အမွေဆိုင်ပစ္စည်းဖြစ်သည့် အိမ်နှင့်ခြံ၏ ပိုင်ဆိုင်မှုကို အမွေဆိုင်တစ်ဦးမှ တရားဝင်လွှဲပြောင်းယူခြင်း။

အမွေဆိုင်ပစ္စည်းဖြစ်သည့် အိမ်နှင့်ခြံ၏ ပိုင်ဆိုင်မှုကို အမွေဆိုင်တစ်ဦးမှ တရားဝင်လွှဲပြောင်းယူခြင်း။ - Property Knowledge in Myanmar from iMyanmarHouse.com
18 Feb 2022 11:10 am တွင် တင်ခဲ့သည်
1017 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

မိဘများအမည်ပေါက်ပိုင်ဆိုင်သည့် အိမ်နှင့်ခြံကို မိဘများကွယ်လွန်သွားသည့်အခါ ကျန်ရစ်သူ သားသမီးများက အမွေဆက်ခံပိုင်ဆိုင်ပါတယ်။ ထိုသို့ အမွေဆိုင်များထဲမှ အမွေဆိုင်တစ်ဦးက တရားဝင် လွှဲပြောင်းယူလိုသည့်အခါ မည်သို့ဆောင်ရွက်ရမည်ကို ဥပမာပေး၍ ရေးသားဖော်ပြပေးပါမည်။

ဦးဘအမည်ပေါက် ပိုင်ဆိုင်သည့်အိမ်နှင့်ခြံကို ဦးဘကွယ်လွန်သွားသည့်အခါ ဇနီးဖြစ်သူ ဒေါ်လှက အမွေဆက်ခံပိုင်ဆိုင်ပါသည်။ ဦးဘနှင့်ဒေါ်လှတွင် သမီး(၂)ဦး မွေးဖွားခဲ့ပြီး ဒေါ်လှကွယ်လွန်သွားသည့်အခါ သမီး(၂)ဦးဖြစ်သော ဒေါ်မြနှင့် ဒေါ်စိန် တို့မှ အမွေဆက်ခံပိုင်ဆိုင်ပါသည်။ ဒေါ်စိန်သည် ကွယ်လွန်သွားပြီး ၎င်း တွင် သားသမီး(၃)ဦးမွေးဖွားခဲ့ပါသည်။ ထိုအခါ အမွေဆိုင်ပစ္စည်းကို ၂ပုံ၍ ဒေါ်မြသည် ၁ပုံ ဒေါ်စိန်မှ မွေးဖွား သော သားသမီး(၃)ဦးသည် ၁ပုံ ဆက်ခံပိုင်ဆိုင်မှာဖြစ်ပါသည်။ အမွေဆိုင်တစ်ဦးဖြစ်သော ဒေါ်မြမှ အမွေဆိုင် ပစ္စည်းဖြစ်သည့် အိမ်နှင့်ခြံ၏ ပိုင်ဆိုင်မှုကို တစ်ဦးတည်တရားဝင်ပိုင်ဆိုင်လိုလျှင် ကျန်အမွေဆိုင်များပိုင်ဆိုင်မှုကို ငွေသားဖြင့် ခွဲဝေပေးပြီး ပိုင်ဆိုင်မှုတရားဝင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ဆောက်ရွက်သည့်အခါ မည်သို့အဆင့်ဆင့်ဆောင်ရွက်ရန် လိုအပ်သည်ကို ဗဟုသုတရရှိစေရန် ဖော်ပြပေးပါမည်။

ပထမဆုံးအနေဖြင့် အရပ်ကတိဖြင့် ဒေါ်စိန်၏သားသမီးများမှ ၎င်းတို့ပိုင်ဆိုင်သည့် အမွေပုံကို စွန့်လွတ် ကြောင်း စွန့်လွတ်စာချုပ်ချုပ်ဆိုရန်လိုအပ်ပါသည်။ ထိုသို့ချုပ်ဆိုသည့်အခါ တရားဝင်လွှဲပြောင်းယူမည် ဒေါ်မြ သည် အမွေဆိုင်ပစ္စည်းဖြစ်သည့် အိမ်နှင့်ခြံကို ကာလပေါက်ဈေးအတိုင်းသတ်မှတ်ပြီး တစ်ဝက်ကို ငွေသားဖြင့် ပေးချေရန်လိုအပ်မည်ဖြစ်သည်။ တရားဝင်ပိုင်ဆိုင်မှုစာရွက်စာတမ်းများ ဆက်လက်ဆောင်ရွက်ရန်အတွက် စွန့်လွတ်သော ဒေါ်စိန်၏သားသမီး(၃)ဦးသည် ဒေါ်မြမှ ညွှန်ပြသူတစ်ဦးအား ကိုယ်စားလှယ်လွှဲစာပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။ အဆိုပါနေ့မှစ၍ ဒေါ်စိန်၏သားသမီး(၃)ဦးသည် အမွေဆိုင်အိမ်နှင့်ခြံမှ နေထိုင်ခွင့် မရှိတော့ပါ။ အမွေဆိုင်အိမ်နှင့်ခြံ၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းများအားလုံးကို ဒေါ်မြသို့လွှဲပြောင်းပေးအပ်ရမည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပြီးနောက်တွင် ဒေါ်မြသည် ၎င်းအမည်ဖြင့် တရားဝင်ပိုင်ဆိုင်မှုရရှိစေရန် အောက်ပါ တို့ကို ဆက်လက်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သည်။

အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုရန်နှင့်မှတ်ပုံတင်ရန်အတွက် မြေပုံ/မြေရာဇဝင်ကူးယူခြင်း ဆောင်ရွက်ရမည်။ ထိုသို့ဆောင်ရွက်ပြီးလျှင် ဒေါ်မြနှင့် ဒေါ်စိန်၏သားသမီး(၃)ဦးတို့မှ အမွေဆိုင်ပစ္စည်းကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမည်ဖြစ်သည်။ ကိုယ်စားလှယ် လွှဲစာရယူထားသည့်အတွက် ဒေါ်စိန်၏သားသမီး(၃)ဦးကိုယ်စားလက်မှတ်ရေးထိုးဆောင်ရွက်နိုင်ပါသည်။

အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုပြီးလျှင် ဒေါ်စိန်၏ သားသမီး(၃)ဦးမှ ကာလတန်ဖိုးမည်မျှ ဖြင့် ပိုင်ဆိုင်မှုကိုစွန့်လွတ်ကြောင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်လိုအပ်မည်ဖြစ်သည်။ အဆိုပါ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းမှတ်ပုံတင်စာချုပ်နှင့် ဒေါ်စိန်၏သားသမီး(၃)ဦးမှ ချုပ်ဆိုသော စွန့်လွတ်စာချုပ်တို့ဖြင့် ဒေါ်မြ သည် ၎င်းအမည်ဖြင့် တရားဝင်အမည်ပေါက်ပိုင်ဆိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် ဂရန်အမည်ပြောင်းရန် ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါ သည်။ အမည်ပြောင်းလုပ်ငန်းဆောင်ရွက်ပြီးသည့်အခါတွင် မြေငှားစာချုပ်ဂရန်တွင် ဒေါ်မြတစ်ဦးတည်းအမည် ဖြင့် တရားဝင်ပိုင်ဆိုင်မှုရရှိမှာဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အေမြဆုိင္ပစၥည္းျဖစ္သည့္ အိမ္ႏွင့္ျခံ၏ ပိုင္ဆိုင္မႈကို အေမြဆိုင္တစ္ဦးမွ တရားဝင္လႊဲေျပာင္းယူျခင္း။

မိဘမ်ားအမည္ေပါက္ပိုင္ဆိုင္သည့္ အိမ္ႏွင့္ျခံကို မိဘမ်ားကြယ္လြန္သြားသည့္အခါ က်န္ရစ္သူ သားသမီးမ်ားက အေမြဆက္ခံပိုင္ဆိုင္ပါတယ္။ ထိုသုိ႔ အေမြဆိုင္မ်ားထဲမွ အေမြဆိုင္တစ္ဦးက တရားဝင္ လႊဲေျပာင္းယူလိုသည့္အခါ မည္သို႔ေဆာင္ရြက္ရမည္ကို ဥပမာေပး၍ ေရးသားေဖာ္ျပေပးပါမည္။

ဦးဘအမည္ေပါက္ ပိုင္ဆုိင္သည့္အိမ္ႏွင့္ျခံကို ဦးဘကြယ္လြန္သြားသည့္အခါ ဇနီးျဖစ္သူ ေဒၚလွက အေမြဆက္ခံပိုင္ဆိုင္ပါသည္။ ဦးဘႏွင့္ေဒၚလွတြင္ သမီး(၂)ဦး ေမြးဖြားခဲ့ၿပီး ေဒၚလွကြယ္လြန္သြားသည့္အခါ သမီး(၂)ဦးျဖစ္ေသာ ေဒၚျမႏွင့္ ေဒၚစိန္ တို႔မွ အေမြဆက္ခံပိုင္ဆိုင္ပါသည္။ ေဒၚစိန္သည္ ကြယ္လြန္သြားၿပီး ၄င္း တြင္ သားသမီး(၃)ဦးေမြးဖြားခဲ့ပါသည္။ ထိုအခါ အေမြဆိုင္ပစၥည္းကို ၂ပံု၍ ေဒၚျမသည္ ၁ပံု ေဒၚစိန္မွ ေမြးဖြား ေသာ သားသမီး(၃)ဦးသည္ ၁ပံု ဆက္ခံပိုင္ဆိုင္မွာျဖစ္ပါသည္။ အေမြဆိုင္တစ္ဦးျဖစ္ေသာ ေဒၚျမမွ အေမြဆိုင္ ပစၥည္းျဖစ္သည့္ အိမ္ႏွင့္ျခံ၏ ပိုင္ဆိုင္မႈကို တစ္ဦးတည္တရားဝင္ပိုင္ဆိုင္လိုလွ်င္ က်န္အေမြဆိုင္မ်ားပိုင္ဆိုင္မႈကို ေငြသားျဖင့္ ခြဲေဝေပးၿပီး ပိုင္ဆိုင္မႈတရားဝင္ေအာင္ ေဆာင္ရြက္ရမည္ျဖစ္ပါသည္။ ထိုသို႔ေဆာက္ရြက္သည့္အခါ မည္သို႔အဆင့္ဆင့္ေဆာင္ရြက္ရန္ လိုအပ္သည္ကို ဗဟုသုတရရွိေစရန္ ေဖာ္ျပေပးပါမည္။

ပထမဆံုးအေနျဖင့္ အရပ္ကတိျဖင့္ ေဒၚစိန္၏သားသမီးမ်ားမွ ၄င္းတို႔ပိုင္ဆိုင္သည့္ အေမြပံုကို စြန္႔လြတ္ ေၾကာင္း စြန္႔လြတ္စာခ်ဳပ္ခ်ဳပ္ဆိုရန္လိုအပ္ပါသည္။ ထိုသို႔ခ်ဳပ္ဆိုသည့္အခါ တရားဝင္လႊဲေျပာင္းယူမည္ ေဒၚျမ သည္ အေမြဆိုင္ပစၥည္းျဖစ္သည့္ အိမ္ႏွင့္ျခံကို ကာလေပါက္ေစ်းအတိုင္းသတ္မွတ္ၿပီး တစ္ဝက္ကို ေငြသားျဖင့္ ေပးေခ်ရန္လိုအပ္မည္ျဖစ္သည္။ တရားဝင္ပိုင္ဆိုင္မႈစာရြက္စာတမ္းမ်ား ဆက္လက္ေဆာင္ရြက္ရန္အတြက္ စြန္႔လြတ္ေသာ ေဒၚစိန္၏သားသမီး(၃)ဦးသည္ ေဒၚျမမွ ညႊန္ျပသူတစ္ဦးအား ကိုယ္စားလွယ္လႊဲစာျပဳလုပ္ေပးရန္ လိုအပ္မည္ျဖစ္ပါသည္။ အဆိုပါေန႔မွစ၍ ေဒၚစိန္၏သားသမီး(၃)ဦးသည္ အေမြဆိုင္အိမ္ႏွင့္ျခံမွ ေနထိုင္ခြင့္ မရွိေတာ့ပါ။ အေမြဆိုင္အိမ္ႏွင့္ျခံ၏ ပိုင္ဆိုင္မႈစာရြက္စာတမ္းမ်ားအားလံုးကို ေဒၚျမသို႔လႊဲေျပာင္းေပးအပ္ရမည္ ျဖစ္ပါသည္။ ထိုသို႔ေဆာင္ရြက္ၿပီးေနာက္တြင္ ေဒၚျမသည္ ၄င္းအမည္ျဖင့္ တရားဝင္ပိုင္ဆိုင္မႈရရွိေစရန္ ေအာက္ပါ တုိ႔ကို ဆက္လက္ေဆာင္ရြက္ရန္လိုအပ္မည္ျဖစ္သည္။

အေမြဆက္ခံပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္ခ်ဳပ္ဆိုရန္ႏွင့္မွတ္ပံုတင္ရန္အတြက္ ေျမပံု/ေျမရာဇဝင္ကူးယူျခင္း ေဆာင္ရြက္ရမည္။ ထိုသို႔ေဆာင္ရြက္ၿပီးလွ်င္ ေဒၚျမႏွင့္ ေဒၚစိန္၏သားသမီး(၃)ဦးတို႔မွ အေမြဆိုင္ပစၥည္းကို အေမြဆက္ခံပိုင္ဆုိင္ေၾကာင္း စာခ်ဳပ္စာတမ္းရံုးတြင္ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆုိရမည္ျဖစ္သည္။ ကိုယ္စားလွယ္ လႊဲစာရယူထားသည့္အတြက္ ေဒၚစိန္၏သားသမီး(၃)ဦးကိုယ္စားလက္မွတ္ေရးထိုးေဆာင္ရြက္ႏိုင္ပါသည္။

အေမြဆက္ခံပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္ခ်ဳပ္ဆိုၿပီးလွ်င္ ေဒၚစိန္၏ သားသမီး(၃)ဦးမွ ကာလတန္ဖိုးမည္မွ် ျဖင့္ ပိုင္ဆိုင္မႈကိုစြန္႔လြတ္ေၾကာင္း မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္လိုအပ္မည္ျဖစ္သည္။ အဆိုပါ အေမြဆက္ခံ ပိုင္ဆုိင္ေၾကာင္းမွတ္ပံုတင္စာခ်ဳပ္ႏွင့္ ေဒၚစိန္၏သားသမီး(၃)ဦးမွ ခ်ဳပ္ဆိုေသာ စြန္႔လြတ္စာခ်ဳပ္တို႔ျဖင့္ ေဒၚျမ သည္ ၄င္းအမည္ျဖင့္ တရားဝင္အမည္ေပါက္ပိုင္ဆိုင္ရန္အတြက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲမႈဌာနတြင္ ဂရန္အမည္ေျပာင္းရန္ ဆက္လက္ေဆာင္ရြက္ရမွာျဖစ္ပါ သည္။ အမည္ေျပာင္းလုပ္ငန္းေဆာင္ရြက္ၿပီးသည့္အခါတြင္ ေျမငွားစာခ်ဳပ္ဂရန္တြင္ ေဒၚျမတစ္ဦးတည္းအမည္ ျဖင့္ တရားဝင္ပိုင္ဆုိင္မႈရရွိမွာျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service