285 ကြိမ် ကြည့်ရှု့ ပြီး

စစ်ပြီးခေတ် အဖွားရဲ့ အိမ်ထိန်းသိမ်းနည်း

 

 

ကျွန်မအဖွားတို့အိမ်ကို သွားလည်တိုင်း အဖွားဆီမှာ စည်းမျဉ်းလေးတွေ ရှိတာကို ကျွန်မသတိထားမိပါတယ်။ ငယ်ငယ်တုန်းကဆို ကျွန်မ သူမကို နားမလည်ခဲ့ဘူး။ ဒါပေမဲ့ အခု ကျွန်မမှာ ကိုယ့်အိမ်ကိုယ့်ယာနဲ့ ဖြစ်လာတော့မှ သူမရဲ့ အဖိုးတန်နဲ့နည်းလမ်းတွေကို ကျွန်မ နားလည်သဘောပေါက်ပါတော့တယ်။  

ဒုတိယကမ္ဘာစစ်နောက်ပိုင်းခေတ်မှာ အိမ်တစ်အိမ်ကို ထိန်းသိမ်းရတာက ကျွန်မအဖွားအတွက် ဒီလို အသိဥာဏ်နဲ့ယှဉ်လို့ နည်းလမ်းတွေ ထွက်ပေါ်လာစေခဲ့တာပဲဖြစ်မှာပါ။
သူမနည်းလမ်းတွေက ရိုးရိုးလေးနဲ့ မိုက်ပါတယ်။ သူမဆီက ကျွန်မလေ့လာခဲ့တာလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

၁။ သင်တကယ်တတ်နိုင်တာကိုပဲ ၀ယ်ပါ။

 

စစ်ပြီးခေတ် အဖွားရဲ့ အိမ်ထိန်းသိမ်းနည်း


၂။ ထမင်းစားစားပွဲကို သာမန်ကာလျှံကာမဟုတ်ဘဲ သပ်ရပ်လှပစွာပြင်ဆင်ပါ။

 

စစ်ပြီးခေတ် အဖွားရဲ့ အိမ်ထိန်းသိမ်းနည်း



၃။ မီးဆိုင်းလေးတွေ တပ်ဆင်ချိတ်ဆွဲပါ။

 

စစ်ပြီးခေတ် အဖွားရဲ့ အိမ်ထိန်းသိမ်းနည်း



၎။ အိမ်အဆောက်အအုံအပြင်ဘက် ခြံထဲခြံဝဘက်က အထားအသိုတွေလည်း အရေးကြီးပါတယ်။

 

စစ်ပြီးခေတ် အဖွားရဲ့ အိမ်ထိန်းသိမ်းနည်း



၅။ လင်ဗန်းတွေက သင့်သူငယ်ချင်းတွေပါ။ ဧည့်ခန်းမှာ တီဗွီကြည့်ရင်း ထမင်းစားစားမစားစား လင်ဗန်းကတော့ အိမ်တိုင်းမှာ ရှိသင့်ပါတယ်။

 

စစ်ပြီးခေတ် အဖွားရဲ့ အိမ်ထိန်းသိမ်းနည်း



၆။ သင့်ပစ္စည်းတွေကို သူ့နေရာနဲ့သူ အံဝင်ခွင်ကျနေရာတကျထားသိုကာ တစ်ခါသုံးပင်ဖြစ်စေ ကောင်းမွန်စွာ ကိုင်တွယ်ပါ။

 

စစ်ပြီးခေတ် အဖွားရဲ့ အိမ်ထိန်းသိမ်းနည်း



၇။ သန့်ရှင်းရေးမကြာခဏလုပ်ပါ။

 

စစ်ပြီးခေတ် အဖွားရဲ့ အိမ်ထိန်းသိမ်းနည်း



၈။ သင်ကြိုက်နှစ်သက်တဲ့ အရာတစ်မျိုးမျိုးကို စုဆောင်းပါ။ ပန်းကန်ခွက်ယောက်တွေ ဖြစ်ဖြစ်ပေါ့။ အသုံးဝင်သလို အလှလည်း ဆောင်တယ်လေ။

 

စစ်ပြီးခေတ် အဖွားရဲ့ အိမ်ထိန်းသိမ်းနည်း



၉။ သကြားလုံးပန်ကန်လုံးတစ်လုံးလောက်ထားပါ။ ဧည့်ခန်းက စားပွဲပေါ်မှာ ဇလုံတစ်လုံးထဲ သကြားလုံးတွေထည့်ပြီး ထားမယ်ဆို ဧည့်သည်ကို အလွတ်သက်သက်ထိုင်ခိုင်းတာထက်စာရင် ခဏလောက်ဖြစ်ဖြစ် ထိုင်ဖို့ ရဲဝံ့သွားစေ၊ ကျေနပ်သွားစေပါတယ်။

စာရေးသူ Ellie Merriem ရဲ့ 9 Wise Homemaking Lessons I Learned From Grandma ကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)