စူပါမော်ဒယ် အေဒရီယာနာ လီမာ ဖလော်ရီဒါရှိ စံအိမ်ကို ကန်ဒေါ်လာ သန်း ၄၀ ဖြင့် ရောင်းချရာ များစွာမြတ်စွန်း

စူပါမော်ဒယ် အေဒရီယာနာ လီမာ ဖလော်ရီဒါရှိ စံအိမ်ကို ကန်ဒေါ်လာ သန်း ၄၀ ဖြင့် ရောင်းချရာ များစွာမြတ်စွန်း - Property News in Myanmar from iMyanmarHouse.com
19 Jan 2022 12:06 pm တွင် တင်ခဲ့သည်
1034 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Victoria’s Secret ၏ မော်ဒယ်ဟောင်းတစ်ဦးဖြစ်သူ စူပါမော်ဒယ် အဒရီယာနာ လီမာသည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ ကမ်းခြေစံအိမ်ကြီးကို ရောင်းချရာတွင် များစွာမြတ်စွန်းခဲ့ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဒရီယာနာသည် အဆိုပါစံအိမ်ကို လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၉ သန်းသာ ပေးခဲ့ရသည်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်သော မစ္စလီမာ၏ စံအိမ်သည် အထူးသီးသန့်ကျွန်းတစ်ကျွန်းဖြစ်သော Indian Creek Island ပေါ်ရှိ အရေအတွက် ကန့်သတ်ထားသော စံအိမ်များအနက် တစ်လုံးဖြစ်သည်။ Indian Creek Island သည် မီယာမီရှိ Biscayne Bay တွင် တည်ရှိပြီး ဧက ၃၀၀ ခန့် ကျယ်ဝန်းကာ ကိုယ်ပိုင်ဂေါက်ကွင်း ပါဝင်သော သီးသန့်ကျွန်းတစ်ခု ဖြစ်သည်။

ချမ်းသာကြွယ်ဝပြီး ထင်ရှားကျော်ကြားသူများ စုဝေးနေထိုင်ရာ ကျွန်းတစ်ကျွန်းဖြစ်သောကြောင့် အမေရိက၏ ဘီလျံနာ အသိုက်အမြုံဟု တင်စားခေါ်ဝေါ်ကြသည်။

အဆိုပါကျွန်းတွင် နေထိုင်သူများ၌ အမေရိကန် ဘောလုံးသမား တွမ် ဘရက်ဒီနှင့် ဂျီး ဆယ်လေး ဘွန်ချန်တို့ စုံတွဲ၊ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ သမီး အိုင်ဗန်ကာ ထရမ့်နှင့် ခင်ပွန်းဖြစ်သူ ဂျရက် ကွတ်ရှ်နာတို့ စုံတွဲလည်း ပါဝင်သည်။

စံအိမ် ဝယ်လက်မှာ Melep International Ltd., အမည်ရှိ British Virgin Islands ကုမ္ပဏီတစ်ခုဖြစ်ကြောင်း အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြသည်။

ရီဂျန်စီ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော တစ်ထပ်စံအိမ်ဖြစ်ပြီး ကမ်းခြေနှင့် ထိစပ်မှု ပေ ၂၀၀ ရှိကာ ခြံဝန်းအကျယ်မှာ ၂ ဧကနီးပါးရှိသည်။

၁၉၅၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သောစံအိမ်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် မစ္စ လီမာက အတွင်းပိုင်းပြန်လည် မွမ်းမံမှုများ ပြုလုပ်ခဲ့ကြောင်း The Real Deal တွင် ဖော်ပြသည်။

မစ္စလီမာနှင့် ခင်ပွန်းဟောင်းဖြစ်သူ ဘတ်စ်ကက်ဘော ကစားသမား မာကို ဂျာရစ်တို့က ယခုစံအိမ်ကို ၂၀၁၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မူလခေါ်ဈေးအောက် ၃၀ ရာခိုင်နှုန်းခန့် နည်းပါးသောဈေးဖြင့် ထိုစဉ်က လက်လွှဲလက်ပြောင်း ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ဝေါစထရိဂျာနယ်တွင် ဖော်ပြသည်။

ထိုစဉ်က ရောင်းချခဲ့သူမှာ ချီကာဂိုမှ စီးပွားရေးသမားတစ်ဦးဖြစ်သူ အာသာ အက်ပဲလ်တန်ဖြစ်သည်။ သူ၏ ဇနီးမှာ ၁၉၃၀ နှင့် ၁၉၄၀ ပြည့်လွန်ကာလများက ဟောလိဝုဒ်မင်းသမီးပေါက်စတစ်ဦးဖြစ်ခဲ့သူ မာသာ အိုဒရစ်စကောဖြစ်ပြီး ကွယ်လွန်သွားပြီ ဖြစ်သည်။

မစ္စလီမာသည် ၁၉၉၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ Victoria’s Secret ၏ မော်ဒယ်တစ်ဦးဖြစ်ခဲ့ပြီး ကုမ္ပဏီ၏ တန်ဖိုးအထားရဆုံး မော်ဒယ်တစ်ဦးအဖြစ် ၂၀၁၇ ခုနှစ်တွင် သတ်မှတ်ခံရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Former Victoria’s Secret Model Adriana Lima Sells Florida Mansion for $40 Million ( mansionglobal)

[Zawgyi]

စူပါေမာ္ဒယ္ ေအဒရီယာနာ လီမာ ဖေလာ္ရီဒါရွိ စံအိမ္ကို ကန္ေဒၚလာ သန္း ၄၀ ျဖင့္ ေရာင္းခ်ရာ မ်ားစြာျမတ္စြန္း

Victoria’s Secret ၏ ေမာ္ဒယ္ေဟာင္းတစ္ဦးျဖစ္သူ စူပါေမာ္ဒယ္ အဒရီယာနာ လီမာသည္ အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္ရွိ ကမ္းေျခစံအိမ္ၾကီးကို ေရာင္းခ်ရာတြင္ မ်ားစြာျမတ္စြန္းခဲ့ေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

အဒရီယာနာသည္ အဆိုပါစံအိမ္ကို လြန္ခဲ့ေသာ ဆယ္စုႏွစ္တစ္ခုခန္႔က ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၉ သန္းသာ ေပးခဲ့ရသည္။

အသက္ ၄၀ အရြယ္ရွိျပီျဖစ္ေသာ မစၥလီမာ၏ စံအိမ္သည္ အထူးသီးသန္႔ကၽြန္းတစ္ကၽြန္းျဖစ္ေသာ Indian Creek Island ေပၚရွိ အေရအတြက္ ကန္႔သတ္ထားေသာ စံအိမ္မ်ားအနက္ တစ္လံုးျဖစ္သည္။ Indian Creek Island သည္ မီယာမီရွိ Biscayne Bay တြင္ တည္ရွိျပီး ဧက ၃၀၀ ခန္႔ က်ယ္ဝန္းကာ ကိုယ္ပိုင္ေဂါက္ကြင္း ပါဝင္ေသာ သီးသန္႔ကၽြန္းတစ္ခု ျဖစ္သည္။

ခ်မ္းသာၾကြယ္ဝျပီး ထင္ရွားေက်ာ္ၾကားသူမ်ား စုေဝးေနထိုင္ရာ ကၽြန္းတစ္ကၽြန္းျဖစ္ေသာေၾကာင့္ အေမရိက၏ ဘီလ်ံနာ အသိုက္အျမံဳဟု တင္စားေခၚေဝၚၾကသည္။

အဆိုပါကၽြန္းတြင္ ေနထိုင္သူမ်ား၌ အေမရိကန္ ေဘာလံုးသမား တြမ္ ဘရက္ဒီႏွင့္ ဂ်ီး ဆယ္ေလး ဘြန္ခ်န္တို႔ စံုတြဲ၊ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္၏ သမီး အိုင္ဗန္ကာ ထရမ့္ႏွင့္ ခင္ပြန္းျဖစ္သူ ဂ်ရက္ ကြတ္ရွ္နာတို႔ စံုတြဲလည္း ပါဝင္သည္။

စံအိမ္ ဝယ္လက္မွာ Melep International Ltd., အမည္ရွိ British Virgin Islands ကုမၸဏီတစ္ခုျဖစ္ေၾကာင္း အိမ္ျခံေျမ မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ရီဂ်န္စီ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ တစ္ထပ္စံအိမ္ျဖစ္ျပီး ကမ္းေျခႏွင့္ ထိစပ္မႈ ေပ ၂၀၀ ရွိကာ ျခံဝန္းအက်ယ္မွာ ၂ ဧကနီးပါးရွိသည္။

၁၉၅၈ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာစံအိမ္ျဖစ္ျပီး ၂၀၂၀ ျပည့္ႏွစ္တြင္ မစၥ လီမာက အတြင္းပိုင္းျပန္လည္ မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း The Real Deal တြင္ ေဖာ္ျပသည္။

မစၥလီမာႏွင့္ ခင္ပြန္းေဟာင္းျဖစ္သူ ဘတ္စ္ကက္ေဘာ ကစားသမား မာကို ဂ်ာရစ္တို႔က ယခုစံအိမ္ကို ၂၀၁၀ ျပည့္ႏွစ္တြင္ ကန္ေဒၚလာ ၉ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

မူလေခၚေစ်းေအာက္ ၃၀ ရာခိုင္ႏႈန္းခန္႔ နည္းပါးေသာေစ်းျဖင့္ ထိုစဥ္က လက္လႊဲလက္ေျပာင္း ျပဳလုပ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း ေဝါစထရိဂ်ာနယ္တြင္ ေဖာ္ျပသည္။

ထိုစဥ္က ေရာင္းခ်ခဲ့သူမွာ ခ်ီကာဂိုမွ စီးပြားေရးသမားတစ္ဦးျဖစ္သူ အာသာ အက္ပဲလ္တန္ျဖစ္သည္။ သူ၏ ဇနီးမွာ ၁၉၃၀ ႏွင့္ ၁၉၄၀ ျပည့္လြန္ကာလမ်ားက ေဟာလိဝုဒ္မင္းသမီးေပါက္စတစ္ဦးျဖစ္ခဲ့သူ မာသာ အိုဒရစ္စေကာျဖစ္ျပီး ကြယ္လြန္သြားျပီ ျဖစ္သည္။

မစၥလီမာသည္ ၁၉၉၉ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ Victoria’s Secret ၏ ေမာ္ဒယ္တစ္ဦးျဖစ္ခဲ့ျပီး ကုမၸဏီ၏ တန္ဖိုးအထားရဆံုး ေမာ္ဒယ္တစ္ဦးအျဖစ္ ၂၀၁၇ ခုႏွစ္တြင္ သတ္မွတ္ခံရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Former Victoria’s Secret Model Adriana Lima Sells Florida Mansion for $40 Million ( mansionglobal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service