ငါးနှစ်ကြာ အကြောသေပြီး စကားမပြောနိုင်သူ ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ထူးဆန်းစွာ ပြန်ကောင်းလာ

ငါးနှစ်ကြာ အကြောသေပြီး စကားမပြောနိုင်သူ ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ထူးဆန်းစွာ ပြန်ကောင်းလာ - Property News in Myanmar from iMyanmarHouse.com
24 Jan 2022 10:23 am တွင် တင်ခဲ့သည်
1503 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လွန်ခဲ့သည့် ၅ နှစ်က ဝမ်းနည်းစရာ ယာဥ်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ပြီးနောက် သွက်ချာပါဒဖြစ်ကာ စကားမပြောနိုင်တော့သည့် အိန္ဒိယအမျိုးသားတစ်ဦးသည် COVID-19 ကာကွယ်ဆေး Covishield ထိုးနှံမှုခံယူပြီးနောက် လမ်းပြန်လျှောက်နိုင်လာကာ စကားလည်း ပြောနိုင်လာကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုခံယူခြင်း၏ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများအကြောင်းသာ ကျွန်ုပ်တို့ကြားလာခဲ့ရသည်။ သို့သော် အိန္ဒိယနိုင်ငံ Jharkhand ပြည်နယ်မှ Dularchand Munda အမည်ရ အသက် ၅၅ နှစ်ရှိ အမျိုးသားတစ်ဦးကမူ COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ခြင်းသည် သူကြုံဆုံခဲ့ရဖူးသမျှအနက် အကောင်းဆုံးအရာဖြစ်သည်ဟု သင့်ကို ဆိုပေလိမ့်မည်။ ပြီးခဲ့သည့် ၅ နှစ်က ပြင်းထန်သော ယာဥ်မတော်တဆမှုတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးကတည်းက အိပ်ရာထဲလဲနေခဲ့ရပြီး စကားလည်း မပြောနိုင်ခဲ့သည့် Dularchand သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ တွင် ကာကွယ်ဆေးထိုးခဲ့ပြီး နာရီအနည်းငယ်အတွင်း သူ့ခြေထောက်များတွင် ခံစားချက်စတင်ကာ ပြန်လည်ရရှိခဲ့သည်။ ယခုအခါ သူသည် စကားပြန်ပြောနိုင်ကာ လမ်းလျှောက်တုတ်အကူအညီဖြင့် လမ်းလျှောက်နိုင်ပြီဖြစ်သည်။

“ဒီကာကွယ်ဆေးထိုးလိုက်မိတဲ့အတွက် ဝမ်းသာမိပါတယ်။ ဇန်နဝါရီ ၄ မှာ ကာကွယ်ဆေးထိုးလိုက်ကတည်းက ကျွန်တော့်ခြေထောက်တွေမှာ လှုပ်ရှားမှုရှိတယ်။ ခြေထောက်တွေ လှုပ်လာခဲ့ပြီး ကျွန်တော့်အသံလည်း ပြန်ထွက်လာပါပြီ။” ဟု Dularchand က အိန္ဒိယသတင်းဌာန ANI သို့ပြောကြားခဲ့သည်။

Bokaro ခရိုင်ရှိ Salgadih ရွာသားတစ်ဦးဖြစ်သူ Dularchand သည် လွန်ခဲ့သည့်ငါးနှစ်က ယာဥ်မတော်တဆမှုကြောင့် အကြောသေခဲ့ရပြီးနောက် ကုသမှုခံယူခဲ့သော်လည်း ကုသမှုမှာ မအောင်မြင်ခဲ့ပေ။ သူသည် ခန္ဓာကိုယ်အောက်ပိုင်းတွင် ခံစားချက်ပျောက်ဆုံးခဲ့ကာ တဖြည်းဖြည်းဖြင့် စကားလည်းပဲ မပြောနိုင်ခဲ့တော့ပေ။ ထို့နောက် ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ တွင် COVID-19 ကာကွယ်ဆေးထိုးပြီးနောက် သူ့ခြေထောက်များ ပြန်လည်လှုပ်ရှားခဲ့ကာ မကြာမီတွင်ပင် မတ်တပ်လည်း ရပ်နိုင်ခဲ့ပြီး အကူအညီဖြင့် ခြေလှမ်းအနည်းငယ်လည်း လျှောက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

Dularchand Munda ၏ ဖြစ်ရပ်သည် အိန္ဒိယတွင် ပြီးခဲ့သည့်သီတင်းပတ်က ပျံ့နှံ့သွားခဲ့သည်။ သို့သော် သူ၏ ထိုသို့အဆန်းတကြယ်ပြန်လည်ကောင်းမွန်လာမှုအား ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်က ယုံမှားသံသယဖြစ်နေကြပါသည်။ ငါးနှစ်ကြာ အကြောသေနေခဲ့ပြီးနောက် ပြန်လည်ကောင်းမွန်လာခြင်းသည် ရုတ်တရက်ကောက်ခါငင်ခါဖြစ်သော အရာမျိုးတော့မဟုတ်ပေ။ ထို့ကြောင့် ထိုဖြစ်ရပ်၏ ဆေးမှတ်တမ်းအား ဆန်းစစ်လေ့လာသရုပ်ခွဲရန်နှင့် ဓမ္မဓိဋ္ဌာန်ကျသော အချက်အလက်များ ပေးရန် ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ ထားရှိလိုက်ပြီဖြစ်ကြောင်း သိရသည်။

“ဒီဖြစ်ရပ်ကို မြင်ရတာ အံ့အားသင့်မိပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေနဲ့ သေချာအောင် လေ့လာစစ်ဆေးဖို့ လိုပါတယ်။ သူက ရက်အနည်းငယ်ထက်မပိုတဲ့ ကျန်းမာရေးယိုယွင်းမှုအခြေအနေတစ်ခုကနေပဲ ပြန်လည်သက်သာကောင်းမွန်လာတာများလား? ဒီလိုဆိုရင်တော့ နားလည်လက်ခံနိုင်ပါတယ်။ လေးနှစ်ကျော် ကျန်းမာရေးယိုယွင်းမှုအခြေအနေတစ်ခုက COVID-19 ကာကွယ်ဆေးထိုးပြီးတော့မှပဲ ရုတ်တရက်ကြီးပြန်လည်ကောင်းမွန်လာတယ်ဆိုတာကတော့ မယုံနိုင်စရာပါ” ဟု ဒေါက်တာ Jitendra Kumar က အိန္ဒိယရုပ်သံသတင်းမီဒီယာ NDTV သို့ ပြောကြားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖောျပွသညျ။)

Credit: iMyanmarHouse.com

Ref: Man Left Paralyzed and Unable to Speak by Car Accident Miraculously Recovers After Covid-19 Vaccine (Odditycentral)

[Zawgyi]

ငါးႏွစ္ၾကာ အေၾကာေသၿပီး စကားမေျပာႏိုင္သူ ကိုဗစ္ကာကြယ္ေဆးထိုးၿပီးေနာက္ ထူးဆန္းစြာ ျပန္ေကာင္းလာ

လြန္ခဲ့သည့္ ၅ ႏွစ္က ဝမ္းနည္းစရာ ယာဥ္မေတာ္တဆမႈတစ္ခုႏွင့္ ၾကဳံေတြ႕ခဲ့ၿပီးေနာက္ သြက္ခ်ာပါဒျဖစ္ကာ စကားမေျပာႏိုင္ေတာ့သည့္ အိႏၵိယအမ်ိဳးသားတစ္ဦးသည္ COVID-19 ကာကြယ္ေဆး Covishield ထိုးႏွံမႈခံယူၿပီးေနာက္ လမ္းျပန္ေလွ်ာက္ႏိုင္လာကာ စကားလည္း ေျပာႏိုင္လာေၾကာင္း သိရသည္။

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးႏွံမႈခံယူျခင္း၏ ျဖစ္ႏိုင္ေျခ႐ွိေသာ ေဘးထြက္ဆိုးက်ိဳးမ်ားအေၾကာင္းသာ ကြၽႏ္ုပ္တို႔ၾကားလာခဲ့ရသည္။ သို႔ေသာ္ အိႏၵိယႏိုင္ငံ Jharkhand ျပည္နယ္မွ Dularchand Munda အမည္ရ အသက္ ၅၅ ႏွစ္႐ွိ အမ်ိဳးသားတစ္ဦးကမူ COVID-19 ကာကြယ္ေဆးထိုးႏွံမႈခံယူခဲ့ျခင္းသည္ သူၾကဳံဆုံခဲ့ရဖူးသမွ်အနက္ အေကာင္းဆုံးအရာျဖစ္သည္ဟု သင့္ကို ဆိုေပလိမ့္မည္။ ၿပီးခဲ့သည့္ ၅ ႏွစ္က ျပင္းထန္ေသာ ယာဥ္မေတာ္တဆမႈတစ္ခုႏွင့္ ရင္ဆိုင္ၾကဳံေတြ႕ခဲ့ရၿပီးကတည္းက အိပ္ရာထဲလဲေနခဲ့ရၿပီး စကားလည္း မေျပာႏိုင္ခဲ့သည့္ Dularchand သည္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီ ၄ တြင္ ကာကြယ္ေဆးထိုးခဲ့ၿပီး နာရီအနည္းငယ္အတြင္း သူ႕ေျခေထာက္မ်ားတြင္ ခံစားခ်က္စတင္ကာ ျပန္လည္ရ႐ွိခဲ့သည္။ ယခုအခါ သူသည္ စကားျပန္ေျပာႏိုင္ကာ လမ္းေလွ်ာက္တုတ္အကူအညီျဖင့္ လမ္းေလွ်ာက္ႏိုင္ၿပီျဖစ္သည္။

“ဒီကာကြယ္ေဆးထိုးလိုက္မိတဲ့အတြက္ ဝမ္းသာမိပါတယ္။ ဇန္နဝါရီ ၄ မွာ ကာကြယ္ေဆးထိုးလိုက္ကတည္းက ကြၽန္ေတာ့္ေျခေထာက္ေတြမွာ လႈပ္႐ွားမႈ႐ွိတယ္။ ေျခေထာက္ေတြ လႈပ္လာခဲ့ၿပီး ကြၽန္ေတာ့္အသံလည္း ျပန္ထြက္လာပါၿပီ။” ဟု Dularchand က အိႏၵိယသတင္းဌာန ANI သို႔ေျပာၾကားခဲ့သည္။

Bokaro ခ႐ိုင္႐ွိ Salgadih ႐ြာသားတစ္ဦးျဖစ္သူ Dularchand သည္ လြန္ခဲ့သည့္ငါးႏွစ္က ယာဥ္မေတာ္တဆမႈေၾကာင့္ အေၾကာေသခဲ့ရၿပီးေနာက္ ကုသမႈခံယူခဲ့ေသာ္လည္း ကုသမႈမွာ မေအာင္ျမင္ခဲ့ေပ။ သူသည္ ခႏၶာကိုယ္ေအာက္ပိုင္းတြင္ ခံစားခ်က္ေပ်ာက္ဆုံးခဲ့ကာ တျဖည္းျဖည္းျဖင့္ စကားလည္းပဲ မေျပာႏိုင္ခဲ့ေတာ့ေပ။ ထို႔ေနာက္ ယခု ၂၀၂၂ ခုႏွစ္ ဇန္နဝါရီ ၄ တြင္ COVID-19 ကာကြယ္ေဆးထိုးၿပီးေနာက္ သူ႕ေျခေထာက္မ်ား ျပန္လည္လႈပ္႐ွားခဲ့ကာ မၾကာမီတြင္ပင္ မတ္တပ္လည္း ရပ္ႏိုင္ခဲ့ၿပီး အကူအညီျဖင့္ ေျခလွမ္းအနည္းငယ္လည္း ေလွ်ာက္လွမ္းႏိုင္ခဲ့ျခင္းျဖစ္သည္။

Dularchand Munda ၏ ျဖစ္ရပ္သည္ အိႏၵိယတြင္ ၿပီးခဲ့သည့္သီတင္းပတ္က ပ်ံ႕ႏွံ႔သြားခဲ့သည္။ သို႔ေသာ္ သူ၏ ထိုသို႔အဆန္းတၾကယ္ျပန္လည္ေကာင္းမြန္လာမႈအား ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာ႐ွင္က ယုံမွားသံသယျဖစ္ေနၾကပါသည္။ ငါးႏွစ္ၾကာ အေၾကာေသေနခဲ့ၿပီးေနာက္ ျပန္လည္ေကာင္းမြန္လာျခင္းသည္ ႐ုတ္တရက္ေကာက္ခါငင္ခါျဖစ္ေသာ အရာမ်ိဳးေတာ့မဟုတ္ေပ။ ထို႔ေၾကာင့္ ထိုျဖစ္ရပ္၏ ေဆးမွတ္တမ္းအား ဆန္းစစ္ေလ့လာသ႐ုပ္ခြဲရန္ႏွင့္ ဓမၼဓိ႒ာန္က်ေသာ အခ်က္အလက္မ်ား ေပးရန္ ေဆးဘက္ဆိုင္ရာအဖြဲ႕တစ္ဖြဲ႕ ထား႐ွိလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

“ဒီျဖစ္ရပ္ကို ျမင္ရတာ အံ့အားသင့္မိပါတယ္။ ဒါေပမဲ့ သိပၸံပညာ႐ွင္ေတြနဲ႔ ေသခ်ာေအာင္ ေလ့လာစစ္ေဆးဖို႔ လိုပါတယ္။ သူက ရက္အနည္းငယ္ထက္မပိုတဲ့ က်န္းမာေရးယိုယြင္းမႈအေျခအေနတစ္ခုကေနပဲ ျပန္လည္သက္သာေကာင္းမြန္လာတာမ်ားလား? ဒီလိုဆိုရင္ေတာ့ နားလည္လက္ခံႏိုင္ပါတယ္။ ေလးႏွစ္ေက်ာ္ က်န္းမာေရးယိုယြင္းမႈအေျခအေနတစ္ခုက COVID-19 ကာကြယ္ေဆးထိုးၿပီးေတာ့မွပဲ ႐ုတ္တရက္ႀကီးျပန္လည္ေကာင္းမြန္လာတယ္ဆိုတာကေတာ့ မယုံႏိုင္စရာပါ” ဟု ေဒါက္တာ Jitendra Kumar က အိႏၵိယ႐ုပ္သံသတင္းမီဒီယာ NDTV သို႔ ေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။

 ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man Left Paralyzed and Unable to Speak by Car Accident Miraculously Recovers After Covid-19 Vaccine (Odditycentral)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service