သြစတြေးလျလူနေအိမ်ခြံမြေဈေးကွက် ၂၀၂၁ ခုနှစ်တွင် စံချိန်ချိုး

သြစတြေးလျလူနေအိမ်ခြံမြေဈေးကွက် ၂၀၂၁ ခုနှစ်တွင် စံချိန်ချိုး - Property News in Myanmar from iMyanmarHouse.com
4 Feb 2022 10:09 am တွင် တင်ခဲ့သည်
814 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိမ်ခြေမြေအမျိုးအစားများအနက် အကြီးဆုံးနှင့် အဓိကအကျဆုံးအမျိုးအစားမှာ လူနေအိမ်ခြံမြေဈေးကွက်ဖြစ်သည်ကိုအားလုံးအသိပင်ဖြစ်သည်။

ယင်းလူနေအိမ်ခြံမြေအမျိုးအစားနှင့်ပတ်သက်လျှင် သြစတြေးလျလူနေအိမ်ခြံမြေဈေးကွက်က ကမ္ဘာ့ထိပ်တန်းဈေးအကြီးဆုံးဈေးကွက်တစ်ခုဖြစ်သောအချက်မှာလည်း ငြင်းမရသောအချက်တစ်ချက်ပင်ဖြစ်သည်။

သြစတြေးလျတွင် လူနေအိမ်ခြံမြေကဏ္ဍသည် ဝယ်လိုအားမြင့်တက်လာခြင်း၊ အတိုးနှုန်းနိမ့်ခြင်းနှင့် ရောင်းလိုအားနည်းခြင်းတို့ကြောင့် အိမ်တန်ဖိုး၊ ဈေးနှုန်းမြင့်တက်မှုနှင့် ဇိမ်ခံအိမ်ရောင်းအားတို့တွင် သမိုင်းဝင်မြင့်တက်စေလိုက်ပြီး ၂၀၂၁ ခုနှစ်အား အောင်ပွဲခံစေခဲ့ပြီဖြစ်ကြောင်း သြစတြေးလျအိမ်ခြံမြေဝက်ဘ်ဆိုက် realestate.com.au က အစီရင်ခံဖော်ပြခဲ့သည်။

သြစတြေးလျစာရင်းအင်းဗျူရို (ABS) က သြစတြေးလျနိုင်ငံ၏ နေအိမ် ၁၀ ဒသမ ၇ သန်း ၏ စုစုပေါင်းတန်ဖိုးသည် ၂၀၂၁ ခုနှစ် စက်တင်ဘာသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) တွင် သြစတြေးလျဒေါ်လာ ၄၈၇ ဘီလီယံ (ဖေဖော်ဝါရီ ၄ ငွေလဲနှုန်းအရ မြန်မာကျပ် ၆၁၇,၉ ဒသမ ၄ ထရီလီယံဝန်းကျင်) မြင့်တက်ပြီး သြစတြေးလျဒေါ်လာ ၉ ထရီလီယံ (အတိအကျအားဖြင့် ၉ ဒသမ ၂၆ ထရီလီယံ (ဖေဖော်ဝါရီ ၄ ငွေလဲနှုန်းအရ မြန်မာကျပ် ၁၁,၇၄၉ ဒသမ ၉၂ ထရီလီယံဝန်းကျင်) သို့ ရောက်ရှိခဲ့ကြောင်း မကြာသေးမီက ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

နေအိမ်များ၏ ပျမ်းမျှဈေးနှုန်းသည်လည်း သြစတြေးလျဒေါ်လာ ၈၂၁,၇၀၀ (ဖေဖော်ဝါရီ ၃ ငွေလဲနှုန်းအရ မြန်မာကျပ် ၁ ဒသမ ၀၄၂ ဘီလီယံ) သို့ မြင့်တက်ရောက်ရှိခဲ့သည်။

“သြစတြေးလျမှာ လူနေအိမ်ခြံမြေတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျဒေါ်လာ ၉ ထရီယီယံကျော်သွားခဲ့ပါတယ်။ သြစတြေးလျရှိ နေထိုင်လို့ရတဲ့နေအိမ်စုစုပေါင်းအရေအတွက်ရဲ့ တန်ဖိုးဟာ ပြီးခဲ့တဲ့ခြောက်လအတွင်း သြစတြေးလျဒေါ်လာ ၁ ထရီလီယံနီးပါး မြင့်တက်လာပါတယ်။ နှိုင်းယှဥ်ကြည့်လိုက်မယ်ဆိုရင် ဒီ့မတိုင်ခင်က သြစတြေးလျဒေါ်လာ ၁ ထရီလီယံကျော်ဖို့ကို ၁၅ လကြာခဲ့တာပါ။” ဟု ABS ၏ ဈေးနှုန်းစာရင်းအင်းဆိုင်ရာခေါင်းဆောင် Michelle Marquardt က ပြောပြခဲ့သည်။

နေအိမ်များ၏ စုစုပေါင်းတန်ဖိုးတွင် နယူးဆောက်သ်ဝေးလ်ပြည်နယ်က ၄၀ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် အကြမ်းဖျင်း သြစတြေးလျဒေါ်လာ ၃ ဒသမ ၇ ထရီလီယံရှိခဲ့သည်။ ၎င်းပြည်နယ်ရှိ နေအိမ်များ၏ ပျမ်းမျှတန်ဖိုးသည် အမြင့်ဆုံးစံချိန်အဖြစ် ၁ ဒသမ ၁ သန်းသို့ မြင့်တက်ခဲ့သည်။

ယင်းပြည်နယ်ရှိ အိမ်ဈေးနှုန်းများသည်လည်း ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ၃ ဒသမ ၄၈ ရာခိုင်နှုန်းမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် ၂၉ ဒသမ ၆ ရာခိုင်နှုန်းသို့ တစ်ဟုန်ထိုးမြင့်တက်ခဲ့ကြောင်း၊ ယင်းမှာ ပြည်နယ်တွင်း ရွှေ့ပြောင်းအခြေချနေထိုင်မှုများနှင့် အခြားပြည်နယ်မှ လာရောက်ရွှေ့ပြောင်းနေထိုင်မှုများကြောင့် အဓိကဖြစ်ကြောင်း realestate.com.au က ဖြည့်စွက်ဖော်ပြခဲ့သည်။

ထိုဒေသတွင် ဝယ်လက်များသည် နေအိမ်မှအလုပ်လုပ်ရသော အခြေအနေများကြောင့် ပိုမိုကြီးမားသော/ နေရာပိုမိုကျယ်ဝန်းသော တန်ဖိုးနည်းအိမ်များကို ပို၍မျက်စိကျရှာဖွေလာကြကြောင်းလည်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Australian residential market breaks records in 2021 (propertyreport)

[Zawgyi]

ၾသစေၾတးလ်လူေနအိမ္ျခံေျမေဈးကြက္ ၂၀၂၁ ခုႏွစ္တြင္ စံခ်ိန္ခ်ိဳး

အိမ္ေျခေျမအမ်ိဳးအစားမ်ားအနက္ အႀကီးဆုံးႏွင့္ အဓိကအက်ဆုံးအမ်ိဳးအစားမွာ လူေနအိမ္ျခံေျမေဈးကြက္ျဖစ္သည္ကို အားလုံးအသိပင္ျဖစ္သည္။

ယင္းလူေနအိမ္ျခံေျမအမ်ိဳးအစားႏွင့္ပတ္သက္လွ်င္ ၾသစေၾတးလ်လူေနအိမ္ျခံေျမေဈးကြက္က ကမ႓ာ့ထိပ္တန္းေဈးအႀကီးဆုံးေဈးကြက္တစ္ခုျဖစ္ေသာအခ်က္မွာလည္း ျငင္းမရေသာအခ်က္တစ္ခ်က္ပင္ျဖစ္သည္။

ၾသစေၾတးလ်တြင္ လူေနအိမ္ျခံေျမက႑သည္ ဝယ္လိုအားျမင့္တက္လာျခင္း၊ အတိုးႏႈန္းနိမ့္ျခင္းႏွင့္ ေရာင္းလိုအားနည္းျခင္းတို႔ေၾကာင့္ အိမ္တန္ဖိုး၊ ေဈးႏႈန္းျမင့္တက္မႈႏွင့္ ဇိမ္ခံအိမ္ေရာင္းအားတို႔တြင္ သမိုင္းဝင္ျမင့္တက္ေစလိုက္ၿပီး ၂၀၂၁ ခုႏွစ္အား ေအာင္ပြဲခံေစခဲ့ၿပီျဖစ္ေၾကာင္း ၾသစေၾတးလ်အိမ္ျခံေျမဝက္ဘ္ဆိုက္ realestate.com.au က အစီရင္ခံေဖာ္ျပခဲ့သည္။

ၾသစေၾတးလ်စာရင္းအင္းဗ်ဴ႐ို (ABS) က ၾသစေၾတးလ်ႏိုင္ငံ၏ ေနအိမ္ ၁၀ ဒသမ ၇ သန္း ၏ စုစုေပါင္းတန္ဖိုးသည္ ၂၀၂၁ ခုႏွစ္ စက္တင္ဘာသုံးလပတ္ (ဇူလိုင္၊ ၾသဂုတ္၊ စက္တင္ဘာ) တြင္ ၾသစေၾတးလ်ေဒၚလာ ၄၈၇ ဘီလီယံ (ေဖေဖာ္ဝါရီ ၄ ေငြလဲႏႈန္းအရ ျမန္မာက်ပ္ ၆၁၇,၉ ဒသမ ၄ ထရီလီယံဝန္းက်င္) ျမင့္တက္ၿပီး ၾသစေၾတးလ်ေဒၚလာ ၉ ထရီလီယံ (အတိအက်အားျဖင့္ ၉ ဒသမ ၂၆ ထရီလီယံ (ေဖေဖာ္ဝါရီ ၄ ေငြလဲႏႈန္းအရ ျမန္မာက်ပ္ ၁၁,၇၄၉ ဒသမ ၉၂ ထရီလီယံဝန္းက်င္) သို႔ ေရာက္႐ွိခဲ့ေၾကာင္း မၾကာေသးမီက ၎တို႔၏ အစီရင္ခံစာတြင္ ေဖာ္ျပခဲ့သည္။

ေနအိမ္မ်ား၏ ပ်မ္းမွ်ေဈးႏႈန္းသည္လည္း ၾသစေၾတးလ်ေဒၚလာ ၈၂၁,၇၀၀ (ေဖေဖာ္ဝါရီ ၃ ေငြလဲႏႈန္းအရ ျမန္မာက်ပ္ ၁ ဒသမ ၀၄၂ ဘီလီယံ) သို႔ ျမင့္တက္ေရာက္႐ွိခဲ့သည္။

“ၾသစေၾတးလ်မွာ လူေနအိမ္ျခံေျမေတြရဲ႕ စုစုေပါင္းတန္ဖိုးဟာ ပထမဆုံးအႀကိမ္အျဖစ္ ၾသစေၾတးလ်ေဒၚလာ ၉ ထရီယီယံေက်ာ္သြားခဲ့ပါတယ္။ ၾသစေၾတးလ်႐ွိ ေနထိုင္လို႔ရတဲ့ေနအိမ္စုစုေပါင္းအေရအတြက္ရဲ႕ တန္ဖိုးဟာ ၿပီးခဲ့တဲ့ေျခာက္လအတြင္း ၾသစေၾတးလ်ေဒၚလာ ၁ ထရီလီယံနီးပါး ျမင့္တက္လာပါတယ္။ ႏိႈင္းယွဥ္ၾကည့္လိုက္မယ္ဆိုရင္ ဒီ့မတိုင္ခင္က ၾသစေၾတးလ်ေဒၚလာ ၁ ထရီလီယံေက်ာ္ဖို႔ကို ၁၅ လၾကာခဲ့တာပါ။” ဟု ABS ၏ ေဈးႏႈန္းစာရင္းအင္းဆိုင္ရာေခါင္းေဆာင္ Michelle Marquardt က ေျပာျပခဲ့သည္။

ေနအိမ္မ်ား၏ စုစုေပါင္းတန္ဖိုးတြင္ နယူးေဆာက္သ္ေဝးလ္ျပည္နယ္က ၄၀ ရာခိုင္ႏႈန္း၊ တန္ဖိုးအားျဖင့္ အၾကမ္းဖ်င္း ၾသစေၾတးလ်ေဒၚလာ ၃ ဒသမ ၇ ထရီလီယံ႐ွိခဲ့သည္။ ၎ျပည္နယ္႐ွိ ေနအိမ္မ်ား၏ ပ်မ္းမွ်တန္ဖိုးသည္ အျမင့္ဆုံးစံခ်ိန္အျဖစ္ ၁ ဒသမ ၁ သန္းသို႔ ျမင့္တက္ခဲ့သည္။

ယင္းျပည္နယ္႐ွိ အိမ္ေဈးႏႈန္းမ်ားသည္လည္း ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလတြင္ ၃ ဒသမ ၄၈ ရာခိုင္ႏႈန္းမွ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာတြင္ ၂၉ ဒသမ ၆ ရာခိုင္ႏႈန္းသို႔ တစ္ဟုန္ထိုးျမင့္တက္ခဲ့ေၾကာင္း၊ ယင္းမွာ ျပည္နယ္တြင္း ေ႐ႊ႕ေျပာင္းအေျခခ်ေနထိုင္မႈမ်ားႏွင့္ အျခားျပည္နယ္မွ လာေရာက္ေ႐ႊ႕ေျပာင္းေနထိုင္မႈမ်ားေၾကာင့္ အဓိကျဖစ္ေၾကာင္း realestate.com.au က ျဖည့္စြက္ေဖာ္ျပခဲ့သည္။

ထိုေဒသတြင္ ဝယ္လက္မ်ားသည္ ေနအိမ္မွအလုပ္လုပ္ရေသာ အေျခအေနမ်ားေၾကာင့္ ပိုမိုႀကီးမားေသာ/ ေနရာပိုမိုက်ယ္ဝန္းေသာ တန္ဖိုးနည္းအိမ္မ်ားကို ပို၍မ်က္စိက်႐ွာေဖြလာၾကေၾကာင္းလည္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Australian residential market breaks records in 2021 (propertyreport)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service