၂၀၂၁ ခုနှစ်၊ ဒိတ်ဒိတ်ကြဲတို့၏ ဈေးအကြီးဆုံးအိမ်ခြံမြေ အရောင်းအဝယ် (၁၀) ခု

၂၀၂၁ ခုနှစ်၊ ဒိတ်ဒိတ်ကြဲတို့၏ ဈေးအကြီးဆုံးအိမ်ခြံမြေ အရောင်းအဝယ် (၁၀) ခု - Property News in Myanmar from iMyanmarHouse.com
27 Jan 2022 12:02 pm တွင် တင်ခဲ့သည်
604 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အရှေ့ ဟမ့်ပ်တန်မှ အိမ်ခြံမြေကို ၂၀၂၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၈၅ သန်းဖြင့် မည်သူရောင်းချခဲ့သည်ကို မှတ်မိပါသလား။

အရှေ့ဘက်ကမ်းရိုးတန်းဒေသ (သို့မဟုတ်) အနောက်ဘက်ကမ်းရိုးတန်းဖြစ်ချင်ဖြစ်မည်၊ ကုန်းမကြီးပေါ် (သို့မဟုတ်) ဟာဝိုင်ယီကျွန်းစုများပေါ်ဖြစ်ချင်ဖြစ်မည်၊ အကျော်အမော်တို့၏ အိမ်ခြံမြေအရောင်းအဝယ်မှာ တစ်နှစ်တာလုံး အားကောင်းနေခဲ့သည်။ အကျော်အမော် ဒိတ်ဒိတ်ကြဲတို့သည် ၎င်းတို့၏ အိမ်ခြံမြေဟောင်းများရောင်းချခြင်း၊ စိတ်ကူးအိပ်မက်ထဲမှ နေရာသစ်များတွင် ဈေးနှုန်းမည်မျှရှိစေ ဝယ်ယူခြင်းများ ပြုလုပ်ခဲ့ကြသည်။

တချို့က လော့စ်အိန်ဂျလိမှ ဘီဗာလီဟေးလ်ရှိ စံအိမ်ကို ရောင်းချလိုက်ခြင်းဖြစ်နိုင်သကဲ့သို့ အချို့က ဖလော်ရီဒါရှိ မာလီဘူး ကမ်းခြေစံအိမ်တစ်လုံးကို ဝယ်ယူလိုက်ခြင်းမျိုးလည်း ဖြစ်နိုင်သည်။

အောက်တွင် ၂၀၂၁ ခုနှစ်အတွင်း ကျော်ကြားသူတို့ အရောင်းအဝယ်လုပ်ခဲ့သော အိမ်ခြံမြေများအနက် ဈေးအကြီးဆုံး ၁၀ ခုကို ကောက်နှုတ်ဖော်ပြအပ်ပါသည်။

(၁) Tommy Hilfiger ၊ ကန်ဒေါ်လာ ၄၅ သန်း

ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ Tommy Hilfiger နှင့် ဇနီးဖြစ်သူ Dee Ocleppo တို့သည် ဇန်နဝါရီလအတွင်း အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်၊ ဂရင်းဝစ်ချ်မြို့ရှိ စံအိမ်ကို ကန်ဒေါ်လာ ၄၅ သန်းဖြင့် ရောင်းချလိုက်ခြင်းအားဖြင့် ၂၀၂၁ ခုနှစ်ကို စတင်လှုပ်နှိုးခဲ့သည်။

၂၀၁၀ ပြည့်နှစ်အတွင်း ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၃၁ ဒသမ ၄ သန်းပေးခဲ့ရခြင်းဖြစ်ရာ များစွာမြတ်စွန်းခဲ့သည်ဟု ဆိုနိုင်သည်။

(၂) Ellen DeGeneres နှင့် Portia de Rossi တို့စုံတွဲ ၊ ကန်ဒေါ်လာ ၄၅ သန်း

အမေရိကန်ရုပ်ရှင်မင်းသမီး၊ ရုပ်သံတင်ဆက်သူ Ellen DeGeneres သည် Oprah Winfrey Show တွင် တက်ရောက်စကားပြောရင်း Lesbian တစ်ဦးအဖြစ် ပေါ်ပေါက်လာသည်။

Portia de Rossi သည် သြစတေးလျမင်းသမီး၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ မေလတွင် Ellen DeGeneres တို့ စုံတွဲသည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းသော စံအိမ်ကို ကန်ဒေါ်လာ ၄၅ သန်းဖြင့် ရောင်းထုတ်ခဲ့၏။

အဆိုပါ စံအိမ်ကို မရောင်းမီ ၂ နှစ်ခန်ု့က ၎င်းတို့သည် Adam Levine ၏ စံအိမ်ကို ကန်ဒေါ်လာ ၄၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူထားခဲ့သေးသည်။

(၃) Bette Midler ၊ ကန်ဒေါ်လာ ၄၅ သန်း

အမေရိကန်အဆိုတော်၊ ရုပ်ရှင်မင်းသမီး Bette Midler သည် အနုပညာသက်တမ်း နှစ်ပေါင်း ၅၀ အတွင်း ရွှေကမ္ဘာလုံးဆု ၄ ကြိမ်၊ ဂရမ်မီဆု ၃ ကြိမ်၊ Primetime Emmy Award ၃ ကြိမ်၊ Tony Award ၂ ကြိမ်၊ အော်စကာဆု ဇကာတင်စာရင်းဝင်မှု ၂ ကြိမ်နှင့် British Academy Film Award တစ်ကြိမ် ရရှိထားသည်။ Bette Midler ၏ နယူးယောက်မြို့၊ Upper East Side အရပ်ရှိ Penthouse ခန်းသည် အခန်းတွင်းနှင့် အလှဆင်ထားသော အပန်းဖြေနေရာတို့ စုစုပေါင်းအကျယ်အဝန်း စတုရန်းပေ ၁၀၀၀၀ ရှိရာ နယူးယောက်မြို့ စံနှုန်းအရ နန်းတော်တမျှဟု ဆိုနိုင်သည်။ သူမနှင့် ခင်ပွန်းဖြစ်သူ မာတင် ဖွန် ဟားဆယ်ဘာ့ဂ်တို့သည် အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၆ ခန်း ပါဝင်သောအခန်းကို ၂၅ နှစ်ခန့် ပိုင်ဆိုင်ထားခဲ့ပြီးနောက်ပိုင်း ကန်ဒေါ်လာ ၄၅ သန်းဖြင့် ရောင်းထုတ်ခဲ့ခြင်းဖြစ်ကာ မူလခေါ်ဈေးအောက် ၅ သန်းနည်းပါးသော ဈေးနှုန်း ဖြစ်သည်။

(၄) Mark Zuckerberg ၊ ကန်ဒေါ်လာ ၅၃ သန်း

Facebook တည်ထောင်သူ Mark Zuckerberg နှင့် ဇနီး Priscilla Chan တို့သည် ဟာဝိုင်ယီကျွန်းစုများမှ Kauai ကျွန်းစုပေါ်တွင် ဧကပေါင်း ၆၀၀ ကျယ်ဝန်းသော မြေနေရာကို ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ကန်ဒေါ်လာ ၅၃ သန်းအထိ သုံးစွဲကာ ဝယ်ယူခဲ့သည်။

Mark Zuckerberg သည် အဆိုပါကျွန်းပေါ်တွင် ၂၀၁၄ ခုနှစ်အတွင်းကလည်း ဧကပေါင်း ၇၀၀ ကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူထားခဲ့သေးသည်။ ထိုစဉ်က Mark Zuckerberg ၏ မြေဝယ်ယူမှုကို ဒေသခံတို့က ကန့်ကွက်ဆန္ဒပြခဲ့ကြသေးသည်။

Mark Zuckerberg တို့ စုံတွဲက ပြောကြားရာတွင် မြေနေရာများကို ဝယ်ယူရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသ၏ တောရိုင်းတိရ စ္ဆာန်များကို ထိန်းသိမ်းရန်ဖြစ်ကာ အများပြည်သူတို့ ဝင်ရောက်ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(၅) Ellen DeGeneres နှင့် Portia de Rossi တို့စုံတွဲ၊ ကန်ဒေါ်လာ ၅၅ သန်း

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ ဘာဘရာမြို့အရှေ့ဘက်ရှိ Montecito အရပ်တွင် တည်ရှိသော စံအိမ်တစ်လုံးကို Ellen DeGeneres တို့ စုံတွဲက ကန်ဒေါ်လာ ၅၅ သန်းဖြင့် ရောင်းထုတ်ခဲ့သည်။

Cape-Dutch ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကို ၂၀၂၀ ပြည့်နှစ်အတွင်း ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၄၉ သန်းပေးခဲ့ရသည်။

ခြံဝန်းအကျယ် ၄ ဒသမ ၃ ဧကရှိပြီး ခြံဝန်းအတွင်း အဆောက်အအုံ ၅ လုံးပါဝင်ကာ ပင်မစံအိမ်မှာ စတုရန်းပေ ၉၀၀၀ ကျယ်ဝန်းသည်။

(၆) ကင်ညေးဝက်စ်၊ ကန်ဒေါ်လာ ၅၇ ဒသမ ၃ သန်း (Kanye West, $57.3 million)

ကင်ညေးဝက်စ်သည် minimalism သမားတစ်ဦးဖြစ်ကြောင်း အများသိထားပြီးဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မာလီဘူးတွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း ကန်ဒေါ်လာ ၅၇ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့သော စံအိမ်မှာ သူ့အကြိုက်နှင့် တစ်ထပ်တည်းကျ၏။

ဗိသုကာပညာရှင် Tadao Ando က ဒီဇိုင်းရေးဆွဲပေးထားပြီး စတုရန်းပေ ၃၆၆၅ ကျယ်ဝန်းသော စံအိမ်အတွင်း အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၄ ခန်း ပါဝင်သည်။

(၇) Scooter Braun ၊ ကန်ဒေါ်လာ ၆၅ သန်း

Scooter Braun သည် လော့စ်အိန်ဂျလိမြို့ အနောက်ပိုင်း ဘရန့်ဝုဒ်အရပ်ရှိ မော်ဒန်ယာတောအိမ်တစ်လုံးကို ကန်ဒေါ်လာ ၆၅ သန်းပေးဝယ်ကာ ဒေသစံချိန်ချိုးခဲ့သည်။ အဆိုပါ ဈေးနှုန်းသည် လော့စ်အိန်ဂျလိအနောက်ပိုင်းတွင် လက်ရှိအချိန်ထိ ဈေးအကြီးဆုံး အရောင်းအဝယ်အဖြစ် စံချိန်တင်သွားသည်။

စံအိမ်မှာ စတုရန်းပေ ၁၉၀၀၀ အထိ ကျယ်ဝန်းသော်လည်း ရိုးစင်းသော သေတ္တာပုံစံသာ ဖြစ်သည်။

(၈) The Weeknd ၊ ကန်ဒေါ်လာ သန်း ၇၀

၂၀၂၁ ခုနှစ်အတွင်း လော့စ်အိန်ဂျလိရှိ ဈေးအကြီးဆုံးအိမ်ခြံမြေအရောင်းအဝယ်များတွင် The Weeknd က ဘဲလ်အဲရ်အရပ်ရှိ ခေတ်ပြိုင်ဗိသုကာဟန်စံအိမ်ကို ကန်ဒေါ်လာ သန်း ၇၀ ပေးကာ ဝယ်ယူလိုက်မှုသည်လည်း ထိပ်တန်းနေရာတွင် ရပ်တည်နေသည်။ စတုရန်းပေ ၃၃၀၀၀ ခန့်အထိ ကျယ်ဝန်းသော စံအိမ်အတွင်း အားကစားလေ့ကျင့်ခန်းမ၊ ချွေးထုတ်ခန်း၊ အိမ်တွင်း ရုပ်ရှင်ရုံ၊ ရေကန် ၂ ခုနှင့် အခြားသော မရေမတွက်နိုင်သည့် Amenities တို့ ပါဝင်သည်။

(၉) ဂျက် ဘီဇော့စ် ၊ ကန်ဒေါ်လာ ၇၈ သန်း -Jeff Bezos, $78 million

Amazon တည်ထောင်သူ ဂျက်ဘီဇော့စ်နှင့် ဇနီး လော်ရန် ဆန်းချက်ဇ်တို့သည် ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း ဟာဝိုင်ယီကျွန်းစုမှ Maui ကျွန်းပေါ်တွင် မြေ ၁၄ ဧကကို ဝယ်ယူခဲ့သည်။

ဂျက်ဘီဇော့စ် ပေးခဲ့ရသည့် ဈေးနှုန်းအမှန်ကို မသိရသော်လည်း ဒေသတွင်း အိမ်ခြံမြေကျွမ်းကျင်သူတို့၏ ခန့်မှန်းချက်အရ ကန်ဒေါ်လာ ၇၈ သန်းခန့်ဖြစ်တန်ရာချေရှိကြောင်း ခန့်မှန်းကြသည်။

ခြံဝန်းကြီးအတွင်း အဆောက်အအုံများစွာ ပါဝင်ပြီး ပင်မစံအိမ်မှာ စတုရန်းပေ ၄၅၀၀ ကျယ်ဝန်းသည်။ စတုရန်းပေ ၁၇၀၀ ကျယ်ဝန်းသော ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သေးသည်။

(၁၀) Calvin Klein ၊ ကန်ဒေါ်လာ ၈၅ သန်း

ကမ္ဘာ့ထိပ်တန်း ဖက်ရှင်ထိပ်သီး Calvin Klein သည် နယူးယောက်မြို့ အရှေ့ဟမ့်ပ်တန်အရပ်ရှိ ၈ ဒသမ ၄ ဧက ကျယ်ဝန်းသော ခြံဝန်းနှင့် စံအိမ်ကို ၃၄ နှစ်ကြာပိုင်ဆိုင်ထားပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ကန်ဒေါ်လာ ၈၅ သန်းဖြင့် ရောင်းချခဲ့သည်။ အဆိုပါဈေးနှုန်းမှာ ၁၉၈၇ ခုနှစ်က ၎င်းဝယ်ယူခဲ့သည့်ဈေးနှင့် နှိုင်းယှဉ်လျှင် ကန်ဒေါ်လာ ၈၁ ဒသမ ၄ သန်းမြတ်စွန်းနေသည်ကို တွေ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The 10 Most Expensive Celebrity Real Estate Transactions of 2021 (architecturaldigest)

[Zawgyi]

၂၀၂၁ ခုႏွစ္၊ ဒိတ္ဒိတ္ၾကဲတို႔၏ ေစ်းအၾကီးဆံုးအိမ္ျခံေျမ အေရာင္းအဝယ္ (၁၀) ခု

အေရွ႕ ဟမ့္ပ္တန္မွ အိမ္ျခံေျမကို ၂၀၂၁ ခုႏွစ္အတြင္း ကန္ေဒၚလာ ၈၅ သန္းျဖင့္ မည္သူေရာင္းခ်ခဲ့သည္ကို မွတ္မိပါသလား။

အေရွ႕ဘက္ကမ္းရိုးတန္းေဒသ (သို႔မဟုတ္) အေနာက္ဘက္ကမ္းရိုးတန္းျဖစ္ခ်င္ျဖစ္မည္၊ ကုန္းမၾကီးေပၚ (သို႔မဟုတ္) ဟာဝိုင္ယီကၽြန္းစုမ်ားေပၚျဖစ္ခ်င္ျဖစ္မည္၊ အေက်ာ္အေမာ္တို႔၏ အိမ္ျခံေျမအေရာင္းအဝယ္မွာ တစ္ႏွစ္တာလံုး အားေကာင္းေနခဲ့သည္။ အေက်ာ္အေမာ္ ဒိတ္ဒိတ္ၾကဲတို႔သည္ ၎တို႔၏ အိမ္ျခံေျမေဟာင္းမ်ားေရာင္းခ်ျခင္း၊ စိတ္ကူးအိပ္မက္ထဲမွ ေနရာသစ္မ်ားတြင္ ေစ်းႏႈန္းမည္မွ်ရွိေစ ဝယ္ယူျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

တခ်ဳိ႕က ေလာ့စ္အိန္ဂ်လိမွ ဘီဗာလီေဟးလ္ရွိ စံအိမ္ကို ေရာင္းခ်လိုက္ျခင္းျဖစ္ႏိုင္သကဲ့သို႔ အခ်ဳိ႕က ဖေလာ္ရီဒါရွိ မာလီဘူး ကမ္းေျခစံအိမ္တစ္လံုးကို ဝယ္ယူလိုက္ျခင္းမ်ဳိးလည္း ျဖစ္ႏိုင္သည္။

ေအာက္တြင္ ၂၀၂၁ ခုႏွစ္အတြင္း ေက်ာ္ၾကားသူတို႔ အေရာင္းအဝယ္လုပ္ခဲ့ေသာ အိမ္ျခံေျမမ်ားအနက္ ေစ်းအၾကီးဆံုး ၁၀ ခုကို ေကာက္ႏႈတ္ေဖာ္ျပအပ္ပါသည္။

(၁) Tommy Hilfiger ၊ ကန္ေဒၚလာ ၄၅ သန္း

ကမၻာေက်ာ္ဖက္ရွင္ဒီဇိုင္နာ Tommy Hilfiger ႏွင့္ ဇနီးျဖစ္သူ Dee Ocleppo တို႔သည္ ဇန္နဝါရီလအတြင္း အေမရိကန္ျပည္ေထာင္စု၊ ကြန္နက္တီကပ္ျပည္နယ္၊ ဂရင္းဝစ္ခ်္ျမိဳ႕ရွိ စံအိမ္ကို ကန္ေဒၚလာ ၄၅ သန္းျဖင့္ ေရာင္းခ်လိုက္ျခင္းအားျဖင့္ ၂၀၂၁ ခုႏွစ္ကို စတင္လႈပ္ႏႈိးခဲ့သည္။

၂၀၁၀ ျပည့္ႏွစ္အတြင္း ဝယ္ယူခဲ့စဥ္က ကန္ေဒၚလာ ၃၁ ဒသမ ၄ သန္းေပးခဲ့ရျခင္းျဖစ္ရာ မ်ားစြာျမတ္စြန္းခဲ့သည္ဟု ဆိုႏိုင္သည္။

(၂) Ellen DeGeneres ႏွင့္ Portia de Rossi တို႔စံုတြဲ ၊ ကန္ေဒၚလာ ၄၅ သန္း

အေမရိကန္ရုပ္ရွင္မင္းသမီး၊ ရုပ္သံတင္ဆက္သူ Ellen DeGeneres သည္ Oprah Winfrey Show တြင္ တက္ေရာက္စကားေျပာရင္း Lesbian တစ္ဦးအျဖစ္ ေပၚေပါက္လာသည္။

Portia de Rossi သည္ ၾသစေတးလ်မင္းသမီး၊ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သည္။ ၂၀၂၁ ခုႏွစ္၊ ေမလတြင္ Ellen DeGeneres တို႔ စံုတြဲသည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္အရပ္ရွိ စတုရန္းေပ ၁၀၀၀၀ က်ယ္ဝန္းေသာ စံအိမ္ကို ကန္ေဒၚလာ ၄၅ သန္းျဖင့္ ေရာင္းထုတ္ခဲ့၏။

အဆိုပါ စံအိမ္ကို မေရာင္းမီ ၂ ႏွစ္ခန္႔ုက ၎တို႔သည္ Adam Levine ၏ စံအိမ္ကို ကန္ေဒၚလာ ၄၂ ဒသမ ၅ သန္းျဖင့္ ဝယ္ယူထားခဲ့ေသးသည္။

(၃) Bette Midler ၊ ကန္ေဒၚလာ ၄၅ သန္း

အေမရိကန္အဆိုေတာ္၊ ရုပ္ရွင္မင္းသမီး Bette Midler သည္ အႏုပညာသက္တမ္း ႏွစ္ေပါင္း ၅၀ အတြင္း ေရႊကမၻာလံုးဆု ၄ ၾကိမ္၊ ဂရမ္မီဆု ၃ ၾကိမ္၊ Primetime Emmy Award ၃ ၾကိမ္၊ Tony Award ၂ ၾကိမ္၊ ေအာ္စကာဆု ဇကာတင္စာရင္းဝင္မႈ ၂ ၾကိမ္ႏွင့္ British Academy Film Award တစ္ၾကိမ္ ရရွိထားသည္။

Bette Midler ၏ နယူးေယာက္ျမိဳ႕၊ Upper East Side အရပ္ရွိ Penthouse ခန္းသည္ အခန္းတြင္းႏွင့္ အလွဆင္ထားေသာ အပန္းေျဖေနရာတို႔ စုစုေပါင္းအက်ယ္အဝန္း စတုရန္းေပ ၁၀၀၀၀ ရွိရာ နယူးေယာက္ျမိဳ႕ စံႏႈန္းအရ နန္းေတာ္တမွ်ဟု ဆိုႏိုင္သည္။

သူမႏွင့္ ခင္ပြန္းျဖစ္သူ မာတင္ ဖြန္ ဟားဆယ္ဘာ့ဂ္တို႔သည္ အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၆ ခန္း ပါဝင္ေသာအခန္းကို ၂၅ ႏွစ္ခန္႔ ပိုင္ဆိုင္ထားခဲ့ျပီးေနာက္ပိုင္း ကန္ေဒၚလာ ၄၅ သန္းျဖင့္ ေရာင္းထုတ္ခဲ့ျခင္းျဖစ္ကာ မူလေခၚေစ်းေအာက္ ၅ သန္းနည္းပါးေသာ ေစ်းႏႈန္း ျဖစ္သည္။

(၄) Mark Zuckerberg ၊ ကန္ေဒၚလာ ၅၃ သန္း

Facebook တည္ေထာင္သူ Mark Zuckerberg ႏွင့္ ဇနီး Priscilla Chan တို႔သည္ ဟာဝိုင္ယီကၽြန္းစုမ်ားမွ Kauai ကၽြန္းစုေပၚတြင္ ဧကေပါင္း ၆၀၀ က်ယ္ဝန္းေသာ ေျမေနရာကို ၂၀၂၁ ခုႏွစ္၊ မတ္လအတြင္း ကန္ေဒၚလာ ၅၃ သန္းအထိ သံုးစြဲကာ ဝယ္ယူခဲ့သည္။ Mark Zuckerberg သည္ အဆိုပါကၽြန္းေပၚတြင္ ၂၀၁၄ ခုႏွစ္အတြင္းကလည္း ဧကေပါင္း ၇၀၀ ကို ကန္ေဒၚလာ သန္း ၁၀၀ ေက်ာ္ျဖင့္ ဝယ္ယူထားခဲ့ေသးသည္။

ထိုစဥ္က Mark Zuckerberg ၏ ေျမဝယ္ယူမႈကို ေဒသခံတို႔က ကန္႔ကြက္ဆႏၵျပခဲ့ၾကေသးသည္။

Mark Zuckerberg တို႔ စံုတြဲက ေျပာၾကားရာတြင္ ေျမေနရာမ်ားကို ဝယ္ယူရျခင္း၏ ရည္ရြယ္ခ်က္မွာ ေဒသ၏ ေတာရိုင္းတိရ စၦာန္မ်ားကို ထိန္းသိမ္းရန္ျဖစ္ကာ အမ်ားျပည္သူတို႔ ဝင္ေရာက္ၾကည့္ရႈႏိုင္ရန္ ဖြင့္လွစ္ေပးထားမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

(၅) Ellen DeGeneres ႏွင့္ Portia de Rossi တို႔စံုတြဲ၊ ကန္ေဒၚလာ ၅၅ သန္း

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္တာ ဘာဘရာျမိဳ႕အေရွ႕ဘက္ရွိ Montecito အရပ္တြင္ တည္ရွိေသာ စံအိမ္တစ္လံုးကို Ellen DeGeneres တို႔ စံုတြဲက ကန္ေဒၚလာ ၅၅ သန္းျဖင့္ ေရာင္းထုတ္ခဲ့သည္။ Cape-Dutch ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္ကို ၂၀၂၀ ျပည့္ႏွစ္အတြင္း ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၄၉ သန္းေပးခဲ့ရသည္။ ျခံဝန္းအက်ယ္ ၄ ဒသမ ၃ ဧကရွိျပီး ျခံဝန္းအတြင္း အေဆာက္အအံု ၅ လံုးပါဝင္ကာ ပင္မစံအိမ္မွာ စတုရန္းေပ ၉၀၀၀ က်ယ္ဝန္းသည္။

(၆) ကင္ေညးဝက္စ္၊ ကန္ေဒၚလာ ၅၇ ဒသမ ၃ သန္း (Kanye West, $57.3 million)

ကင္ေညးဝက္စ္သည္ minimalism သမားတစ္ဦးျဖစ္ေၾကာင္း အမ်ားသိထားျပီးျဖစ္သည္။ အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ မာလီဘူးတြင္ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလအတြင္း ကန္ေဒၚလာ ၅၇ ဒသမ ၃ သန္းျဖင့္ ဝယ္ယူခဲ့ေသာ စံအိမ္မွာ သူ႔အၾကိဳက္ႏွင့္ တစ္ထပ္တည္းက်၏။ ဗိသုကာပညာရွင္ Tadao Ando က ဒီဇိုင္းေရးဆြဲေပးထားျပီး စတုရန္းေပ ၃၆၆၅ က်ယ္ဝန္းေသာ စံအိမ္အတြင္း အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၄ ခန္း ပါဝင္သည္။

(၇) Scooter Braun ၊ ကန္ေဒၚလာ ၆၅ သန္း

Scooter Braun သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕ အေနာက္ပိုင္း ဘရန္႔ဝုဒ္အရပ္ရွိ ေမာ္ဒန္ယာေတာအိမ္တစ္လံုးကို ကန္ေဒၚလာ ၆၅ သန္းေပးဝယ္ကာ ေဒသစံခ်ိန္ခ်ဳိးခဲ့သည္။ အဆိုပါ ေစ်းႏႈန္းသည္ ေလာ့စ္အိန္ဂ်လိအေနာက္ပိုင္းတြင္ လက္ရွိအခ်ိန္ထိ ေစ်းအၾကီးဆံုး အေရာင္းအဝယ္အျဖစ္ စံခ်ိန္တင္သြားသည္။ စံအိမ္မွာ စတုရန္းေပ ၁၉၀၀၀ အထိ က်ယ္ဝန္းေသာ္လည္း ရိုးစင္းေသာ ေသတၱာပံုစံသာ ျဖစ္သည္။

(၈) The Weeknd ၊ ကန္ေဒၚလာ သန္း ၇၀

၂၀၂၁ ခုႏွစ္အတြင္း ေလာ့စ္အိန္ဂ်လိရွိ ေစ်းအၾကီးဆံုးအိမ္ျခံေျမအေရာင္းအဝယ္မ်ားတြင္ The Weeknd က ဘဲလ္အဲရ္အရပ္ရွိ ေခတ္ျပိဳင္ဗိသုကာဟန္စံအိမ္ကို ကန္ေဒၚလာ သန္း ၇၀ ေပးကာ ဝယ္ယူလိုက္မႈသည္လည္း ထိပ္တန္းေနရာတြင္ ရပ္တည္ေနသည္။ စတုရန္းေပ ၃၃၀၀၀ ခန္႔အထိ က်ယ္ဝန္းေသာ စံအိမ္အတြင္း အားကစားေလ့က်င့္ခန္းမ၊ ေခၽြးထုတ္ခန္း၊ အိမ္တြင္း ရုပ္ရွင္ရံု၊ ေရကန္ ၂ ခုႏွင့္ အျခားေသာ မေရမတြက္ႏိုင္သည့္ Amenities တို႔ ပါဝင္သည္။

(၉) ဂ်က္ ဘီေဇာ့စ္ ၊ ကန္ေဒၚလာ ၇၈ သန္း -Jeff Bezos, $78 million

Amazon တည္ေထာင္သူ ဂ်က္ဘီေဇာ့စ္ႏွင့္ ဇနီး ေလာ္ရန္ ဆန္းခ်က္ဇ္တို႔သည္ ၂၀၂၁ ခုႏွစ္၊ ဇြန္လအတြင္း ဟာဝိုင္ယီကၽြန္းစုမွ Maui ကၽြန္းေပၚတြင္ ေျမ ၁၄ ဧကကို ဝယ္ယူခဲ့သည္။ ဂ်က္ဘီေဇာ့စ္ ေပးခဲ့ရသည့္ ေစ်းႏႈန္းအမွန္ကို မသိရေသာ္လည္း ေဒသတြင္း အိမ္ျခံေျမကၽြမ္းက်င္သူတို႔၏ ခန္႔မွန္းခ်က္အရ ကန္ေဒၚလာ ၇၈ သန္းခန္႔ျဖစ္တန္ရာေခ်ရွိေၾကာင္း ခန္႔မွန္းၾကသည္။ ျခံဝန္းၾကီးအတြင္း အေဆာက္အအံုမ်ားစြာ ပါဝင္ျပီး ပင္မစံအိမ္မွာ စတုရန္းေပ ၄၅၀၀ က်ယ္ဝန္းသည္။ စတုရန္းေပ ၁၇၀၀ က်ယ္ဝန္းေသာ ဧည့္ေဂဟာအိမ္တစ္လံုးလည္း ပါဝင္ေသးသည္။

(၁၀) Calvin Klein ၊ ကန္ေဒၚလာ ၈၅ သန္း

ကမၻာ့ထိပ္တန္း ဖက္ရွင္ထိပ္သီး Calvin Klein သည္ နယူးေယာက္ျမိဳ႕ အေရွ႕ဟမ့္ပ္တန္အရပ္ရွိ ၈ ဒသမ ၄ ဧက က်ယ္ဝန္းေသာ ျခံဝန္းႏွင့္ စံအိမ္ကို ၃၄ ႏွစ္ၾကာပိုင္ဆိုင္ထားျပီးေနာက္ ၂၀၂၁ ခုႏွစ္၊ ဇူလိုင္လတြင္ ကန္ေဒၚလာ ၈၅ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။ အဆိုပါေစ်းႏႈန္းမွာ ၁၉၈၇ ခုႏွစ္က ၎ဝယ္ယူခဲ့သည့္ေစ်းႏွင့္ ႏႈိင္းယွဥ္လွ်င္ ကန္ေဒၚလာ ၈၁ ဒသမ ၄ သန္းျမတ္စြန္းေနသည္ကို ေတြ႔သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The 10 Most Expensive Celebrity Real Estate Transactions of 2021 (architecturaldigest)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service