နေ့စဉ် ဟင်းသီးဟင်းရွက် များများပိုစားနိုင်မည့် နည်းလမ်းများ

နေ့စဉ် ဟင်းသီးဟင်းရွက် များများပိုစားနိုင်မည့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
11 Feb 2022 12:21 pm တွင် တင်ခဲ့သည်
1042 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

တစ်နေ့တစ်နေ့ သင်စားလိုက်တဲ့အစားအစာတွေထဲမှာ ဟင်းသီးဟင်းရွက်တွေ ပါဝင်စေဖို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်တွေနဲ့ သင့်ကျန်းမာရေးကို မြှင့်တင်ပေးပြီး အနာရောဂါတွေကို တွန်းလှန်ပေးတဲ့ antioxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တွေ ကြွယ်ဝပါတယ်။

ဒါ့အပြင် သူတို့ရဲ့ ကယ်လိုရီနိမ့်ပါးစွာပါဝင်မှုကြောင့် ကိုယ်ခန္ဓာအလေးချိန်စီမံမှုအတွက်လည်း အကျိုးပြုပါတယ်။

အရွယ်ရောက်ပြီးသူတွေအနေနဲ့ တစ်နေ့ကို ဟင်းသီးဟင်းရွက်တွေ များများပါဝင်အောင် စားသုံးကြဖို့ ကမ္ဘာတစ်ဝန်းက ကျန်းမာရေးအာဏာပိုင်တွေက အကြံပြုထားပါတယ်။ ဒီအကြံပြုချက်ဟာ ဟင်းသီးဟင်းရွက်ကြိုက်နှစ်သက်သူတွေအတွက် အဆင်ပြေပေမဲ့ အချို့လူတွေအတွက် လိုက်နာဖို့ ခက်ခဲနိုင်ပါတယ်။

အချို့ကတော့ ဟင်းသီးဟင်းရွက်မကြိုက်တာကြောင့် စားဖို့အဆင်မပြေဖြစ်ကြတာရှိသလို အချို့အတွက်ကျပြန်တော့လည်း ဟင်းသီးဟင်းရွက်ဆို ကြော်လှော်ဖို့လောက်ပဲ ခေါင်းထဲရှိတာကြောင့် အရသာမတွေ့၊ ငြီးငွေ့ကာ နေ့တိုင်း များများမစားနိုင်ဖြစ်ကြပါတယ်။

ဒါကြောင့် ဟင်းသီးဟင်းရွက်သီးသန့်စားဖို့အဆင်မပြေသူတွေအတွက် ဟင်းသီးဟင်းရွက်တွေ နေ့တိုင်းများများပိုစားနိုင်ဖို့အတွက် နည်းလမ်းလေးတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ ဟင်းသီးဟင်းရွက်အခြေပြု စွပ်ပြုတ်၊ ဟင်းချို၊ ဟင်းခါးများ

စွပ်ပြုတ်၊ ဟင်းချို၊ ဟင်းခါးတွေဆိုတာ ဟင်းသီးဟင်းရွက်တွေကို တစ်ကြိမ်တည်းနဲ့ များများစားသောက်ဖို့ရာ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

သားငါးအသီးအရွက်ပြုတ်ဟင်းချိုထဲ ဒါမှမဟုတ် ခရင်မ်/မလိုင်အခြေပြု စွတ်ပြုတ်၊ ဟင်းချို၊ ဟင်းခါးတွေထဲ ဟင်းသီးဟင်းရွက်တွေ ထည့်ချက်လို့ပါတယ်။

စွတ်ပြုတ်၊ ဟင်းချို၊ ဟင်းခါးတွေထဲ ပန်းဂေါ်ဖီစိမ်းလိုမျိုး ဟင်းသီးဟင်းရွက်လေးတွေ အနည်းငယ်ထည့်လိုက်ရုံနဲ့တင် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စားသုံးမှုကို တိုးမြှင့်ဖို့ရာ နည်းလမ်းကောင်းတစ်ခုဖြစ်နေပါပြီ။

၂။ ဟင်းသီးဟင်းရွက်ခေါက်ဆွဲများ

ဟင်းသီးဟင်းရွက်ခေါက်ဆွဲတွေဆိုတာ ပြုလုပ်ဖို့ လွယ်ကူပြီး သင့်ရဲ့စားသောက်မှုအစီအစဉ်မှာ ဟင်းသီးဟင်းရွက်တွေ ပိုမိုပါဝင်စေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ခေါက်ဆွဲဟာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုမြင့်မားတဲ့အစားအစာဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်တွေရောနှောထားတဲ့ခေါက်ဆွဲကတော့ ခေါက်ဆွဲကိုကြိုက်နှစ်သူတွေအတွက် ခေါက်ဆွဲကိုလည်း ရှောင်စရာမလိုတော့ဘဲ ကာဗိုဟိုက်ဒရိတ်လျော့နည်းစေမယ့် အစားထိုးအစားအစာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်ခေါက်ဆွဲတွေကို အသားငါး၊ ဆော့စ်တွေနဲ့ပါ ပေါင်းစပ်လိုက်ရင်တော့ အာဟာရရော အရသာပါ ပြောစရာမရှိ ကောင်းမွန်သွားမှာအသေအချာပါပဲ။

၃။ ဆော့စ် (ခေါ်) စားမြိန်ရည်ထဲ ဟင်းသီးဟင်းရွက်များထည့်ခြင်း

သင့်ရဲ့ဆော့စ် (ခေါ်) စားမြိန်ရည်နဲ့ dressing (ဆီနဲ့ရှာလကာရည်နှောထားသော အသုပ်သုပ်ရန် စားမြိန်ရည်) တွေထဲ ဟင်းသီးဟင်းရွက်တွေပါ ထည့်လိုက်ခြင်းက သင့်ရဲ့ ဟင်းသီးဟင်းရွက်စားသောက်မှုကို တိုးစေဖို့ ခိုးကြောင်ခိုးဝှက်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့် သင့်မှာ ဟင်းသီးဟင်းရွက်မကြိုက်တဲ့ ကလေးတွေရှိရင် ဒီနည်းလမ်းက အလွန်အသုံးတည့်ပါတယ်။

ကြက်သွန်ဖြူ/နီ၊ မုန်လာဥဝါ(ဖြူ)၊ ငရုတ်ပွ/ပန်းငရုတ်ပွ၊ ခေါက်ခွရွက် (ဟင်းနုနွယ်နှင့်ဆင်တူသော ဟင်းနုနွယ်ရွက်အငယ်စား) နဲ့ ဟင်းနုနွယ်၊ ကန်စွန်းရွက်လိုမျိုး အစိမ်းရောင်အရွက် စတဲ့ ဟင်းသီးဟင်းရွက်၊ သစ်ဥသစ်ဖုအနည်းငယ်ကို ပေါင်းစပ်ထည့်သွင်းပေးနိုင်ပါတယ်။

၄။ ပန်းဂေါ်ဖီပီဇာမုန့်ဖုတ်ခြင်း

ပန်းဂေါ်ဖီပီဇာဆိုတာ ပန်းဂေါ်ဖီကို သေးသေးမှုန်မှုန်လေးတွေဖြစ်အောင် ဓားခြစ်နဲ့ခြစ်ကာ အိုးထဲထည့်အပူပေးကာ အနည်းငယ်နူးညံ့စေပြီးနောက် ပေါင်မုန့်အကာသား/အနားသားစတွေနဲ့ အရာသာမှုန့်များရောနှောနယ်ဖတ်၍ မုန့်ဖုတ်ပြီး ရရှိလာသော မုန့်ချပ်အပေါ် ဆော့စ်အနှစ်၊ ‌ဒေါက်ခွရွက်(ဟင်းနုနွယ်နှင့်ဆင်တူသော ဟင်းနုနွယ်ရွက်အငယ်စား)၊ ပါးပါးလှီးထားတဲ့ခရမ်းချဉ်သီးဖတ်လေးတွေနဲ့ မိုဇာရယ်လာချိစ်တို့ တန်ဆာဆင်ကာ တစ်ကျော့ပြန်လည်ဖုတ်ထားတဲ့ ပီဇာပဲဖြစ်ပါတယ်။ ဖော်ပြပါလင့်ခ် (https://www.youtube.com/watch?v=XaCYSX5WE5M) (သို့) YouTube မှာ Cauliflower Pizza Crust Recipe လို့ ရိုက်ထည့်ပြီး ပန်းဂေါ်ဖီပီဇာလုပ်နည်းတွေကို ကြည့်ရှုနိုင်ပါတယ်။

၅။ Smoothie ဖျော်ရည်များထဲ ရောနှောခြင်း

Smoothie ဖျော်ရည်တွေကိုတော့ အားလုံးသိပြီးသားဖြစ်တာကြောင့် မရှင်းပြတော့ပါဘူးနော်။ ကိုက်လန်၊ ဒေါက်ခွရွက်၊ ဘလူးဘယ်ရီ၊ ငှက်ပျောသီး၊ သခွားသီး၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ထောပတ်သီးနဲ့ ကန်စွန်းဥ စတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံလေးတွေကတော့ smoothie ဖျော်ရည်တွေထဲ အများအားဖြင့် ထည့်ဖျော်ကြတဲ့ တွဲဖက်လေးတွေပဲဖြစ်ပါတယ်။

၆။ ဟင်းသီးဟင်းရွက်ကြက်ဥမွှေကြော်

၇။ ဟင်းသီးဟင်းရွက်ဘာဂါ

၈။ ငါးပုဇွန်အသုပ်များထဲ ဟင်းသီးဟင်းရွက်များထည့်ခြင်း

၉။ ငရုတ်ပွ/ပန်းငရုတ်ပွ၊ ဗုံလုံသီး (ပဲလင်းမြွေသီး) တို့အထဲ အသား၊ ငါး၊ ပုဇွန်၊ ထမင်းစသည် အဆာသွပ်ခြင်း

၁၀။ ပန်းဂေါ်ဖီထမင်း

ပန်းဂေါ်ဖီကို သေးသေးမှုန်မှုန်လေးတွေဖြစ်အောင် ခြစ်၍ ဆန်နဲ့ရောချက်ခြင်း၊ သပ်သပ်စီချက်၍ ပြန်ရောခြင်းဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုမြင့်မားတဲ့အစားအစာဖြစ်တဲ့ ထမင်းကို လျှော့မစားနိုင်ဘူးဆိုသူတွေအတွက် အားရပါးရလည်း စားသုံးနိုင်စေပြီး ခန္ဓာကိုယ်ထဲ ကာဗိုဟိုက်ဒရိတ်ရောက်ရှိမှုလျော့နည်းစေမယ့် အစားထိုးအစားအစာကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါပန်းဂေါ်ဖီမှုန်လေးတွေကို ထမင်းကြော်ထဲထည့်ကြော်လို့လည်း ရပါသေးတယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 17 Creative Ways to Eat More Vegetables (healthline.com)

 

 

[Zawgyi]

ေန႔စဥ္ ဟင္းသီးဟင္း႐ြက္ မ်ားမ်ားပိုစားႏိုင္မည့္ နည္းလမ္းမ်ား

တစ္ေန႔တစ္ေန႔ သင္စားလိုက္တဲ့အစားအစာေတြထဲမွာ ဟင္းသီးဟင္း႐ြက္ေတြ ပါဝင္ေစဖို႔ အလြန္႔အလြန္ကို အေရးႀကီးပါတယ္။ ဟင္းသီးဟင္း႐ြက္ေတြမွာ အာဟာရဓာတ္ေတြနဲ႔ သင့္က်န္းမာေရးကို ျမႇင့္တင္ေပးၿပီး အနာေရာဂါေတြကို တြန္းလွန္ေပးတဲ့ antioxidant (ဓာတ္တိုးဆန္႔က်င္ပစၥည္း) ေတြ ႂကြယ္ဝပါတယ္။

ဒါ့အျပင္ သူတို႔ရဲ႕ ကယ္လိုရီနိမ့္ပါးစြာပါဝင္မႈေၾကာင့္ ကိုယ္ခႏၶာအေလးခ်ိန္စီမံမႈအတြက္လည္း အက်ိဳးျပဳပါတယ္။

အ႐ြယ္ေရာက္ၿပီးသူေတြအေနနဲ႔ တစ္ေန႔ကို ဟင္းသီးဟင္း႐ြက္ေတြ မ်ားမ်ားပါဝင္ေအာင္ စားသုံးၾကဖို႔ ကမ႓ာတစ္ဝန္းက က်န္းမာေရးအာဏာပိုင္ေတြက အၾကံျပဳထားပါတယ္။ ဒီအၾကံျပဳခ်က္ဟာ ဟင္းသီးဟင္း႐ြက္ႀကိဳက္ႏွစ္သက္သူေတြအတြက္ အဆင္ေျပေပမဲ့ အခ်ိဳ႕လူေတြအတြက္ လိုက္နာဖို႔ ခက္ခဲႏိုင္ပါတယ္။

အခ်ိဳ႕ကေတာ့ ဟင္းသီးဟင္း႐ြက္မႀကိဳက္တာေၾကာင့္ စားဖို႔အဆင္မေျပျဖစ္ၾကတာ႐ွိသလို အခ်ိဳ႕အတြက္က်ျပန္ေတာ့လည္း ဟင္းသီးဟင္း႐ြက္ဆို ေၾကာ္ေလွာ္ဖို႔ေလာက္ပဲ ေခါင္းထဲ႐ွိတာေၾကာင့္ အရသာမေတြ႕၊ ၿငီးေငြ႕ကာ ေန႔တိုင္း မ်ားမ်ားမစားႏိုင္ျဖစ္ၾကပါတယ္။

ဒါေၾကာင့္ ဟင္းသီးဟင္း႐ြက္သီးသန္႔စားဖို႔အဆင္မေျပသူေတြအတြက္ ဟင္းသီးဟင္း႐ြက္ေတြ ေန႔တိုင္းမ်ားမ်ားပိုစားႏိုင္ဖို႔အတြက္ နည္းလမ္းေလးေတြကို ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဟင္းသီးဟင္း႐ြက္အေျချပဳ စြပ္ျပဳတ္၊ ဟင္းခ်ိဳ၊ ဟင္းခါးမ်ား

စြပ္ျပဳတ္၊ ဟင္းခ်ိဳ၊ ဟင္းခါးေတြဆိုတာ ဟင္းသီးဟင္း႐ြက္ေတြကို တစ္ႀကိမ္တည္းနဲ႔ မ်ားမ်ားစားေသာက္ဖို႔ရာ နည္းလမ္းေကာင္းတစ္ခုပဲျဖစ္ပါတယ္။

သားငါးအသီးအ႐ြက္ျပဳတ္ဟင္းခ်ိဳထဲ ဒါမွမဟုတ္ ခရင္မ္/မလိုင္အေျချပဳ စြတ္ျပဳတ္၊ ဟင္းခ်ိဳ၊ ဟင္းခါးေတြထဲ ဟင္းသီးဟင္း႐ြက္ေတြ ထည့္ခ်က္လို႔ပါတယ္။

စြတ္ျပဳတ္၊ ဟင္းခ်ိဳ၊ ဟင္းခါးေတြထဲ ပန္းေဂၚဖီစိမ္းလိုမ်ိဳး ဟင္းသီးဟင္း႐ြက္ေလးေတြ အနည္းငယ္ထည့္လိုက္႐ုံနဲ႔တင္ အမွ်င္ဓာတ္၊ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ စားသုံးမႈကို တိုးျမႇင့္ဖို႔ရာ နည္းလမ္းေကာင္းတစ္ခုျဖစ္ေနပါၿပီ။

၂။ ဟင္းသီးဟင္း႐ြက္ေခါက္ဆြဲမ်ား

ဟင္းသီးဟင္း႐ြက္ေခါက္ဆြဲေတြဆိုတာ ျပဳလုပ္ဖို႔ လြယ္ကူၿပီး သင့္ရဲ႕စားေသာက္မႈအစီအစဥ္မွာ ဟင္းသီးဟင္း႐ြက္ေတြ ပိုမိုပါဝင္ေစဖို႔ နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။ ေခါက္ဆြဲဟာ ကာဗိုဟိုက္ဒရိတ္ပါဝင္မႈျမင့္မားတဲ့အစားအစာျဖစ္ပါတယ္။ ဟင္းသီးဟင္း႐ြက္ေတြေရာေႏွာထားတဲ့ေခါက္ဆြဲကေတာ့ ေခါက္ဆြဲကိုႀကိဳက္ႏွစ္သူေတြအတြက္ ေခါက္ဆြဲကိုလည္း ေ႐ွာင္စရာမလိုေတာ့ဘဲ ကာဗိုဟိုက္ဒရိတ္ေလ်ာ့နည္းေစမယ့္ အစားထိုးအစားအစာေကာင္းတစ္ခုလည္း ျဖစ္ပါတယ္။ ဟင္းသီးဟင္း႐ြက္ေခါက္ဆြဲေတြကို အသားငါး၊ ေဆာ့စ္ေတြနဲ႔ပါ ေပါင္းစပ္လိုက္ရင္ေတာ့ အာဟာရေရာ အရသာပါ ေျပာစရာမ႐ွိ ေကာင္းမြန္သြားမွာအေသအခ်ာပါပဲ။

၃။ ေဆာ့စ္ (ေခၚ) စားၿမိန္ရည္ထဲ ဟင္းသီးဟင္း႐ြက္မ်ားထည့္ျခင္း

သင့္ရဲ႕ေဆာ့စ္ (ေခၚ) စားၿမိန္ရည္နဲ႔ dressing (ဆီနဲ႔႐ွာလကာရည္ေႏွာထားေသာ အသုပ္သုပ္ရန္ စားၿမိန္ရည္) ေတြထဲ ဟင္းသီးဟင္း႐ြက္ေတြပါ ထည့္လိုက္ျခင္းက သင့္ရဲ႕ ဟင္းသီးဟင္း႐ြက္စားေသာက္မႈကို တိုးေစဖို႔ ခိုးေၾကာင္ခိုးဝွက္နည္းလမ္းတစ္ခုပဲျဖစ္ပါတယ္။ အထူးသျဖင့္ သင့္မွာ ဟင္းသီးဟင္း႐ြက္မႀကိဳက္တဲ့ ကေလးေတြ႐ွိရင္ ဒီနည္းလမ္းက အလြန္အသုံးတည့္ပါတယ္။

ၾကက္သြန္ျဖဴ/နီ၊ မုန္လာဥဝါ(ျဖဴ)၊ င႐ုတ္ပြ/ပန္းင႐ုတ္ပြ၊ ေခါက္ခြ႐ြက္ (ဟင္းႏုႏြယ္ႏွင့္ဆင္တူေသာ ဟင္းႏုႏြယ္႐ြက္အငယ္စား) နဲ႔ ဟင္းႏုႏြယ္၊ ကန္စြန္း႐ြက္လိုမ်ိဳး အစိမ္းေရာင္အ႐ြက္ စတဲ့ ဟင္းသီးဟင္း႐ြက္၊ သစ္ဥသစ္ဖုအနည္းငယ္ကို ေပါင္းစပ္ထည့္သြင္းေပးႏိုင္ပါတယ္။

၄။ ပန္းေဂၚဖီပီဇာမုန္႔ဖုတ္ျခင္း

ပန္းေဂၚဖီပီဇာဆိုတာ ပန္းေဂၚဖီကို ေသးေသးမႈန္မႈန္ေလးေတြျဖစ္ေအာင္ ဓားျခစ္နဲ႔ျခစ္ကာ အိုးထဲထည့္အပူေပးကာ အနည္းငယ္ႏူးညံ့ေစၿပီးေနာက္ ေပါင္မုန္႔အကာသား/အနားသားစေတြနဲ႔ အရာသာမႈန္႔မ်ားေရာေႏွာနယ္ဖတ္၍ မုန္႔ဖုတ္ၿပီး ရ႐ွိလာေသာ မုန္႔ခ်ပ္အေပၚ ေဆာ့စ္အႏွစ္၊ ‌ေဒါက္ခြ႐ြက္(ဟင္းႏုႏြယ္ႏွင့္ဆင္တူေသာ ဟင္းႏုႏြယ္႐ြက္အငယ္စား)၊ ပါးပါးလွီးထားတဲ့ခရမ္းခ်ဥ္သီးဖတ္ေလးေတြနဲ႔ မိုဇာရယ္လာခ်ိစ္တို႔ တန္ဆာဆင္ကာ တစ္ေက်ာ့ျပန္လည္ဖုတ္ထားတဲ့ ပီဇာပဲျဖစ္ပါတယ္။ ေဖာ္ျပပါလင့္ခ္ (https://www.youtube.com/watch?v=XaCYSX5WE5M) (သို႔) YouTube မွာ Cauliflower Pizza Crust Recipe လို႔ ႐ိုက္ထည့္ၿပီး ပန္းေဂၚဖီပီဇာလုပ္နည္းေတြကို ၾကည့္႐ႈႏိုင္ပါတယ္။

၅။ Smoothie ေဖ်ာ္ရည္မ်ားထဲ ေရာေႏွာျခင္း

Smoothie ေဖ်ာ္ရည္ေတြကိုေတာ့ အားလုံးသိၿပီးသားျဖစ္တာေၾကာင့္ မ႐ွင္းျပေတာ့ပါဘူးေနာ္။ ကိုက္လန္၊ ေဒါက္ခြ႐ြက္၊ ဘလူးဘယ္ရီ၊ ငွက္ေပ်ာသီး၊ သခြားသီး၊ မုန္လာဥနီ၊ ေ႐ႊဖ႐ုံသီး၊ ေထာပတ္သီးနဲ႔ ကန္စြန္းဥ စတဲ့ ဟင္းသီးဟင္း႐ြက္နဲ႔ အသီးအႏွံေလးေတြကေတာ့ smoothie ေဖ်ာ္ရည္ေတြထဲ အမ်ားအားျဖင့္ ထည့္ေဖ်ာ္ၾကတဲ့ တြဲဖက္ေလးေတြပဲျဖစ္ပါတယ္။

၆။ ဟင္းသီးဟင္း႐ြက္ၾကက္ဥေမႊေၾကာ္

၇။ ဟင္းသီးဟင္း႐ြက္ဘာဂါ

၈။ ငါးပုဇြန္အသုပ္မ်ားထဲ ဟင္းသီးဟင္း႐ြက္မ်ားထည့္ျခင္း

၉။ င႐ုတ္ပြ/ပန္းင႐ုတ္ပြ၊ ဗုံလုံသီး (ပဲလင္းေႁမြသီး) တို႔အထဲ အသား၊ ငါး၊ ပုဇြန္၊ ထမင္းစသည္ အဆာသြပ္ျခင္း

၁၀။ ပန္းေဂၚဖီထမင္း

ပန္းေဂၚဖီကို ေသးေသးမႈန္မႈန္ေလးေတြျဖစ္ေအာင္ ျခစ္၍ ဆန္နဲ႔ေရာခ်က္ျခင္း၊ သပ္သပ္စီခ်က္၍ ျပန္ေရာျခင္းျဖစ္ပါတယ္။ ကာဗိုဟိုက္ဒရိတ္ပါဝင္မႈျမင့္မားတဲ့အစားအစာျဖစ္တဲ့ ထမင္းကို ေလွ်ာ့မစားႏိုင္ဘူးဆိုသူေတြအတြက္ အားရပါးရလည္း စားသုံးႏိုင္ေစၿပီး ခႏၶာကိုယ္ထဲ ကာဗိုဟိုက္ဒရိတ္ေရာက္႐ွိမႈေလ်ာ့နည္းေစမယ့္ အစားထိုးအစားအစာေကာင္းတစ္ခုပဲ ျဖစ္ပါတယ္။ အဆိုပါပန္းေဂၚဖီမႈန္ေလးေတြကို ထမင္းေၾကာ္ထဲထည့္ေၾကာ္လို႔လည္း ရပါေသးတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 17 Creative Ways to Eat More Vegetables (healthline.com)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service