သင့်အိမ်ဧည့်ခန်းရဲ့ တစ်နေရာရာကို ကြည့်လိုက်တာနဲ့ စိတ်ရှုပ်ထွေး ပင်ပန်းမှုတွေ ဖြစ်လာပြီဆိုရင်တော့ ဒါဟာ သင့်ရဲ့ ဧည့်ခန်းကို ရှင်းလင်းဖို့ လိုအပ်နေပြီလို့ စေ့ဆော်တိုက်တွန်းမှု တစ်ခုပါပဲ။ တစ်ခါတစ်ရံ မှာ သင့်ရဲ့ ဧည့်ခန်းတစ်ခုလုံး ရှင်းလင်း သန့်စင်သွာပြီး ကြည်လင်တဲ့ အာရုံခံစားမှုတစ်ခုရဖို့ အတွက် သင့်အနေနဲ့ ဟို အစကနေ ပြန်လည်ပြုလုပ်ဖို့ လိုအပ်နေလိမ့်မယ် ဒါမှ မဟုတ် သင့်ရဲ့ အိမ်တစ်လုံးကို ပြန်လည်မွမ်းမံဖို့ လိုအပ်နေပါလိမ့်မယ်။
ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ သင့်ရဲ့ ဘဏ်စုငွေကို မထိစေဘဲ သင့်ဧည့် ခန်းတစ်လုံး သန့်ရှင်းသွားစေမယ့် တန်း ဖိုးနည်းပြုပြင်ထိန်းသိမ်းမှုတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
နံရံတွေကို အလှဆင်ပါ။
နံရံလွတ်တစ်ခုဟာ သင့်အိမ်ဧည့် ခန်းကို အမြန်ဆုံး ပြောင်းလဲစေနိုင်တဲ့ အလွယ်ကူဆုံးသော အရာပါပဲ။ လတ် ဆတ်တဲ့ အပေါ်ယံ အုပ်ဆေးသုတ်တာ၊ ဘောင်ကွပ်ထားတဲ့ ပိုစတာတစ်ခု ချိတ် ဆွဲတာ ဒါမှမဟုတ် နံရံကပ်စက်္ကူတစ်လိပ် ချိတ်ဆွဲထားတာဟာ သန့်ရှင်းသပ်ရပ်တဲ့ ပုံစံတစ်ခုကို အလျင်အမြန်ဖြစ်ပေးစေပြီး သင့်ပိုက်ဆံကို သိပ်အများကြီး ပွန်းပဲ့စေ မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့ ကြားရသမျှကတော့ အခန်းကို ဆေးသုတ် ခြင်း ဒါမှမဟုတ် နံရံကပ်စက်္ကူ ချိတ်ဆွဲ ခြင်းတွေဟာ ပင်ပန်းပြီး ငြီးငွေ့စရာ ကောင်းတဲ့ အလုပ်တွေပါပဲ။ ဒီနေရာမှာ နံရံကပ်စတစ်ကာတွေဟာ ကျေးဇူးတင်ဖို့ ကောင်းလှပြီး လူကြိုက်များလှတဲ့ အိမ်တွင်း အလှဆင်ယင်မှုအတွက် အကောင်းဆုံး ဖြေရှင်းမှုပါပဲ။ သူတို့တွေဟာ လွယ်လွယ် ကူကူ အသုံးပြုနိုင်ပြီး အစင်းကျားတွေ ပုံစံဆင်ယင်မှုဟာ သင့်အတွက် လွမ်း ဆွတ်ဖွယ်ရာ တစ်စုံတစ်ခု အသစ်ပြုလုပ် ခြင်းပါပဲ။ သူတို့တွေအတွက် မရေမတွက် နိုင်အောင် ရွေးချယ်စရာ အဆင်ဒီဇိုင်းတွေ ပေါများလွန်းလှပါတယ်။
နူးညံ့သော ချဉ်းကပ်မှု
ကူရှင်းတွေ ပေါင်းထည့်ခြင်းနဲ့အတူ အခန်းနေရာ ချထားခြင်း နည်းလမ်းဟာ လည်း သင့်ဧည့်ခန်းကို ပိုမိုနက်ရှိုင်းခြင်းနဲ့ များပြားလှစွာသော နေရာလွတ်တွေ ဖြစ် ပေါ်ခြင်း ဖြစ်စေပါတယ်။ အိုမင်းဟောင်း နွမ်းနေပြီး အပိုင်းပိုင်းပြတ်နေတဲ့ ခန်းဆီး လိုက်ကာတွေကို ဖယ်ရှားပစ်ပါ။ ကူရှင် တွေနဲ့ ဖုံးအုပ်နေရာချထားပါ။ ကော်ဇော တွေနဲ့ အခြားသော ချည်ထည်နူးညံ့တဲ့ ပရိဘောဂအသုံးအဆောင်သစ်တွေနဲ့ ဖြည့်စွက်ထားခြင်းဟာ သပ်ရပ်တဲ့ ဟန်ပန် အသစ်ကို ဖြစ်စေပါတယ်။ ကြီးမားတဲ့ အကျိုးသက်ရောက်မှုဖြစ်စေဖို့အတွက် သင့်ရဲ့ အိုဟောင်းတဲ့ အရောင်ချယ်ထား မှုတွေကနေ ကွဲပြားတဲ့ အရောင်နဲ့ ပုံစံကို ရွေးချယ်ပါ။ ဒီနေရာမှာ ဒီဇိုင်းနာ ဂီလ်ရဲ့ ချည်သားပုံစံ ရိုမန်နက်ဇ် ဒီဇိုင်းတွေကို ကျွန်တော်တို့ သဘောကျပါတယ်။ ပုံစံတွေ၊ ချယ်သမှုတွေနဲ့ အလွှာတွေကိုတော့ သင် ကြိုက်နှစ်သက်သလို ခံစားရနိုင်ဖို့အတွက် လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။
မလိုအပ်တာတွေကို လျှော့ချပါ။
သင့်ရဲ့ ဧည့်ခန်းကို ကြည့်လိုက်တာနဲ့ ဘာကြောင့် အိုမင်းပြီး ပင်ပန်းနွမ်းနယ်နေ တဲ့ ပုံပေါက်နေရသလဲဆိုတဲ့ အကြောင်း ပြချက်ကတော့ သင့်ဧည့်ခန်းထဲမှာ ပရိ ဘောဂတွေ ပြည့်ကျပ်ရှုပ်ထွေးနေပြီး အစီ အစဉ်မကျ ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ အသက်ရှုချောင်စေဖို့အတွက်နဲ့ နေရာ လွတ်တွေရရှိနိုင်ဖို့အတွက် အရိုးရှင်းဆုံး နည်းလမ်းကတော့ မလိုအပ်တဲ့ ပစ်္စည်းတွေ ဖယ်ထုတ်လိုက်ဖို့ပါပဲ။ သင့်အနေနဲ့ အစင်း ရာတွေထင်နေတဲ့ ပရိဘောဂတွေကို ဖယ် ထုတ်ခြင်းနဲ့ စတင်နိုင်ပါတယ်။ သင့်ဧည့် ခန်းကို သင်ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ် ပါ။ ကိုယ့်အတွက် မရှိမဖြစ်အသုံးပြုရမယ့် အရာတွေမဟုတ်ဘူးဆိုရင် ဖယ်ရှားပစ် လိုက်ပါ။ ကြီးမားတဲ့ အစိတ်အပိုင်းတွေ ပေါ်မှာ ရှုပ်ရှက်ခပ်နေတဲ့ အသေးအဖွဲ့ အသုံးအဆောင်တွေကို ဖယ်ထုတ်လိုက်ခြင်း ဟာ သင့်ဧည့်ခန်းရဲ့နေရာလွတ်တွေ ပိုမို ရရှိနိုင်မှာ ဖြစ်ပါတယ်။
စိမ်းလန်းခြင်းဟာ ကောင်းမွန်ခြင်း
စင်ကာပူမှာတော့ အိမ်တွင်းအလှဆင် အပင်တွေကို ထိန်းသိမ်းခြင်းဟာ ငြီးငွေ့ ဖွယ်ရာ အိမ်ထောင်ထိန်းသိမ်းမှု စာရင်းထဲ ထပ်မံဖြည့်စွက်လိုက်တဲ့ အလုပ်တစ်ခုပါပဲ။ ဒါပေမဲ့လည်း ဧည့်ခန်းထဲမှာ အပင်တွေ ရှိနေတာဟာ သင့်အိမ်အတွက် နုပျိုလတ် ဆတ်မှုကို ပေးစွမ်းနိုင်ပါတယ်။
တချို့အပင်တွေဟာ အိမ်အတွက် သဘာဝလေစစ်ဖစ်တာတွေဖြစ်ပြီး အိမ်ထဲက ဓာတုပစ်္စည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အနံ့အသက်တွေ အဆိပ်ဓာတ်ငွေ့တွေကို ကျွန်တော်တို့ ရှုရှိုက်နေရခြင်းကနေ ဖယ် ရှားပေးနိုင်ပါတယ်။ အပင်တွေနဲ့အတူ အသက်ဝင်နေတဲ့ အရောင်တွေနဲ့ အတွင်းခန်း အလှဆင်ယင်မှုတွေ ပေါင်းစပ်လိုက်ရင်တော့ သင့်အိမ်ဟာ နှစ်လိုဖွယ်ရာ အိမ်တစ်လုံး ဖြစ်လာမှာပါပဲ။ ဧည့်ခန်းထောင့်တွေမှာ ရှည်လျားတဲ့ အပင်တွေ ထားနိုင်ပါတယ်။ ဒါမှမဟုတ် ရှားစောင်းပင် တစ်ပင်ကို စားပွဲနဲ့ တင်ထားခြင်းဟာလည်း သင့်အိမ် ဧည့်ခန်းအတွက် နေရာလွတ်တွေ ဖြစ် ပေါ်လာစေနိုင်ပါတယ်။
အတူတကွ ပေါင်းစည်းထားခြင်း
ဖန်အသုံးအဆောင်တွေ စုဆောင်းဖို့ ချစ်မြတ်နိုးတဲ့သူ ဒါမှမဟုတ် ပန်းကန်ခွက် ယောက် အလှအပတွေ စုဆောင်းဖို့ နှစ် သက်သူဆိုရင်တော့ သင့်ဧည့်ခန်းထဲမှာ သင်စုဆောင်းထားသမျှကို ခင်းကျင်းပြသ လိုက်ခြင်းအားဖြင့် သင့်ဧည့်ခန်းရဲ့ ဂုဏ် သတင်းကို အလျင်မြန်ဆုံး ပိုမိုမွှေးပျံ့စေနိုင် ဖို့အတွက် အသုံးပြုသင့်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။
သင့်အကြိုက်ဆုံးတွေကို အုပ်စုတစ်ခု တည်းဖြစ်အောင် စုစည်းအပြသထားခြင်း ဟာလည်း အကောင်းဆုံး အကျိုးသက် ရောက်မှုဖြစ်စေပါတယ်။ သင်စိတ်သက် သာရတဲ့နေရာတစ်ခုမှာနေရာပေးပြီး ပြသ ထားမယ် ဒါမှမဟုတ် ကျက်သရေရှိတဲ့ ပန်းကန်ခွက် ယောက်တွေကို စင်တစ်ခုမှာ ခင်းကျင်းပြသထားမယ် ဒါမှမဟုတ် နံရံ အမြင့်ပေါ်မှာ စီတန်းပြသထားမယ်ဆိုရင် သင့်ဧည့်ခန်းအတွက် အလှည့်အပြောင်း တစ်ခုပါပဲ။
ပရိဘောဂများကို မွမ်းမံခြင်း
ဆိုဖာထိုင်ခုံတွေဟာ ဧည့်ခန်းတွေထဲ က အကြီးမားဆုံး ပရိဘောဂတွေပါပဲ။ တကယ်လို့ ကြည့်ရဆိုးစေတဲ့ အဖုံးတွေနဲ့ ဖုံးအုပ်ထားစေမယ်ဆိုရင် သင့်ရဲ့ အိမ်ကို လာတဲ့ ဧည့်သည်ရဲ့ ပထမဆုံး ဧည့်ခန်းထဲ ခြေချလိုက်တာနဲ့ကို သတိပြုမိစေမှာဖြစ် ပါတယ်။ ပရိဘောဂ အသစ်မ၀ယ်သေးခင် စပ်ကြား အဖုံးအသစ်တွေလဲဖို့ သတိပြု စဉ်းစားမိမယ်ဆိုရင် သင့်ဧည့်ခန်းကို ပိုမို သစ်လွင်စေမှာပဲ ဖြစ်ပါတယ်။ထူးခြား ကွဲပြားတဲ့ ပုံစံအသစ်တွေနဲ့ အလှဆင် သင့်ပါတယ်။
လင်းထင်အောင်ချို မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com