ဇနီးဟောင်း ကင်မ်ကာဒါရှီယန်ကို ပြန်လည်ပိုင်ဆိုင်လိုသော ကင်ညေးဝက်စ် တလမ်းတည်းကအိမ်ကို ဝယ်ယူ

ဇနီးဟောင်း ကင်မ်ကာဒါရှီယန်ကို ပြန်လည်ပိုင်ဆိုင်လိုသော ကင်ညေးဝက်စ် တလမ်းတည်းကအိမ်ကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
2 Feb 2022 10:55 am တွင် တင်ခဲ့သည်
1304 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကင်ညေးဝက်စ်သည် ဇနိးဟောင်း ကင်မ်ကာဒါရှီယန်နေထိုင်သော နေအိမ်၏ တလမ်းတည်းက နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း သတင်းများထွက်ပေါ်လာသည်။

ကင်ညေးဝက်စ်သည် ကွဲကွာနေသော ဇနီးကို ပြန်လည်ပိုင်ဆိုင်နိုင်ရန် လူသိရှင်ကြား ကြိုးစားလျက် ရှိနေခဲ့ကြောင်း၊ ယခု အိမ်ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်ခြင်းမှာ ဇနီးနှင့် ပြန်လည်ရင်ကြားစေ့လိုသည့် ဆန္ဒက လှုံ့ဆော်ပေးခြင်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်တစ်ခုက Entertainment Tonight သို့ ပြောကြားသည်။

“ကင်ညေးဟာ ကင်မ်နဲ့ ကလေးတွေအနားမှာ နီးနီးနားနားနေနိုင်ဖို့အတွက် အိမ်တစ်လုံးကို တကယ်လိုချင်နေခဲ့တာပါ။ အရောင်းဈေးကွက်မှာ ကင်မ်ရဲ့ ဘလောက်မှာရှိတဲ့ အိမ်တစ်လုံးကို ကင်ညေး တွေ့လိုက်တော့ အခွင့်အရေးကို အရယူလိုက်တော့တာပါပဲ”ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

“တစ်ယောက်နဲ့တစ်ယောက် နီးနီးနားနားနေမယ်ဆိုရင် ကလေးတွေကို ကင်မ်နဲ့အတူ ပူးတွဲ အုပ်ထိန်းရတာ ပိုလွယ်မယ်လို့ ကင်ညေးဝက်စ်က ယူဆပါတယ်။ ဒါ့အပြင် သူက ကင်မ်ကိုလည်း ပြန်လည် ပိုင်ဆိုင်လိုနေဆဲပါ”

“သူ့မှာ အခွင့်အရေးရှိသေးတယ်လို့ ကင်ညေးက ယုံကြည်တယ်။ ဒီအိမ်ကို ကင်ညေးဝယ်လိုက်တဲ့အပေါ် ကင်မ်ကလည်း ကြည်ကြည်သာသာပါပဲ။ ဒီလိုနေတာက ကလေးတွေကို အနှောင့်အယှက်ကင်းကင်းနဲ့ ပူးတွဲအုပ်ထိန်းဖို့ရာ ပိုလွယ်မယ်လို့ ကင်မ်ကလည်း လက်ခံပါတယ်”ဟု အဆိုပါသတင်းရင်းမြစ်က ဖြည့်စွက် ပြောကြားသည်။

ကင်ညေးဝက်စ်နှင့် ကင်မ်ကာဒါရှီယန်တို့တွင် ရင်သွေး ၄ ဦးထွန်းကားရာ ၈ နှစ်အရွယ် နော့သ်၊ ၆ နှစ်အရွယ် စိန့်၊ ၃ နှစ်အရွယ် ချီကာဂိုနှင့် ၂ နှစ်အရွယ် ဆာလမ်တို့ ဖြစ်ကြသည်။

ကင်ညေးဝက်စ် ဝယ်ယူလိုက်သော နေအိမ်သစ်တွင် အိပ်ခန်း ၅ ခန်း၊ ရေကန် ၁ ခု၊ မြင်းများအတွက် မြင်းဇောင်း ၁ ခုတို့ ပါဝင်သည်။ ယခုနေရာမှာ ကလေးများအတွက် အလွန်ကောင်းမွန်သည့် နေရာတစ်ခုကား အမှန်ပင်။ သို့သော် ယခုမဟာဗျူဟာဖြင့် ဇနီးဟောင်းကို ပြန်လည်ရယူနိုင်မည်ဆိုခြင်းမှာ ဖြစ်နိုင်ချေရှိပုံ မရချေ။

ကင်မ်ကာဒါရှီယန်က ဇန်နဝါရီအစောပိုင်းတွင် လူလွတ်တစ်ဦးအဖြစ် တရားဝင်ရပ်တည်ရန်နှင့် သူမ၏ နာမည်နောက်ဆက်တွဲဖြစ်သော “ဝက်စ်” ကို ဖယ်ရှားရန်အတွက် တရားရုံးတွင် လျှောက်ထားခဲ့သည်။

၎င်းတို့နှစ်ဦး ကွာရှင်းပြတ်စဲမှုတွင် အိမ်ခြံမြေနှင့် အခြားသော ပိုင်ဆိုင်မှုများဆိုင်ရာ အရေးကိစ္စများ ဖြေရှင်းရန် ကျန်ရှိနေဆဲ ဖြစ်သည်။

ကင်မ် ကာဒါရှီယန်သည် ဟာသ သရုပ်ဆောင် ပီတီ ဒေးဗစ်ဆန်နှင့် စတင်ချစ်ကြိုးသွယ်လျက်ရှိနေသည်။

ပီတီ ဒေးဗစ်ဆန်နှင့် ကင်မ် ကာဒါရှီယန်တို့သည် လွန်ခဲ့သော အောက်တိုဘာလအတွင်း Knott's Scary Farm တွင် စတင်တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ထိုစဉ်ကတည်းက သူတို့နှစ်ဦး စတင်ချစ်ကြိုက်နေကြပြီဖြစ်ကြောင်းနှင့် တစ်ဦးနေအိမ်တစ်ဦး လည်ပတ်နေကြပြီဖြစ်ကြောင်း အတည်ပြုထားကြသည်။

အခြားသော သတင်းရင်းမြစ်တစ်ခုက ပြောကြားရာတွင် “ကင်မ်က ပီတီနဲ့ သွားလာတာတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ပဲ လုပ်တယ်။ ဘာကြောင့်လဲဆိုတော့ ကင်ညေးဝက်စ်က ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ မသိနိုင်လို့ပါ”ဟု ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kanye West Reportedly Bought A House Across From Kim Kardashian In Part To ‘Win Her Back’ (elle)

[Zawgyi]

ဇနီးေဟာင္း ကင္မ္ကာဒါရွီယန္ကို ျပန္လည္ပိုင္ဆိုင္လိုေသာ ကင္ေညးဝက္စ္ တလမ္းတည္းကအိမ္ကို ဝယ္ယူ

ကင္ေညးဝက္စ္သည္ ဇနိးေဟာင္း ကင္မ္ကာဒါရွီယန္ေနထိုင္ေသာ ေနအိမ္၏ တလမ္းတည္းက ေနအိမ္တစ္လံုးကို ကန္ေဒၚလာ ၄ ဒသမ ၅ သန္းျဖင့္ ဝယ္ယူလိုက္ေၾကာင္း သတင္းမ်ားထြက္ေပၚလာသည္။

ကင္ေညးဝက္စ္သည္ ကြဲကြာေနေသာ ဇနီးကို ျပန္လည္ပိုင္ဆိုင္ႏိုင္ရန္ လူသိရွင္ၾကား ၾကိဳးစားလ်က္ ရွိေနခဲ့ေၾကာင္း၊ ယခု အိမ္ကို ဝယ္ယူရန္ ဆံုးျဖတ္လိုက္ျခင္းမွာ ဇနီးႏွင့္ ျပန္လည္ရင္ၾကားေစ့လိုသည့္ ဆႏၵက လံႈ႔ေဆာ္ေပးျခင္းျဖစ္ႏိုင္ေၾကာင္း သတင္းရင္းျမစ္တစ္ခုက Entertainment Tonight သို႔ ေျပာၾကားသည္။

“ကင္ေညးဟာ ကင္မ္နဲ႔ ကေလးေတြအနားမွာ နီးနီးနားနားေနႏိုင္ဖို႔အတြက္ အိမ္တစ္လံုးကို တကယ္လိုခ်င္ေနခဲ့တာပါ။ အေရာင္းေစ်းကြက္မွာ ကင္မ္ရဲ႕ ဘေလာက္မွာရွိတဲ့ အိမ္တစ္လံုးကို ကင္ေညး ေတြ႔လိုက္ေတာ့ အခြင့္အေရးကို အရယူလိုက္ေတာ့တာပါပဲ”ဟု အဆိုပါ သတင္းရင္းျမစ္က ေျပာသည္။

“တစ္ေယာက္နဲ႔တစ္ေယာက္ နီးနီးနားနားေနမယ္ဆိုရင္ ကေလးေတြကို ကင္မ္နဲ႔အတူ ပူးတြဲ အုပ္ထိန္းရတာ ပိုလြယ္မယ္လို႔ ကင္ေညးဝက္စ္က ယူဆပါတယ္။ ဒါ့အျပင္ သူက ကင္မ္ကိုလည္း ျပန္လည္ ပိုင္ဆိုင္လိုေနဆဲပါ”

“သူ႔မွာ အခြင့္အေရးရွိေသးတယ္လို႔ ကင္ေညးက ယံုၾကည္တယ္။ ဒီအိမ္ကို ကင္ေညးဝယ္လိုက္တဲ့အေပၚ ကင္မ္ကလည္း ၾကည္ၾကည္သာသာပါပဲ။ ဒီလိုေနတာက ကေလးေတြကို အေႏွာင့္အယွက္ကင္းကင္းနဲ႔ ပူးတြဲအုပ္ထိန္းဖို႔ရာ ပိုလြယ္မယ္လို႔ ကင္မ္ကလည္း လက္ခံပါတယ္”ဟု အဆိုပါသတင္းရင္းျမစ္က ျဖည့္စြက္ ေျပာၾကားသည္။

ကင္ေညးဝက္စ္ႏွင့္ ကင္မ္ကာဒါရွီယန္တို႔တြင္ ရင္ေသြး ၄ ဦးထြန္းကားရာ ၈ ႏွစ္အရြယ္ ေနာ့သ္၊ ၆ ႏွစ္အရြယ္ စိန္႔၊ ၃ ႏွစ္အရြယ္ ခ်ီကာဂိုႏွင့္ ၂ ႏွစ္အရြယ္ ဆာလမ္တို႔ ျဖစ္ၾကသည္။

ကင္ေညးဝက္စ္ ဝယ္ယူလိုက္ေသာ ေနအိမ္သစ္တြင္ အိပ္ခန္း ၅ ခန္း၊ ေရကန္ ၁ ခု၊ ျမင္းမ်ားအတြက္ ျမင္းေဇာင္း ၁ ခုတို႔ ပါဝင္သည္။ ယခုေနရာမွာ ကေလးမ်ားအတြက္ အလြန္ေကာင္းမြန္သည့္ ေနရာတစ္ခုကား အမွန္ပင္။ သို႔ေသာ္ ယခုမဟာဗ်ဴဟာျဖင့္ ဇနီးေဟာင္းကို ျပန္လည္ရယူႏိုင္မည္ဆိုျခင္းမွာ ျဖစ္ႏိုင္ေခ်ရွိပံု မရေခ်။

ကင္မ္ကာဒါရွီယန္က ဇန္နဝါရီအေစာပိုင္းတြင္ လူလြတ္တစ္ဦးအျဖစ္ တရားဝင္ရပ္တည္ရန္ႏွင့္ သူမ၏ နာမည္ေနာက္ဆက္တြဲျဖစ္ေသာ “ဝက္စ္” ကို ဖယ္ရွားရန္အတြက္ တရားရံုးတြင္ ေလွ်ာက္ထားခဲ့သည္။

၎တို႔ႏွစ္ဦး ကြာရွင္းျပတ္စဲမႈတြင္ အိမ္ျခံေျမႏွင့္ အျခားေသာ ပိုင္ဆိုင္မႈမ်ားဆိုင္ရာ အေရးကိစၥမ်ား ေျဖရွင္းရန္ က်န္ရွိေနဆဲ ျဖစ္သည္။

ကင္မ္ ကာဒါရွီယန္သည္ ဟာသ သရုပ္ေဆာင္ ပီတီ ေဒးဗစ္ဆန္ႏွင့္ စတင္ခ်စ္ၾကိဳးသြယ္လ်က္ရွိေနသည္။

ပီတီ ေဒးဗစ္ဆန္ႏွင့္ ကင္မ္ ကာဒါရွီယန္တို႔သည္ လြန္ခဲ့ေသာ ေအာက္တိုဘာလအတြင္း Knott's Scary Farm တြင္ စတင္ေတြ႔ဆံုခဲ့ၾကျခင္း ျဖစ္သည္။

ထိုစဥ္ကတည္းက သူတို႔ႏွစ္ဦး စတင္ခ်စ္ၾကိဳက္ေနၾကျပီျဖစ္ေၾကာင္းႏွင့္ တစ္ဦးေနအိမ္တစ္ဦး လည္ပတ္ေနၾကျပီျဖစ္ေၾကာင္း အတည္ျပဳထားၾကသည္။

အျခားေသာ သတင္းရင္းျမစ္တစ္ခုက ေျပာၾကားရာတြင္ “ကင္မ္က ပီတီနဲ႔ သြားလာတာေတြကို ထိန္းထိန္းသိမ္းသိမ္းနဲ႔ပဲ လုပ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကင္ေညးဝက္စ္က ဘယ္လိုတုံ႔ျပန္လာမလဲဆိုတာ မသိႏိုင္လို႔ပါ”ဟု ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kanye West Reportedly Bought A House Across From Kim Kardashian In Part To ‘Win Her Back’ (elle)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service