125 ကြိမ် ကြည့်ရှု့ ပြီး

ဝါကျွတ်မှာ မင်္ဂလာမောင်နှံတို့အတွက် အိမ်ပြင်ဆင်ခြင်း အခြေခံနည်းလမ်းများ

 

မကြာခင် ၀ါလကင်းလွတ် သီတင်း ကျွတ်တော့မှာဆိုတော့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးစံအတိုင်း မင်္ဂလာပွဲတွေကလည်း စီတန်းနေလောက်မယ်ထင်ပါရဲ့။ မင်္ဂလာ မောင်နှံဖြစ်လာမယ့်သူတွေအနေနဲ့လည်း ကြိုတင်စိတ်ကူးယဉ်ရင်ခုန်နေကြရောပေါ့။ ပြုလုပ်လာမယ့် မင်္ဂလာပွဲကို ဘယ်မှာလုပ် မယ်၊ ဘယ်လိုစီစဉ်မယ်စတဲ့ကိစ်္စတွေကို လည်း နှစ်ဖက်မိဘတွေနဲ့ ဆွေးနွေးတိုင်ပင် နေကြမှာပါပဲ။

ဒီလိုဆွေးနွေးတိုင်ပင်ကြတဲ့အခါ မင်္ဂလာမောင်နှံဖြစ်လာမယ့်သူတွေအနေနဲ့ နေရေးကိစ်္စကို အဓိက ဆွေးနွေးကြမယ် ထင်ပါတယ်။ အချို့ကလည်း ကိုယ်ပိုင် အိမ်ခွဲနေဖို့ အချို့ကလည်း မိဘနဲ့ ယာယီ နေထိုင်ဖို့ စိတ်ကူးကြမှာပါပဲ။

 

ဝါကျွတ်မှာ မင်္ဂလာမောင်နှံတို့အတွက် အိမ်ပြင်ဆင်ခြင်း အခြေခံနည်းလမ်းများ



ဒီကိစ္စဟာ အရေးပါတဲ့ ကိစ္စရပ်ဖြစ် လာပါပြီ။ ငွေကြေးတတ်နိုင်လို့ ကိုယ်ပိုင် အိမ်ဝယ်လို့ပဲဖြစ်ဖြစ်၊ ငှားရမ်းပြီးတော့ပဲ ဖြစ်ဖြစ်၊ မိဘနဲ့ ယာယီနေတာပဲဖြစ်ဖြစ်၊ လင်ကိုယ်မယားရယ်လို့ ဖြစ်လာပြီဆိုရင် တော့ မိမိတို့နဲ့ အဆင်ပြေမယ့် အိမ်တစ်လုံး တော့ ရှာကြရတော့မှာပါပဲ။
ဒီလိုရှာဖွေတဲ့အခါမှာလည်း တစ်ဦးနဲ့ တစ်ဦး အငြင်းပွားနေတာမျိုးတွေ မဖြစ်သင့် ပါဘူး။ ညှိညှိနှိုင်းနှိုင်းနဲ့ ရှာဖွေမှသာ အဆင်ပြေကြမှာပါ။ မိမိတို့ တကယ်စိတ် တိုင်းကျတဲ့ အိမ်ကို ရှာတွေ့ခဲ့ရင်လည်း ဘယ်လိုမျိုး အခန်းတွေ ဖွဲ့မယ်။ အိမ်ထောင် ပစ်္စည်းတွေ ဘယ်လိုထားမယ်။ ပိုလျံနေ တဲ့ အိမ်ထောင်ဦးပစ်္စည်းတွေကို ဘယ်လို သိမ်းထားမယ်ဆိုတာတွေကို တိုင်ပင်ပြီး ပြင်ဆင်ကြရမှာပါ။ တကယ်လို့များ စိတ် သဘောချင်းမတိုက်ဆိုင်လို့ ပြဿနာသေး သေးလေးတွေဖြစ်လာခဲ့ရင် မင်္ဂလာဦးဖြစ် တဲ့အတွက် မသင့်တော်ပါဘူး။ ဒီတော့ မင်္ဂလာဦး ဇနီးမောင်နှံတွေရဲ့ ပထမဆုံး အိမ်လေးကို ဘယ်လိုပြင်ဆင်ပြီး နေထိုင်ရ မလဲဆိုတဲ့ နည်းလမ်းလေးအချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။

 

ဝါကျွတ်မှာ မင်္ဂလာမောင်နှံတို့အတွက် အိမ်ပြင်ဆင်ခြင်း အခြေခံနည်းလမ်းများ



ဆုံးဖြတ်ချက်တွေအတွက် အတူတကွ ဆုံးဖြတ်တိုင်ပင်ပါ။
မိမိတို့ရဲ့ နေအိမ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သူလုပ်၊ ငါလုပ်ဆို ပြီး ခွဲခြားနေတာမျိုးမလုပ်သင့်ပါဘူး။ ပစ်္စည်းတွေကို အသုံးပြုမယ့်နေရာနဲ့ အသုံး ပြုမယ့် ပစ်္စည်းတွေအတွက် တစ်ဦးတည်းက ဆုံးဖြတ်တာမျိုး မလုပ်ဘဲ နှစ်ဦးသဘောတူ ဆုံးဖြတ်သင့်ပါတယ်။ တကယ်လို့ အိမ်က ကျယ်နေတယ်ဆိုရင် အခန်းတွေ ဖွဲ့စည်း လိုက်ပါ။ အိမ်ခန်းအတွက် ဒီဇိုင်းပြင်ဆင် တဲ့အခါမှာလည်း အမြင်ချင်းမတူညီနိုင်ပါ ဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းလုပ် ဆောင်ရင် ကောင်းမွန်နိုင်ပါတယ်။

 

ဝါကျွတ်မှာ မင်္ဂလာမောင်နှံတို့အတွက် အိမ်ပြင်ဆင်ခြင်း အခြေခံနည်းလမ်းများ



အသုံးစရိတ်ချွေတာဖို့
ဒါကတော့ အိမ်ထောင်ဦးတွေပဲ မဟုတ်ပါဘူး။ အိမ်ထောင်သက် ရှည်ကြာ တဲ့ သူတွေလည်း အထူးဂရုစိုက်ရတဲ့ ကိစ်္စ ပါ။ ငွေကြေးပြည့်စုံသူတွေကတော့ ပစ်္စည်း အသစ်တွေကို ဝယ်ယူသုံးစွဲကြပါတယ်။ ဒါပေမဲ့ မိမိတို့က ငွေကြေးအရမ်းကြီး မပြည့်စုံဘူးဆိုခဲ့ရင် မိမိတို့မှာရှိတဲ့ ငွေ ကြေးနဲ့လည်း အဆင်ပြေစေမယ့် သုံးပြီး သား တစ်ပတ်ရစ်ပစ်္စည်းတွေကို ပြန်လည် သုံးစွဲမယ်ဆိုရင် သင့်တော်မယ်ထင်ပါ တယ်။ အချို့သော တစ်ပတ်ရစ်ပစ္စည်းတွေ ဟာ အသစ်နီးပါးအတိုင်း ကောင်းမွန်နေ ပါတယ်။ တကယ်လို့ တစ်ပတ်ရစ်ပစ်္စည်း တွေ ၀ယ်သုံးမယ်ဆိုရင်တော့ ကိုယ့်မှာ အမှန်တကယ်လိုအပ်နေတာမျိုးလည်းဖြစ် ပြီး အဆင်လည်းပြေနိုင်မယ့်ပစ်္စည်းကို ရွေးချယ်သင့်ပါတယ်။ ဒါမှသာ အိမ်အသုံး စရိတ်ကို ချွေတာသလိုဖြစ်ပြီး တစ်ဖက်မှာ လည်း အိမ်ထောင်ဦးပစ္စည်းတွေ စုံလင်လာမှာ ဖြစ်ပါတယ်။

 

ဝါကျွတ်မှာ မင်္ဂလာမောင်နှံတို့အတွက် အိမ်ပြင်ဆင်ခြင်း အခြေခံနည်းလမ်းများ



တဖြည်းဖြည်းနဲ့ အိမ်ကို ပြင်ဆင်တည် ဆောက်ပါ။
ငွေကြေးအရမ်းမပြည့်စုံဘဲနဲ့ အိမ်ကို ၀ယ်ယူပြီးပြီးချင်း အလုံးစုံလှပနေအောင် မပြင်ဆင်သင့်ပါဘူး။ အခြားသော အသုံး စရိတ်တွေအတွက် ခြေစောင့်လက်စောင် သဘောမျိုး ငွေကြေးထားရဦးမယ်လေ။ နှစ်ဦးသား အတူနေထိုင်ရင်းနဲ့မှ ရရှိလာတဲ့ ၀င်ငွေပေါ်ချိန်ညှိပြီး လိုအပ်မယ့် ပရိဘောဂ၊ အသုံးအဆောင်ပစ်္စည်းလေးတွေကို ၀ယ်ယူ ဖြည့်စွက်သင့်ပါတယ်။ နောက်တစ်ခုက ကိုယ့်အိမ်ရဲ့ အကျယ်အ၀န်းကို သိနေပြီဆို တော့ လိုအပ်တဲ့ ပစ်္စည်းရဲ့ အတိုင်းအတာ အရွယ်အစားတွေကိုလည်း သိနေပြီလေ။ ဒီတော့ ၀ယ်ယူရတာပိုပြီးအဆင်ပြေနိုင် မယ်ထင်ပါတယ်။

 

ဝါကျွတ်မှာ မင်္ဂလာမောင်နှံတို့အတွက် အိမ်ပြင်ဆင်ခြင်း အခြေခံနည်းလမ်းများ



ပထမဆုံးနေရတဲ့ အိမ်လေးမှာ အမှတ် တရတွေဖန်တီးပါ။
ဘ၀မှာ ပထမဆုံးနေရတဲ့အိမ်ကို ဘယ်သူမဆို အမှတ်ရနေတတ်ပါတယ်။ အခုလို ဇနီးမောင်နှံအဖြစ် နေရပြီဆိုတော့ နှစ်ဦးစလုံးအတွက် ပိုပြီးပျော်စရာကောင်း မယ်ထင်ပါတယ်။ ဒါကြောင့်မို့ နှစ်ဦးစလုံး အတွက် ကြည်နူးစရာကောင်းတာလေး တွေကို ဖန်တီးစေချင်ပါတယ်။ ဥပမာ- အိပ်ခန်းလေးကို ချစ်စဖွယ် အပြင်အဆင်တွေ စိတ်ကိုလန်းဆန်းပြီး ကြည်နူးစေမယ့်ဆေး ရောင်ခြယ်သုတ်တာတွေ၊ လုပ်သင့်ပါတယ်။ ဧည့်ခန်းမှာဆိုရင်လည်း ပန်းချီကားတွေ၊ အရုပ်ကလေးတွေ၊ ပန်း ဆိုင်းလေးတွေပဲဖြစ်ဖြစ် အိမ်မှာ ခြံဝင်းပါခဲ့ရင် ပန်းခြံလေးပဲဖြစ်ဖြစ်၊ ဖန်တီးတည်ဆောက် အလှဆင်တာမျိုးတွေ ဟာ နှစ်ဦးစလုံးအ တွက် ကြည်နူးမှုတွေနဲ့ အမှတ်ရနေမယ် လို့ ထင်ပါတယ်။

 

ဝါကျွတ်မှာ မင်္ဂလာမောင်နှံတို့အတွက် အိမ်ပြင်ဆင်ခြင်း အခြေခံနည်းလမ်းများ



ကိုယ်ပိုင်တဲ့နေရာအဖြစ် ဖော်ဆောင်ပါ။
ဝယ်နေတာပဲဖြစ်ဖြစ်၊ ငှားနေတာပဲဖြစ် ဖြစ် မိမိတို့နေထိုင်တဲ့အိမ်ကို ကိုယ့်အပိုင် နေရာတစ်ခုအဖြစ် အမြဲတမ်းသက်ဝင် ယုံကြည်နေသင့်ပါတယ်။ မောင်နှံနှစ်ဦး စတင်နေထိုင်တာနဲ့ ကိုယ့်အိမ်ကို မိမိတို့ စိတ်ကြိုက် ပြင်ဆင်ဖန်တီးခွင့်ရှိပါတယ်။ တစ်အိမ်လုံးက အရာဝတ်္ထုတွေဟာ မိမိတို့ နဲ့ ပတ်သက်တာမျိုးတွေပဲဖြစ်သင့်ပါတယ်။ ဧည့်ခန်း၊ အိပ်ခန်းတွေမှာ နှစ်ဦးယှဉ်တွဲ ရိုက်ထားတဲ့ ပုံတွေ၊ မိသားစုဝင်တွေရဲ့ ပုံတွေ ချိတ်ဆွဲထားနိုင်သလို မိမိတို့နှစ်သက် တဲ့ ပန်းချီကားတွေဆောင်ပုဒ်တွေနဲ့ တစ်ဦး ချင်း အလှပုံတွေကိုလည်း မိမိတို့ အိမ်ထဲမှာ ချိတ်ဆွဲပြီး မိမိတို့ ပတ်ဝန်းကျင် လေးဖြစ်အောင် ပြင်ဆင်ထားသင့်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်း (၅)ခုဟာ ၀ါကျွတ်မှာ တစ်အိုးတစ်အိမ် ထူထောင်ကြမယ့် မောင်နှံတွေအတွက် အခြေခံလေးတွေဖြစ်မှာပါ။ ဖော်ပြထား တာလေးတွေ ဖတ်ကြည့်ပြီး မင်္ဂလာပွဲ အတွက် ပြင်ဆင်နေကြတဲ့ မင်္ဂလာမောင်နှံ လောင်းတွေလည်း စိတ်တူကိုယ်တူနဲ့ သာယာပျော်ရွှင်တဲ့နေအိမ်လေးမှာ ဖြောင့် ဖြူးသာယာကြပါစေနော်။ ၊

Ref: sheknows.com

 

မိုးဝသာန်ဦး မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com


ငှါးရန်ရှိသော အိမ်ခြံမြေများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)