Adele ၏ Easy on Me ဂီတဗွီဒီယိုရိုက်ကူးခဲ့သော ကနေဒါရှိ ၁၇၃ ဧကကျယ်ဝန်းသော စံအိမ်ကြီး ဒေါ်လာ ၄ သန်းကျော်ဖြင့် ရောင်းချမည်
Adele ၏ Easy on Me ဂီတဗွီဒီယိုရိုက်ကူးခဲ့သော ကနေဒါရှိ ၁၇၃ ဧကကျယ်ဝန်းသော စံအိမ်ကြီး ဒေါ်လာ ၄ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
25 Jan 2022 11:20 am တွင် တင်ခဲ့သည်
615 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Adele ၏ Easy on Me ဂီတဗွီဒီယို ရိုက်ကူးခဲ့သော ကနေဒါနိုင်ငံရှိ ညှို့ယူဖမ်းစားနိုင်သော စံအိမ်ကြီး ဒေါ်လာ ၄ ဒသမ ၃ သန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
ကနေဒါနိုင်ငံ၊ ကွေ့ဘက်ခ် (Quebec) ပြည်နယ်တွင် တည်ရှိကာ အမေရိကန်နယ်စပ်သို့ မိနစ်အနည်းငယ် ခရီးသာ ကွာဝေးပြီး မန်ထရီယဲလ် (Montreal) မြို့နှင့် တစ်နာရီခွဲ ခရီးခန့်မျှ အကွာအဝေးတွင် တည်ရှိသည်။ ခြံအကျယ်အဝန်းမှာ ၁၇၃ ဧကအထိ ကျယ်ဝန်းပြီး ခြံဝန်းကြီးအတွင်း ရဲတိုက်တစ်ခု အပါအဝင် အဆောက်အအုံ ၆ လုံး ပါဝင်သည်။
“Vineyard of the St-Agnes Chapel” ဟု အမည်ပေးထားသော ခြံဝန်းကြီးအတွင်း စပျစ်ပင် ၇၀၀၀ ခန့် ပါဝင်သော စပျစ်ခင်းပါဝင်ကာ ကျယ်ပြောသည့် တောင်တန်းအလှမြင်ကွင်းများ ပိုင်ဆိုင်ထားကြောင်း ဈေးကွက်တင် အချက်အလက်များတွင် ဖော်ပြထားသည်။
အဆောက်အအုံ ၆ လုံးတွင် စုစုပေါင်း အိပ်ခန်း ၁၀ ခန်းနှင့် ရေချိုးခန်း ၁၄ ခန်း ပါဝင်သည်။
ပင်မစံအိမ်ကို ၁၉၄၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ကာ ၁၉၉၀ ပြည့်နှစ်နှင့် ပြီးခဲ့သောနှစ်များအတွင်း ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် ဧည့်ဂေဟာတစ်လုံး ဖြည့်စွက်ဆောက်လုပ်ခဲ့သည်။
ဘုရားကျောင်းတစ်ခုနှင့် ရဲတိုက်တို့မှာ ၂၀၀၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ခြံဝန်းကြီးအတွင်း မေပယ်ပင် ထောင်နှင့်ချီ၍ ပါဝင်ကာ ကား ၃ စင်းဆန့် ကားဂိုထောင်တစ်ခုလည်း ပါဝင်သည်။
“သင့်မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများအတွက် နေအိမ်အများအပြားပါဝင်ကာ မျိုးဆက်ပေါင်းစုံတို့၏ အံ့မခန်းနေရာတစ်ခု”ဟု ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။
“အိမ်ခြံမြေစီမံကိန်းကြီးတစ်ခုအပြင် မေပယ်ပင် တောအုပ်စီမံကိန်းအပါအဝင် အခြားစီမံကိန်းမျိုးစုံ အကောင်အထည်ဖော်ဖို့ မြေကွက်များစွာဟာ အသင့်ရှိနေပါတယ်”
လက်ရှိပိုင်ရှင်မှာ ကနေဒါ လုပ်ငန်းရှင် Benoit Dumont ဖြစ်သည်။
Adele က သူမ၏ Easy on Me စင်ဂယ်ဓာတ်ပြားကို ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် ထုတ်လုပ်ခဲ့ရာ Spotify တွင် တစ်ကမ္ဘာလုံးအတိုင်းအတာ တစ်နေ့အတွင်း Streaming အလုပ်ခံရဆုံးအဖြစ် စံချိန်ချိုးခဲ့ကြောင်း Spotify က လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
Easy on Me ဂီတဗွီဒီယိုထဲတွင် Adele သည် သူမ၏ လက်ဆွဲအိတ်ကို ကောက်ယူကာ နေအိမ်မှ ထွက်ခွာတော့မည့်အသွင် စတင်ရိုက်ကူးထားသည်ကိုတွေ့ရပြီး အဖြူ၊ အမည်းဖြင့် ပြသထားသည်။
ဗွီဒီယို၏ အလယ်ပိုင်းတွင် ရောင်စုံအဖြစ် ပြောင်းလဲသွားရာ အခန်းမှာ ကတ္တီပါရောင် နံရံများနှင့် အနီမှိုင်းရောင်ဖြစ်ကြောင်း တွေ့လာရသည်။
အကွက်ဖော် ခန်းဆီးစများနှင့် သလင်းမီးဆိုင်းတစ်ခုတို့ကိုတွေ့ရပြီး စံအိမ်ကြီး၏ ညစာစားခန်းဖြစ်သည်ဟု သိရသည်။
ဈေးကွက်တင်ပေးသူမှာ Engel & Völkers မှ အကျိုးဆောင် ဒေးဗစ် အို မာလေးဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Quebec house used for Adele’s ‘Easy on Me’ video on sale for $4.3M (New York Post)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MIngalardon Garden City
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service