ကန်ဒေါ်လာ ၄၂ သန်းဖြင့် ရောင်းချလိုက်သည့် ငါးမန်းကန်ပါသော စံအိမ်ကြီး

ကန်ဒေါ်လာ ၄၂ သန်းဖြင့် ရောင်းချလိုက်သည့် ငါးမန်းကန်ပါသော စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
7 Feb 2022 12:28 pm တွင် တင်ခဲ့သည်
1386 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ ကို့ချဲလာတောင်ကြားရှိ တောင်တစ်ခု ပေါ်တွင် တည်ဆောက်ထားသည့် စံအိမ်ကြီးတွင် ငါးမန်းကန်တစ်ခုနှင့် ပင်လယ်ရေကြောင်း အငွေ့အသက်များ ထုံမွှမ်းသော ရေကန် ၃ ခုပါဝင်ကာ ကန်ဒေါ်လာ ၄၂ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားရာ ကို့ချဲလာတောင်ကြားအတွက် စံချိန်တင် ဈေးနှုန်းလည်း ဖြစ်သည်။

သတင်းစာထုတ်ဝေသူ၊ အိမ်ခြံမြေ developer ဖြစ်သူ Duane B. Hagadone ပိုင်ဆိုင်ခဲ့သော စံအိမ်ကြီးသည် စတုရန်းပေ ၂၀၀၀၀ ကျော် ကျယ်ဝန်းပြီး ခြံအကျယ် ၈ ဧကနီးပါးရှိကြောင်း Coldwell Banker အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် စတိဗ် ဖရန်ကဲလ်က ပြောသည်။

“ဒီ အိမ်က တောင်ပေါ်မှာ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် တောင်တန်းတွေနဲ့ ကို့ချဲလာ တောင်ကြားအပြင် လွင်ပြင်ဒေသကြီးတစ်ခုလုံးကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ ဒါက ကျယ်ပြောလှတဲ့ မြင်ကွင်းကြီးပါ။ ဒါက အံ့ဖွယ်တစ်ပါးပါပဲ”ဟု မစ္စတာ ဖရန်ကဲလ်က ပြောသည်။

လွန်ခဲ့သော နိုဝင်ဘာလအလယ်ပိုင်းတွင် ပထမဆုံး ဈေးကွက်တင်ခဲ့ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၄၉ ဒသမ ၅ သန်းဖြစ်သည်။ အရောင်းဈေးကွက်တင်ပြီး ၁ လခန့်အတွင်း ဝယ်လက်ရှာတွေ့ခဲ့ခြင်းလည်း ဖြစ်သည်။

အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းမှာ Palm Desert ဒေသ၏ ဈေးအကြီးဆုံး စံချိန်တင်ထားခဲ့သည့် အရောင်းအဝယ်ထက် ကန်ဒေါ်လာ ၂၈ သန်းကျော် ပိုမိုများပြားသည်။ ထို့အပြင် တောင်ကြားဒေသတွင် ဈေးအကြီးဆုံးစံချိန်တင်ထားသည့် အရောင်းအဝယ်ထက်လည်း ၂ ဆကျော် ပိုမိုများပြားသည့် ဈေးနှုန်းဖြစ်ကြောင်း Multiple Listing Service ဖြစ်သော Coldwell Banker က ဖော်ပြသည်။

အပြစ်ဆိုဖွယ်မရှိအောင် မွမ်းမံထိန်းသိမ်းမှု ပြုလုပ်ထားသည့် Bighorn ဂေါက်ကလပ်ဝန်းအတွင်း တည်ရှိကာ စံအိမ်အတွင်း အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၁၂ ခန်း ပါဝင်ပြီး ဒေသတွင်း ဗိသုကာပညာရှင် Guy Dreier က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

မြေအနေအထားပေါ်မူတည်ကာ ဆောက်လုပ်ထားခြင်းဖြစ်ရာ နံရံများမှာ ပြန့်ပြူးသောနေရာနှင့် ကွေ့ကောက်သောနေရာ အမျိုးမျိုးရှိရာ အချိုးအစားမညီသော အဆောက်အအုံအနေအထားကို ဖြစ်ပေါ်စေကာ ဆောက်လုပ်ထားကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

လှိုင်းတွန့်သစ်မျက်နှာကြက်နှင့် တိုက်တေနီယံ မီးလင်းဖိုတစ်ခု ပါဝင်သော ခန်းမကြီးတစ်ခုလည်း ပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

ထို့အပြင် အမေရိကန်အနုပညာရှင် Dale Chihuly ၏ ရုပ်တုတစ်ခုနှင့် ငါးအလှမွေး ပြွန်ခုံးတစ်ခုပါဝင်ရာ အရောင်အသွေးစုံလင်သည့်ငါးများထားရာကန်နှင့် ငါးမန်းကန်တစ်ခုတို့ဖြင့် ဖွဲ့စည်းထားကြောင်း မစ္စတာ ဖရန်ကဲလ်က ပြောသည်။

Duane B. Hagadone သည် ပြီးခဲ့သောနှစ်အတွင်း အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ PropertyShark တွင် ဖော်ပြသော အိမ်ခြံမြေမှတ်တမ်းများအရ Hagadone က ၂၀၀၄ ခုနှစ်တွင် ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Hagadone သည် အိုင်ဒါဟိုပြည်နယ်ဇာတိဖြစ်ပြီး Hagadone သတင်းစာကုမ္ပဏီ၊ Hagadone သည် သတင်းစာ ၁၇ စောင်အထိ တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော E. W. Scripps ကုမ္ပဏီ၏ လက်ခွဲတစ်ခုလည်း ဖြစ်သည်။

Hagadone သည် အိုင်ဒါဟိုပြည်နယ်မြောက်ပိုင်းတွင် ကြယ်ငါးပွင့်အဆင့် အပန်းဖြေစခန်းနှင့် ဂေါက်ကွင်းဖြစ်သော Coeur d’Alene Resort and Golf Course ကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: California Megamansion With a Shark Tank Sells for $42 Million, a Coachella Valley Record (mansionglobal)

[Zawgyi]

ကန္ေဒၚလာ ၄၂ သန္းျဖင့္ ေရာင္းခ်လိုက္သည့္ ငါးမန္းကန္ပါေသာ စံအိမ္ၾကီး

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္ေတာင္ပိုင္း၊ ကို႔ခ်ဲလာေတာင္ၾကားရွိ ေတာင္တစ္ခုု ေပၚတြင္ တည္ေဆာက္ထားသည့္ စံအိမ္ၾကီးတြင္ ငါးမန္းကန္တစ္ခုႏွင့္ ပင္လယ္ေရေၾကာင္း အေငြ႔အသက္မ်ား ထံုမႊမ္းေသာ ေရကန္ ၃ ခုပါဝင္ကာ ကန္ေဒၚလာ ၄၂ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္သြားရာ ကို႔ခ်ဲလာေတာင္ၾကားအတြက္ စံခ်ိန္တင္ ေစ်းႏႈန္းလည္း ျဖစ္သည္။

သတင္းစာထုတ္ေဝသူ၊ အိမ္ျခံေျမ developer ျဖစ္သူ Duane B. Hagadone ပိုင္ဆိုင္ခဲ့ေသာ စံအိမ္ၾကီးသည္ စတုရန္းေပ ၂၀၀၀၀ ေက်ာ္ က်ယ္ဝန္းျပီး ျခံအက်ယ္ ၈ ဧကနီးပါးရွိေၾကာင္း Coldwell Banker အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ စတိဗ္ ဖရန္ကဲလ္က ေျပာသည္။

“ဒီ အိမ္က ေတာင္ေပၚမွာ ေဆာက္လုပ္ထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ ေတာင္တန္းေတြနဲ႔ ကို႔ခ်ဲလာ ေတာင္ၾကားအျပင္ လြင္ျပင္ေဒသၾကီးတစ္ခုလံုးကို ေတြ႔ျမင္ခံစားရမွာ ျဖစ္ပါတယ္။ ဒါက က်ယ္ေျပာလွတဲ့ ျမင္ကြင္းၾကီးပါ။ ဒါက အံ့ဖြယ္တစ္ပါးပါပဲ”ဟု မစၥတာ ဖရန္ကဲလ္က ေျပာသည္။

လြန္ခဲ့ေသာ ႏိုဝင္ဘာလအလယ္ပိုင္းတြင္ ပထမဆံုး ေစ်းကြက္တင္ခဲ့ျပီး ေခၚေစ်းမွာ ကန္ေဒၚလာ ၄၉ ဒသမ ၅ သန္းျဖစ္သည္။ အေရာင္းေစ်းကြက္တင္ျပီး ၁ လခန္႔အတြင္း ဝယ္လက္ရွာေတြ႔ခဲ့ျခင္းလည္း ျဖစ္သည္။

အေရာင္းအဝယ္ျဖစ္ခဲ့ေသာ ေစ်းႏႈန္းမွာ Palm Desert ေဒသ၏ ေစ်းအၾကီးဆံုး စံခ်ိန္တင္ထားခဲ့သည့္ အေရာင္းအဝယ္ထက္ ကန္ေဒၚလာ ၂၈ သန္းေက်ာ္ ပိုမိုမ်ားျပားသည္။ ထို႔အျပင္ ေတာင္ၾကားေဒသတြင္ ေစ်းအၾကီးဆံုးစံခ်ိန္တင္ထားသည့္ အေရာင္းအဝယ္ထက္လည္း ၂ ဆေက်ာ္ ပိုမိုမ်ားျပားသည့္ ေစ်းႏႈန္းျဖစ္ေၾကာင္း Multiple Listing Service ျဖစ္ေသာ Coldwell Banker က ေဖာ္ျပသည္။

အျပစ္ဆိုဖြယ္မရွိေအာင္ မြမ္းမံထိန္းသိမ္းမႈ ျပဳလုပ္ထားသည့္ Bighorn ေဂါက္ကလပ္ဝန္းအတြင္း တည္ရွိကာ စံအိမ္အတြင္း အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၁၂ ခန္း ပါဝင္ျပီး ေဒသတြင္း ဗိသုကာပညာရွင္ Guy Dreier က ဒီဇိုင္းေရးဆြဲေပးခဲ့ျခင္း ျဖစ္သည္။

ေျမအေနအထားေပၚမူတည္ကာ ေဆာက္လုပ္ထားျခင္းျဖစ္ရာ နံရံမ်ားမွာ ျပန္႔ျပဴးေသာေနရာႏွင့္ ေကြ႔ေကာက္ေသာေနရာ အမ်ဳိးမ်ဳိးရွိရာ အခ်ဳိးအစားမညီေသာ အေဆာက္အအံုအေနအထားကို ျဖစ္ေပၚေစကာ ေဆာက္လုပ္ထားေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

လိႈင္းတြန္႔သစ္မ်က္ႏွာၾကက္ႏွင့္ တိုက္ေတနီယံ မီးလင္းဖိုတစ္ခု ပါဝင္ေသာ ခန္းမၾကီးတစ္ခုလည္း ပါဝင္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

ထို႔အျပင္ အေမရိကန္အႏုပညာရွင္ Dale Chihuly ၏ ရုပ္တုတစ္ခုႏွင့္ ငါးအလွေမြး ျပြန္ခံုးတစ္ခုပါဝင္ရာ အေရာင္အေသြးစံုလင္သည့္ငါးမ်ားထားရာကန္ႏွင့္ ငါးမန္းကန္တစ္ခုတို႔ျဖင့္ ဖြဲ႔စည္းထားေၾကာင္း မစၥတာ ဖရန္ကဲလ္က ေျပာသည္။

Duane B. Hagadone သည္ ျပီးခဲ့ေသာႏွစ္အတြင္း အသက္ ၈၈ ႏွစ္အရြယ္တြင္ ကြယ္လြန္သြားခဲ့ျပီျဖစ္သည္။ PropertyShark တြင္ ေဖာ္ျပေသာ အိမ္ျခံေျမမွတ္တမ္းမ်ားအရ Hagadone က ၂၀၀၄ ခုႏွစ္တြင္ ကန္ေဒၚလာ ၄ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

Hagadone သည္ အိုင္ဒါဟိုျပည္နယ္ဇာတိျဖစ္ျပီး Hagadone သတင္းစာကုမၸဏီ၊ Hagadone သည္ သတင္းစာ ၁၇ ေစာင္အထိ တခ်ိန္က ပိုင္ဆိုင္ခဲ့ဖူးေသာ E. W. Scripps ကုမၸဏီ၏ လက္ခြဲတစ္ခုလည္း ျဖစ္သည္။

Hagadone သည္ အိုင္ဒါဟိုျပည္နယ္ေျမာက္ပိုင္းတြင္ ၾကယ္ငါးပြင့္အဆင့္ အပန္းေျဖစခန္းႏွင့္ ေဂါက္ကြင္းျဖစ္ေသာ Coeur d’Alene Resort and Golf Course ကို တည္ေထာင္ခဲ့သူလည္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: California Megamansion With a Shark Tank Sells for $42 Million, a Coachella Valley Record (mansionglobal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service