မြေပိုင်နက်အငြင်းပွားလျှင် မည်သည့်လုပ်ထုံးလုပ်နည်းဖြင့် ဆောင်ရွက်မလဲ

မြေပိုင်နက်အငြင်းပွားလျှင် မည်သည့်လုပ်ထုံးလုပ်နည်းဖြင့် ဆောင်ရွက်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
5 Feb 2022 1:24 pm တွင် တင်ခဲ့သည်
964 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

နယ်နိမိတ်ခြင်းထိစပ်နေသည့် မြေပိုင်နက်နှစ်ခု အငြင်းပွားလျှင် ရှေးဦးစွား နှစ်ဦးနှစ်ဖက် ညှိနှိုင်းပါ။ ညှိနှိုင်းဆောင်ရွက်လို့ အဆင်မပြေလျှင် မည်သည့်ဘက်က ကျူးကျော်ကြောင်း အထောက်အထားရရန် မြေတိုင်းတာလျှောက်ထားပြီး နယ်နိမိတ်သတ်မှတ်ရန် သက်ဆိုင်ရာအစိုးရာဌာနများဖြစ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင်လည်းကောင်း၊ သက်ဆိုင်ရာလယ်ယာ မြေစီမံခန့်ခွဲရေးဌာန၊ မြေစာရင်းဌာနတွင်လည်းကောင်း တင်ပြလျှောက်ထားရမှာဖြစ်ပါသည်။

ဘယ်လိုမြေတွေကို မြေတိုင်းလျှောက်ထားလို့ရသလဲဆိုလျှင် လယ်ယာမြေဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိထားသည့်မြေနှင့် အစိုးရက တရားဝင်ချထားပေးသောမြေစသည်တို့ကို တရားဝင်ဝယ်ယူထားမှသာ မြေတိုင်းလျှောက်ထားနိုင်မှာဖြစ်ပါသည်။ တရားဝင်ရထားခြင်း၊ ဝယ်ယူထားခြင်မရှိသေးတဲ့ မြေအမျိုး အစားများအတွက်ကတော့ တရားဝင်ရရှိရေး ဆောင်ရွက်ပြီးမှသာ ဆောင်ရွက်နိုင်မှာဖြစ်ပါသည်။

မြေတိုင်းလျှောက်ထားခြင်း လုပ်ထုံးလုပ်နည်းများနှင့် လျှောက်ထားနိုင်သည့်အကြောင်းအရင်းများ -

- လယ်ယာမြေကို ခွဲဝေတိုင်းတာရန် သက်ဆိုင်ရာလယ်စီအဖွဲ့၏ လုပ်ပိုင်ခွင့်ခွဲဝေဆုံးဖြတ်ချက်အမိန့် (မြေယာမှုခင်းဆုံးဖြတ်ချက်) တွင် ဧကခွဲဝေ တိုင်းတာပေးရန်ပါသည့်အတိုင်း မြေစာရင်းဌာန မြေတိုင်းမှ ယင်းဆုံးဖြတ်ချက်အရ တိုင်းတာခွဲဝေ ဆောင်ရွက်ပေးရပါမည်။

- မြေကို အမွေခွဲဝေမှု အငြင်းပွားခြင်းအတွက် အမွေဆိုင်များက တရားရုံးသို့လျှောက်၍ တရားရုံးမှ အမွေ ပုံစီမံခွဲဝေပေးသောအမိန့်ကို တရားရုံးလက်စွဲပုဒ်မ-၂၉၂ အရ မြေစာရင်းညွှန်ကြားရေးမှူးချုပ်ထံသို့ တိုင်းတာခွဲဝေပေးရန် မြေတိုင်းတာမှု အမိန့်ချပေးရန် တင်ပြရပါသည်။ တရားရုံးမှ တရားမကျင့်ထုံး ဥပဒေ၂၆ နည်း ၁၃ အရ တရားရုံး၏ ပစ္စည်းခွဲဝေရေးကော်မရှင်အရလည်း တရားရုံးမှ ညွှန်ကြား ဆောင်ရွက်နိုင်ပါသည်။

- မြေပိုင်နက်အငြင်းပွားသူချင်း တရားရုံးတွင် အမှုစွဲဆိုဖြေရှင်းခြင်း။ တရားရုံးစွဲဆိုလာသော ပိုင်နက် အငြင်းပွား လက်ရောက်ရလိုမှုအတွက် နယ်နိမိတ်စစ်ဆေးရန် တရားရုံးမှ မြေတိုင်းကော်မရှင် ဖွဲ့စည်း ပေး၍ တိုင်းတာစေပါသည်။ ယင်းကော်မရှင်ဖွဲ့စည်း အတည်ပြုပေးရန် မြေစာရင်း ညွှန်ကြားရေးမှူးချုပ်ထံ တရားရုံးက တင်ပြရပါသည်။

- မြေတိုင်းတာလိုသူက ပုဂ္ဂလိက မြေတိုင်းတာခြင်း ဆောင်ရွက်ပေးရန် မြို့နယ်မြေစာရင်းရုံးသို့ လျှောက်ထားရမည်။ မြို့နယ်မြေစာရင်းရုံးမှ အမြဲအမိန့်-၁၂၂ အရ ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြခွင့်ပြု ချက် တောင်းခံရယူပြီး ညွှန်ကြားချက်အတိုင်း မြေတိုင်းတာပေးရပါသည်။

မြေတိုင်းတာခြင်းမှန်သမျှ ဂရန်မြေကွက်အပါအဝင် ပုဂ္ဂလိက အငြင်းပွားမှုအတွက် လိုက်နာဆောင်ရွက်ရသည့် ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများရှိပါသည်။ လုပ်ထုံးလုပ်နည်းအရ မဟုတ်လျှင် တရားမဝင်ပါဘူး။ နားလည်မှုနဲ့ တရားမဝင်တိုင်းတာခြင်းကို တစ်ဖက်ဖက်ကို ကျေနပ်မှုမရှိလို့ တိုင်ကြားလျှင် အစစ်ဆေး ခံရခြင်း၊ အရေးယူခံရခြင်းများဖြစ်နိုင်ပါသည်။ တန်ဖိုးကြီးမြေကွက်များ၏ မြေပြဿနာများအတွက် မြေတိုင်းတာလျှင် တရားဝင်ဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service