ဆောင်းရာသီမှာ အစာမကြေဖြစ်ခြင်း ကင်းဝေးအောင်

ဆောင်းရာသီမှာ အစာမကြေဖြစ်ခြင်း ကင်းဝေးအောင် - Property Knowledge in Myanmar from iMyanmarHouse.com
26 Jan 2022 11:45 am တွင် တင်ခဲ့သည်
829 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ချမ်းအေးသော ဆောင်းရာသီတွင် အအေးမိခြင်း၊ ရာသီတုပ်ကွေး၊ ဖျားနာကိုက်ခဲခြင်းတို့ကဲ့သို့ ကြုံတွေ့ရလေ့ရှိသည့် ပြဿနာတစ်ခုမှာ အစာမကြေဖြစ်ခြင်း ဖြစ်ပါသည်။ ရာသီဥတုအေးသည့်ကာလများတွင် ခန္ဓာကိုယ်၏ ဇီဝကမ္မလုပ်ငန်းများ လျော့ကျသွားခြင်းကြောင့် အစာအိမ်၏ လုပ်ငန်းလုပ်ဆောင်မှုများ အားနည်းပြီး အစာခြေဖျက်မှုနှေးကာ အစာမကြေခြင်း ပိုဖြစ်တတ်ပါသည်။

အစားအသောက်အနေဖြင့် အဆီများသောအသားများ၊ ဆီများများဖြင့်ကြော်ထားသော ဆီကြော်များ၊ ကောက်ညှင်းကဲ့သို့ အစာကြေရန်ခက်ခဲသော အစားအစာများ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဘီယာ၊ အရက်ယမကာများ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဂက်စ်ပါသော အသင့်သောက်အချိုရည်များ၊ အစပ်များသော အစားအစာများသည် အစာမကြေခြင်းဖြစ်စေတတ်သောကြောင့် အလွန်အကျွံစားသုံးခြင်း မပြုသင့်ပါ။ ဆေးလိပ်သောက်ခြင်းသည် အစာရေမျိုကြွက်သားကို အားနည်းစေပြီး အက်ဆစ်ဆန်တက်မှုဖြစ်ပေါ်ခြင်း၊ အစာအိမ်တွင်း အက်ဆစ်ဓာတ်ထုတ်မှုများခြင်းတို့ကို ဖြစ်စေတတ်၍ ဆေးလိပ်သောက်ခြင်းကို ရှောင်သင့်ပါသည်။

ရာသီဥတုအေးသည်နှင့်အမျှ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်မှုနည်းခြင်းကြောင့် အစာခြေဖျက်မှုနှေးပြီး အစာမကြေဖြစ်တတ်ပြီး ကိုယ်အလေးချိန်လည်း တက်တတ်သည်။ အလေးချိန်များသူများတွင် အူသိမ်အတွင်းမှ အက်စစ်များ အစာအိမ်ထဲသို့ ပြန်ဆန်တက်သော Acid Refulx ကြောင့် အစာမကြေဖြစ်တတ်၍ သင့်တင့်မျှတသော ကိုယ်အလေးချိန်ကို ထိန်းထားသင့်ပါသည်။

နေ့စဉ်ကိုယ်လက်လှုပ်ရှား ပြုလုပ်ပေးခြင်း၊ လမ်းလျှောက်ပေးခြင်း၊ ယောဂကျင့်ခြင်းတို့ ပြုလုပ်ပေးသင့်ပါသည်။ ရေများများသောက်ခြင်းက အစာမကြေခြင်းကို သက်သာစေနိုင်သည့်အတွက် တစ်နေ့ကို ၃-၄ လီတာအထိ သောက်ပေးသင့်ပါသည်။ အစာမစားမီ နာရီဝက်အလို ရေခပ်နွေးနွေးသောက်ပေးခြင်းကလည်း အစာအိမ်၏ အစာချေဖျက်ခြင်းအတွက် ကောင်းမွန်ပါသည်။

သန့်ရှင်းလတ်ဆတ်သော အစားအသောက်များကို စားခြင်း၊ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေသော အမျှင်ဓါတ်ကြွယ်ဝသည့် ကိုက်လန်၊ မုန်ညင်းစိမ်း၊ ဟင်းနုနွယ်၊ အာလူး၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ သကြားမုန်လာစသည့် ရာသီပေါ်သီးနှံများကို များများစားပေးသင့်သည်။

နို့နှင့် နို့ထွက်ပစ္စည်းများက လက်တို့စ်မချေဖျက်နိုင်သော ရောဂါ Lactose Intolerance ရှိသူများတွင် အစာမကြေဖြစ်တတ်၍ Lactose Free အစာများကို ရွေးချယ်စားသုံးပေးပြီး အစာမကြေဖြစ်ခြင်းကို ကာကွယ်နိုင်ပါသည်။ ထောပတ် Ghee သည် အစာအိမ်ကျန်းမာရေး အကျိုးပြုအစာဖြစ်သည့်အတွက် အသင့်တင့် စားပေးသင့်သည်။

အစားကိုအလွန်အကျွံမစားဘဲ သင့်တင့်သောပမာဏကို နည်းနည်းနှင့် ဖြည်းညင်းစွာစားပြီး အကြိမ်ရေခွဲပြီး ခဏခဏစားပေးခြင်းက အစာမကြေဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ အစာကို အချိန်ယူပြီး ကြေညက်အောင်ဝါးစားပေးခြင်းကလည်း အစာမကြေဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

အချိန် အစားစားခြင်းသည် အစာမကြေဖြစ်ခြင်းကို ဖြစ်စေနိုင်သောကြောင့် အိပ်ခါနီး ၄-၅နာရီအတွင်း အစာစားခြင်းကို ရှောင်ကြဉ်ပါ။ စိတ်ဖိစီးမှုများတတ်သူများတွင် အစာအိမ်လှုပ်ရှားမှုမကောင်းဘဲ အစာမကြေဖြစ်နိုင်၍ စိတ်ဖိစီးမှုလျော့နည်းအောင် နေထိုင်သင့်ပါသည်။

သောက်သုံးနေသော ဆေးအချို့၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်း အစာမကြေဖြစ်နိုင်၍ အကိုက်အခဲပျောက်ဆေးများ၊ သွေးပေါင်ကျဆေးအချို့၊ ရောင်ရမ်းမှုလျှော့ပေးသော စတီးရွိုက် Steroid ဆေးများ၊ ဟော်မုန်း Estrogen ပါသော ဆေးများနှင့် ကိုယ်ဝန်တားဆေးများ၊ ပိုးသတ်ဆေးများ သောက်သုံးနေရလျှင် မိသားစုဆရာဝန်နှင့် ပြန်၍တိုင်ပင်သင့်ပါသည်။

အစာမကြေဖြစ်ခြင်းသည် လူတိုင်းကြုံဖူးလေ့ရှိသည့် လက္ခဏာတစ်ခုဖြစ်ပြီး များသောအားဖြင့် အထက်ဖော်ပြပါ စားသောက်နေထိုင်မှုပုံစံများ ပြောင်းလဲကြည့်ခြင်းဖြင့်လည်းကောင်း၊ Antacid ခေါ် အစာအိမ်ဆေးများ၊ အစာအိမ်လေနာသက်သာဆေးများ ၊ အစာကြေဆေးများ သောက်သုံးခြင်းဖြင့်လည်းကောင်း သက်သာနိုင်ပါတယ်။ သို့သော် နာတာရှည်အစာအိမ်ရောဂါ အခံရှိသူများ၊ မကြာခဏ အစာအိမ်နာတတ်သူများ၊ ကိုယ်အလေးချိန် သိသိသာသာကျဆင်းခြင်း၊ ညဘက်တွင် တစ်နေကုန်စားထားသမျှ အစာများပြန်အန်ခြင်း၊ ဗိုက်တွင် အလုံးအကြိတ်စမ်းမိခြင်းစသော လက္ခဏာများနှင့် အစာအိမ်ကင်ဆာမျိုးရိုးရှိခြင်းတို့ရှိလျှင် အချိန်ဆွဲမနေဘဲ ဆေးရုံဆေးခန်းပြသသင့်ကြောင်း ဤဆောင်းပါးဖြင့် မျှဝေရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

[Zawgyi]

ေဆာင္းရာသီမွာ အစာမေၾကျဖစ္ျခင္း ကင္းေဝးေအာင္

ခ်မ္းေအးေသာ ေဆာင္းရာသီတြင္ အေအးမိျခင္း၊ ရာသီတုပ္ေကြး၊ ဖ်ားနာကိုက္ခဲျခင္းတို႔ကဲ့သို႔ ၾကဳံေတြ႕ရေလ့႐ွိသည့္ ျပႆနာတစ္ခုမွာ အစာမေၾကျဖစ္ျခင္း ျဖစ္ပါသည္။ ရာသီဥတုေအးသည့္ကာလမ်ားတြင္ ခႏၶာကိုယ္၏ ဇီဝကမၼလုပ္ငန္းမ်ား ေလ်ာ့က်သြားျခင္းေၾကာင့္ အစာအိမ္၏ လုပ္ငန္းလုပ္ေဆာင္မႈမ်ား အားနည္းၿပီး အစာေျခဖ်က္မႈေႏွးကာ အစာမေၾကျခင္း ပိုျဖစ္တတ္ပါသည္။

အစားအေသာက္အေနျဖင့္ အဆီမ်ားေသာအသားမ်ား၊ ဆီမ်ားမ်ားျဖင့္ေၾကာ္ထားေသာ ဆီေၾကာ္မ်ား၊ ေကာက္ညႇင္းကဲ့သို႔ အစာေၾကရန္ခက္ခဲေသာ အစားအစာမ်ား၊ ေကာ္ဖီ၊ လက္ဖက္ရည္၊ ဘီယာ၊ အရက္ယမကာမ်ား၊ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဂက္စ္ပါေသာ အသင့္ေသာက္အခ်ိဳရည္မ်ား၊ အစပ္မ်ားေသာ အစားအစာမ်ားသည္ အစာမေၾကျခင္းျဖစ္ေစတတ္ေသာေၾကာင့္ အလြန္အကြၽံစားသုံးျခင္း မျပဳသင့္ပါ။ ေဆးလိပ္ေသာက္ျခင္းသည္ အစာေရမ်ိဳႂကြက္သားကို အားနည္းေစၿပီး အက္ဆစ္ဆန္တက္မႈျဖစ္ေပၚျခင္း၊ အစာအိမ္တြင္း အက္ဆစ္ဓာတ္ထုတ္မႈမ်ားျခင္းတို႔ကို ျဖစ္ေစတတ္၍ ေဆးလိပ္ေသာက္ျခင္းကို ေ႐ွာင္သင့္ပါသည္။

ရာသီဥတုေအးသည္ႏွင့္အမွ် ကိုယ္လက္လႈပ္႐ွားမႈ ျပဳလုပ္မႈနည္းျခင္းေၾကာင့္ အစာေျခဖ်က္မႈေႏွးၿပီး အစာမေၾကျဖစ္တတ္ၿပီး ကိုယ္အေလးခ်ိန္လည္း တက္တတ္သည္။ အေလးခ်ိန္မ်ားသူမ်ားတြင္ အူသိမ္အတြင္းမွ အက္စစ္မ်ား အစာအိမ္ထဲသို႔ ျပန္ဆန္တက္ေသာ Acid Refulx ေၾကာင့္ အစာမေၾကျဖစ္တတ္၍ သင့္တင့္မွ်တေသာ ကိုယ္အေလးခ်ိန္ကို ထိန္းထားသင့္ပါသည္။

ေန႔စဥ္ကိုယ္လက္လႈပ္႐ွား ျပဳလုပ္ေပးျခင္း၊ လမ္းေလွ်ာက္ေပးျခင္း၊ ေယာဂက်င့္ျခင္းတို႔ ျပဳလုပ္ေပးသင့္ပါသည္။ ေရမ်ားမ်ားေသာက္ျခင္းက အစာမေၾကျခင္းကို သက္သာေစႏိုင္သည့္အတြက္ တစ္ေန႔ကို ၃-၄ လီတာအထိ ေသာက္ေပးသင့္ပါသည္။ အစာမစားမီ နာရီဝက္အလို ေရခပ္ေႏြးေႏြးေသာက္ေပးျခင္းကလည္း အစာအိမ္၏ အစာေခ်ဖ်က္ျခင္းအတြက္ ေကာင္းမြန္ပါသည္။

သန္႔႐ွင္းလတ္ဆတ္ေသာ အစားအေသာက္မ်ားကို စားျခင္း၊ အစာအိမ္အူလမ္းေၾကာင္း လႈပ္႐ွားမႈကို ေကာင္းမြန္ေစေသာ အမွ်င္ဓါတ္ႂကြယ္ဝသည့္ ကိုက္လန္၊ မုန္ညင္းစိမ္း၊ ဟင္းႏုႏြယ္၊ အာလူး၊ ကန္စြန္းဥ၊ မုန္လာဥနီ၊ သၾကားမုန္လာစသည့္ ရာသီေပၚသီးႏွံမ်ားကို မ်ားမ်ားစားေပးသင့္သည္။

ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ားက လက္တို႔စ္မေခ်ဖ်က္ႏိုင္ေသာ ေရာဂါ Lactose Intolerance ႐ွိသူမ်ားတြင္ အစာမေၾကျဖစ္တတ္၍ Lactose Free အစာမ်ားကို ေ႐ြးခ်ယ္စားသုံးေပးၿပီး အစာမေၾကျဖစ္ျခင္းကို ကာကြယ္ႏိုင္ပါသည္။ ေထာပတ္ Ghee သည္ အစာအိမ္က်န္းမာေရး အက်ိဳးျပဳအစာျဖစ္သည့္အတြက္ အသင့္တင့္ စားေပးသင့္သည္။

အစားကိုအလြန္အကြၽံမစားဘဲ သင့္တင့္ေသာပမာဏကို နည္းနည္းႏွင့္ ျဖည္းညင္းစြာစားၿပီး အႀကိမ္ေရခြဲၿပီး ခဏခဏစားေပးျခင္းက အစာမေၾကျဖစ္ျခင္းကို ကာကြယ္ေပးႏိုင္ပါသည္။ အစာကို အခ်ိန္ယူၿပီး ေၾကညက္ေအာင္ဝါးစားေပးျခင္းကလည္း အစာမေၾကျဖစ္ျခင္းမွ ကာကြယ္ႏိုင္ပါတယ္။

အခ်ိန္ အစားစားျခင္းသည္ အစာမေၾကျဖစ္ျခင္းကို ျဖစ္ေစႏိုင္ေသာေၾကာင့္ အိပ္ခါနီး ၄-၅နာရီအတြင္း အစာစားျခင္းကို ေ႐ွာင္ၾကဥ္ပါ။ စိတ္ဖိစီးမႈမ်ားတတ္သူမ်ားတြင္ အစာအိမ္လႈပ္႐ွားမႈမေကာင္းဘဲ အစာမေၾကျဖစ္ႏိုင္၍ စိတ္ဖိစီးမႈေလ်ာ့နည္းေအာင္ ေနထိုင္သင့္ပါသည္။

ေသာက္သုံးေနေသာ ေဆးအခ်ိဳ႕၏ ေဘးထြက္ဆိုးက်ိဳးေၾကာင့္လည္း အစာမေၾကျဖစ္ႏိုင္၍ အကိုက္အခဲေပ်ာက္ေဆးမ်ား၊ ေသြးေပါင္က်ေဆးအခ်ိဳ႕၊ ေရာင္ရမ္းမႈေလွ်ာ့ေပးေသာ စတီး႐ြိဳက္ Steroid ေဆးမ်ား၊ ေဟာ္မုန္း Estrogen ပါေသာ ေဆးမ်ားႏွင့္ ကိုယ္ဝန္တားေဆးမ်ား၊ ပိုးသတ္ေဆးမ်ား ေသာက္သုံးေနရလွ်င္ မိသားစုဆရာဝန္ႏွင့္ ျပန္၍တိုင္ပင္သင့္ပါသည္။

အစာမေၾကျဖစ္ျခင္းသည္ လူတိုင္းၾကဳံဖူးေလ့႐ွိသည့္ လကၡဏာတစ္ခုျဖစ္ၿပီး မ်ားေသာအားျဖင့္ အထက္ေဖာ္ျပပါ စားေသာက္ေနထိုင္မႈပုံစံမ်ား ေျပာင္းလဲၾကည့္ျခင္းျဖင့္လည္းေကာင္း၊ Antacid ေခၚ အစာအိမ္ေဆးမ်ား၊ အစာအိမ္ေလနာသက္သာေဆးမ်ား ၊ အစာေၾကေဆးမ်ား ေသာက္သုံးျခင္းျဖင့္လည္းေကာင္း သက္သာႏိုင္ပါတယ္။ သို႔ေသာ္ နာတာ႐ွည္အစာအိမ္ေရာဂါ အခံ႐ွိသူမ်ား၊ မၾကာခဏ အစာအိမ္နာတတ္သူမ်ား၊ ကိုယ္အေလးခ်ိန္ သိသိသာသာက်ဆင္းျခင္း၊ ညဘက္တြင္ တစ္ေနကုန္စားထားသမွ် အစာမ်ားျပန္အန္ျခင္း၊ ဗိုက္တြင္ အလုံးအႀကိတ္စမ္းမိျခင္းစေသာ လကၡဏာမ်ားႏွင့္ အစာအိမ္ကင္ဆာမ်ိဳး႐ိုး႐ွိျခင္းတို႔႐ွိလွ်င္ အခ်ိန္ဆြဲမေနဘဲ ေဆး႐ုံေဆးခန္းျပသသင့္ေၾကာင္း ဤေဆာင္းပါးျဖင့္ မွ်ေဝေရးသားေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service