လုပ်ငန်းကိုင်ငန်းများအတွက် ချစ်သူများနေ့မက်ဆေ့ဂျ်များ

လုပ်ငန်းကိုင်ငန်းများအတွက် ချစ်သူများနေ့မက်ဆေ့ဂျ်များ - Property Knowledge in Myanmar from iMyanmarHouse.com
14 Feb 2022 12:24 pm တွင် တင်ခဲ့သည်
659 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဖေဖော်ဝါရီ ၁၄ ဟာဆိုရင်ဖြင့် ချစ်သူများနေ့လို့ မြန်မာမှုပြုခေါ်ဝေါ်ကြတဲ့ Valentine's Day (ဗယ်လင်တိုင်းဒေး) ကျရောက်ပါပြီ။

အေဒီ ၄၉၈ လောက်တုန်းက ရောမမှာ သဘောထားသေးတဲ့ သက်ဦးစံပိုင်ဧကရာဇ်ဘုရင် ‘ကလောဒီးယပ်စ်’ ရဲ့ အုပ်ချုပ်မှုလက်ထက် တာနီမြို့က ခရစ်ယာန်ဘုန်းတော်ကြီးစိန့်ဗယ်လင်တိုင်းဟာ ဘုရင့်အမိန့်ကိုသွေဖည်ပြီး ချစ်သူတွေကို လက်ထပ်ပေးခဲ့ဖူးပါတယ်။

အဲဒီလိုဘုရင့်အမိန့်ဆန့်ကျင်ပြီး ချစ်သူတွေကို လက်ထပ်ပေးခဲ့တဲ့အတွက် ဘုန်းတော်ကြီးစိန့်ဗယ်လင်တိုင်းဟာ ဖေဖော်ဝါရီ ၁၄ မှာ ကွပ်မျက်ခံခဲ့ရပါတယ်။ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ဗယ်လင်တိုင်းဒေးလို့ အမှတ်တရသတ်မှတ်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ဟာ တကယ်တော့ အနောက်တိုင်းခရစ်ယာန်ဘာသာရေးအသိုင်းအဝိုင်းအများစုက ခွင့်ပြုလက်ခံထားတဲ့ အားလပ်ရက်တစ်ရက်ပါ။

နိုင်ငံတိုင်းမှာ အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်တဲ့ အားလပ်ရက်တစ်ရက်တော့ မဟုတ်ပေမဲ့ ကမ္ဘာတစ်ဝန်း ဒေသအများအပြားမှာ အထူးတလှယ်ကျင်းပဆင်နွှဲတဲ့ နေ့တစ်နေ့အဖြစ် အသိအမှတ်ပြုထားကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အထိမ်းအမှတ်နေ့တစ်နေ့အဖြစ် တစ်စုံတစ်ရာ သတ်မှတ်မထားပေမဲ့ အထူးသဖြင့် စီးပွားရေးသမားတွေနဲ့ ချစ်သူစုံတွဲတွေအကြား နေ့ထူးတစ်ရက် ဖြစ်လို့လာနေပါပြီ။ သီတင်းပတ်အနည်းငယ်အလိုကတည်းက ဈေးဝယ်စင်တာတွေ၊ လက်ဆောင်ပစ္စည်းဆိုင်တွေမှာ ရောင်းသူရော ဝယ်သူပါ လှုပ်လှုပ်ရွရွဖြစ်နေကြပါပြီ။

တကယ်တော့ ဗယ်လင်တိုင်းဒေးဆိုတာ တစ်ဦးနဲ့တစ်ဦးအကြား ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ အထူးနေ့ရက်တစ်ရက်ပဲဖြစ်ပါတယ်။ ဒါကြောင့် သမီးရည်းစားချစ်သူလင်မယားစုံတွဲအချင်းချင်းသာမက ချစ်ခင်ရတဲ့ သူငယ်ချင်း၊ မိသားစုဝင်တွေအကြားမှာပါ အမှတ်တရလက်ဆောင်တွေ ပေးသင့်၊ ဖလှယ်သင့်ကြတာပါ။ ထို့အတူ ကျွန်ုပ်တို့ဘဝတွေမှာ အရေးပါတဲ့ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေတဲ့ လုပ်ငန်းကိုင်ငန်း (လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်း၊ အလုပ်အကိုင်) များအကြားမှာလည်း အလားတူပဲဖြစ်ပါတယ်။ ပစ္စည်းလက်ဆောင်မဟုတ်တောင် အနည်းဆုံးတော့ customer (ဝယ်သူ) တွေနဲ့ client (အလုပ်အပ်သူ) တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ဗယ်လင်တိုင်းဒေးမှာ သတိတရရှိကာ ချစ်ခင်လေးစားတန်ဖိုးထားကျေးဇူးတင်ရကြောင်း ကတ်ကလေးတွေမှာ စာရေးသားကာ သတင်းစကားပါးတာဖြစ်ဖြစ် မက်ဆေ့ဂျ်ပို့တာဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

အဲဒီလိုပြုလုပ်ဖို့ရာအတွက် စကားလုံးရှာမရ၊ စာစီမရမဖြစ်ရအောင် ကိုးကားနိုင်ဖို့ရာ အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ‌ပျော်ရွှင်စရာ ချစ်သူများနေ့ (Happy Valentine’s Day) ဖြစ်ပါစေလို့ ဆုမွန်‌ကောင်းတောင်းလိုက်ရပါတယ်။ သင်က သိပ်ကိုထူးခြားတဲ့ပုဂ္ဂိုလ်တစ်ဦးပါ။

(၂) ကျွန်ုပ်တို့ သင့်ကို ဘယ်လောက်တန်ဖိုးထားကြောင်း သင်သိစေဖို့ ဒီ Valentine’s Day ကတ်ကလေးကို ပေးပို့လိုက်တာပါ။

(၃) ထူးကဲတဲ့ customer တစ်ဦးအဖြစ် ရှိနေပေးခြင်းအတွက် သင့်ကို ကျေးဇူးမတင်လိုက်ရဘဲ ဒီလိုနေ့မျိုးကို ပြီးဆုံးခွင့်မပြုနိုင်ပါဘူး။

(၄) ချစ်သူများနေ့ဟာ အရေးပါတဲ့သူတွေကို ကျေးဇူးတင်ကြောင်းပြသဖို့ အခွင့်အလမ်းကောင်းတစ်ခုပါပဲ။

(၅) သင့်ကို အပျော်ရွှင်စေဆုံးသော အရာရာတိုင်း သင့်မှာ ဒီနေ့မှစ အမြဲတမ်းထာဝရဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

(၆) သင်က ကျွန်ုပ်တို့အတွက် အမြဲတမ်းထူးခြားတဲ့ customer တစ်ဦးဖြစ်ပါတယ်။ သင်နဲ့ မကြာခင်ပြန်လည်တွေ့ဆုံရဖို့ကို မျှော်လင့်ပါတယ်။

(၇) ဒီချစ်သူများနေ့ဆိုတာ ကိုယ့်အတွက် ထူးခြားတဲ့သူတွေကို ကျေးဇူးတင်အသိအမှတ်ပြုဖို့ပါ။ ကျွန်ုပ်ကတော့ သင့်ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

(၈) အရင်က သင်ဟာ ကျွန်ုပ်တို့ရဲ့ အသည်းကျော်ဖြစ်ခဲ့သလို ရှေ့ဆက်ပြီးတော့လည်း ကျွန်ုပ်တို့ရဲ့ အသည်းကျော်ဖြစ်နေဦးမှာပါ။

(၉) ကျွန်ုပ်တို့ရဲ့ customer တွေက ကျွန်ုပ်တို့ကုမ္ပဏီရဲ့ နှလုံးသားအချက်အချာပါ။ သင်ဟာ ကျွန်ုပ်တို့အတွက် အထူးပုဂ္ဂိုလ်ဖြစ်ပါတယ်။

(၁၀) အခြားကုမ္ပဏီများစွာရှိတဲ့ထဲက ကျွန်ုပ်တို့ကို ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီနှစ်မှာလည်းပဲ ကျွန်ုပ်တို့က သင့်မျှော်လင့်ချက်တွေပြည့်မီအောင် ဝန်ဆောင်မှုပေးသွားပါမယ်။

(၁၁) ချစ်သူများနေ့မှာ အယောက်စီတိုင်းကို ဆုမွန်ကောင်းများပို့သအပ်ပါတယ်။ သင်တို့အားလုံး ဘဝမှာ ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိခံစားပိုင်ဆိုင်နိုင်ကြပါစေ။

(၁၂) ချစ်သူများနေ့ကို သင်ချစ်ခင်သူတွေနဲ့ ပျော်ရွှင်အံ့သြဖွယ်ကောင်းစွာ ဖြတ်သန်းပြီး လှပတဲ့အမှတ်တရလေးတွေကို အတူတကွဖန်တီးနိုင်ပါစေ။

(၁၃) ချစ်သူများနေ့အခါသမမှာ ကျွန်ုပ်တို့ရဲ့ customer အားလုံး ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့အချိန်လေးတွေ ရရှိစေဖို့ နှုတ်ခွန်းဆက်လိုက်ရပါတယ်။

(၁၄) ဒီတစ်နှစ်ပတ်လုံး သင့်နှလုံးသားထဲ ပျော်ရွှင်မှုတွေ ပြည့်နေစေဖို့ သင့်နံဘေး ပျော်ရွှင်စရာများ၊ ချစ်ခြင်းမေတ္တာများဖြင့် ဝန်းရံနေပါစေ။

ဗယ်လင်တိုင်း‌ဒေးမှာ ဘယ်လိုဆုမွန်ကောင်းတောင်းသည်ဖြစ်စေ စာရဲ့အဆုံးသတ်မှာ Happy Valentine’s Day လို့ ထည့်သွင်းရေးသားဖို့ကိုလည်း မမေ့ပါနဲ့ဦးနော်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

လုပ္ငန္းကိုင္ငန္းမ်ားအတြက္ ခ်စ္သူမ်ားေန႔မက္ေဆ့ဂ်္မ်ား

ေဖေဖာ္ဝါရီ ၁၄ ဟာဆိုရင္ျဖင့္ ခ်စ္သူမ်ားေန႔လို႔ ျမန္မာမႈျပဳေခၚေဝၚၾကတဲ့ Valentine's Day (ဗယ္လင္တိုင္းေဒး) က်ေရာက္ပါၿပီ။

ေအဒီ ၄၉၈ ေလာက္တုန္းက ေရာမမွာ သေဘာထားေသးတဲ့ သက္ဦးစံပိုင္ဧကရာဇ္ဘုရင္ ‘ကေလာဒီးယပ္စ္’ ရဲ႕ အုပ္ခ်ဳပ္မႈလက္ထက္ တာနီၿမိဳ႕က ခရစ္ယာန္ဘုန္းေတာ္ႀကီးစိန္႔ဗယ္လင္တိုင္းဟာ ဘုရင့္အမိန္႔ကိုေသြဖည္ၿပီး ခ်စ္သူေတြကို လက္ထပ္ေပးခဲ့ဖူးပါတယ္။

အဲဒီလိုဘုရင့္အမိန္႔ဆန္႔က်င္ၿပီး ခ်စ္သူေတြကို လက္ထပ္ေပးခဲ့တဲ့အတြက္ ဘုန္းေတာ္ႀကီးစိန္႔ဗယ္လင္တိုင္းဟာ ေဖေဖာ္ဝါရီ ၁၄ မွာ ကြပ္မ်က္ခံခဲ့ရပါတယ္။ သူ႕ကိုဂုဏ္ျပဳတဲ့အေနနဲ႔ဗယ္လင္တိုင္းေဒးလို႔ အမွတ္တရသတ္မွတ္ခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၄ ဟာ တကယ္ေတာ့ အေနာက္တိုင္းခရစ္ယာန္ဘာသာေရးအသိုင္းအဝိုင္းအမ်ားစုက ခြင့္ျပဳလက္ခံထားတဲ့ အားလပ္ရက္တစ္ရက္ပါ။

ႏိုင္ငံတိုင္းမွာ အမ်ားျပည္သူ႐ုံးပိတ္ရက္အျဖစ္သတ္မွတ္တဲ့ အားလပ္ရက္တစ္ရက္ေတာ့ မဟုတ္ေပမဲ့ ကမ႓ာတစ္ဝန္း ေဒသအမ်ားအျပားမွာ အထူးတလွယ္က်င္းပဆင္ႏႊဲတဲ့ ေန႔တစ္ေန႔အျဖစ္ အသိအမွတ္ျပဳထားၾကပါတယ္။ ျမန္မာႏိုင္ငံမွာလည္း အထိမ္းအမွတ္ေန႔တစ္ေန႔အျဖစ္ တစ္စုံတစ္ရာ သတ္မွတ္မထားေပမဲ့ အထူးသျဖင့္ စီးပြားေရးသမားေတြနဲ႔ ခ်စ္သူစုံတြဲေတြအၾကား ေန႔ထူးတစ္ရက္ ျဖစ္လို႔လာေနပါၿပီ။ သီတင္းပတ္အနည္းငယ္အလိုကတည္းက ေဈးဝယ္စင္တာေတြ၊ လက္ေဆာင္ပစၥည္းဆိုင္ေတြမွာ ေရာင္းသူေရာ ဝယ္သူပါ လႈပ္လႈပ္႐ြ႐ြျဖစ္ေနၾကပါၿပီ။

တကယ္ေတာ့ ဗယ္လင္တိုင္းေဒးဆိုတာ တစ္ဦးနဲ႔တစ္ဦးအၾကား ခ်စ္ျခင္းေမတၱာကို ေဖာ္ျပဖို႔ အထူးေန႔ရက္တစ္ရက္ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ သမီးရည္းစားခ်စ္သူလင္မယားစုံတြဲအခ်င္းခ်င္းသာမက ခ်စ္ခင္ရတဲ့ သူငယ္ခ်င္း၊ မိသားစုဝင္ေတြအၾကားမွာပါ အမွတ္တရလက္ေဆာင္ေတြ ေပးသင့္၊ ဖလွယ္သင့္ၾကတာပါ။ ထို႔အတူ ကြၽႏ္ုပ္တို႔ဘဝေတြမွာ အေရးပါတဲ့က႑တစ္ခုအျဖစ္ ပါဝင္ေနတဲ့ လုပ္ငန္းကိုင္ငန္း (လုပ္ကိုင္ေဆာင္႐ြက္ေသာ လုပ္ငန္း၊ အလုပ္အကိုင္) မ်ားအၾကားမွာလည္း အလားတူပဲျဖစ္ပါတယ္။ ပစၥည္းလက္ေဆာင္မဟုတ္ေတာင္ အနည္းဆုံးေတာ့ customer (ဝယ္သူ) ေတြနဲ႔ client (အလုပ္အပ္သူ) ေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြကို ဗယ္လင္တိုင္းေဒးမွာ သတိတရ႐ွိကာ ခ်စ္ခင္ေလးစားတန္ဖိုးထားေက်းဇူးတင္ရေၾကာင္း ကတ္ကေလးေတြမွာ စာေရးသားကာ သတင္းစကားပါးတာျဖစ္ျဖစ္ မက္ေဆ့ဂ်္ပို႔တာျဖစ္ျဖစ္ ျပဳလုပ္သင့္ပါတယ္။

အဲဒီလိုျပဳလုပ္ဖို႔ရာအတြက္ စကားလုံး႐ွာမရ၊ စာစီမရမျဖစ္ရေအာင္ ကိုးကားႏိုင္ဖို႔ရာ ေအာက္ပါအတိုင္းေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

(၁) ‌ေပ်ာ္႐ႊင္စရာ ခ်စ္သူမ်ားေန႔ (Happy Valentine’s Day) ျဖစ္ပါေစလို႔ ဆုမြန္‌ေကာင္းေတာင္းလိုက္ရပါတယ္။ သင္က သိပ္ကိုထူးျခားတဲ့ပုဂၢိဳလ္တစ္ဦးပါ။

(၂) ကြၽႏ္ုပ္တို႔ သင့္ကို ဘယ္ေလာက္တန္ဖိုးထားေၾကာင္း သင္သိေစဖို႔ ဒီ Valentine’s Day ကတ္ကေလးကို ေပးပို႔လိုက္တာပါ။

(၃) ထူးကဲတဲ့ customer တစ္ဦးအျဖစ္ ႐ွိေနေပးျခင္းအတြက္ သင့္ကို ေက်းဇူးမတင္လိုက္ရဘဲ ဒီလိုေန႔မ်ိဳးကို ၿပီးဆုံးခြင့္မျပဳႏိုင္ပါဘူး။

(၄) ခ်စ္သူမ်ားေန႔ဟာ အေရးပါတဲ့သူေတြကို ေက်းဇူးတင္ေၾကာင္းျပသဖို႔ အခြင့္အလမ္းေကာင္းတစ္ခုပါပဲ။

(၅) သင့္ကို အေပ်ာ္႐ႊင္ေစဆုံးေသာ အရာရာတိုင္း သင့္မွာ ဒီေန႔မွစ အၿမဲတမ္းထာဝရျဖစ္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။

(၆) သင္က ကြၽႏ္ုပ္တို႔အတြက္ အၿမဲတမ္းထူးျခားတဲ့ customer တစ္ဦးျဖစ္ပါတယ္။ သင္နဲ႔ မၾကာခင္ျပန္လည္ေတြ႕ဆုံရဖို႔ကို ေမွ်ာ္လင့္ပါတယ္။

(၇) ဒီခ်စ္သူမ်ားေန႔ဆိုတာ ကိုယ့္အတြက္ ထူးျခားတဲ့သူေတြကို ေက်းဇူးတင္အသိအမွတ္ျပဳဖို႔ပါ။ ကြၽႏ္ုပ္ကေတာ့ သင့္ကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားလိုပါတယ္။

(၈) အရင္က သင္ဟာ ကြၽႏ္ုပ္တို႔ရဲ႕ အသည္းေက်ာ္ျဖစ္ခဲ့သလို ေ႐ွ႕ဆက္ၿပီးေတာ့လည္း ကြၽႏ္ုပ္တို႔ရဲ႕ အသည္းေက်ာ္ျဖစ္ေနဦးမွာပါ။

(၉) ကြၽႏ္ုပ္တို႔ရဲ႕ customer ေတြက ကြၽႏ္ုပ္တို႔ကုမၸဏီရဲ႕ ႏွလုံးသားအခ်က္အခ်ာပါ။ သင္ဟာ ကြၽႏ္ုပ္တို႔အတြက္ အထူးပုဂၢိဳလ္ျဖစ္ပါတယ္။

(၁၀) အျခားကုမၸဏီမ်ားစြာ႐ွိတဲ့ထဲက ကြၽႏ္ုပ္တို႔ကို ေ႐ြးခ်ယ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ဒီႏွစ္မွာလည္းပဲ ကြၽႏ္ုပ္တို႔က သင့္ေမွ်ာ္လင့္ခ်က္ေတြျပည့္မီေအာင္ ဝန္ေဆာင္မႈေပးသြားပါမယ္။

(၁၁) ခ်စ္သူမ်ားေန႔မွာ အေယာက္စီတိုင္းကို ဆုမြန္ေကာင္းမ်ားပို႔သအပ္ပါတယ္။ သင္တို႔အားလုံး ဘဝမွာ ေပ်ာ္႐ႊင္မႈနဲ႔ ခ်စ္ျခင္းေမတၱာေတြကို ရ႐ွိခံစားပိုင္ဆိုင္ႏိုင္ၾကပါေစ။

(၁၂) ခ်စ္သူမ်ားေန႔ကို သင္ခ်စ္ခင္သူေတြနဲ႔ ေပ်ာ္႐ႊင္အံ့ၾသဖြယ္ေကာင္းစြာ ျဖတ္သန္းၿပီး လွပတဲ့အမွတ္တရေလးေတြကို အတူတကြဖန္တီးႏိုင္ပါေစ။

(၁၃) ခ်စ္သူမ်ားေန႔အခါသမမွာ ကြၽႏ္ုပ္တို႔ရဲ႕ customer အားလုံး ေပ်ာ္႐ႊင္ၾကည္ႏူးစရာေကာင္းတဲ့အခ်ိန္ေလးေတြ ရ႐ွိေစဖို႔ ႏႈတ္ခြန္းဆက္လိုက္ရပါတယ္။

(၁၄) ဒီတစ္ႏွစ္ပတ္လုံး သင့္ႏွလုံးသားထဲ ေပ်ာ္႐ႊင္မႈေတြ ျပည့္ေနေစဖို႔ သင့္နံေဘး ေပ်ာ္႐ႊင္စရာမ်ား၊ ခ်စ္ျခင္းေမတၱာမ်ားျဖင့္ ဝန္းရံေနပါေစ။

ဗယ္လင္တိုင္း‌ေဒးမွာ ဘယ္လိုဆုမြန္ေကာင္းေတာင္းသည္ျဖစ္ေစ စာရဲ႕အဆုံးသတ္မွာ Happy Valentine’s Day လို႔ ထည့္သြင္းေရးသားဖို႔ကိုလည္း မေမ့ပါနဲ႔ဦးေနာ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service