140 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

အိမ်ဝင်ပေါက်နေရာအား ပိုမိုကြီးမားစေမည့် အပြင်အဆင်များ

 

[Unicode]

 

အဝင်လမ်းဆိုတာ သင့်အိမ်မှာ အခြားကျန်ရှိတဲ့နေရာတွေရဲ့ သဘောလက္ခဏာကို သတ်မှတ်ပြင်ဆင်ဖို့ရာ ပထမဆုံးအခွင့်အရေးဖြစ်ပါတယ်။ ပုံစံကောင်းမွန်တဲ့ ဝင်ပေါက်တစ်ခုက အိမ်ရဲ့ပုံစံကို ဦးစွာတစ်စေ့တစောင်း ပေးဆောင်ပြီး ကျန်အခန်းတွေကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ စတင်ရာနေရာပါ။ ၎င်းက သင်နဲ့ သင့်ဧည့်သည်တွေအတွက် ကြိုဆိုမှုနဲ့ ရောက်ရှိလာမှုခံစားချက်တွေကိုလည်း ဖန်တီးပေးပါတယ်။

သင့်အိမ်ဝင်ပေါက်နေရာကို ပိုမိုကြီးမားတဲ့အသွင်အပြင်ဖြစ်စေဖို့ နေရာပိုကျယ်အောင် ဖန်တီးဖို့ နည်းလမ်းတွေရှိပါတယ်။

 

၁။ စိတ်ဝင်စားဖွယ် ထင်ရှားသော နံရံတစ်ဖက် ဖန်တီးပါ

စိတ်ဝင်စားဖွယ် ထင်ရှားပေါ်လွင်တဲ့ နံရံတစ်ဖက်က ဝင်ပေါက်မဟုတ်တောင် ဘယ်နေရာမှာပဲလုပ်လုပ် ရဲရဲတင်းတင်း ထုတ်ဖော်ပြောဆိုမှုကို ဖြစ်စေပါတယ်၊ ဝင်ပေါက်မှာဆိုရင်တော့ ထင်ထင်ရှားရှား မှတ်မှတ်ရရ ရှိစေပါတယ်။

 

၂။ ကြေးမုံများကို ဗျူဟာကျကျ ထားရှိပါ

 

အိမ်ဝင်ပေါက်နေရာအား ပိုမိုကြီးမားစေမည့် အပြင်အဆင်များ

ဝင်ပေါက်တစ်ခုမှာ ထားရှိလိုက်တဲ့ မှန်တစ်ချပ်က ရည်ရွယ်ချက်များစွာ ထမ်း ဆောင်ပေးပါတယ်။ ၎င်းက သဘာဝကျမှုကို ဖန်တီးပြီး နေ့စဥ် အပြင်မထွက်မီ နောက်ဆုံး ထိတွေ့စရာ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ၎င်းရဲ့ ရောင်ပြန်မျက်နှာပြင်က ပတ်ပတ်လည်မှာ သဘာဝနဲ့ အတုအယောင်အလင်းရောင်တွေ ခုန်ပေါက်ပြီး သေးငယ်တဲ့ ဝင်ပေါက်ကို ပိုကြီးသယောင်ဖြစ်စေပါတယ်။ အဝင်ဝရှိစားပွဲတစ်ခုပေါ် မှန်တစ်ချပ်ချိတ်ထားခြင်းဖြင့် သို့မဟုတ် ကိုယ်လုံးပေါ်မှန်ကို နံရံမှာမှီထားခြင်းဖြင့် စမ်းကြည့်ပါ။


၃။ အဝင်ဝစားပွဲကို ပုံစံသွင်းပါ

 

အိမ်ဝင်ပေါက်နေရာအား ပိုမိုကြီးမားစေမည့် အပြင်အဆင်များ


အဝင်ဝနားရှိစားပွဲတစ်ခုက သော့၊ ပြေစာ၊ ပေးစာစတာတွေ တင်စရာနေရာတစ်ခုထက်ပိုနိုင်ပါတယ်။ စတိုင်လ်ကျကျဖြင့်၊ ၎င်းစားပွဲရှိခြင်းက သင့်အိမ်ရဲ့အတွင်းပိုင်းအပြင်အဆင်အတွက် ဂုဏ်တက်စေပါတယ်။

 

၄။ ကြမ်းပြင်ဟန်ပန်ကို မမေ့ပါနှင့်


မျက်လုံးနဲ့တန်းတူတဲ့ ပစ္စည်းတွေနေရာတွေကို အာရုံစိုက်မိဖို့ လွယ်ကူပေမဲ့လည်း ကြမ်းပြင်ကိုတော့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် သင့်ကြမ်းပြင်မှာလည်း စတိုင်လ်ထည့်ဖို့ မမေ့ပါနဲ့။ ဥပမာအားဖြင့်၊ ကြမ်းပြင်တစ်ခုက နေရာကွက်လပ်ကို သတ်မှတ်ပေးပြီး ကွဲပြားတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပေးပါတယ်။ ၎င်းက အခန်းဘောင်ကို ဘောင်ခတ်ပြီး အရောင်အသွေးနဲ့ စတိုင်တစ်ခုလုံးကို ချည်နှောင်ဖို့ နောက်ထပ်အခွင့်အရေးတစ်ခု ပေးပါတယ်။ ထူးခြားတဲ့ အသွင်အပြင်ရအောင် ကော်ဇောခင်းခြင်းကိုလည်း စမ်းလုပ်ကြည့်နိုင်ပါတယ်။


၅။ အနုပညာအချို့ကို ပြသပါ

 

အိမ်ဝင်ပေါက်နေရာအား ပိုမိုကြီးမားစေမည့် အပြင်အဆင်များ


ကြီးမားတဲ့အနုပညာလက်ရာတစ်ခုက အိမ်အတွင်းမှာ သင့်အာရုံကို ချက်ချင်းဆွဲဆောင်ပြီး ထင်ရှားတဲ့အချက်အခြာနေရာကို ဖန်တီးပေးကာ ဝင်ပေါက်နေရာအတွက် အမြင်အာရုံကို ပံ့ပိုးပေးပါတယ်။ ပန်းချီကားဝယ်တဲ့အခါ စည်းကမ်းရှိပါ။ သင့်အိမ်မှာ ရှိပြီးသား အပြင်အဆင်နဲ့ အရောင်တွေကို အားဖြည့်ပေးနိုင်တဲ့ ပန်းချီကားကို ရွေးချယ်ပါ။ သင့်လျော်တဲ့အရွယ်အစားကို ဆုံးဖြတ်ရမယ်ဆိုရင်တော့ သေးငယ်လွန်းတာထက် ကြီးတာကို ရွေးချယ်ခြင်းက ပိုကောင်းပါတယ်။ အဝင်ဝစားပွဲနဲ့ နီးနီးထားမှာဆိုရင် ဟန်ချက်ညီစေဖို့ အဝင်ဝစားပွဲရဲ့ အကျယ်ထက် လက်မများစွာသေးငယ်ဖို့လည်း လိုပါတယ်။


၆။ နံရံနား အရှင်ချိတ်စရာတင်စရာများ ထည့်သွင်းပါ

 

အိမ်ဝင်ပေါက်နေရာအား ပိုမိုကြီးမားစေမည့် အပြင်အဆင်များ


ကြမ်းပြင်နေရာစားမယ့် သမားရိုးကျ ပစ္စည်းတင်စင်တွေအစား ဘက်စုံသုံးနိုင်တဲ့အရာလေးတွေ ဖန်တီးပါ။ နံရံမှာ စင်လေးတွေ ရိုက်တာ၊ ပစ္စည်းချိတ်စရာ ချိတ်လေးတွေ ချထားတာမျိုးပေါ့။ သော့၊ အိတ်၊ အင်္ကျီတွေနဲ့ ထီးတွေ ချိတ်ဖို့အတွက် ချိတ်တွေကို အသုံးပြုနိုင်ပြီး ဟိုတင်ဒီတင်အတွက် စင်ကို သုံးနိုင်ပါတယ်။ ဒါက အပိုပရိဘောဂလိုအပ်ချက်ကို လျှော့ချပေးပြီး နေရာလွတ်ကို ချွေတာရာရောက်ပါတယ်။


၇။ သက်တောင့်သက်သာထိုင်စရာရှိပါစေ

အိမ်ဝင်ပေါက်နေရာအား ပိုမိုကြီးမားစေမည့် အပြင်အဆင်များ


ကျဥ်းကျပ်တဲ့ဝင်ပေါက်မှာ ထိုင်စရာနေရာမရှိဘဲ ဖိနပ်စီးဖို့ ကြိုးစားဖူးတယ်ဆိုရင် ဘယ်လောက်တောင် အဆင်မပြေဖြစ်ရတယ်ဆိုတာ သိမှာပါ။ ခုံတန်းလျားလိုမျိုး ထိုင်စရာရှိခြင်းက သင်နဲ့ သင့်ဧည့်သည်တွေကို သက်သောင့်သက်သာရှိပြီး စတိုင်ကျကျ ဖိနပ်ဝတ် သို့မဟုတ် ချွတ်ဖို့ နေရာကောင်းတစ်ခုပေးပါတယ်။


၈။ မျက်နှာကြက်ကို ကျန်နံရံများနှင့် ဆေးရောင်အတူတူသုတ်ပါ


ဝင်ပေါက်နေရာရှိ မျက်နှာကြက်ကို ၎င်းနေရာရှိ ကျန်နံရံတွေနဲ့ ဆေးရောင်အတူတူသုတ်ပါ။ ဒီနည်းက နံရံနဲ့ မျက်နှာကျက်ကြားက နယ်နိမိတ်ကို မှုန်ဝါးစေပြီး မျက်နှာကျက်က နောက်ဆုတ်သွားပုံရပြီး အခန်းက ပိုကြီးပုံပေါ်ပါတယ်။


၉။ အစီအစဥ်တကျ သပ်ရပ်သန့်ရှင်းနေပါစေ

 

အိမ်ဝင်ပေါက်နေရာအား ပိုမိုကြီးမားစေမည့် အပြင်အဆင်များ


မျက်နှာပြင်များကို ရှင်းလင်းစေပြီး နေရာချွေတာတဲ့ သိုလှောင်မှုများစွာဖြင့် မြင်ကွင်းများကို ဖွင့်ထားပါ။ ရှုပ်ပွမှုက ဘယ်အခန်းကိုမဆို ကျဥ်းတယ်သေးတယ်လို့ထင်ရစေပါတယ်။

 


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]


အိမ္ဝင္ေပါက္ေနရာအား ပိုမိုႀကီးမားေစမည့္ အျပင္အဆင္မ်ား

 


အဝင္လမ္းဆိုတာ သင့္အိမ္မွာ အျခားက်န္႐ွိတဲ့ေနရာေတြရဲ႕ သေဘာလကၡဏာကို သတ္မွတ္ျပင္ဆင္ဖို႔ရာ ပထမဆုံးအခြင့္အေရးျဖစ္ပါတယ္။ ပုံစံေကာင္းမြန္တဲ့ ဝင္ေပါက္တစ္ခုက အိမ္ရဲ႕ပုံစံကို ဦးစြာတစ္ေစ့တေစာင္း ေပးေဆာင္ၿပီး က်န္အခန္းေတြကို အဓိပၸါယ္ဖြင့္ဆိုဖို႔ စတင္ရာေနရာပါ။ ၎က သင္နဲ႔ သင့္ဧည့္သည္ေတြအတြက္ ႀကိဳဆိုမႈနဲ႔ ေရာက္႐ွိလာမႈခံစားခ်က္ေတြကိုလည္း ဖန္တီးေပးပါတယ္။

သင့္အိမ္ဝင္ေပါက္ေနရာကို ပိုမိုႀကီးမားတဲ့အသြင္အျပင္ျဖစ္ေစဖို႔ ေနရာပိုက်ယ္ေအာင္ ဖန္တီးဖို႔ နည္းလမ္းေတြ႐ွိပါတယ္။

 

၁။ စိတ္ဝင္စားဖြယ္ ထင္႐ွားေသာ နံရံတစ္ဖက္ ဖန္တီးပါ

စိတ္ဝင္စားဖြယ္ ထင္႐ွားေပၚလြင္တဲ့ နံရံတစ္ဖက္က ဝင္ေပါက္မဟုတ္ေတာင္ ဘယ္ေနရာမွာပဲလုပ္လုပ္ ရဲရဲတင္းတင္း ထုတ္ေဖာ္ေျပာဆိုမႈကို ျဖစ္ေစပါတယ္၊ ဝင္ေပါက္မွာဆိုရင္ေတာ့ ထင္ထင္႐ွား႐ွား မွတ္မွတ္ရရ ႐ွိေစပါတယ္။

 

၂။ ေၾကးမုံမ်ားကို ဗ်ဴဟာက်က် ထား႐ွိပါ

ဝင္ေပါက္တစ္ခုမွာ ထား႐ွိလိုက္တဲ့ မွန္တစ္ခ်ပ္က ရည္႐ြယ္ခ်က္မ်ားစြာ ထမ္း ေဆာင္ေပးပါတယ္။ ၎က သဘာဝက်မႈကို ဖန္တီးၿပီး ေန႔စဥ္ အျပင္မထြက္မီ ေနာက္ဆုံး ထိေတြ႕စရာ ေနရာတစ္ခု ျဖစ္လာႏိုင္ပါတယ္။ ၎ရဲ႕ ေရာင္ျပန္မ်က္ႏွာျပင္က ပတ္ပတ္လည္မွာ သဘာဝနဲ႔ အတုအေယာင္အလင္းေရာင္ေတြ ခုန္ေပါက္ၿပီး ေသးငယ္တဲ့ ဝင္ေပါက္ကို ပိုႀကီးသေယာင္ျဖစ္ေစပါတယ္။ အဝင္ဝ႐ွိစားပြဲတစ္ခုေပၚ မွန္တစ္ခ်ပ္ခ်ိတ္ထားျခင္းျဖင့္ သို႔မဟုတ္ ကိုယ္လုံးေပၚမွန္ကို နံရံမွာမွီထားျခင္းျဖင့္ စမ္းၾကည့္ပါ။


၃။ အဝင္ဝစားပြဲကို ပုံစံသြင္းပါ


အဝင္ဝနား႐ွိစားပြဲတစ္ခုက ေသာ့၊ ေျပစာ၊ ေပးစာစတာေတြ တင္စရာေနရာတစ္ခုထက္ပိုႏိုင္ပါတယ္။ စတိုင္လ္က်က်ျဖင့္၊ ၎စားပြဲ႐ွိျခင္းက သင့္အိမ္ရဲ႕အတြင္းပိုင္းအျပင္အဆင္အတြက္ ဂုဏ္တက္ေစပါတယ္။

 

၄။ ၾကမ္းျပင္ဟန္ပန္ကို မေမ့ပါႏွင့္


မ်က္လုံးနဲ႔တန္းတူတဲ့ ပစၥည္းေတြေနရာေတြကို အာ႐ုံစိုက္မိဖို႔ လြယ္ကူေပမဲ့လည္း ၾကမ္းျပင္ကိုေတာ့ ေမ့ေနတတ္ၾကပါတယ္။ ဒါေၾကာင့္ သင့္ၾကမ္းျပင္မွာလည္း စတိုင္လ္ထည့္ဖို႔ မေမ့ပါနဲ႔။ ဥပမာအားျဖင့္၊ ၾကမ္းျပင္တစ္ခုက ေနရာကြက္လပ္ကို သတ္မွတ္ေပးၿပီး ကြဲျပားတဲ့ ကိုယ္ရည္ကိုယ္ေသြးတစ္ခုေပးပါတယ္။ ၎က အခန္းေဘာင္ကို ေဘာင္ခတ္ၿပီး အေရာင္အေသြးနဲ႔ စတိုင္တစ္ခုလုံးကို ခ်ည္ေႏွာင္ဖို႔ ေနာက္ထပ္အခြင့္အေရးတစ္ခု ေပးပါတယ္။ ထူးျခားတဲ့ အသြင္အျပင္ရေအာင္ ေကာ္ေဇာခင္းျခင္းကိုလည္း စမ္းလုပ္ၾကည့္ႏိုင္ပါတယ္။


၅။ အႏုပညာအခ်ိဳ႕ကို ျပသပါ


ႀကီးမားတဲ့အႏုပညာလက္ရာတစ္ခုက အိမ္အတြင္းမွာ သင့္အာ႐ုံကို ခ်က္ခ်င္းဆြဲေဆာင္ၿပီး ထင္႐ွားတဲ့အခ်က္အျခာေနရာကို ဖန္တီးေပးကာ ဝင္ေပါက္ေနရာအတြက္ အျမင္အာ႐ုံကို ပံ့ပိုးေပးပါတယ္။ ပန္းခ်ီကားဝယ္တဲ့အခါ စည္းကမ္း႐ွိပါ။ သင့္အိမ္မွာ ႐ွိၿပီးသား အျပင္အဆင္နဲ႔ အေရာင္ေတြကို အားျဖည့္ေပးႏိုင္တဲ့ ပန္းခ်ီကားကို ေ႐ြးခ်ယ္ပါ။ သင့္ေလ်ာ္တဲ့အ႐ြယ္အစားကို ဆုံးျဖတ္ရမယ္ဆိုရင္ေတာ့ ေသးငယ္လြန္းတာထက္ ႀကီးတာကို ေ႐ြးခ်ယ္ျခင္းက ပိုေကာင္းပါတယ္။ အဝင္ဝစားပြဲနဲ႔ နီးနီးထားမွာဆိုရင္ ဟန္ခ်က္ညီေစဖို႔ အဝင္ဝစားပြဲရဲ႕ အက်ယ္ထက္ လက္မမ်ားစြာေသးငယ္ဖို႔လည္း လိုပါတယ္။


၆။ နံရံနား အ႐ွင္ခ်ိတ္စရာတင္စရာမ်ား ထည့္သြင္းပါ


ၾကမ္းျပင္ေနရာစားမယ့္ သမား႐ိုးက် ပစၥည္းတင္စင္ေတြအစား ဘက္စုံသုံးႏိုင္တဲ့အရာေလးေတြ ဖန္တီးပါ။ နံရံမွာ စင္ေလးေတြ ႐ိုက္တာ၊ ပစၥည္းခ်ိတ္စရာ ခ်ိတ္ေလးေတြ ခ်ထားတာမ်ိဳးေပါ့။ ေသာ့၊ အိတ္၊ အက်ႌေတြနဲ႔ ထီးေတြ ခ်ိတ္ဖို႔အတြက္ ခ်ိတ္ေတြကို အသုံးျပဳႏိုင္ၿပီး ဟိုတင္ဒီတင္အတြက္ စင္ကို သုံးႏိုင္ပါတယ္။ ဒါက အပိုပရိေဘာဂလိုအပ္ခ်က္ကို ေလွ်ာ့ခ်ေပးၿပီး ေနရာလြတ္ကို ေခြၽတာရာေရာက္ပါတယ္။


၇။ သက္ေတာင့္သက္သာထိုင္စရာ႐ွိပါေစ


က်ဥ္းက်ပ္တဲ့ဝင္ေပါက္မွာ ထိုင္စရာေနရာမ႐ွိဘဲ ဖိနပ္စီးဖို႔ ႀကိဳးစားဖူးတယ္ဆိုရင္ ဘယ္ေလာက္ေတာင္ အဆင္မေျပျဖစ္ရတယ္ဆိုတာ သိမွာပါ။ ခုံတန္းလ်ားလိုမ်ိဳး ထိုင္စရာ႐ွိျခင္းက သင္နဲ႔ သင့္ဧည့္သည္ေတြကို သက္ေသာင့္သက္သာ႐ွိၿပီး စတိုင္က်က် ဖိနပ္ဝတ္ သို႔မဟုတ္ ခြၽတ္ဖို႔ ေနရာေကာင္းတစ္ခုေပးပါတယ္။


၈။ မ်က္ႏွာၾကက္ကို က်န္နံရံမ်ားႏွင့္ ေဆးေရာင္အတူတူသုတ္ပါ


ဝင္ေပါက္ေနရာ႐ွိ မ်က္ႏွာၾကက္ကို ၎ေနရာ႐ွိ က်န္နံရံေတြနဲ႔ ေဆးေရာင္အတူတူသုတ္ပါ။ ဒီနည္းက နံရံနဲ႔ မ်က္ႏွာက်က္ၾကားက နယ္နိမိတ္ကို မႈန္ဝါးေစၿပီး မ်က္ႏွာက်က္က ေနာက္ဆုတ္သြားပုံရၿပီး အခန္းက ပိုႀကီးပုံေပၚပါတယ္။


၉။ အစီအစဥ္တက် သပ္ရပ္သန္႔႐ွင္းေနပါေစ


မ်က္ႏွာျပင္မ်ားကို ႐ွင္းလင္းေစၿပီး ေနရာေခြၽတာတဲ့ သိုေလွာင္မႈမ်ားစြာျဖင့္ ျမင္ကြင္းမ်ားကို ဖြင့္ထားပါ။ ႐ႈပ္ပြမႈက ဘယ္အခန္းကိုမဆို က်ဥ္းတယ္ေသးတယ္လို႔ထင္ရေစပါတယ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

 

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)