ထိုင်းသို့ ဝင်ရောက်မည့် နိုင်ငံခြားသားတိုင်းကို ဘတ်ငွေ ၃၀၀ ကောက်ခံမည်ဟုဆို

ထိုင်းသို့ ဝင်ရောက်မည့် နိုင်ငံခြားသားတိုင်းကို ဘတ်ငွေ ၃၀၀ ကောက်ခံမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
19 Jan 2022 1:16 pm တွင် တင်ခဲ့သည်
663 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လာမည့် ဧပြီလမှစတင်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိလာမည့်သူများအား ဘတ်ငွေ ၃၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက အတည်ပြုသည်ဟု ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဘန်ကောက်ပို့စ် သတင်းစာက မေးမြန်းမှုအပေါ် နိုင်ငံခြားသားအချို့က ဖြေကြားခဲ့ရာတွင် အဆိုပါ ကောက်ခံငွေကို မည်သည့်နေရာတွင် အသုံးပြုမည်နှင့် စပ်လျဉ်းပြီး မေးခွန်းထုတ်ကြသည်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် သာနကွန်း ဝမ်ဘွန်ကွန်ချနက ပြောသည်မှာ အဆိုပါ ကောက်ခံငွေအား ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လည်ပတ်လေ့ရှိသည့်နေရာများ တည်ထောင်ရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်း၊ မသန်စွမ်းများနှင့် သဟဇာတဖြစ်အောင် လုပ်ဆောင်ရေး၊ အများသုံးအိမ်သာကဲ့သို့ နေရာများ ထပ်မံဆောက်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုမည်ဟု ဆိုသည်။

၎င်းးက ဆက်လက်ပြောကြားရာတွင် ထိုင်းသို့ လေကြောင်းမှ လာရောက်မည့်သူများအတွက်ဆိုလျှင် လေယာဉ် လက်မှတ်ခတွင် အဆိုပါကောက်ခံငွေ တပါတည်း ပါဝင်ကောက်ခံထားပြီးဖြစ်မည်ဖြစ်ကာ ကုန်းလမ်း (သို့မဟုတ်) ရေလမ်းများလာမည့်သူများကိုမူ နယ်စပ်တွင် ကောက်ခံသွားမည်ဟု ဆိုသည်။

ယခုနှစ်အတွင်း ထိုင်းသို့ လာရောက်လည်ပတ်မည့်သူ ၅ သန်းမှ ၁၅ သန်းကြားရှိမည်ဟု ခန့်မှန်းထားပြီး ဘတ်ငွေ ၈၀၀ ဘီလီယံခန့် ဝင်ငွေရမည်ဟု ခန့်မှန်းထားသည်။

ယခုကောက်ခံငွေကို ကမ္ဘာလှည့်ခရီးသည်များအတွက် အာမခံရန်ပုံငွေအဖြစ် အသုံးပြုရန်လည်း စီစဉ်ထားကြောင်း သာနကွန်းက ပြောသည်။

အင်ဒိုနီးရှားမှ လာရောက်လည်ပတ်သူ၊ အသက် ၄၆ နှစ်အရွယ်ရှိ အယ်လ်ဇာ ဖူလူမာဟူနီက သူမ၏ အမြင်ကို ဘန်ကောက်ပို့စ်သို့ ပြောကြားရာတွင် ယခုကဲ့သို့ ကောက်ခံမှု၏ ပွင့်လင်းမြင်သာမှုအပေါ် သံသယရှိကြောင်း၊ ကောက်ခံရငွေကို ကမ္ဘာလှည့်ခရီးသည်များ အကျိုးရှိအောင်မည်သို့ သုံးမည်နည်းဟု မေးခွန်းထုတ်ခဲ့သည်။ ထိုင်းတွင် အချိန်မည်မျှ နေထိုင်သူဖြစ်စေ တပြေးညီကောက်ခံမှုအပေါ်တွင်လည်း သူမက ဝေဖန်ခဲ့သည်။

“ကမ္ဘာလှည့်ခရီးသည်အားလုံးကို တပြေးညီကောက်ခံတာက မမျှတပါဘူး။ ထိုင်းမှာ ၂ ရက်၊ ၃ ရက်လောက်ပဲ နေမယ့်သူတွေ အနေနဲ့ ဒီပမာဏ မပေးရသင့်ပါဘူး”ဟု သူမက ပြောသည်။ ဘန်ကောက်ပို့စ် သတင်းစာသည် ဘင်္ဂလားဒေ့ရှ်မှ လာရောက်သူ အသက် ၂၇ နှစ်အရွယ်ရှိ ကျောင်းဆရာတစ်ဦးကိုလည်း မေးမြန်းခဲ့ရာ ကမ္ဘာလှည့်ခရီးသည်များကို အာမခံအတွက် အသုံးပြုမည်ဆိုခြင်းအပေါ် ပိုမိုသိလိုကြောင်း ဖြေကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဒီရှာ ချက္ကမာက ကမ္ဘာလှည့်ခရီးသည်တစ်ဦး မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားပါက ယခုကောက်ခံထားငွေမှ အကျိုးခံစားခွင့်ရှိမည်ဟု မယုံကြည်ချေ။

“ထိုင်းနိုင်ငံအတွင်းမှာ မတော်တဆထိခိုက်ဒဏ်ရာရခဲ့ရင် ဆေးကုသမှုအတွက် အခကြေးငွေ ပေးဖို့ မလိုတော့ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး”ဟု ချက္ကမာက ပြောသည်။

အသက် ၃၈ နှစ်အရွယ်ရှိ အင်္ဂလိပ်လူမျိုး ကျောင်းဆရာ ဖိလစ် နယူးမန်းက ပြောသည်မှာမူ မိမိအနေဖြင့် ကောက်ခံငွေကို မငြင်းကြောင်း၊ သို့သော် ထိုသို့ကောက်ခံရမှု၏ အကြောင်းကိုမူ မေးခွန်းထုတ်ခဲ့သည်။

ကောက်ခံရငွေကို မည်သို့အသုံးပြုမည်ဟူသည့်အချက်ကို သိလိုကြောင်းလည်း ပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tourists unsure about new 300-baht fee, question how money will be spent (Bangkok Post)

[Zawgyi]

ထိုင္းသို႔ ဝင္ေရာက္မည့္ ႏိုင္ငံျခားသားတိုင္းကို ဘတ္ေငြ ၃၀၀ ေကာက္ခံမည္ဟုဆို

လာမည့္ ဧျပီလမွစတင္ျပီး ထိုင္းႏိုင္ငံသို႔ ေရာက္ရွိလာမည့္သူမ်ားအား ဘတ္ေငြ ၃၀၀ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ထိုင္းအစိုးရက အတည္ျပဳသည္ဟု ဘန္ေကာက္ပို႔စ္ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ဘန္ေကာက္ပို႔စ္ သတင္းစာက ေမးျမန္းမႈအေပၚ ႏိုင္ငံျခားသားအခ်ဳိ႕က ေျဖၾကားခဲ့ရာတြင္ အဆိုပါ ေကာက္ခံေငြကို မည္သည့္ေနရာတြင္ အသံုးျပဳမည္ႏွင့္ စပ္လ်ဥ္းျပီး ေမးခြန္းထုတ္ၾကသည္။

ထိုင္းအစိုးရ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ သာနကြန္း ဝမ္ဘြန္ကြန္ခ်နက ေျပာသည္မွာ အဆိုပါ ေကာက္ခံေငြအား ကမၻာလွည့္ခရီးသည္မ်ား သြားေရာက္လည္ပတ္ေလ့ရွိသည့္ေနရာမ်ား တည္ေထာင္ေရးႏွင့္ အဆင့္ျမွင့္တင္ေရးလုပ္ငန္း၊ မသန္စြမ္းမ်ားႏွင့္ သဟဇာတျဖစ္ေအာင္ လုပ္ေဆာင္ေရး၊ အမ်ားသံုးအိမ္သာကဲ့သို႔ ေနရာမ်ား ထပ္မံေဆာက္လုပ္ေရး လုပ္ငန္းမ်ားတြင္ အသံုးျပဳမည္ဟု ဆိုသည္။

၎းက ဆက္လက္ေျပာၾကားရာတြင္ ထိုင္းသို႔ ေလေၾကာင္းမွ လာေရာက္မည့္သူမ်ားအတြက္ဆိုလွ်င္ ေလယာဥ္ လက္မွတ္ခတြင္ အဆိုပါေကာက္ခံေငြ တပါတည္း ပါဝင္ေကာက္ခံထားျပီးျဖစ္မည္ျဖစ္ကာ ကုန္းလမ္း (သို႔မဟုတ္) ေရလမ္းမ်ားလာမည့္သူမ်ားကိုမူ နယ္စပ္တြင္ ေကာက္ခံသြားမည္ဟု ဆိုသည္။

ယခုႏွစ္အတြင္း ထိုင္းသို႔ လာေရာက္လည္ပတ္မည့္သူ ၅ သန္းမွ ၁၅ သန္းၾကားရွိမည္ဟု ခန္႔မွန္းထားျပီး ဘတ္ေငြ ၈၀၀ ဘီလီယံခန္႔ ဝင္ေငြရမည္ဟု ခန္႔မွန္းထားသည္။

ယခုေကာက္ခံေငြကို ကမၻာလွည့္ခရီးသည္မ်ားအတြက္ အာမခံရန္ပံုေငြအျဖစ္ အသံုးျပဳရန္လည္း စီစဥ္ထားေၾကာင္း သာနကြန္းက ေျပာသည္။

အင္ဒိုနီးရွားမွ လာေရာက္လည္ပတ္သူ၊ အသက္ ၄၆ ႏွစ္အရြယ္ရွိ အယ္လ္ဇာ ဖူလူမာဟူနီက သူမ၏ အျမင္ကို ဘန္ေကာက္ပို႔စ္သို႔ ေျပာၾကားရာတြင္ ယခုကဲ့သို႔ ေကာက္ခံမႈ၏ ပြင့္လင္းျမင္သာမႈအေပၚ သံသယရွိေၾကာင္း၊ ေကာက္ခံရေငြကို ကမၻာလွည့္ခရီးသည္မ်ား အက်ဳိးရွိေအာင္မည္သို႔ သံုးမည္နည္းဟု ေမးခြန္းထုတ္ခဲ့သည္။ ထိုင္းတြင္ အခ်ိန္မည္မွ် ေနထိုင္သူျဖစ္ေစ တေျပးညီေကာက္ခံမႈအေပၚတြင္လည္း သူမက ေဝဖန္ခဲ့သည္။

“ကမၻာလွည့္ခရီးသည္အားလံုးကို တေျပးညီေကာက္ခံတာက မမွ်တပါဘူး။ ထိုင္းမွာ ၂ ရက္၊ ၃ ရက္ေလာက္ပဲ ေနမယ့္သူေတြ အေနနဲ႔ ဒီပမာဏ မေပးရသင့္ပါဘူး”ဟု သူမက ေျပာသည္။ ဘန္ေကာက္ပို႔စ္ သတင္းစာသည္ ဘဂၤလားေဒ့ရွ္မွ လာေရာက္သူ အသက္ ၂၇ ႏွစ္အရြယ္ရွိ ေက်ာင္းဆရာတစ္ဦးကိုလည္း ေမးျမန္းခဲ့ရာ ကမၻာလွည့္ခရီးသည္မ်ားကို အာမခံအတြက္ အသံုးျပဳမည္ဆိုျခင္းအေပၚ ပိုမိုသိလိုေၾကာင္း ေျဖၾကားခဲ့သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား ဒီရွာ ခ်ကၠမာက ကမၻာလွည့္ခရီးသည္တစ္ဦး မေတာ္တဆ ထိခိုက္ဒဏ္ရာရရွိမႈျဖစ္ပြားပါက ယခုေကာက္ခံထားေငြမွ အက်ဳိးခံစားခြင့္ရွိမည္ဟု မယံုၾကည္ေခ်။

“ထိုင္းႏိုင္ငံအတြင္းမွာ မေတာ္တဆထိခိုက္ဒဏ္ရာရခဲ့ရင္ ေဆးကုသမႈအတြက္ အခေၾကးေငြ ေပးဖို႔ မလိုေတာ့ဘူးလို႔ ဘယ္သူမွ အာမ မခံႏိုင္ပါဘူး”ဟု ခ်ကၠမာက ေျပာသည္။

အသက္ ၃၈ ႏွစ္အရြယ္ရွိ အဂၤလိပ္လူမ်ဳိး ေက်ာင္းဆရာ ဖိလစ္ နယူးမန္းက ေျပာသည္မွာမူ မိမိအေနျဖင့္ ေကာက္ခံေငြကို မျငင္းေၾကာင္း၊ သို႔ေသာ္ ထိုသို႔ေကာက္ခံရမႈ၏ အေၾကာင္းကိုမူ ေမးခြန္းထုတ္ခဲ့သည္။

ေကာက္ခံရေငြကို မည္သို႔အသံုးျပဳမည္ဟူသည့္အခ်က္ကို သိလိုေၾကာင္းလည္း ေျပာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tourists unsure about new 300-baht fee, question how money will be spent (Bangkok Post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service