ဂျပ်စတင် တင်းဘားလိတ် သူ့တိုက်ခန်းရောင်းတာ ဘာလို့အမြတ်များများရခဲ့လဲ

ဂျပ်စတင် တင်းဘားလိတ် သူ့တိုက်ခန်းရောင်းတာ ဘာလို့အမြတ်များများရခဲ့လဲ - Property News in Myanmar from iMyanmarHouse.com
24 Jan 2022 10:50 am တွင် တင်ခဲ့သည်
577 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျပ်စတင် တင်းဘားလိတ်ကတော့ ခုရက်ပိုင်းမှာ သူ့ရဲ့ နာမည်ကြီး တေးသီချင်းတွေထဲက ဟစ်တစ်ပုဒ်ဖြစ်တဲ့ “ခံစားချက်ကို တားလို့ မရနိုင်ပါကွယ်” (“Can’t Stop the Feeling!”) ဆိုတဲ့ သီချင်းလေး တအေးအေး လုပ်နေမှာပဲဗျို့။

အတိအကျပြောရရင် အဲ့သီချင်းထဲက “ဘာကြောင့်များလဲဆိုတော့ကွယ်×××ကိုယ့်အိတ်ကပ်ထဲ နေခြည် လင်းလက်နေပြီကွယ်” ဆိုတဲ့ စာသားနေရာကို ဆိုနေဖို့ များသဗျ။

ပန်းသီးကြီးလို့ တင်စားကြတဲ့ နယူးယောက်က သူ့တိုက်ခန်းရောင်းတာမှာ ဒေါ်လာ ၉ သန်းလောက် မြတ်သွား၊ အိတ်ဖောင်းသွားတာပဲလေ။

နယူးယောက်ပို့စ်ဆိုတဲ့ သတင်းဌာနကြီးက ရတဲ့သတင်းအရတော့ တင်းဘားလိတ်နဲ့ သူ့ဇနီး ဂျက်ဆိကာ ဘီးယဲလ်တို့ စုံတွဲဟာ နယူးယောက်မှာ သမိုင်းဝင်အဆောက်အအုံတွေများတဲ့ ထရီဘက်ကာ (Tribeca) ဆိုတဲ့ ဒေသက အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းပါတဲ့ တိုက်ခန်းကို ပြီးခဲ့တဲ့ ခရစ္စမတ်မတိုင်ခင်လေးမှာပဲ ရောင်းထုတ်လိုက်တာမှာ ရောင်းဈေးကတော့ မျက်ရည်ကျလောက်တယ်။ ကန်ဒေါ်လာ ၂၉ သန်းတဲ့။

၂၀၁၇ မှာ သူတို့ ဝယ်တုန်းက ကန်ဒေါ်လာ ၂၀ ဒသမ ၂ သန်းပဲ ပေးခဲ့ရတယ် (သူတို့ဝယ်ဖို့လုပ်တော့ ခေါ်ဈေးက ၂၅ သန်း။ အဲဒီကနေ အများကြီးလျှော့ပေးလိုက်လို့ သန်း ၂၀ ကျော်နဲ့ ရခဲ့တာ) အခန်းဝယ်ထားပြီး ၄ နှစ်လောက်နဲ့ ဒီလောက် အံ့မခန်းမြတ်တယ်ဆိုတာက သူတို့အတွက်တော့ သတင်းကောင်းပဲ။

အရင်အခန်း ရောင်းတုန်းကတော့ အရှုံးပေါ်ခဲ့သတဲ့။ အဲ့တုန်းက နယူးယောက် SoHo က အခန်းကို ကန်ဒေါ်လာ ၆ ဒသမ ၃၅ သန်းနဲ့ ရောင်းတာမှာ အရှုံးခံရောင်းလိုက်ရတယ်။ ဒါတောင် တော်တော်နဲ့ ရောင်းမထွက်ဘဲ ဈေးကွက်မှာ သောင်တင်နေသေးတယ်။

အဲဒီကတည်းက အိမ်ခြံမြေ ရောင်းမှားဝယ်မှားကို သူတို့ သင်ခန်းစာယူခဲ့ပုံရတယ်။ အဲ့ဒီနောက် ဝယ်လိုက်တာကတော့ အမြတ်ထွက်ဖို့သေချာတဲ့ သိပ်ကောင်းတဲ့ နေရာက အခန်းပဲ။

အခုနေရာက ဘာတွေများကောင်းနေလဲ။ ဒါကို နည်းနည်းလောက် ပြောပါရစေ။ (ဂျပ်စတင် တင်းဘားလိတ်ရဲ့ Penthouse ခန်း ဘာလို့ အမြတ်ရခဲ့လဲ) နေရာက ဂရင်းဝစ်ချ်လမ်း- အမှတ် ၄၄၃။ အုတ်အဆောက်အအုံပဲ။ ၁၉ ရာစုတုန်းကတော့ စာအုပ်ချုပ်တဲ့ ဂိုဒေါင်နေရာ။ ခေတ်မီတဲ့ ရပ်ကွက်ဖြစ်တဲ့ ထရီဘက်ကာလို နေရာမျိုးမှာ အဆောက်အအုံကြီးက တစ်ဘလောက်စာ နေရာယူထားတယ်။

“ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း ထရီဘက်ကာမှာ ဒေါ်လာ သန်း ၂၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ အိမ်ခြံမြေ တွေမှာ ပျှမ်းမျှအားဖြင့် ၁ စတုရန်းပေဈေးနှုန်းဟာ ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ၁ စတုရန်းပေကို ၅၁၅၁ ဒေါ်လာအထိ ရှိခဲ့တယ်” လို့ နယူးယောက်မှာ နာမည်ကျော်ပုဂ္ဂိုလ်အတော်များများကို အကျိုးဆောင်ပေးခဲ့တဲ့ အိမ်ခြံမြေကုမ္ပဏီ Serhant က အကျိုးဆောင် အေမီ ဟာမန်းက ပြောပါတယ်။ ဂျပ်စတင် တင်းဘားလိတ်ခ်ရဲ့ အခန်းရှိတဲ့ အဆောက်အအုံကြီးရဲ့ နှစ်ခြိုက်စရာ အကောင်းဆုံးက သတင်းမုဆိုးတွေရဲ့ ရန်ကနေ လုံခြုံတာပဲ။

တင်းဘားလိတ်ခ်တို့ စုံတွဲအနေနဲ့ သူတို့မျက်နှာ လူမြင်စရာမလိုဘဲ အဆောက်အအုံထဲကို အေးအေးလူလူ အဝင်အထွက် လုပ်လို့ရတယ်။

မြေအောက်ကားပါကင်ထဲကို တိုက်ရိုက်မောင်းဝင်လာ၊ မောင်းထွက်သွားရုံပဲ။ လုံခြုံရေးတွေကလည်း ရှိသေးတယ်။

နယူးယောက်လို ပျားပန်းခတ်လှုပ်ရှားနေတဲ့ မြို့ကြီးမှာ တစ်ကိုယ်ရေ လုံခြုံမှုဆိုတာ ရှာဖို့ တော်တော်ခက်တယ်။ ဒါကြောင့်ပဲ ဒီအဆောက်အအုံလို နေရာမျိုးက ရခဲတဲ့ ဒုလ္လဘတရားတစ်ခုပဲ။

ဒီလို သတင်းမုဆိုးတွေရန်က ကင်းတာကြောင့် ဒီအဆောက်အအုံကြီးမှာ ဒိတ်ဒိတ်ကြဲတွေ အရင်ကကော အခုကော နေနေကြတာ မဆန်းပါဘူး။

လက်ရှိမှာဆို ဟယ်ရီစတိုင်၊ ရီဘဲ ဝီလ်ဆင်နဲ့ ဂျိတ်ခ် ဂျဲလင်ဟာ (Jake Gyllenhaal )တို့ နေနေကြတယ်။

ဂျပ်စတင် တင်းဘားလိတ်ခ်ရဲ့ အခန်း ဈေးများတယ်လို့ ထင်နေလား။ ဒါဆိုရင် ဒီအဆောက်အအုံကြီးမှာပဲရှိတဲ့ အခန်းတစ်ခန်းကို ဖော်မြူလာ ဝမ်းက ကြယ်ပွင့် လူးဝစ် ဟမ်မိလ်တန်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာထဲမှာ ဒေါ်လာ သန်း ၅၀ နဲ့ ရောင်းခဲ့တာကို သိရင် အံ့သြဦးမလား။

(iMyanmarHouse.com Team မှ ရေးသား ဖောပြှသညြ။)

Credit: iMyanmarHouse.com

Ref: Justin Timberlake Made an Insane Profit on His NYC Penthouse, and This Picture Explains Why

[Zawgyi]

ဂ်ပ္စတင္ တင္းဘားလိတ္ သူ႔တိုက္ခန္းေရာင္းတာ ဘာလို႔အျမတ္မ်ားမ်ားရခဲ့လဲ

ဂ်ပ္စတင္ တင္းဘားလိတ္ကေတာ့ ခုရက္ပိုင္းမွာ သူ႔ရဲ႕ နာမည္ၾကီး ေတးသီခ်င္းေတြထဲက ဟစ္တစ္ပုဒ္ျဖစ္တဲ့ “ခံစားခ်က္ကို တားလို႔ မရႏိုင္ပါကြယ္” (“Can’t Stop the Feeling!”) ဆိုတဲ့ သီခ်င္းေလး တေအးေအး လုပ္ေနမွာပဲဗ်ဳိ႕။

အတိအက်ေျပာရရင္ အဲ့သီခ်င္းထဲက “ဘာေၾကာင့္မ်ားလဲဆိုေတာ့ကြယ္×××ကိုယ့္အိတ္ကပ္ထဲ ေနျခည္ လင္းလက္ေနျပီကြယ္” ဆိုတဲ့ စာသားေနရာကို ဆိုေနဖို႔ မ်ားသဗ်။

ပန္းသီးၾကီးလို႔ တင္စားၾကတဲ့ နယူးေယာက္က သူ႔တိုက္ခန္းေရာင္းတာမွာ ေဒၚလာ ၉ သန္းေလာက္ ျမတ္သြား၊ အိတ္ေဖာင္းသြားတာပဲေလ။

နယူးေယာက္ပို႔စ္ဆိုတဲ့ သတင္းဌာနၾကီးက ရတဲ့သတင္းအရေတာ့ တင္းဘားလိတ္နဲ႔ သူ႔ဇနီး ဂ်က္ဆိကာ ဘီးယဲလ္တို႔ စံုတြဲဟာ နယူးေယာက္မွာ သမိုင္းဝင္အေဆာက္အအံုေတြမ်ားတဲ့ ထရီဘက္ကာ (Tribeca) ဆိုတဲ့ ေဒသက အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၄ ခန္းပါတဲ့ တိုက္ခန္းကို ျပီးခဲ့တဲ့ ခရစၥမတ္မတိုင္ခင္ေလးမွာပဲ ေရာင္းထုတ္လုိက္တာမွာ ေရာင္းေစ်းကေတာ့ မ်က္ရည္က်ေလာက္တယ္။ ကန္ေဒၚလာ ၂၉ သန္းတဲ့။

၂၀၁၇ မွာ သူတုိ႔ ဝယ္တုန္းက ကန္ေဒၚလာ ၂၀ ဒသမ ၂ သန္းပဲ ေပးခဲ့ရတယ္ (သူတို႔ဝယ္ဖို႔လုပ္ေတာ့ ေခၚေစ်းက ၂၅ သန္း။ အဲဒီကေန အမ်ားၾကီးေလွ်ာ့ေပးလုိက္လို႔ သန္း ၂၀ ေက်ာ္နဲ႔ ရခဲ့တာ) အခန္းဝယ္ထားျပီး ၄ ႏွစ္ေလာက္နဲ႔ ဒီေလာက္ အံ့မခန္းျမတ္တယ္ဆိုတာက သူတို႔အတြက္ေတာ့ သတင္းေကာင္းပဲ။

အရင္အခန္း ေရာင္းတုန္းကေတာ့ အရံႈးေပၚခဲ့သတဲ့။ အဲ့တုန္းက နယူးေယာက္ SoHo က အခန္းကို ကန္ေဒၚလာ ၆ ဒသမ ၃၅ သန္းနဲ႔ ေရာင္းတာမွာ အရံႈးခံေရာင္းလိုက္ရတယ္။ ဒါေတာင္ ေတာ္ေတာ္နဲ႔ ေရာင္းမထြက္ဘဲ ေစ်းကြက္မွာ ေသာင္တင္ေနေသးတယ္။

အဲဒီကတည္းက အိမ္ျခံေျမ ေရာင္းမွားဝယ္မွားကို သူတုိ႔ သင္ခန္းစာယူခဲ့ပံုရတယ္။ အဲ့ဒီေနာက္ ဝယ္လိုက္တာကေတာ့ အျမတ္ထြက္ဖို႔ေသခ်ာတဲ့ သိပ္ေကာင္းတဲ့ ေနရာက အခန္းပဲ။

အခုေနရာက ဘာေတြမ်ားေကာင္းေနလဲ။ ဒါကို နည္းနည္းေလာက္ ေျပာပါရေစ။ (ဂ်ပ္စတင္ တင္းဘားလိတ္ရဲ႕ Penthouse ခန္း ဘာလို႔ အျမတ္ရခဲ့လဲ) ေနရာက ဂရင္းဝစ္ခ်္လမ္း- အမွတ္ ၄၄၃။ အုတ္အေဆာက္အအံုပဲ။ ၁၉ ရာစုတုန္းကေတာ့ စာအုပ္ခ်ဳပ္တဲ့ ဂိုေဒါင္ေနရာ။ ေခတ္မီတဲ့ ရပ္ကြက္ျဖစ္တဲ့ ထရီဘက္ကာလို ေနရာမ်ဳိးမွာ အေဆာက္အအံုၾကီးက တစ္ဘေလာက္စာ ေနရာယူထားတယ္။

“ျပီးခဲ့တဲ့ ၂ ႏွစ္တာအတြင္း ထရီဘက္ကာမွာ ေဒၚလာ သန္း ၂၀ ေက်ာ္နဲ႔ အေရာင္းအဝယ္ျဖစ္ခဲ့တဲ့ အိမ္ျခံေျမ ေတြမွာ ပွ်မ္းမွ်အားျဖင့္ ၁ စတုရန္းေပေစ်းႏႈန္းဟာ ၃၂ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ျပီး ၁ စတုရန္းေပကို ၅၁၅၁ ေဒၚလာအထိ ရွိခဲ့တယ္” လို႔ နယူးေယာက္မွာ နာမည္ေက်ာ္ပုဂၢိဳလ္အေတာ္မ်ားမ်ားကို အက်ဳိးေဆာင္ေပးခဲ့တဲ့ အိမ္ျခံေျမကုမၸဏီ Serhant က အက်ဳိးေဆာင္ ေအမီ ဟာမန္းက ေျပာပါတယ္။ ဂ်ပ္စတင္ တင္းဘားလိတ္ခ္ရဲ႕ အခန္းရွိတဲ့ အေဆာက္အအံုၾကီးရဲ႕ ႏွစ္ျခိဳက္စရာ အေကာင္းဆံုးက သတင္းမုဆိုးေတြရဲ႕ ရန္ကေန လံုျခံဳတာပဲ။

တင္းဘားလိတ္ခ္တို႔ စံုတြဲအေနနဲ႔ သူတို႔မ်က္ႏွာ လူျမင္စရာမလိုဘဲ အေဆာက္အအံုထဲကို ေအးေအးလူလူ အဝင္အထြက္ လုပ္လို႔ရတယ္။

ေျမေအာက္ကားပါကင္ထဲကို တိုက္ရိုက္ေမာင္းဝင္လာ၊ ေမာင္းထြက္သြားရံုပဲ။ လံုျခံဳေရးေတြကလည္း ရွိေသးတယ္။

နယူးေယာက္လို ပ်ားပန္းခတ္လႈပ္ရွားေနတဲ့ ျမိဳ႕ၾကီးမွာ တစ္ကိုယ္ေရ လံုျခံဳမႈဆိုတာ ရွာဖို႔ ေတာ္ေတာ္ခက္တယ္။ ဒါေၾကာင့္ပဲ ဒီအေဆာက္အအံုလို ေနရာမ်ဳိးက ရခဲတဲ့ ဒုလႅဘတရားတစ္ခုပဲ။

ဒီလို သတင္းမုဆိုးေတြရန္က ကင္းတာေၾကာင့္ ဒီအေဆာက္အအံုၾကီးမွာ ဒိတ္ဒိတ္ၾကဲေတြ အရင္ကေကာ အခုေကာ ေနေနၾကတာ မဆန္းပါဘူး။

လက္ရွိမွာဆို ဟယ္ရီစတိုင္၊ ရီဘဲ ဝီလ္ဆင္နဲ႔ ဂ်ိတ္ခ္ ဂ်ဲလင္ဟာ (Jake Gyllenhaal )တို႔ ေနေနၾကတယ္။

ဂ်ပ္စတင္ တင္းဘားလိတ္ခ္ရဲ႕ အခန္း ေစ်းမ်ားတယ္လို႔ ထင္ေနလား။ ဒါဆိုရင္ ဒီအေဆာက္အအံုၾကီးမွာပဲရွိတဲ့ အခန္းတစ္ခန္းကို ေဖာ္ျမဴလာ ဝမ္းက ၾကယ္ပြင့္ လူးဝစ္ ဟမ္မိလ္တန္က ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာထဲမွာ ေဒၚလာ သန္း ၅၀ နဲ႔ ေရာင္းခဲ့တာကို သိရင္ အံ့ၾသဦးမလား။

(iMyanmarHouse.com Team မှ ရေးသား ဖောျပွသညျ။)

Credit: iMyanmarHouse.com

Ref: Justin Timberlake Made an Insane Profit on His NYC Penthouse, and This Picture Explains Why

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service