466 ကြိမ် ကြည့်ရှု့ ပြီး

ချစ်စရာကောင်းပြီးလှပတဲ့ ခြံဝင်းလေးတစ်ခုဖန်တီးကြရအောင်

 

 ကဲ အိမ်ပိုင်ရှင်တို့ရေ… နေအိမ်အတွင်းပိုင်းချည်းပဲ လှပဖို့လုပ်နေရင်းနဲ့မှ သင်တို့ရဲ့ ခြံဝင်းလေးကိုလည်း လှပအောင်ဖန်တီးဖို့ မမေ့ကြနဲ့ဦးနော်။ နေထိုင်မယ့် အိမ်တစ်ခုတည်း လှပတောက်ပြောင်နေရုံနဲ့တော့ သင်တို့ရဲ့ အိမ်တစ်လုံးလုံး ပြီးပြည့်စုံအောင် လှပတယ်လို့ မခေါ်နိုင်ဘူးနော်။ အိမ်က ဘယ်လောက်ကြီးပဲ လှပနေပါစေ ချုံအပိန်းပိန်းထ အမှိုက်တွေနဲ့ ရှုပ်ပွနေတဲ့ ခြံဝင်းကြောင့် အိမ်တစ်ခုလုံးကို ရုပ်ဆိုးသွားစေနိုင်မှာမို့ပါ။

 

ချစ်စရာကောင်းပြီးလှပတဲ့ ခြံဝင်းလေးတစ်ခုဖန်တီးကြရအောင်



ကဲဒီတော့ ခြံဝင်းကို ဘယ်လိုမျိုးလှပအောင်ပြင်ဆင်ပြီး နေအိမ်တစ်ခုလုံးရဲ့ အလှကိုပံ့ပိုးပေးလို့ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ကြည့်လိုက်ကြရ အောင်နော်…..

 

ချစ်စရာကောင်းပြီးလှပတဲ့ ခြံဝင်းလေးတစ်ခုဖန်တီးကြရအောင်



၁။ ခြံဝင်းတွေထဲမှာ အသုံးမပြုတော့တဲ့ ရေတိုင်ကီအစုတ်တွေ၊ စည်ပိုင်းပြတ် တွေရှိကြမှာပါ။ သံကြေးကိုက်သွားပြီး သုံးလို့မရတော့လို ဒီအတိုင်းပစ်ထား လိုက်တာက ခြံဝင်းထဲမှာရှုပ်မယ့်အတူတူ အခုလိုလေး ချစ်စရာကောင်းတဲ့ အရုပ်ပုံ၊ဆေးရောင်လေးတွေ ခြယ်လိုက်ပါ။ နောက်ပြီး အလှသစ်ပင် လေး တွေကိုလည်း စိုက်ပျိုးထားလိုက်မယ်ဆိုရင် စည်ပိုင်းအစုတ်ကနေ ချစ်စရာ ကောင်းသွားပြီး ခြံဝင်းလေးကိုလည်း ပိုပြီးတော့လှပသွားစေမှာပါ။

 

ချစ်စရာကောင်းပြီးလှပတဲ့ ခြံဝင်းလေးတစ်ခုဖန်တီးကြရအောင်



၂။ အိုမင်းလာလို့ပဲဖြစ်ဖြစ်၊ ချတွေ ပိုးကောင်တွေကိုက်လို့ပဲဖြစ်ဖြစ် ခုတ် ထွင်းလဲလျောင်းထားတဲ့ သစ်ငုတ်စတွေကလည်း ခြံဝင်းထဲမှာ မျက်စိ နောက်လောက်အောင် ရှုပ်ထွေးစေပါတယ်။ ဒါပေမဲ့ နည်းလမ်းကောင်း လေးရှိပါတယ်။ သစ်ငုတ်တိုတွေအပေါ်မှာ၊ သစ်အခေါင်းထဲမှာ ချစ်စရာ ကောင်းတဲ့ အရောင် အသွေးအစုံအလင် ပန်းပင်လေးတွေကို ထပ်ပွားပြီး စိုက်ပျိုးပေးလိုက်မယ်ဆိုရင် အခုလို လှလှပပလေးဖြစ်သွား နိုင်မှာပါ။

 

ချစ်စရာကောင်းပြီးလှပတဲ့ ခြံဝင်းလေးတစ်ခုဖန်တီးကြရအောင်



၃။ အသုံးမပြုတော့တဲ့ ရေပိုက်၊ ရေတလျှောက်အပျက်တွေ၊ တာယာအစုတ် တွေကို အခုလိုမျိုးလေး

 

ချစ်စရာကောင်းပြီးလှပတဲ့ ခြံဝင်းလေးတစ်ခုဖန်တီးကြရအောင်

 

တွဲလောင်းချိတ်ဆွဲပြီး ပန်းပင်လေးတွေစိုက်ပျိုး မယ်ဆိုရင်လည်း ခြံဝင်းလေးထဲ လှပသွားစေနိုင်မှာပါ။

 

ချစ်စရာကောင်းပြီးလှပတဲ့ ခြံဝင်းလေးတစ်ခုဖန်တီးကြရအောင်



၎။ မှန်တင်ခုံအစုတ်အပျက်တွေ၊ ကုလားထိုင် အကျိုးတွေ၊ သံချေးတက်၊ ကျိုးပဲ့နေတဲ့ စက်ဘီးအစုတ်တွေက သင့်ရဲ့ ခြံဝင်းလေးတွေ ကောင်းကောင်း အလှဆင်လို့ရနိုင်တာကို သတိထားမိမှာမဟုတ်ပါဘူး။ ဒီမှာကြည့်လိုက်ပါ။မှန်တင်ခုံပေါ်၊ အံဆွဲတွေထဲမှာ သင်နှစ်သက်တဲ့ ပန်းအိုးလေးတွေ၊ ပန်းပင် လေးတွေစိုက်ပျိုးပြီး အလှဆင်နိုင်ပါတယ်။

 

ချစ်စရာကောင်းပြီးလှပတဲ့ ခြံဝင်းလေးတစ်ခုဖန်တီးကြရအောင်

 

ကုလားထိုင်တွေပေါ် လှလှပပ ရောင်စုံဖူးပွင့်နေတဲ့ ပန်းပင်လေးတွေ စိုက်ပျိုးလိုက်ပါ။ စက်ဘီးလေး တွေ ပေါ်မှာလည်း အခုလို လှလှပပလေး စိုက်ပျိုးလိုက်မယ်ဆိုရင် ချစ်စရာ ကောင်းတဲ့ ဥယျာဉ်ခြံလေးတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

 

ချစ်စရာကောင်းပြီးလှပတဲ့ ခြံဝင်းလေးတစ်ခုဖန်တီးကြရအောင်

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)