ဘောလုံးကြယ်ပွင့် မက်ဆီ စပိန်တွင် ဟိုတယ်ဝယ်ယူပြီးနောက် ဝန်ထမ်း ၄၀ အလုပ်ဖြုတ်ခံရ

ဘောလုံးကြယ်ပွင့် မက်ဆီ စပိန်တွင် ဟိုတယ်ဝယ်ယူပြီးနောက် ဝန်ထမ်း ၄၀ အလုပ်ဖြုတ်ခံရ - Property News in Myanmar from iMyanmarHouse.com
9 Feb 2022 11:19 am တွင် တင်ခဲ့သည်
1081 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စပိန်နိုင်ငံတောင်ပိုင်း ဂျီဘရော်လ်တာ ရေလက်ကြားအနီးရှိ လူကုံထံတို့ နေထိုင်ရာဒေသဖြစ်သော ဆိုတို ဂရန်ဒီအရပ်တွင်တည်ရှိသော ထိပ်တန်းအကျဆုံးဟိုတယ်များအနက်မှ တစ်လုံးကို ဘောလုံးစူပါကြယ်ပွင့် လီယိုနယ်မက်ဆီက ဝယ်ယူလိုက်သည်။

ဆိုတို ဂရန်ဒီဒေသသည် ၂၀၀၉ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၅၈၄ ဦးသာရှိသော ဒေသလေး ဖြစ်သည်။

မက်ဆီဝယ်ယူလိုက်သော ဟိုတယ်အမည်မှာ “ဟိုတယ် ကလပ် မာရီတီမို” ဖြစ်သည်။

မက်ဆီဝယ်ယူပြီးနောက် ဝန်ထမ်း ၄၀ ဦး အလုပ်ဖြုတ်ခံရမှုအပေါ် အပြင်းအထန် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

လက်ရှိအားဖြင့် ပီအက်စ်ဂျီအသင်းတွင် ကစားနေသူ မက်ဆီက အဆိုပါဟိုတယ်ကို ၎င်းပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သော MIM Group မှတဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဆန်ရိုကီ (San Roque) မြို့တော်ဝန် ဟွမ် ကားလို့စ် ရိဇ် ဘွိုင် (Juan Carlos Ruiz Boix) က “ဒါဟာ မတရားပါဘူး။ နားလည်ရခက်ပါတယ်။ ဟိုတယ်ပြန်ဖွင့်ချိန်မှာ ဝန်ထမ်းတွေ အလုပ်ပြန်ရဖို့ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။ အလုပ်ဖြုတ်ခံရသော အလုပ်သမားများအနက်မှ တစ်ဦးအကြောင်းကို ၎င်းက ထုတ်ဖော်ပြောပြသည်။

“မီဂဲလ် (Miguel) ဟာ ဟိုတယ်အတွက် ၂၆ နှစ် တာဝန်ထမ်းဆောင်ပေးဆပ်ခဲ့သူ ဖြစ်ပါတယ်။ သူတို့က ပိုင်ရှင်ပြောင်းလဲသွားတာနဲ့ နှစ်မြှုပ်ပေးဆပ်ခဲ့တာတွေကို လွှင့်ပစ်လိုက်တယ်။ သူဟာ ၂၆ နှစ်လုံး အလုပ်လုပ်ပေးခဲ့ပြီး အသက် ၄၆ နှစ်အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါပြီ”

Majestic Hotel Group မှ ၂၀၁၇ ခုနှစ်ကတည်းက စီမံပေးခဲ့သော မက်ဆီ၏ ဟိုတယ်အင်ပါယာသည် မြေထဲပင်လယ်မှ ကျွန်းတစ်ခုဖြစ်သော Ibiza နှင့် Mallorca ၊ ဘာစီလိုနာ၏ အနောက်တောင်ဘက်ရှိ ကမ်းရိုးတန်းမြို့ဖြစ်သော Sitges ၊ ပြင်သစ်နှင့် စပိန်အကြားမှ နိုင်ငံငယ်ကလေးဖြစ်သော Andorra တို့တွင် လူကုံထံတို့အတွက် ရည်ရွယ်သည့် ထိပ်တန်းဟိုတယ်များ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ယခုဟိုတယ်မှာ မက်ဆီ၏ ကုမ္ပဏီက ဝယ်ယူလိုက်သော ဆဌမမြောက်ဟိုတယ်လည်း ဖြစ်သည်။

ပင်လယ်ပြင်နှင့် လှေဆိပ်တို့ကို စီးမိုးတွေ့မြင်နေရသည့် ထိပ်တန်းနေရာကောင်းတွင် တည်ရှိပြီး အားကစားလေ့ကျင့်ရေးစင်တာ၊ Spa နှင့် နားနေဆောင်ပါဝင်သော စားသောက်ဆိုင် ၂ ခုတို့ ပါဝင်သည်။

အဆိုပါဟိုတယ်ကို MIM Sotogrande Club Marítimo ဟု အမည်ပြောင်းလဲထားပြီး လာမည့်ဧပြီလတွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: LIONEL MESSI BUYS HOTEL IN SPAIN’S SOTOGRANDE AND 40 STAFF ARE DISMISSED (theolivepress)

[Zawgyi]

ေဘာလံုးၾကယ္ပြင့္ မက္ဆီ စပိန္တြင္ ဟိုတယ္ဝယ္ယူျပီးေနာက္ ဝန္ထမ္း ၄၀ အလုပ္ျဖဳတ္ခံရ

စပိန္ႏိုင္ငံေတာင္ပိုင္း ဂ်ီဘေရာ္လ္တာ ေရလက္ၾကားအနီးရွိ လူကံုထံတို႔ ေနထိုင္ရာေဒသျဖစ္ေသာ ဆိုတို ဂရန္ဒီအရပ္တြင္တည္ရွိေသာ ထိပ္တန္းအက်ဆံုးဟိုတယ္မ်ားအနက္မွ တစ္လံုးကို ေဘာလံုးစူပါၾကယ္ပြင့္ လီယိုနယ္မက္ဆီက ဝယ္ယူလိုက္သည္။

ဆိုတို ဂရန္ဒီေဒသသည္ ၂၀၀၉ ခုႏွစ္ သန္းေခါင္စာရင္းအရ လူဦးေရ ၂၅၈၄ ဦးသာရွိေသာ ေဒသေလး ျဖစ္သည္။

မက္ဆီဝယ္ယူလိုက္ေသာ ဟိုတယ္အမည္မွာ “ဟိုတယ္ ကလပ္ မာရီတီမို” ျဖစ္သည္။

မက္ဆီဝယ္ယူျပီးေနာက္ ဝန္ထမ္း ၄၀ ဦး အလုပ္ျဖဳတ္ခံရမႈအေပၚ အျပင္းအထန္ ေဝဖန္မႈမ်ားႏွင့္ ရင္ဆိုင္ေနရသည္။

လက္ရွိအားျဖင့္ ပီအက္စ္ဂ်ီအသင္းတြင္ ကစားေနသူ မက္ဆီက အဆိုပါဟိုတယ္ကို ၎ပိုင္ဆုိင္သည့္ ကုမၸဏီျဖစ္ေသာ MIM Group မွတဆင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ဆန္ရိုကီ (San Roque) ျမိဳ႕ေတာ္ဝန္ ဟြမ္ ကားလို႔စ္ ရိဇ္ ဘြိဳင္ (Juan Carlos Ruiz Boix) က “ဒါဟာ မတရားပါဘူး။ နားလည္ရခက္ပါတယ္။ ဟိုတယ္ျပန္ဖြင့္ခ်ိန္မွာ ဝန္ထမ္းေတြ အလုပ္ျပန္ရဖုိ႔ ကၽြန္ေတာ္တို႔ တိုက္ပြဲဝင္သြားမွာ ျဖစ္ပါတယ္”ဟု ေျပာၾကားသည္။ အလုပ္ျဖဳတ္ခံရေသာ အလုပ္သမားမ်ားအနက္မွ တစ္ဦးအေၾကာင္းကို ၎က ထုတ္ေဖာ္ေျပာျပသည္။

“မီဂဲလ္ (Miguel) ဟာ ဟိုတယ္အတြက္ ၂၆ ႏွစ္ တာဝန္ထမ္းေဆာင္ေပးဆပ္ခဲ့သူ ျဖစ္ပါတယ္။ သူတို႔က ပိုင္ရွင္ေျပာင္းလဲသြားတာနဲ႔ ႏွစ္ျမွွဳပ္ေပးဆပ္ခဲ့တာေတြကို လႊင့္ပစ္လိုက္တယ္။ သူဟာ ၂၆ ႏွစ္လံုး အလုပ္လုပ္ေပးခဲ့ျပီး အသက္ ၄၆ ႏွစ္အရြယ္မွာ အလုပ္လက္မဲ့ျဖစ္ခဲ့ရပါျပီ”

Majestic Hotel Group မွ ၂၀၁၇ ခုႏွစ္ကတည္းက စီမံေပးခဲ့ေသာ မက္ဆီ၏ ဟိုတယ္အင္ပါယာသည္ ေျမထဲပင္လယ္မွ ကၽြန္းတစ္ခုျဖစ္ေသာ Ibiza ႏွင့္ Mallorca ၊ ဘာစီလိုနာ၏ အေနာက္ေတာင္ဘက္ရွိ ကမ္းရိုးတန္းျမိဳ႕ျဖစ္ေသာ Sitges ၊ ျပင္သစ္ႏွင့္ စပိန္အၾကားမွ ႏိုင္ငံငယ္ကေလးျဖစ္ေသာ Andorra တို႔တြင္ လူကံုထံတို႔အတြက္ ရည္ရြယ္သည့္ ထိပ္တန္းဟိုတယ္မ်ား ပိုင္ဆိုင္ထားျပီး ျဖစ္သည္။

ယခုဟိုတယ္မွာ မက္ဆီ၏ ကုမၸဏီက ဝယ္ယူလိုက္ေသာ ဆဌမေျမာက္ဟိုတယ္လည္း ျဖစ္သည္။

ပင္လယ္ျပင္ႏွင့္ ေလွဆိပ္တို႔ကို စီးမိုးေတြ႔ျမင္ေနရသည့္ ထိပ္တန္းေနရာေကာင္းတြင္ တည္ရွိျပီး အားကစားေလ့က်င့္ေရးစင္တာ၊ Spa ႏွင့္ နားေနေဆာင္ပါဝင္ေသာ စားေသာက္ဆုိင္ ၂ ခုတို႔ ပါဝင္သည္။

အဆိုပါဟိုတယ္ကို MIM Sotogrande Club Marítimo ဟု အမည္ေျပာင္းလဲထားျပီး လာမည့္ဧျပီလတြင္ ျပန္လည္ဖြင့္လွစ္မည္ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: LIONEL MESSI BUYS HOTEL IN SPAIN’S SOTOGRANDE AND 40 STAFF ARE DISMISSED (theolivepress)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service