921 ကြိမ် ကြည့်ရှု့ ပြီး

ခြံဝင်းလေးထဲ လှပတဲ့လျှောက်လမ်းလေးတွေ ဖြစ်လာဖို့

 

အိမ်အပြင်ဘက် ခြံဝင်းလေးကို ဘယ်လိုအလှဆင်ကြမလဲဆိုတာကို ပြော ပြပေးပါမယ်။ အိမ်အလှဆင် ပစ္စည်းတွေ ဒီနေ့မှာအမျိုးအစားစုံလင်ပြီး ဈေး နှုန်းတွေက ကဲ ဒီတစ်ခါတော့ အိမ်တွင်းကိုပဲအလှဆင်တာတွေကို မဖော်ပြတော့ပဲနဲ့ လည်း မနည်းတဲ့ တန်ဖိုးတွေမှာရှိတော့ တော်ရုံက ဒီလိုမျိုးလှလှ ပပပြင်ဆင်ပြီး မနေကြတော့ဘူးလေ။

ဒါပေမယ့် အခုဖော်ပြပေးမယ့် အလှ ဆင်နည်းလေးက ငွေကုန်သက်သာ မယ်။ ပညာလည်းရမယ်။ လွယ်လည်း လွယ်ကူတယ်။ နောက်ပြီး အိမ်လေး ရဲ့ခြံဝင်းလေးကိုလည်းနေ ချင်စဖွယ်ချစ် စရာကောင်းမယ့် နေရာလေးတစ်ခု အဖြစ် ဖန်တီးလို့ရနိုင်မယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။

အဆင်သင့်ပုံစံ ဒီဇိုင်းဖော်ထားတဲ့ ကျောက်တုံး၊ ကျောက်ခဲ အလှလေးတွေ နဲ့စီပြီး ခြံဝင်းလျှောက်လမ်းလေးမှာ ခင်းထားလိုက်မယ်ဆိုရင်လည်း လှပပြီး စွဲဆောင်မှုရှိကာ လမ်းလျှောက်လို့လည်း ကောင်းတာခင်းဖို့အတွက် ဆိုရင် တော့ အဲ့ဒီအလှကျောက်ခဲလေးတွေက ဝယ်ယူဖို့ဈေးကြီးတာမို့လို့ ကိုယ် တိုင်လုပ်အလှဆင် လို့ရနိုင်ပါတယ်။

 

ခြံဝင်းလေးထဲ လှပတဲ့လျှောက်လမ်းလေးတွေ ဖြစ်လာဖို့

 

အကန့် အကြီးအသေးအရွယ်စုံဖောက်ထားတဲ့ ကော်ပုံစံခွက်ကိုလျှောက် လမ်းလုပ်မယ့်နေရာမှာထားပြီး မြေနီ၊မြေသား အင်္ဂတေတွေကိုထည့်ပြီး ကိုယ်လိုချင်တဲ့ပုံစံခွက်ဒီဇိုင်းအဖြစ်နဲ့ အလွယ်တကူလုပ်ယူလို့ ရနိုင်ပါတယ်။

နောက်ပြီး ပြင်ညီခင်းကျင်းထားတဲ့ သံမန်သလင်းလျှောက်လမ်းကိုလည်း သာမန်လျှောက်လမ်းလေးကနေ ကိုယ်ကြိုက်တဲ့ အုတ်ခဲကျိုးပုံစံ၊ကျောက် စရစ်ခဲ လှလှသဏ္ဍာန်လေးတွေ၊ သစ်ပင်စည်ပိုင်းဖြတ်ထားတဲ့ ပုံစံလေးတွေ ပုံဖော်ပြီး ရေးဆွဲနိုင်ပါတယ်။

ခြံဝင်းလေးထဲက မြက်ခင်းစိမ်းစိမ်းစိုစိုလေးတွေကိုလည်း ချစ်စရာလျှောက် လှမ်းလေးတွေအဖြစ် ပြောင်းလဲလိုက်လို့ ရနိုင်ပါတယ်။ မြက်ခင်းပြင် ကျယ်မှာ လျှောက်လှမ်းအသွင် အကန့်ငယ်လေးတွေကန့်တားပြီး ခင်း ကျင်းလိုက်ပါက သာမန်မြက်ခင်းလျှောက်လမ်းထက်ပိုမို ထူးခြားလှပနိုင် မှာပါ။

 

ခြံဝင်းလေးထဲ လှပတဲ့လျှောက်လမ်းလေးတွေ ဖြစ်လာဖို့

 

ဖျာအကွက်ပုံဖော်ထားတဲ့ လေးထောင့်သဏ္ဍာန်ကျောက်စရစ် အကွက် ငယ်လေးတွေကလည်း ခြံဝင်လေးရဲ့ ကြမ်းပြင်ကို စွဲဆောင်မှုရှိနေနိုင် ပါတယ်။

သာမန်လျှောက်လမ်းလေးတွေမဟုတ်ပဲ လျှောက်လမ်းတွေရဲ့ ဘေး ဘောင်ဘက်လေးတွေမှာ လှပတဲ့ သစ်ပင်အငယ်လေးတွေ၊ သစ်ပင် အပုလေးတွေ စိုက်ပျိုးထားမယ်ဆိုရင်လည်း ချစ်စရာကောင်းတဲ့လျှောက် လမ်းလေးတစ်ခုအဖြစ် ပုံဖော်ရရှိနိုင်မှာဖြစ်ပါတယ်။

 

ခြံဝင်းလေးထဲ လှပတဲ့လျှောက်လမ်းလေးတွေ ဖြစ်လာဖို့

 

ခြံဝင်းလေးထဲ လှပတဲ့လျှောက်လမ်းလေးတွေ ဖြစ်လာဖို့

 

ခြံဝင်းလေးထဲ လှပတဲ့လျှောက်လမ်းလေးတွေ ဖြစ်လာဖို့

 

ခြံဝင်းလေးထဲ လှပတဲ့လျှောက်လမ်းလေးတွေ ဖြစ်လာဖို့

 

ခြံဝင်းလေးထဲ လှပတဲ့လျှောက်လမ်းလေးတွေ ဖြစ်လာဖို့

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)