခာက္ေၾကာ္ထားရင္ႏွစ္ေပါက္ခံပါတယ္၊ ေကာက္႐ိုးမိႈကို အေျခာက္လွိမ့္ၿပီးဘူးနဲ႔ခြဲထည့္ အခဲခန္းထဲ သိမ္းလို႔ရပါမယ္……

ပဲအမ်ိဳးမ်ိဳးကိုအမ်ားႀကီး တစ္ခါတည္း သိမ္းထားတာထက္အထုပ္ငယ္မ်ားထုပ္ၿပီး ေလလုံေအာင္ သိမ္းပါတယ္ ဝယ္လာၿပီးေနျပေပးျခင္း အမႈန္အမႊားေလ့ ေပးျခင္း၊ ပိုးေပါက္အနာအဆာမ်ား သန္႔စင္ေပးၿပီးမွသိမ္းထားႏိုင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Phyu Thae

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service