ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
မြန်မာနိုင်ငံ ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်လို့ နားလည်မှုလွှဲနေကျပါသည်။ များသောအားဖြင့် လင်မယားတွေ ရန်ဖြစ်ပြီဆို မိန်းမလုပ်သူက ကလေးခေါ်အိမ်ပေါ်ကဆင်းသွားခြင်း၊ ယောက်ျားလုပ်သူက ကလေးခေါ်ပြီး အိမ်ပေါ်ကဆင်းသွားခြင်းမျိုးတွေဖြစ်နေကျ ဖြစ်ရပ်တစ်ခုဖြစ်ပါသည်။ နောက်ထပ်နားလည်မှု လွဲနေတဲ့ကိစ္စတစ်ခုက သားကိုအမေဖြစ်သူက အုပ်ထိန်းခွင့်ရှိပြီး သမီးကိုအဖေဖြစ်သူက အုပ်ထိန်းခွင့်ရတယ် ဆိုပြီး သတ်မှတ်နေခြင်းသည် မဟုတ်ပါဘူး လွဲမှားနေပါသည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ-၃၅အရ မိဘနှစ်ပါးသည် ကလေးသူငယ်၏ မူလ အုပ်ထိန်းသူများ ဖြစ်သည်။ သဘာဝအားဖြင့် ကလေးသူငယ်ကို ကြီးပြင်းလာအောင် ကျွေးမွေးပြုစုစောင့်ရှောက် ရန် တာဝန်နှင့် ကလေးသူငယ်က ပိုင်ဆိုင်သော ပစ္စည်းများအား စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။
မိဘနှစ်ဦးကွဲကွာနေပါက ကလေးသူငယ်နှင့် အတူနေထိုင်ပြီး စဉ်ဆက်မပြတ် ဆက်ဆံရေးရှိသော မိခင် (သို့မဟုတ်) ဖခင်သည် တစ်ဦးတည်းဖြစ်စေ၊ မိဘနှစ်ဦးလုံးက မျှဝေ၍ဖြစ်စေ ကလေးသူငယ်ကို ထိန်း သိမ်းစောင့်ရှောက်ခွင့်ရှိပါသည်။ ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားများကို အဓိကထည့်သွင်းစဉ်းစား လျက် မိဘတစ်ဦးစီဖြစ်စေ၊ မိဘနှစ်ဦးလုံးဖြစ်စေ ကလေးသူငယ်ကို ကြီးပြင်းလာအောင် ကျွေးမွေးပြုစုစောင့် ရှောက်ရန်တာဝန်နှင့် ကလေးသူငယ်က ပိုင်ဆိုင်သော ပစ္စည်းများကို စီမံခန့်ခွဲပိုင်ခွင့်ရှိပါသည်။ (ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ-၃၆)
ကလေးသူငယ်နှင့် စဉ်ဆက်မပြတ် ဆက်ဆံရေးရှိသော မိဘတစ်ဦးဦး သေဆုံးလျှင် အသက်ရှင် ကျန်ရစ်သော မိခင် (သို့မဟုတ်) ဖခင်သည် မိဘ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ကို ရပိုင်ခွင့်ရှိမည်ဖြစ်သည်။ (ကလေး သူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ-၃၇)
ကလေးသူငယ်ကို အုပ်ထိန်းလိုသော အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးသည် အုပ်ထိန်းသူအဖြစ် ခန့်အပ် တာဝန်ပေးသည့် စီရင်ချက်နှင့် ဒီကရီချမှတ်ပေးရန် သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထားနိုင်သည် မိဘများ ကွဲကွာခြင်း (သို့မဟုတ်) ကွာရှင်းခြင်းဖြစ်ပွားပြီးနောက် ကလေးသူငယ်ကို အုပ်ထိန်းလိုသူမှလည်းကောင်း၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ်ကို ကြီးပြင်း လာအောင် ကျွေးမွေးပြုစုစောင့်ရှောက်ရေးနှင့် ကလေးသူငယ်က ပိုင်ဆိုင်သောပစ္စည်းများကို စီမံခန့်ခွဲရေး အတွက် ကလေးသူငယ်၏ အကောင်းဆုံးအကျိုး စီးပွားဖြစ်ထွန်းမှုကို လိုလားသော ကလေးသူငယ်အား အုပ်ထိန်းလိုသူတစ်ဦးဦး။ (ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ-၃၈)
သက်ဆိုင်ရာတရားရုံးသည် ပုဒ်မ-၃၈ အရ လျှောက်ထားချက်ကို စိစစ်ပြီး ကလေးသူငယ်၏ အကောင်း ဆုံးအကျိုးစီးပွားကို အဓိကထည့်သွင်းစဉ်းစားလျက် မိဘတစ်ဦးဦးကိုဖြစ်စေ၊ ဘိုးဘွားတစ်ဦးဦးကိုဖြစ်စေ၊ သွေးရင်းဆွေမျိုး တစ်ဦးဦးကိုဖြစ်စေ အုပ်ထိန်းသူအဖြစ်လည်းကောင်း၊ ယင်းတို့ တစ်ဦးဦးမရှိသည့်အခါ သင့်လျော်သော အခြားပုဂ္ဂိုလ်တစ်ဦးဦးကို အုပ်ထိန်းသူအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးသည့် စီရင်ချက် နှင့် ဒီကရီချမှတ်ပေးနိုင်သည်။ ကလေးသူငယ်၏ အသက်အရွယ်နှင့် ရင့်ကျက်မှုကို တည်မှီပြီး ကလေးသူငယ် နှင့်စပ်လျဉ်းသည့် အုပ်ထိန်းမှု၊ ထိန်းသိမ်းစောင့်ရှောက်မှုတို့အတွက် စီရင်ချက်နှင့် ဒီကရီချမှတ်ရာတွင် ထို ကလေးသူငယ်၏ ဆန္ဒသဘောထားကို ရယူရမည်။ (ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ-၃၉)
သက်ဆိုင်ရာတရားရုံးက မိဘမဟုတ်သူအား အုပ်ထိန်းသူအဖြစ် ခန့်အပ်တာဝန်ပေးပြီးနောက် ကလေး သူငယ်၏ အကောင်းဆုံးအကျိုးစီးပွားအတွက် ခွဲခွာနေထိုင်ရန် လိုအပ်သည့်အခါမှတစ်ပါး ကလေးသူငယ်တိုင်း သည် မိဘ၊ ဘိုးဘွားတို့နှင့် တွေ့ဆုံခွင့်ရှိသည်။ (ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ-၄၀)
အထက်တွင်ပြဌာန်းထားသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပါ ဥပဒေသတ်မှတ်ချက်များ အတိုင်း မိခင် (သို့မဟုတ်) ဖခင်ကို တစ်သတ်မှတ်တည်း ဆုံးဖြတ်ထားခြင်းမရှိဘဲ ကလေးနှင့်ထိတွေ့ဆက်ဆံမှု ရှိသူ၊ ကလေးအတွက် အကျိုးစီးပွား၊ အသက်အရွယ်အရ ကလေး၏ သဘောဆန္ဒ တို့အပေါ် အခြေခံပါသည်။
ထို့ကြောင့် မိဘများ ကွာရှင်းသည့်အခါ နှစ်ဖက်ညှိနှိုင်းပြီး ကလေး အုပ်ထိန်းခွင့်ရရှိသူ သတ်မှတ်ရ ပါမည်။ ကလေးအုပ်ထိန်းခွင့်ဆိုတာ အုပ်ထိန်းခွင့်ကို ပေးအပ်တာဖြစ်ပြီး အပိုင်ပေးလိုက်တာ မဟုတ်တဲ့အတွက် အုပ်ထိန်းခွင့် မရသူက ကလေးကို လာတွေ့တဲ့အခါ ညှိနှိုင်းပြီး တွေ့ခွင့်ပြုရမှာဖြစ်ပါသည်။
ကလေးအုပ်ထိန်းခွင့်နှင့်ပတ်သက်ပြီး မိခင်၊ ဖခင် ညှိနှိုင်းသဘောတူညီချက်မရတဲ့အခါ တရားရုံးသို့ လျှောက်ထားရမှာဖြစ်ပြီး တရားရုံးကဥပဒေနဲ့အညီ အုပ်ထိန်းသူသတ်မှတ်ပေးပြီး အုပ်ထိန်းခွင့်မရသူကိုလည်း သတ်မှတ်ပေးထားတဲ့နည်းလမ်းအတိုင်း အခါအားလျော်စွာ တွေ့ခွင့်ပေးရန် အမိန့်ချမှတ်ပေးမှာဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
လင္မယားကြာရွင္းၿပီးေနာက္ ဥပေဒႏွင့္အညီ ကေလးအုပ္ထိန္းခြင့္အေၾကာင္း
ျမန္မာႏိုင္ငံ ကေလးအုပ္ထိန္းခြင့္နဲ႔ပတ္သက္လို႔ နားလည္မႈလႊဲေနက်ပါသည္။ မ်ားေသာအားျဖင့္ လင္မယားေတြ ရန္ျဖစ္ၿပီဆို မိန္းမလုပ္သူက ကေလးေခၚအိမ္ေပၚကဆင္းသြားျခင္း၊ ေယာက်္ားလုပ္သူက ကေလးေခၚၿပီး အိမ္ေပၚကဆင္းသြားျခင္းမ်ိဳးေတြျဖစ္ေနက် ျဖစ္ရပ္တစ္ခုျဖစ္ပါသည္။ ေနာက္ထပ္နားလည္မႈ လြဲေနတဲ့ကိစၥတစ္ခုက သားကိုအေမျဖစ္သူက အုပ္ထိန္းခြင့္ရွိၿပီး သမီးကိုအေဖျဖစ္သူက အုပ္ထိန္းခြင့္ရတယ္ ဆိုၿပီး သတ္မွတ္ေနျခင္းသည္ မဟုတ္ပါဘူး လြဲမွားေနပါသည္။
ကေလးသူငယ္အခြင့္အေရးဆိုင္ရာဥပေဒ ပုဒ္မ-၃၅အရ မိဘႏွစ္ပါးသည္ ကေလးသူငယ္၏ မူလ အုပ္ထိန္းသူမ်ား ျဖစ္သည္။ သဘာဝအားျဖင့္ ကေလးသူငယ္ကို ႀကီးျပင္းလာေအာင္ ေကြၽးေမြးျပဳစုေစာင့္ေ႐ွာက္ ရန္ တာဝန္ႏွင့္ ကေလးသူငယ္က ပိုင္ဆိုင္ေသာ ပစၥည္းမ်ားအား စီမံခန္႔ခြဲပိုင္ခြင့္႐ွိသည္။
မိဘႏွစ္ဦးကြဲကြာေနပါက ကေလးသူငယ္ႏွင့္ အတူေနထိုင္ၿပီး စဥ္ဆက္မျပတ္ ဆက္ဆံေရး႐ွိေသာ မိခင္ (သို႔မဟုတ္) ဖခင္သည္ တစ္ဦးတည္းျဖစ္ေစ၊ မိဘႏွစ္ဦးလုံးက မွ်ေဝ၍ျဖစ္ေစ ကေလးသူငယ္ကို ထိန္း သိမ္းေစာင့္ေ႐ွာက္ခြင့္႐ွိပါသည္။ ကေလးသူငယ္၏ အေကာင္းဆုံးအက်ိဳးစီးပြားမ်ားကို အဓိကထည့္သြင္းစဥ္းစား လ်က္ မိဘတစ္ဦးစီျဖစ္ေစ၊ မိဘႏွစ္ဦးလုံးျဖစ္ေစ ကေလးသူငယ္ကို ႀကီးျပင္းလာေအာင္ ေကြၽးေမြးျပဳစုေစာင့္ ေ႐ွာက္ရန္တာဝန္ႏွင့္ ကေလးသူငယ္က ပိုင္ဆိုင္ေသာ ပစၥည္းမ်ားကို စီမံခန္႔ခြဲပိုင္ခြင့္႐ွိပါသည္။ (ကေလးသူငယ္ အခြင့္အေရးဆိုင္ရာဥပေဒ ပုဒ္မ-၃၆)
ကေလးသူငယ္ႏွင့္ စဥ္ဆက္မျပတ္ ဆက္ဆံေရး႐ွိေသာ မိဘတစ္ဦးဦး ေသဆုံးလွ်င္ အသက္႐ွင္ က်န္ရစ္ေသာ မိခင္ (သို႔မဟုတ္) ဖခင္သည္ မိဘ၏ လုပ္ပိုင္ခြင့္ႏွင့္ တာဝန္ကို ရပိုင္ခြင့္ရွိမည္ျဖစ္သည္။ (ကေလး သူငယ္အခြင့္အေရးဆိုင္ရာဥပေဒ ပုဒ္မ-၃၇)
ကေလးသူငယ္ကို အုပ္ထိန္းလိုေသာ ေအာက္ပါပုဂၢိဳလ္တစ္ဦးဦးသည္ အုပ္ထိန္းသူအျဖစ္ ခန္႔အပ္ တာဝန္ေပးသည့္ စီရင္ခ်က္ႏွင့္ ဒီကရီခ်မွတ္ေပးရန္ သက္ဆိုင္ရာတရား႐ုံးသို႔ ေလွ်ာက္ထားႏိုင္သည္ မိဘမ်ား ကြဲကြာျခင္း (သို႔မဟုတ္) ကြာ႐ွင္းျခင္းျဖစ္ပြားၿပီးေနာက္ ကေလးသူငယ္ကို အုပ္ထိန္းလိုသူမွလည္းေကာင္း၊ လ်စ္လ်ဴ႐ႈျခင္း၊ အလြဲသုံးျခင္း၊ ရက္စက္ယုတ္မာျခင္းႏွင့္ ေခါင္းပုံျဖတ္ျခင္းခံရေသာ ကေလးသူငယ္ကို ႀကီးျပင္း လာေအာင္ ေကြၽးေမြးျပဳစုေစာင့္ေ႐ွာက္ေရးႏွင့္ ကေလးသူငယ္က ပိုင္ဆိုင္ေသာပစၥည္းမ်ားကို စီမံခန္႔ခြဲေရး အတြက္ ကေလးသူငယ္၏ အေကာင္းဆုံးအက်ိဳး စီးပြားျဖစ္ထြန္းမႈကို လိုလားေသာ ကေလးသူငယ္အား အုပ္ထိန္းလိုသူတစ္ဦးဦး။ (ကေလးသူငယ္အခြင့္အေရးဆိုင္ရာဥပေဒ ပုဒ္မ-၃၈)
သက္ဆိုင္ရာတရား႐ုံးသည္ ပုဒ္မ-၃၈ အရ ေလွ်ာက္ထားခ်က္ကို စိစစ္ၿပီး ကေလးသူငယ္၏ အေကာင္း ဆုံးအက်ိဳးစီးပြားကို အဓိကထည့္သြင္းစဥ္းစားလ်က္ မိဘတစ္ဦးဦးကိုျဖစ္ေစ၊ ဘိုးဘြားတစ္ဦးဦးကိုျဖစ္ေစ၊ ေသြးရင္းေဆြမ်ိဳး တစ္ဦးဦးကိုျဖစ္ေစ အုပ္ထိန္းသူအျဖစ္လည္းေကာင္း၊ ယင္းတို႔ တစ္ဦးဦးမ႐ွိသည့္အခါ သင့္ေလ်ာ္ေသာ အျခားပုဂၢိဳလ္တစ္ဦးဦးကို အုပ္ထိန္းသူအျဖစ္လည္းေကာင္း ခန္႔အပ္တာဝန္ေပးသည့္ စီရင္ခ်က္ ႏွင့္ ဒီကရီခ်မွတ္ေပးႏိုင္သည္။ ကေလးသူငယ္၏ အသက္အ႐ြယ္ႏွင့္ ရင့္က်က္မႈကို တည္မွီၿပီး ကေလးသူငယ္ ႏွင့္စပ္လ်ဥ္းသည့္ အုပ္ထိန္းမႈ၊ ထိန္းသိမ္းေစာင့္ေ႐ွာက္မႈတို႔အတြက္ စီရင္ခ်က္ႏွင့္ ဒီကရီခ်မွတ္ရာတြင္ ထို ကေလးသူငယ္၏ ဆႏၵသေဘာထားကို ရယူရမည္။ (ကေလးသူငယ္အခြင့္အေရးဆိုင္ရာဥပေဒ ပုဒ္မ-၃၉)
သက္ဆိုင္ရာတရား႐ုံးက မိဘမဟုတ္သူအား အုပ္ထိန္းသူအျဖစ္ ခန္႔အပ္တာဝန္ေပးၿပီးေနာက္ ကေလး သူငယ္၏ အေကာင္းဆုံးအက်ိဳးစီးပြားအတြက္ ခြဲခြာေနထိုင္ရန္ လိုအပ္သည့္အခါမွတစ္ပါး ကေလးသူငယ္တိုင္း သည္ မိဘ၊ ဘိုးဘြားတို႔ႏွင့္ ေတြ႕ဆုံခြင့္႐ွိသည္္။ (ကေလးသူငယ္အခြင့္အေရးဆိုင္ရာဥပေဒ ပုဒ္မ-၄၀)
အထက္တြင္ျပဌာန္းထားသည့္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာဥပေဒပါ ဥပေဒသတ္မွတ္ခ်က္မ်ား အတိုင္း မိခင္ (သို႔မဟုတ္) ဖခင္ကို တစ္သတ္မွတ္တည္း ဆံုးျဖတ္ထားျခင္းမရွိဘဲ ကေလးနွင့္ထိေတြ႕ဆက္ဆံမႈ ရွိသူ၊ ကေလးအတြက္ အက်ိဳးစီးပြား၊ အသက္အရြယ္အရ ကေလး၏ သေဘာဆႏၵ တို႔အေပၚ အေျခခံပါသည္။
ထို႔ေၾကာင့္ မိဘမ်ား ကြာရွင္းသည့္အခါ ႏွစ္ဖက္ညွိႏႈိင္းၿပီး ကေလး အုပ္ထိန္းခြင့္ရရွိသူ သတ္မွတ္ရ ပါမည္။ ကေလးအုပ္ထိန္းခြင့္ဆိုတာ အုပ္ထိန္းခြင့္ကို ေပးအပ္တာျဖစ္ၿပီး အပိုင္ေပးလိုက္တာ မဟုတ္တဲ့အတြက္ အုပ္ထိန္းခြင့္ မရသူက ကေလးကို လာေတြ႕တဲ့အခါ ညွိႏိႈင္းၿပီး ေတြ႔ခြင့္ျပဳရမွာျဖစ္ပါသည္။
ကေလးအုပ္ထိန္းခြင့္ႏွင့္ပတ္သက္ၿပီး မိခင္၊ ဖခင္ ညွိႏိႈင္းသေဘာတူညီခ်က္မရတဲ့အခါ တရားရံုးသို႔ ေလွ်ာက္ထားရမွာျဖစ္ၿပီး တရားရံုးကဥပေဒနဲ႔အညီ အုပ္ထိန္းသူသတ္မွတ္ေပးၿပီး အုပ္ထိန္းခြင့္မရသူကိုလည္း သတ္မွတ္ေပးထားတဲ့နည္းလမ္းအတိုင္း အခါအားေလ်ာ္စြာ ေတြ႔ခြင့္ေပးရန္ အမိန္႔ခ်မွတ္ေပးမွာျဖစ္ပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com