ဘီလျံနာ ရွန် ပီရဲလ်မန်း၏ ဒေါ်လာ သန်း ၁၀၀ ကျော်တန် ရွက်လှေကြီး

ဘီလျံနာ ရွန် ပီရဲလ်မန်း၏ ဒေါ်လာ သန်း ၁၀၀ ကျော်တန် ရွက်လှေကြီး - Property News in Myanmar from iMyanmarHouse.com
3 Feb 2022 11:00 am တွင် တင်ခဲ့သည်
674 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တချိန်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့ပြီး ကြွယ်ဝမှု ကန်ဒေါ်လာ ၂၀ ဘီလီယံခန့်ရှိသော စီးပွားရေးလုပ်ငန်းရှင်ကြီး ရွန် ပီရဲလ်မန်းသည် ယခုအခါ အသက် ၇၈ နှစ်ရှိပြီဖြစ်ရာ ပိုင်ဆိုင်ထားသော အိမ်ခြံမြေများကို လျှော့ချပြီး ရိုးရှင်းသောဘဝဖြင့် နေထိုင်သွားလိုစိတ်ရှိနေသည်။

ရိုးရှင်းသောဘဝဖြင့် နေထိုင်လိုသည်ဆိုခြင်းကို လက်ရှိအချိန်တွင် နားလည်ပေးနိုင်ဖွယ်ရှိသည်။ သူ၏ ခမ်းနားကြီးကျယ်လှသော စီးပွားရေးအင်ပါယာကြီးမှာ အကြွေး ကန်ဒေါ်လာ ၃ ဘီလီယံခန့်အထိ ရှိနေသည်။

သူ၏ ကုမ္ပဏီဖြစ်သော MacAndrews & Forbes မှ ထိပ်တန်းအမှုဆောင်အရာရှိချုပ်များမှာ ထုတ်ပယ်ခံရခြင်း (သို့မဟုတ်) နှုတ်ထွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

သူ၏ ကြွယ်ဝမှုမှာ ထိုးကျသွားပြီး ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံသာ ရှိတော့သည်။

သူ၏ ထိန်းသိမ်းစရိတ်ကြီးသော ပိုင်ဆိုင်မှုများစွာကို ရောင်းချကာ ရိုးရှင်းသောဘဝဖြင့် နေထိုင်ခြင်းဖြစ်မည်လော။ သို့မဟုတ် အကြွေးရှင်များကို ထိုးဆပ်ကာ ဒေဝါလီခံရခြင်းကို ရှောင်ရှားခြင်းလော။ ကောလာဟလအချို့အရ ပီရဲလ်မန်းသည် သူ၏ထိပ်တန်းပိုင်ဆိုင်မှုများစွာကို ရောင်းချရန်ကမ်းလှမ်းခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်းများဖြစ်နေသည်မှာ လွန်ခဲ့သောနှစ်များကတည်းကဖြစ်နေခဲ့သည်ဟု ဆိုသည်။

၂၀၂၀ ပြည့်နှစ်အတွင်း ပီရဲလ်မန်းသည် အရပ်ဘက်သုံး Hummers နှင့် စစ်သုံး HumVees မော်တော်ယာဉ်များ ထုတ်လုပ်သော AM General ကုမ္ပဏီရှိ ၎င်း၏ ရှယ်ယာအများစုကို ရောင်းထုတ်ခဲ့သည်။

ထို့အပြင် ကန်ဒေါ်လာ ၆၅ သန်း တန်ကြေးရှိ Gulfstream 650 ဂျက်လေယာဉ်ကိုလည်း ရောင်းချရန်စီစဉ်ထားသည်။

ပီရဲလ်မန်းသည် ခေတ်ပြိုင်အနုပညာလက်ရာများကိုလည်း မက်မက်မောမော ဝယ်ယူစုဆောင်းလေ့ရှိသူဖြစ်ရာ ၎င်းဝယ်ယူထားသော အနုပညာလက်ရာများ၏ တန်ဖိုးမှာ ဒေါ်လာ ဘီလျံနှင့်ချီ၍ တန်ကြေးရှိသည်ဟု ခန့်မှန်းကြသည်။

အီတလီ ပန်းချီ၊ ပန်းပုကျော် အယ်လ်ဘတ်တို ဂျာကိုမက်တီ၏ ၉ ပေအမြင့်ရှိသော Grande femme I ဟု အမည်ပေးထားသည့် အမျိုးသမီးပုံကြေးရုပ်တုတစ်ခု အပါအဝင် အခြားအနုပညာလက်ရာများစွာကို ကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် ရောင်းချခဲ့ပြီးဖြစ်သည်။ Grande femme I ရုပ်တုကို ပြီးခဲ့သောနှစ်အတွင်း ကန်ဒေါ်လာ သန်း ၉၀ ဖြင့် လေလံတင်ခဲ့ရာ အမည်မသိရသော ဝယ်လက်တစ်ဦးက ဝယ်ယူသွားခဲ့ခြင်း ဖြစ်သည်။

ဈေးကွက်တင်လာသော C2 ဟု အမည်ပေးထားသည့် ရွက်လှေကြီးကို ယူရို သန်း ၉၀ (ကန်ဒေါ်လာ ၁၀၂ သန်းကျော်) ဈေးခေါ်ထားသည်။

ရွက်လှေကြီး၏ အလျားမှာ ၂၈၁ ပေရှိရာ ဘောလုံးကွင်းတစ်ကွင်းစာနီးပါးရှိပြီး ရွက်လှေကိုယ်ထည်မှာ စွဲမက်ဖွယ် ရေတပ်ပြာရောင် ဖြစ်သည်။

ရွက်လှေသား ၂၇ ဦးဖြင့် ထိန်းသိမ်းမောင်းနှင်ပြီး ရေမိုင် ၆၅၀၀ ကျော်ကို ရေမိုင် ၁၃ ဒသမ ၅ မိုင်နှုန်းဖြင့် သွားလာနိုင်ကာ ခန်းမ ၁၅ ခန်းတွင် ဧည့်သည် ၃၁ ဦးကို သက်တောင့်သက်သာ လိုက်ပါစီးနင်းနိုင်သည်။

C2 ကို တန်ဖိုးကြီးဇိမ်ခံရွက်လှေကြီးများ ရောင်းချသည့် Burgess ဝက်ဘ်ဆိုက်မှတဆင့် ဝယ်ယူနိုင်သည်။

လက်ရှိအားဖြင့် C2 ကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ အနောက် ပန်မ်ဘိချ်ရှိ Foreign Trade Zone တွင် ကျောက်ချရပ်နားထားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Want a mansion on the ocean? Billionaire Ron Perelman's $102 million superyacht includes 15 staterooms, five separate decks, and a glass-bottom pool! (yahoo)

[Zawgyi]

ဘီလ်ံနာ ရြန္ ပီရဲလ္မန္း၏ ေဒၚလာ သန္း ၁၀၀ ေက်ာ္တန္ ရြက္ေလွၾကီး

တခ်ိန္က ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္အျဖစ္ ရပ္တည္ခဲ့ျပီး ၾကြယ္ဝမႈ ကန္ေဒၚလာ ၂၀ ဘီလီယံခန္႔ရွိေသာ စီးပြားေရးလုပ္ငန္းရွင္ၾကီး ရြန္ ပီရဲလ္မန္းသည္ ယခုအခါ အသက္ ၇၈ ႏွစ္ရွိျပီျဖစ္ရာ ပိုင္ဆိုင္ထားေသာ အိမ္ျခံေျမမ်ားကို ေလွ်ာ့ခ်ျပီး ရိုးရွင္းေသာဘဝျဖင့္ ေနထိုင္သြားလိုစိတ္ရွိေနသည္။

ရိုးရွင္းေသာဘဝျဖင့္ ေနထိုင္လိုသည္ဆိုျခင္းကို လက္ရွိအခ်ိန္တြင္ နားလည္ေပးႏိုင္ဖြယ္ရွိသည္။ သူ၏ ခမ္းနားၾကီးက်ယ္လွေသာ စီးပြားေရးအင္ပါယာၾကီးမွာ အေၾကြး ကန္ေဒၚလာ ၃ ဘီလီယံခန္႔အထိ ရွိေနသည္။

သူ၏ ကုမၸဏီျဖစ္ေသာ MacAndrews & Forbes မွ ထိပ္တန္းအမႈေဆာင္အရာရွိခ်ဳပ္မ်ားမွာ ထုတ္ပယ္ခံရျခင္း (သို႔မဟုတ္) ႏႈတ္ထြက္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

သူ၏ ၾကြယ္ဝမႈမွာ ထိုးက်သြားျပီး ကန္ေဒၚလာ ၂ ဒသမ ၇ ဘီလီယံသာ ရွိေတာ့သည္။

သူ၏ ထိန္းသိမ္းစရိတ္ၾကီးေသာ ပိုင္ဆိုင္မႈမ်ားစြာကို ေရာင္းခ်ကာ ရိုးရွင္းေသာဘဝျဖင့္ ေနထုိင္ျခင္းျဖစ္မည္ေလာ။ သို႔မဟုတ္ အေၾကြးရွင္မ်ားကို ထုိးဆပ္ကာ ေဒဝါလီခံရျခင္းကို ေရွာင္ရွားျခင္းေလာ။ ေကာလာဟလအခ်ဳိ႕အရ ပီရဲလ္မန္းသည္ သူ၏ထိပ္တန္းပိုင္ဆိုင္မႈမ်ားစြာကို ေရာင္းခ်ရန္ကမ္းလွမ္းျခင္း၊ ျပန္လည္ရုပ္သိမ္းျခင္းမ်ားျဖစ္ေနသည္မွာ လြန္ခဲ့ေသာႏွစ္မ်ားကတည္းကျဖစ္ေနခဲ့သည္ဟု ဆိုသည္။

၂၀၂၀ ျပည့္ႏွစ္အတြင္း ပီရဲလ္မန္းသည္ အရပ္ဘက္သံုး Hummers ႏွင့္ စစ္သံုး HumVees ေမာ္ေတာ္ယာဥ္မ်ား ထုတ္လုပ္ေသာ AM General ကုမၸဏီရွိ ၎၏ ရွယ္ယာအမ်ားစုကို ေရာင္းထုတ္ခဲ့သည္။

ထို႔အျပင္ ကန္ေဒၚလာ ၆၅ သန္း တန္ေၾကးရွိ Gulfstream 650 ဂ်က္ေလယာဥ္ကိုလည္း ေရာင္းခ်ရန္စီစဥ္ထားသည္။

ပီရဲလ္မန္းသည္ ေခတ္ျပိဳင္အႏုပညာလက္ရာမ်ားကိုလည္း မက္မက္ေမာေမာ ဝယ္ယူစုေဆာင္းေလ့ရွိသူျဖစ္ရာ ၎ဝယ္ယူထားေသာ အႏုပညာလက္ရာမ်ား၏ တန္ဖုိးမွာ ေဒၚလာ ဘီလ်ံႏွင့္ခ်ီ၍ တန္ေၾကးရွိသည္ဟု ခန္႔မွန္းၾကသည္။

အီတလီ ပန္းခ်ီ၊ ပန္းပုေက်ာ္ အယ္လ္ဘတ္တို ဂ်ာကိုမက္တီ၏ ၉ ေပအျမင့္ရွိေသာ Grande femme I ဟု အမည္ေပးထားသည့္ အမ်ိဳးသမီးပံုေၾကးရုပ္တုတစ္ခု အပါအဝင္ အျခားအႏုပညာလက္ရာမ်ားစြာကို ကန္ေဒၚလာ သန္း ၃၅၀ ျဖင့္ ေရာင္းခ်ခဲ့ျပီးျဖစ္သည္။ Grande femme I ရုပ္တုကို ျပီးခဲ့ေသာႏွစ္အတြင္း ကန္ေဒၚလာ သန္း ၉၀ ျဖင့္ ေလလံတင္ခဲ့ရာ အမည္မသိရေသာ ဝယ္လက္တစ္ဦးက ဝယ္ယူသြားခဲ့ျခင္း ျဖစ္သည္။

ေစ်းကြက္တင္လာေသာ C2 ဟု အမည္ေပးထားသည့္ ရြက္ေလွၾကီးကို ယူရို သန္း ၉၀ (ကန္ေဒၚလာ ၁၀၂ သန္းေက်ာ္) ေစ်းေခၚထားသည္။

ရြက္ေလွၾကီး၏ အလ်ားမွာ ၂၈၁ ေပရွိရာ ေဘာလံုးကြင္းတစ္ကြင္းစာနီးပါးရွိျပီး ရြက္ေလွကိုယ္ထည္မွာ စြဲမက္ဖြယ္ ေရတပ္ျပာေရာင္ ျဖစ္သည္။

ရြက္ေလွသား ၂၇ ဦးျဖင့္ ထိန္းသိမ္းေမာင္းႏွင္ျပီး ေရမိုင္ ၆၅၀၀ ေက်ာ္ကို ေရမိုင္ ၁၃ ဒသမ ၅ မိုင္ႏႈန္းျဖင့္ သြားလာႏိုင္ကာ ခန္းမ ၁၅ ခန္းတြင္ ဧည့္သည္ ၃၁ ဦးကို သက္ေတာင့္သက္သာ လိုက္ပါစီးနင္းႏိုင္သည္။

C2 ကို တန္ဖုိးၾကီးဇိမ္ခံရြက္ေလွၾကီးမ်ား ေရာင္းခ်သည့္ Burgess ဝက္ဘ္ဆိုက္မွတဆင့္ ဝယ္ယူႏိုင္သည္။

လက္ရွိအားျဖင့္ C2 ကို အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ အေနာက္ ပန္မ္ဘိခ်္ရွိ Foreign Trade Zone တြင္ ေက်ာက္ခ်ရပ္နားထားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Want a mansion on the ocean? Billionaire Ron Perelman's $102 million superyacht includes 15 staterooms, five separate decks, and a glass-bottom pool! (yahoo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service