603 ကြိမ် ကြည့်ရှု့ ပြီး

ဧည့်ခန်းလေး ပိုကျယ်သွားအောင် ဒီလိုလေးလုပ်ကြည့်မယ်

 

၁။ နံရံတွေပေါ်နဲ့ ကြမ်းပြင်မှာ အရောင်လင်းလင်းဖျော့ဖျော့လေးတွေပဲ သုံးပါ။ အရောင်နုနုဖျော့ဖျော့တွေက သင့်အခန်းကို ပိုကျယ်ပိုလင်းသွားတယ်လို့ ခံစားရစေနိုင်ပါတယ်။

 

ဧည့်ခန်းလေး ပိုကျယ်သွားအောင် ဒီလိုလေးလုပ်ကြည့်မယ်



၂။ ပြတင်းပေါက်နဲ့ မျက်နှာချင်းဆိုင်မှာ မှန်တစ်ချပ် ချိတ်ဆွဲထားပါ။ မှန်ကနေ နေ့ဘက်မှာ တစ်ခန်းလုံးကို အလင်းတွေ ပေးပါလိမ့်မယ်။ နေရာကျယ်ရင် အသက်ရှုရတာပါ ချောင်သလို ခံစားရပါစေမယ်။ မှန်အရွယ်အစား ပိုကြီးလေ ကောင်းလေပါပဲ။

 

ဧည့်ခန်းလေး ပိုကျယ်သွားအောင် ဒီလိုလေးလုပ်ကြည့်မယ်


၃။ သတ္တုနဲ့ လုပ်ထားတဲ့၊ သတ္တုရောင် လောင်းထားတဲ့ မီးအိမ်တွေကလည်း မှန်လိုပဲ သင့်ဧည့်ခန်းကို ပိုလင်းစေပါတယ်။

 

ဧည့်ခန်းလေး ပိုကျယ်သွားအောင် ဒီလိုလေးလုပ်ကြည့်မယ်


၎။ နံရံကပ်စင်လေးတွေ သုံးပါ။ မြေကြီးပေါ်မှာ ထားတဲ့ စင်မဟုတ်လို့ သင့်အခန်းမှာ နေရာသပ်သပ်မယူတော့ဘဲ အခန်းကိုလည်း သားနားသွားစေမှာပါ။

 

ဧည့်ခန်းလေး ပိုကျယ်သွားအောင် ဒီလိုလေးလုပ်ကြည့်မယ်


၅။ ခန်းစီးစတပ်တဲ့အခါမှာလည်း ခန်းစီးစအတံကို ပြတင်းဘောင်ကို ကပ်ပြီး ဆွဲမယ့်အစား မျက်နှာကြက်နားအထိ မြှင့်ပြီး ဆွဲပါ။ ဒါမှ သင့်ပြတင်းပေါက်ကို ပိုမြင့်သွားတယ်လို့ ခံစားရစေမှာပါ။

 

ဧည့်ခန်းလေး ပိုကျယ်သွားအောင် ဒီလိုလေးလုပ်ကြည့်မယ်


၆။ ခန်းဆီးလိုက်ကာစရဲ့ အရောင်က သင့်နံရံအရောင်နဲ့ လိုက်ဖက်ပါစေ။ ခန်းဆီးနဲ့ နံရံ အရောင်တူတဲ့အခါ အခန်းက ပိုကျယ်သွားသယောင်ရှိပါတယ်။

 

ဧည့်ခန်းလေး ပိုကျယ်သွားအောင် ဒီလိုလေးလုပ်ကြည့်မယ်


၇။ အခန်းနဲ့ လိုက်ဖက်တဲ့ ပရိဘောဂတွေကို ရွေးချယ်ပါ။ နှစ်မျိုးသုံးလို့ရတဲ့ ပရိဘောဂမျိုးပေါ့- ဥပမာ- စာအုပ်တင်လို့ရတဲ့ အံဝှက်လေးတွေပါ ပါဝင်တဲ့ စာကြည့်စားပွဲခုံ

 

ဧည့်ခန်းလေး ပိုကျယ်သွားအောင် ဒီလိုလေးလုပ်ကြည့်မယ်


၈။ အတုံးလိုက် အတစ်လိုက် အပိတ် ကော်ဖီစားပွဲ သုံးမယ့်အစား အကြည်ရောင်ကော်ဖီစားပွဲကို သုံးပါ။

 

ဧည့်ခန်းလေး ပိုကျယ်သွားအောင် ဒီလိုလေးလုပ်ကြည့်မယ်


၉။ နံရံတွေကို ပြခန်း အံဆွဲ အဖြစ် အသုံးချပါ။ နံရံမှာ ဘုတ်ပြားတစ်ခုကပ်ပြီး အဲ့ဒီပေါ်မှာ သင့်ရဲ့ လက်ဝတ်ရတနာဖန်စီတွေကို ချိတ်ပါ။

 

ဧည့်ခန်းလေး ပိုကျယ်သွားအောင် ဒီလိုလေးလုပ်ကြည့်မယ်


၁၀။ ပရိဘောဂတွေကို နံရံနဲ့ ကပ်မထားဘဲ ကြားထဲမှာ နေရာလွတ်နည်းနည်း ချန်ထားပါ။ သင့်ဧည့်ခန်းမှာ ပိုပြီးလေဟာနယ်ရှိသလို ဖြစ်စေပါတယ်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)