အော်တာနေးတစ် ဂီတဝိုင်း Coldplay ၏ အဆိုတော် ကယ်လီဖိုးနီးယားစံအိမ်ရောင်းပြီး အခြားတစ်လုံးဝယ်ယူ

အော်တာနေးတစ် ဂီတဝိုင်း Coldplay ၏ အဆိုတော် ကယ်လီဖိုးနီးယားစံအိမ်ရောင်းပြီး အခြားတစ်လုံးဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
3 Feb 2022 10:46 am တွင် တင်ခဲ့သည်
603 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရောင်းချသူ- ခရစ္စ မာတင်

ဝယ်သူ- ဖလောရန့်စ် အစ်ဇ်ရီယာ

တည်နေရာ- Point Dume ၊ မာလီဘူး၊ ကယ်လီဖိုးနီးယား

ဈေးနှုန်း- ကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်း

ဆောက်လုပ်သည့်ခုနှစ်-၂၀၀၈

အတွင်းပိုင်းမွမ်းမံမှု- Saffron Case Homes ကုမ္ပဏီ

အသေးစိတ်- စုစုပေါင်းအကျယ်အဝန်း ၅၃၃၈ စတုရန်းပေ၊ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း၊ ဧည့်ဂေဟာအိမ်

ခြံအကျယ်- ၁ ဒသမ ၀၃ ဧက

ယမန်နှစ် နှစ်ကုန်ပိုင်းတွင် အော်တာနေးတစ် တေးဂီတဝိုင်း Coldplay ၏ ရှေ့ထွက်အဆိုတော် ခရစ္စမာတင်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးအရပ်၊ Point Dume ရှိ ခမ်းနားထည်ဝါသော စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

အဆိုပါစံအိမ်ကို ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ Ryan Kavanaugh က ပိုင်ဆိုင်ခဲ့ဖူးပြီး ခြံအကျယ် ၁ ဧကကျော်၊ စံအိမ်အကျယ် ၅၃၀၀ စတုရန်းပေရှိသည်။

မက်ဆာချူးဆက်ပြည်နယ်မှ Nantucket ကျွန်းကလေး၏ အငွေ့အသက်များ လွှမ်းခြုံဆောက်လုပ်ထားသော စံအိမ်ဝန်းအတွင်း ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သည်။

ဧည့်ဂေဟာနှင့် ပင်မစံအိမ် ၂ ခုလုံးကို ကြီးမားသည့် ဂိတ်တံခါးကြီးများဖြင့် အကာအကွယ်ပေးထားပြီး အကောင်းဆုံး လုံခြုံရေးစနစ်များပါဝင်သည်။

ခရစ္စမာတင်သည် အဆိုပါစံအိမ်တွင် သူ၏ ချစ်သူ ရုပ်ရှင်မင်းသမီး Dakota Johnson နှင့် အတူနေသည်ဟူသော သတင်းများလည်း ရှိသည်။

ယခုအခါ အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်းဖြင့် ရောင်းချလိုက်မှုတွင် ခရစ္စမာတင်အတွက် လွန်ခဲ့သော ၁၄ လခန့်က ဝယ်ယူထားသည့်ဈေးထက် ကန်ဒေါ်လာ ၁ ဒသမ ၉ သန်းအထိ မြတ်စွန်းခဲ့ပြီ ဖြစ်သည်။

ဝယ်ယူသွားသူမှာ နာမည်ကြီး ဖက်ရှင်ထိပ်သီး Serge Azria ၏ ဇနီး Florence Azria ဖြစ်သည်။

ခရစ္စ မာတင်သည် ယခုနေအိမ်ကို ရောင်းချလိုက်သော်လည်း Point Dume ဒေသတွင် အခြား စံအိမ် ၃ လုံး ပိုင်ဆိုင်ထားသေးသည်။ သို့တိုင်အောင် ယခုနေအိမ်ရောင်းပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် ယခုရောင်းချလိုက်သောနေအိမ်မှ ဘလောက်အနည်းငယ်သာ ကွာဝေးသောနေရာရှိ အခြားစံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် ဝယ်ယူလိုက်ပြန်သည်။

ဈေးနှုန်းအတူတူနီးပါးဖြစ်သော်လည်း ခရစ္စမာတင် အသစ်ဝယ်ယူလိုက်သောစံအိမ်မှာ ရောင်းချလိုက်သော အိမ်အောက် များစွာသေးငယ်ကာ စံအိမ်အကျယ်အဝန်း ၃၅၀၀ စတုရန်းပေသာရှိသည်။

သို့သော် မြေအကျယ်မှာ ၁ ဒသမ ၅ ဧကကျယ်ရာ ရောင်းလိုက်သောခြံထက် ပိုမိုကျယ်ဝန်းပြီး တကိုယ်ရည်လုံခြုံမှုပိုမိုအားကောင်းသည်။

ခရစ္စ မာတင်၏ အမည်အပြည့်အစုံမှာ ခရစ္စတိုဖာ အန်သိုနီ ဂျွန် မာတင် ဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် မွေးဖွားကာ အင်္ဂလိပ်အဆိုတော်၊ တေးရေးဖြစ်ကာ တူရိယာမျိုးစုံ တီးခတ်နိုင်သူ ဖြစ်သည်။

သူသည် အော်တာနေးတစ် ရော့ခ်ဂီတဝိုင်း Coldplay ၏ ပူးတွဲတည်ထောင်သူ၊ ရှေ့ထွက်အဆိုတော်၊ Keyboard သမားတစ်ဦး ဖြစ်သည်။

Coldplay နှင့်အတူ ဆုတံဆိပ်များစွာရရှိခဲ့ရာ ဂရမ်မီဆု ၇ ခုနှင့် ဗြိတိသျှတေးဂီတဆု ၉ ခုတို့ ပါဝင်သည်။

Coldplay ကို ၁၉၉၆ ခုနှစ်တွင် လန်ဒန်မြို့၌ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

ဂီတဝိုင်းတွင် ပါဝင်သူများမှာ ခရစ္စမာတင်- အဆို/ ပီယာနို၊ ဂစ်တာ- Jonny Buckland၊ ဘေ့စ်ဂစ်တာ- Guy Berryman၊ ဒရမ်- Guy Berryman တို့ ဖြစ်ကြသည်။

၎င်းတို့အုပ်စုသည် လန်ဒန်မြို့တွင် တက္ကသိုလ်၌ ဆုံစည်းခဲ့ကြသူများဖြစ်ပြီး ၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ လက်တွဲခဲ့ကြသည်။

Coldplay အဖွဲ့၏ တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော် ကမ္ဘာတစ်ဝန်းရောင်းချထားရပြီးဖြစ်ကာ ၂၁ ရာစု အအောင်မြင်ဆုံးနှင့် သမိုင်းတစ်လျှောက်အရောင်းရဆုံးတေးဂီတဝိုင်းများတွင် တစ်ခုအပါအဝင်အဖြစ် ရပ်တည်နေသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chris Martin Sells One Point Dume Estate, Quickly Buys Another (dirt)

[Zawgyi]

ေအာ္တာေနးတစ္ ဂီတဝိုင္း Coldplay ၏ အဆိုေတာ္ ကယ္လီဖိုးနီးယားစံအိမ္ေရာင္းျပီး အျခားတစ္လံုးဝယ္ယူ

ေရာင္းခ်သူ- ခရစၥ မာတင္

ဝယ္သူ- ဖေလာရန္႔စ္ အစ္ဇ္ရီယာ

တည္ေနရာ- Point Dume ၊ မာလီဘူး၊ ကယ္လီဖိုးနီးယား

ေစ်းႏႈန္း- ကန္ေဒၚလာ ၁၄ ဒသမ ၄ သန္း

ေဆာက္လုပ္သည့္ခုႏွစ္-၂၀၀၈

အတြင္းပိုင္းမြမ္းမံမႈ- Saffron Case Homes ကုမၸဏီ

အေသးစိတ္- စုစုေပါင္းအက်ယ္အဝန္း ၅၃၃၈ စတုရန္းေပ၊ အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၅ ခန္း၊ ဧည့္ေဂဟာအိမ္

ျခံအက်ယ္- ၁ ဒသမ ၀၃ ဧက

ယမန္ႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ေအာ္တာေနးတစ္ ေတးဂီတဝိုင္း Coldplay ၏ ေရွ႕ထြက္အဆိုေတာ္ ခရစၥမာတင္သည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ မာလီဘူးအရပ္၊ Point Dume ရွိ ခမ္းနားထည္ဝါေသာ စံအိမ္ၾကီးတစ္လံုးကို ကန္ေဒၚလာ ၁၂ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့သည္။

အဆိုပါစံအိမ္ကို ေဟာလိဝုဒ္ ရုပ္ရွင္ထုတ္လုပ္သူ Ryan Kavanaugh က ပိုင္ဆိုင္ခဲ့ဖူးျပီး ျခံအက်ယ္ ၁ ဧကေက်ာ္၊ စံအိမ္အက်ယ္ ၅၃၀၀ စတုရႏ္းေပရွိသည္။

မက္ဆာခ်ဴးဆက္ျပည္နယ္မွ Nantucket ကၽြန္းကေလး၏ အေငြ႔အသက္မ်ား လႊမ္းျခံဳေဆာက္လုပ္ထားေသာ စံအိမ္ဝန္းအတြင္း ဧည့္ေဂဟာအိမ္တစ္လံုးလည္း ပါဝင္သည္။

ဧည့္ေဂဟာႏွင့္ ပင္မစံအိမ္ ၂ ခုလံုးကို ၾကီးမားသည့္ ဂိတ္တံခါးၾကီးမ်ားျဖင့္ အကာအကြယ္ေပးထားျပီး အေကာင္းဆံုး လံုျခံဳေရးစနစ္မ်ားပါဝင္သည္။

ခရစၥမာတင္သည္ အဆိုပါစံအိမ္တြင္ သူ၏ ခ်စ္သူ ရုပ္ရွင္မင္းသမီး Dakota Johnson ႏွင့္ အတူေနသည္ဟူေသာ သတင္းမ်ားလည္း ရွိသည္။

ယခုအခါ အဆိုုပါစံအိမ္ကို ကန္ေဒၚလာ ၁၄ ဒသမ ၄ သန္းျဖင့္ ေရာင္းခ်လိုက္မႈတြင္ ခရစၥမာတင္အတြက္ လြန္ခဲ့ေသာ ၁၄ လခန္႔က ဝယ္ယူထားသည့္ေစ်းထက္ ကန္ေဒၚလာ ၁ ဒသမ ၉ သန္းအထိ ျမတ္စြန္းခဲ့ျပီ ျဖစ္သည္။

ဝယ္ယူသြားသူမွာ နာမည္ၾကီး ဖက္ရွင္ထိပ္သီး Serge Azria ၏ ဇနီး Florence Azria ျဖစ္သည္။

ခရစၥ မာတင္သည္ ယခုေနအိမ္ကို ေရာင္းခ်လိုက္ေသာ္လည္း Point Dume ေဒသတြင္ အျခား စံအိမ္ ၃ လံုး ပိုင္ဆိုင္ထားေသးသည္။ သို႔တိုင္ေအာင္ ယခုေနအိမ္ေရာင္းျပီးသည္ႏွင့္ ခ်က္ခ်င္းဆိုသလိုပင္ ယခုေရာင္းခ်လုိက္ေသာေနအိမ္မွ ဘေလာက္အနည္းငယ္သာ ကြာေဝးေသာေနရာရွိ အျခားစံအိမ္တစ္လံုးကို ကန္ေဒၚလာ ၁၄ သန္းျဖင့္ ဝယ္ယူလိုက္ျပန္သည္။

ေစ်းႏႈန္းအတူတူနီးပါးျဖစ္ေသာ္လည္း ခရစၥမာတင္ အသစ္ဝယ္ယူလိုက္ေသာစံအိမ္မွာ ေရာင္းခ်လိုက္ေသာ အိမ္ေအာက္ မ်ားစြာေသးငယ္ကာ စံအိမ္အက်ယ္အဝန္း ၃၅၀၀ စတုရန္းေပသာရွိသည္။

သို႔ေသာ္ ေျမအက်ယ္မွာ ၁ ဒသမ ၅ ဧကက်ယ္ရာ ေရာင္းလိုက္ေသာျခံထက္ ပိုမိုက်ယ္ဝန္းျပီး တကိုယ္ရည္လံုျခံဳမႈပိုမိုအားေကာင္းသည္။

ခရစၥ မာတင္၏ အမည္အျပည့္အစံုမွာ ခရစၥတိုဖာ အန္သိုနီ ဂၽြန္ မာတင္ ျဖစ္ျပီး ၁၉၇၇ ခုႏွစ္တြင္ ေမြးဖြားကာ အဂၤလိပ္အဆိုေတာ္၊ ေတးေရးျဖစ္ကာ တူရိယာမ်ဳိးစံု တီးခတ္ႏိုင္သူ ျဖစ္သည္။

သူသည္ ေအာ္တာေနးတစ္ ေရာ့ခ္ဂီတဝိုင္း Coldplay ၏ ပူးတြဲတည္ေထာင္သူ၊ ေရွ႕ထြက္အဆိုေတာ္၊ Keyboard သမားတစ္ဦး ျဖစ္သည္။

Coldplay ႏွင့္အတူ ဆုတံဆိပ္မ်ားစြာရရွိခဲ့ရာ ဂရမ္မီဆု ၇ ခုႏွင့္ ျဗိတိသွ်ေတးဂီတဆု ၉ ခုတို႔ ပါဝင္သည္။

Coldplay ကို ၁၉၉၆ ခုႏွစ္တြင္ လန္ဒန္ျမိဳ႕၌ စတင္ဖြဲ႔စည္းတည္ေထာင္ခဲ့ၾကသည္။

ဂီတဝိုင္းတြင္ ပါဝင္သူမ်ားမွာ ခရစၥမာတင္- အဆို/ ပီယာႏို၊ ဂစ္တာ- Jonny Buckland၊ ေဘ့စ္ဂစ္တာ- Guy Berryman၊ ဒရမ္- Guy Berryman တို႔ ျဖစ္ၾကသည္။

၎တို႔အုပ္စုသည္ လန္ဒန္ျမိဳ႕တြင္ တကၠသိုလ္၌ ဆံုစည္းခဲ့ၾကသူမ်ားျဖစ္ျပီး ၁၉၉၆ ခုႏွစ္မွ ၁၉၉၈ ခုႏွစ္အထိ လက္တြဲခဲ့ၾကသည္။

Coldplay အဖြဲ႔၏ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၁၀၀ ေက်ာ္ ကမၻာတစ္ဝန္းေရာင္းခ်ထားရျပီးျဖစ္ကာ ၂၁ ရာစု အေအာင္ျမင္ဆံုးႏွင့္ သမိုင္းတစ္ေလွ်ာက္အေရာင္းရဆံုးေတးဂီတဝိုင္းမ်ားတြင္ တစ္ခုအပါအဝင္အျဖစ္ ရပ္တည္ေနသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chris Martin Sells One Point Dume Estate, Quickly Buys Another (dirt)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service