ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
မြန်မာပရိသတ်နှင့် များစွာရင်းနှီးသူ ရော့ခ်ဂီတကြယ်ပွင့် ဂျွန် ဘွန်ဂျိုဗီသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ဂရင်းဝစ်ချ်ကျေးရွာမှ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။
ဝေါစထရိဂျာနယ်တွင် ဖော်ပြချက်အရ အသက် ၅၉ နှစ်ရှိပြီဖြစ်သော အဆိုတော်ကြီးသည် နယူးယောက်မြို့၊ ဟမ့်ပ်တန်၊ ပန်ဘိချ်နှင့် နယူးဂျာစီပြည်နယ်၊ မစ်ဒဲတောင်းတို့တွင်လည်း နေအိမ်များ ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။
ဘွန်ဂျိုဗီသည် Greenwich Lane ရှိ အိပ်ခန်း ၄ ခန်းပါ ကွန်ဒိုခန်းကို ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ကွန်ဒိုခန်းသို့ တိုက်ရိုက်ရောက်ရှိမည့် ဓာတ်လှေကားတစ်ခုပါဝင်ပြီး ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော ပြတင်းများပါဝင်ကာ မန်ဟက်တန်အောက်ပိုင်းနှင့် ဟတ်ဒ်ဆန်မြစ်တို့၏ ရှုခင်းများကို တွေ့မြင်နိုင်သည့်နည်းတူ သူ၏ ဇာတိပြည်နယ်ကိုလည်း အဝေးဆီတွင် လှမ်းမျှော်ကြည့်ရှုနိုင်သည်။
လသာဆောင်များ ပါဝင်သော ပေ ၄၀ ရှည်လျားသည့် ဧည့်ခန်း၊ သီးသန့်နားနေဆောင်၊ အဝတ်အစား ထားသိုခန်း ပါဝင်သည့် ပင်မအိပ်ခန်းတို့လည်း ပါဝင်သည်။
စတုရန်းပေ ၄၀၀၀ ကျယ်ဝန်းသော ကွန်ဒိုခန်းအတွင်း စားသောက်ရန် နေရာပါဝင်ကာ နည်းပညာမြင့် Sub-Zero တပ်ဆင်ထားသည့် မီးဖိုဆောင်၊ Wolf and Miele ကုမ္ပဏီထုတ် မီးဖိုဆောင်သုံးပစ္စည်းများ၊ သစ်မာသား ကြမ်းခင်းများကိုလည်း တွေ့ရမည် ဖြစ်ပြီး Compass အိမ်ခြံမြေကုမ္ပဏီမှတဆင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။
ဘွန်ဂျိုဗီသည် အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်မှုများနှင့် အစိမ်းသက်သက်မဟုတ်ချေ။
ယခုအခန်းသည် မန်ဟက်တန်တွင် ရောင်းထုတ်ရန်ကြိုးစားသည့် ဒုတိယမြောက်အခန်းလည်း ဖြစ်သည်။
၂၀၁၈ ခုနှစ်က မန်ဟက်တန်အရပ် West Village ရှိ အိပ်ခန်း ၃ ခန်းပါ လူနေခန်းကို ကန်ဒေါ်လာ ၁၅ သန်းဖြင့် ရောင်းချရန် ကြိုးစားခဲ့ဖူးသေးသည်။
ယင်းမတိုင်မီ နှစ်အနည်းငယ်ကလည်း နယူးယောက်ရှိ Soho အဆောက်အအုံကြီးမှ penthouse ခန်းတစ်ခန်းကို ရောင်းချခဲ့သည်။
လွန်ခဲ့သော ၂ နှစ်ခန့်က ဘွန်ဂျိုဗီသည် ပန်ဘိချ်ရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရောင်းချခဲ့ပြီး ထိုသို့ရောင်းချချိန်ဝန်းကျင်မှာပင် ပန်ဘိချ်တွင်ပင်ရှိသော ကမ်းခြေစံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၄၃ သန်းဖြင့် ဝယ်ယူခဲ့သည်။
Naversank မြစ်ကမ်းဘေး၊ မစ်ဒဲလ်တောင်းတွင်ရှိသော ၁၅ ဧကကျယ်ဝန်းသည့် စံအိမ်မှာလည်း ၂၀၁၉ ခုနှစ်ကတည်းက ကန်ဒေါ်လာ သန်း ၂၀ ခန့်ဖြင့် အရောင်းဈေးကွက်သို့ ဝင်ချည်ထွက်ချည် ရှိနေခဲ့သည်။
ဘွန်ဂျိုဗီ၏ သီချင်းများမှာ မြန်မာနိုင်ငံတွင် များစွာရေပန်းစားပြီး မြန်မာအဆိုတော်များက ပြန်လည်သီဆိုမှု လည်း များစွာရှိသည်။
ဘွန်ဂျိုဗီ (Jon Bon Jovi) ၏ သီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများမှာ ….
Blaze of glory (ဇော်ဝင်းထွဋ်-ကန္တာရခရီးသည်)၊
Lay your hands on me ( ထူးအိမ်သင်-အချစ်ရဲ့လက်များနဲ့)
Never say goodbye (ဇော်ဝင်းထွဋ်-အသည်းကွဲအနမ်း)၊
Santafe (ဖရန်ကို-ချိုမြိန်တဲ့ရက်စက်ခြင်း/ ထွဏ်းထွဏ်း -ထွက်ပြေးသူ )၊
Thank you for loving me (အာဇာနည်-အနမ်းတစ်ခုရဲ့ဒိုင်ယာရီ )၊
Billy get your gun(ကော်နီ- ရင်ကိုဖွင့်လိုက်စမ်း)၊
You give love a bad name (ဖြူဖြူကျော်သိန်း-အတွင်းကြေ )၊
Runaway (လေးဖြူ - လှမ်း...အဝေး)၊
Always (ထွဏ်းထွဏ်း -ရင်တွင်းစကား / စည်သူလွင်- ပြောလေ)၊ Blood money (ဟယ်ရီလင်း-အဆိပ်ငွေကြေး/ ဇော်ထက်-လှည့်စားခြင်း )၊
Ugly (သျှီ-အမှားမရှိ)၊
Miracle(လေးဖြူ- အတောင်ပံများနှင့်)၊
This ain't a love song (သျှီ-အိပ်မက်များ/ထွဏ်းထွဏ်း-ချစ်ပြီးရင်/ ဖိုးကျော်-အချစ်သီချင်းလေး လက်ဆောင်)၊
I want you (သျှီ-လိုအပ်ချက်များ/ဟယ်ရီလင်း- ဂြိုလ်သားတစ်ယောက်)၊
I'd die for you (ခရစ္စတိုဖာ-အဆိပ်ည)
Silent Night (ခရစ္စတိုဖာ-ရက်စက်လိုက်)
In These Arms (မျိုးကြီး-ရင်ခုန်သံအရင်းနှီးဆုံး/ဇော်ထက်- မျှော်လင့်ခြင်းမီးလျှံများ)
Keep the Faith (ဘရိတ်ကီ-ယုံကြည်စိတ်/ ရင်ဂို-အသက်ကယ်ဆေး)
Living in Sin (မျိုးကြီး- အပြစ်တခုဖန်ဆင်း)
Born to be my Baby (မျိုးကြီး -ဖန်ဆင်းရှင်/ ခရစ္စတိုဖာ- ကမ္ဘာကြီးအကြောင်းသိချင်တယ်)
Heartbreaking events (မျိုးကြီး- နေမဝင်အချစ်)
Stick to your Gun (ထွဏ်းထွဏ်း-နားလည်ပါချစ်သူ)
I'll be there for you (ထွဏ်းထွဏ်း-မရှိတော့ဘူး)
Burning (ထွဏ်းထွဏ်း-ခံနိုင်ရည်မှတ်တိုင် )
Bad Medicine (ထွဏ်းထွဏ်း-လင်းယုန်ခွန်အား)
Janie Don't Take Your Love In Town (ထွဏ်းထွဏ်း-ဆုတောင်း)
In and Out of Love (ထွဏ်းထွဏ်း-ပြန်ရှာပေးပါဦး)
Diamond Ring (ဖိုးကျော်-ပန်ဆင်ပါ/ထွဏ်းထွဏ်း- မပြောင်းလဲဘူး)
Someday I'll be Saturday Night (ထွဏ်းထွဏ်း-အလှဆုံးမနက်ဖြန်)
Wanted Dead Or Alive (သူရိန်စိုး -ငါလိုအပ်တယ်)
Lie to me (ထွဏ်းထွဏ်း-မင်းလိမ်ပါ/ဖိုးကျော်- ခိုဝင်လှည့်မယ်)
Prayer 94 (ထွဏ်းထွဏ်း-ပုံပြင်ဆန်ဆန်)
If I was your mother(လေးဖြူ- အတောင်ပံတစ်စုံရဲ့စွမ်းအား)
Dying Ain't Much of a Living (ဖိုးကျော်-တံတိုင်းကြီးခြား)
Hey God (ရင်ဂို-စိတ်နယ်လွန်ည)
Bed of Roses( ဖိုးကျော်-ပေးအပ်ထားခဲ့)
Woman in Love(ဟယ်ရီလင်း-မိန်းကလေးမဟုတ်ဘူး)
Living on a Prayer( ဘီလီထွန်း-အေးစက်သွားတော့မှာလား)
It's all about loving you (စည်သူလွင်- မင်းအတွက်အသက်ရှင်သူ) အစရှိသည်တို့ ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jon Bon Jovi looks to get $22M for Greenwich Village condo (therealdeal)
[Zawgyi]
ေရာ့ခ္ၾကယ္ပြင့္ၾကီး ဘြန္ဂ်ဳိဗီ နယူးေယာက္ျမိဳ႕ ကြန္ဒိုခန္းကို ေဒၚလာ ၂၂ သန္းျဖင့္ ေရာင္းခ်မည္
ျမန္မာပရိသတ္ႏွင့္ မ်ားစြာရင္းႏွီးသူ ေရာ့ခ္ဂီတၾကယ္ပြင့္ ဂၽြန္ ဘြန္ဂ်ဳိဗီသည္ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕၊ ဂရင္းဝစ္ခ်္ေက်းရြာမွ ကြန္ဒိုခန္းကို ကန္ေဒၚလာ ၂၂ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာ သည္။
ေဝါစထရိဂ်ာနယ္တြင္ ေဖာ္ျပခ်က္အရ အသက္ ၅၉ ႏွစ္ရွိျပီျဖစ္ေသာ အဆိုေတာ္ၾကီးသည္ နယူးေယာက္ျမိဳ႕၊ ဟမ့္ပ္တန္၊ ပန္ဘိခ်္ႏွင့္ နယူးဂ်ာစီျပည္နယ္၊ မစ္ဒဲေတာင္းတို႔တြင္လည္း ေနအိမ္မ်ား ပိုင္ဆိုင္ထားသည္ဟု ဆိုသည္။
ဘြန္ဂ်ဳိဗီသည္ Greenwich Lane ရွိ အိပ္ခန္း ၄ ခန္းပါ ကြန္ဒိုခန္းကို ၂၀၁၇ ခုႏွစ္တြင္ ကန္ေဒၚလာ ၁၈ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။
ကြန္ဒိုခန္းသို႔ တိုက္ရိုက္ေရာက္ရွိမည့္ ဓာတ္ေလွကားတစ္ခုပါဝင္ျပီး ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားေသာ ျပတင္းမ်ားပါဝင္ကာ မန္ဟက္တန္ေအာက္ပိုင္းႏွင့္ ဟတ္ဒ္ဆန္ျမစ္တို႔၏ ရႈခင္းမ်ားကို ေတြ႔ျမင္ႏိုင္သည့္နည္းတူ သူ၏ ဇာတိျပည္နယ္ကိုလည္း အေဝးဆီတြင္ လွမ္းေမွ်ာ္ၾကည့္ရႈႏိုင္သည္။
လသာေဆာင္မ်ား ပါဝင္ေသာ ေပ ၄၀ ရွည္လ်ားသည့္ ဧည့္ခန္း၊ သီးသန္႔နားေနေဆာင္၊ အဝတ္အစား ထားသိုခန္း ပါဝင္သည့္ ပင္မအိပ္ခန္းတို႔လည္း ပါဝင္သည္။
စတုရန္းေပ ၄၀၀၀ က်ယ္ဝန္းေသာ ကြန္ဒိုခန္းအတြင္း စားေသာက္ရန္ ေနရာပါဝင္ကာ နည္းပညာျမင့္ Sub-Zero တပ္ဆင္ထားသည့္ မီးဖိုေဆာင္၊ Wolf and Miele ကုမၸဏီထုတ္ မီးဖိုေဆာင္သံုးပစၥည္းမ်ား၊ သစ္မာသား ၾကမ္းခင္းမ်ားကိုလည္း ေတြ႔ရမည္ ျဖစ္ျပီး Compass အိမ္ျခံေျမကုမၸဏီမွတဆင့္ အေရာင္းေစ်းကြက္တင္လာ ျခင္း ျဖစ္သည္။
ဘြန္ဂ်ဳိဗီသည္ အိမ္ျခံေျမအေရာင္းအဝယ္ျပဳလုပ္မႈမ်ားႏွင့္ အစိမ္းသက္သက္မဟုတ္ေခ်။
ယခုအခန္းသည္ မန္ဟက္တန္တြင္ ေရာင္းထုတ္ရန္ၾကိဳးစားသည့္ ဒုတိယေျမာက္အခန္းလည္း ျဖစ္သည္။
၂၀၁၈ ခုႏွစ္က မန္ဟက္တန္အရပ္ West Village ရွိ အိပ္ခန္း ၃ ခန္းပါ လူေနခန္းကို ကန္ေဒၚလာ ၁၅ သန္းျဖင့္ ေရာင္းခ်ရန္ ၾကိဳးစားခဲ့ဖူးေသးသည္။
ယင္းမတိုင္မီ ႏွစ္အနည္းငယ္ကလည္း နယူးေယာက္ရွိ Soho အေဆာက္အအံုၾကီးမွ penthouse ခန္းတစ္ခန္းကို ေရာင္းခ်ခဲ့သည္။ လြန္ခဲ့ေသာ ၂ ႏွစ္ခန္႔က ဘြန္ဂ်ဳိဗီသည္ ပန္ဘိခ်္ရွိ စံအိမ္တစ္လံုးကို ကန္ေဒၚလာ သန္း ၂၀ ျဖင့္ ေရာင္းခ်ခဲ့ျပီး ထိုသို႔ေရာင္းခ်ခ်ိန္ဝန္းက်င္မွာပင္ ပန္ဘိခ်္တြင္ပင္ရွိေသာ ကမ္းေျခစံအိမ္တစ္လံုးကို ကန္ေဒၚလာ ၄၃ သန္းျဖင့္ ဝယ္ယူခဲ့သည္။
Naversank ျမစ္ကမ္းေဘး၊ မစ္ဒဲလ္ေတာင္းတြင္ရွိေသာ ၁၅ ဧကက်ယ္ဝန္းသည့္ စံအိမ္မွာလည္း ၂၀၁၉ ခုႏွစ္ကတည္းက ကန္ေဒၚလာ သန္း ၂၀ ခန္႔ျဖင့္ အေရာင္းေစ်းကြက္သို႔ ဝင္ခ်ည္ထြက္ခ်ည္ ရွိေနခဲ့သည္။
ဘြန္ဂ်ဳိဗီ၏ သီခ်င္းမ်ားမွာ ျမန္မာႏိုင္ငံတြင္ မ်ားစြာေရပန္းစားျပီး ျမန္မာအဆိုေတာ္မ်ားက ျပန္လည္သီဆိုမႈ လည္း မ်ားစြာရွိသည္။ ဘြန္ဂ်ဳိဗီ (Jon Bon Jovi) ၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ားမွာ ….
Blaze of glory (ေဇာ္ဝင္းထြဋ္-ကႏၱာရခရီးသည္)၊
Lay your hands on me ( ထူးအိမ္သင္-အခ်စ္ရဲ႕လက္မ်ားနဲ႔)
Never say goodbye (ေဇာ္ဝင္းထြဋ္-အသည္းကြဲအနမ္း)၊
Santafe (ဖရန္ကို-ခ်ိဳၿမိန္တဲ့ရက္စက္ျခင္း/ ထြဏ္းထြဏ္း -ထြက္ေျပးသူ )၊
Thank you for loving me (အာဇာနည္-အနမ္းတစ္ခုရဲ့ဒိုင္ယာရီ )၊
Billy get your gun(ေကာ္နီ- ရင္ကိုဖြင့္လိုက္စမ္း)၊
You give love a bad name (ျဖဴျဖဴေက်ာ္သိန္း-အတြင္းေၾက )၊
Runaway (ေလးျဖဴ - လွမ္း...အေဝး)၊
Always (ထြဏ္းထြဏ္း -ရင္တြင္းစကား / စည္သူလြင္- ေျပာေလ)၊ Blood money (ဟယ္ရီလင္း-အဆိပ္ေငြေၾကး/ ေဇာ္ထက္-လွည့္စားျခင္း )၊
Ugly (သွ်ီ-အမွားမရိွ)၊
Miracle(ေလးျဖဴ- အေတာင္ပံမ်ားႏွင့္)၊
This ain't a love song (သွ်ီ-အိပ္မက္မ်ား/ထြဏ္းထြဏ္း-ခ်စ္ျပီးရင္/ ဖိုးေက်ာ္-အခ်စ္သီခ်င္းေလး လက္ေဆာင္)၊
I want you (သွ်ီ-လိုအပ္ခ်က္မ်ား/ဟယ္ရီလင္း- ၿဂိဳလ္သားတစ္ေယာက္)၊
I'd die for you (ခရစၥတိုဖာ-အဆိပ္ည)
Silent Night (ခရစၥတိုဖာ-ရက္စက္လိုက္)
In These Arms (မ်ိဳးႀကီး-ရင္ခုန္သံအရင္းႏွီးဆံုး/ေဇာ္ထက္- ေမွ်ာ္လင့္ျခင္းမီးလွ်ံမ်ား)
Keep the Faith (ဘရိတ္ကီ-ယံုၾကည္စိတ္/ ရင္ဂို-အသက္ကယ္ေဆး)
Living in Sin (မ်ိဳးႀကီး- အျပစ္တခုဖန္ဆင္း)
Born to be my Baby (မ်ိဳးႀကီး -ဖန္ဆင္းရွင္/ ခရစၥတိုဖာ- ကမ႓ာႀကီးအေၾကာင္းသိခ်င္တယ္)
Heartbreaking events (မ်ဳိးၾကီး- ေနမဝင္အခ်စ္)
Stick to your Gun (ထြဏ္းထြဏ္း-နားလည္ပါခ်စ္သူ)
I'll be there for you (ထြဏ္းထြဏ္း-မရိွေတာ့ဘူး)
Burning (ထြဏ္းထြဏ္း-ခံႏိုင္ရည္မွတ္တိုင္ )
Bad Medicine (ထြဏ္းထြဏ္း-လင္းယုန္ခြန္အား)
Janie Don't Take Your Love In Town (ထြဏ္းထြဏ္း-ဆုေတာင္း)
In and Out of Love (ထြဏ္းထြဏ္း-ျပန္ရွာေပးပါဦး)
Diamond Ring (ဖိုးေက်ာ္-ပန္ဆင္ပါ/ထြဏ္းထြဏ္း- မေျပာင္းလဲဘူး)
Someday I'll be Saturday Night (ထြဏ္းထြဏ္း-အလွဆံုးမနက္ျဖန္)
Wanted Dead Or Alive (သူရိန္စိုး -ငါလိုအပ္တယ္)
Lie to me (ထြဏ္းထြဏ္း-မင္းလိမ္ပါ/ဖိုးေက်ာ္- ခိုဝင္လွည့္မယ္)
Prayer 94 (ထြဏ္းထြဏ္း-ပံုျပင္ဆန္ဆန္)
If I was your mother(ေလးျဖဴ- အေတာင္ပံတစ္စံုရဲ့စြမ္းအား)
Dying Ain't Much of a Living (ဖိုးေက်ာ္-တံတိုင္းႀကီးျခား)
Hey God (ရင္ဂို-စိတ္နယ္လြန္ည)
Bed of Roses( ဖိုးေက်ာ္-ေပးအပ္ထားခဲ့)
Woman in Love(ဟယ္ရီလင္း-မိန္းကေလးမဟုတ္ဘူး)
Living on a Prayer( ဘီလီထြန္း-ေအးစက္သြားေတာ့မွာလား)
It's all about loving you (စည္သူလြင္- မင္းအတြက္အသက္ရွင္သူ) အစရွိသည္တို႔ ျဖစ္သည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Jon Bon Jovi looks to get $22M for Greenwich Village condo (therealdeal)