644 ကြိမ် ကြည့်ရှု့ ပြီး

နေအိမ်တွင်း၌ ကိုယ်ပိုင် Spa တစ်ခုဖန်တီးခြင်း

နေအိမ်ပြင်ပကိုအပန်းဖြေခရီးထွက်တယ်ဆိုတာပျော်စရာကောင်းပေမယ့် အမြဲတမ်းအပန်းပြေလိမ့်မယ်လို့တော့ သေချာပေါက်ပြောလို့မရပါဘူး။နောက်ပြီးတစ်နှစ်မှာ နှစ်ပတ်စာလောက်ပဲအပန်းဖြေခရီးထွက်နိုင်ကြတာပါ။အပန်းဖြေစခန်းတွေဆိုတာကလည်းလာရောက်နားနေသူတွေအတွက်အပန်းပြေအောင်လုပ်ဆောင်ထားပေမယ့် ဈေးကြီးလွန်းလှပါတယ်။ နှစ်တစ်နှစ်ရဲ့ကျန်တဲ့အချိန်တွေမှာကိုယ်အနားယူဖို့လိုလာရင်ရောဘယ်လိုလုပ်မှာလဲ။

နေအိမ်တွင်း၌ ကိုယ်ပိုင် Spa တစ်ခုဖန်တီးခြင်း

တစ်ခုတည်းသောနည်းလမ်းကတော့ နေအိမ်မှာကိုယ်ပိုင် Spa လေးတစ်ခုဖန်တီးလိုက်တာပါပဲ။ဘယ်မှသွားစရာမလိုသလို ငွေအများကြီးအကုန်ခံစရာလည်းမလိုပါဘူး။မိသားစုဝင်တွေအားလုံးပူးပေါင်းပါဝင်ဖို့ပဲလိုအပ်ပါတယ်။ပုံမှာကြည့် လိုက်ရင် ဘယ်လောက်အပန်းပြေစေတဲ့နေရာဖြစ်မလဲဆိုတာမြင်တွေ့နိုင်ပါတယ်။

၁။သက်သောင့်သက်သာဖြစ်အောင်ဖန်တီးပါ။

နေအိမ်တွင်း၌ ကိုယ်ပိုင် Spa တစ်ခုဖန်တီးခြင်း

အရင်ဆုံးပိတ်ရက်တစ်ရက်ရွေးလိုက်ပါ။ကလေးတွေရှိရင် အပြင်ခေါ်ထုတ်သွားဖို့ မိသားစုဝင်တွေကို အကူအညီတောင်းပါ။ရက်ရွေးပြီးတာနဲ့ ဘယ်လို Spa မျိုးဖန်တီးချင်တယ်ဆိုတာစဉ်းစားပြီးလုပ်ရမယ့်ကိစ္စတွေ၊ဝယ်ရမယ့်ပစ္စည်းတွေ စာရင်းကိုချရေးပါ။ဥပမာနေ့လည်စာကြိုပြင်တာ၊Spa သုံးပစ္စည်းတွေကိုကြိုတင်ဝယ်ယူတာပဲဖြစ်ပါတယ်။

အလုပ်စခင်မှာ Spa လုပ်မယ့်အခန်းကို ကြိုတင်သန့်ရှင်းရေးလုပ်ပါ။တစ်ညအလိုမှာလိုအပ်တဲ့ပစ္စည်းအားလုံးကို ဖြန့်ချထားပါ။ကိုယ့်ရဲ့နေအိမ်တွင်းမှာအစီအစဉ်တကျပြင်ဆင်ခြင်းကပင်ပန်းနေတာထက် ပိုပြီးပျော်စရာကောင်းတဲ့နေ့လေးကိုပိုင်ဆိုင်ရစေမှာပါ။

၂။သက်သောင့်သက်သာရှိတဲ့မနက်ခင်း။

နေအိမ်တွင်း၌ ကိုယ်ပိုင် Spa တစ်ခုဖန်တီးခြင်း

Spa အပန်းဖြေစခန်းတွေကရိုးရိုးရှင်းအစားအသောက်တွေကိုတောင် လှပအောင်ပြင်ဆင်ပေးခြင်းအားဖြင့် အထူးဟင်းလျာတွေဖြစ်အောင်လုပ်ဆောင်လေ့ရှိပါတယ်။ဒါတွေကိုကိုယ့်နေအိမ်မှာလည်းဖန်တီးနိုင်ပါတယ်။တစ်ညအလိုမှာကော်ဖီဖျော်စက် သို့မဟုတ် လက်ဖက်ရည်အိုးကိုအလှဆုံးပန်းကန်ခွက်ယောက်တွေ၊လတ်ဆတ်တဲ့ပန်းအိုးအပြင်အဆင် တွေနဲ့ ကြိုတင်ပြင်ဆင်ထားပါ။ပြီးရင်တော့ Spa လုပ်မယ့်နေ့တစ်နေ့ရဲ့အစကိုအိပ်ရာပေါ် သို့မဟုတ် အိမ်ရှေ့ပေါ်တီကိုအောက် သို့မဟုတ် တခြားကြိုက်တဲ့နေရာတစ်ခုခုမှာမနက်စာကိုလှပစွာသုံးဆောင်နိုင်ပါပြီ။

၃။ ခန္ဓာကိုယ်ကိုလှုပ်ရှားပါ။

နေအိမ်တွင်း၌ ကိုယ်ပိုင် Spa တစ်ခုဖန်တီးခြင်းမနက်ခင်းလေ့ကျင့်ခန်းလုပ်ဖို့အချိန်ရောက်ပါပြီ။ပုံမှန်လေ့ကျင့်ခန်းကိုပဲဆက်လုပ်လို့ရသလို လေ့ကျင့်ခန်းအသစ် ပြောင်းလဲလို့လည်းရပါတယ်။လေ့ကျင့်ခန်းလုပ်ကျင့်မရှိသူဆိုရင် လေ့ကျင့်ခန်းအစီအစဉ်လာတတ်တဲ့တီဗီရုပ်သံလိုင်းကိုဖွင့် ကြည့်တာဒါမှမဟုတ် အွန်လိုင်းကလေ့ကျင့်ခန်းဗီဒီယိုကိုကြည့်တာတို့လုပ်ဆောင်နိုင်ပါတယ်။

မနက်ခင်းမှာ ယောဂ၊ဟစ်ဟော့ပ်လေ့ကျင့်ခန်း၊စက်ဘီးစီးခြင်းသို့မဟုတ် တခြားလေ့ကျင့်ခန်းတွေနဲ့ နာရီဝက် လောက်ခန္ဓာကိုယ်ကိုလှုပ်ရှားပေးရင် နှလုံးခုန်နှုန်းကောင်းမွန်စေနိုင်ပါတယ်။ဒါကသီးသန့်လေ့ကျင့်ခန်းလုပ်တဲ့အခန်းတစ်ခု ရှိမှမဟုတ်ပါဘူး။ခြေဆန့်လက်ဆန့်လို့ရလောက်အောင်ကျယ်ဝန်းတဲ့အခန်းတစ်ခုဖြစ်ရင်ရပါပြီ။ရေဓာတ်ပြည့်ဝနေစေဖို့အ တွက် ရေများများသောက်ပေးပါ။

၎။ ပင်ပန်းနွမ်းနယ်မှုတွေကိုလွှင့်ပစ်လိုက်ပါ။

နေအိမ်တွင်း၌ ကိုယ်ပိုင် Spa တစ်ခုဖန်တီးခြင်း

လေ့ကျင့်ခန်းလုပ်ပြီးလို့ ချွေးတွေရွှဲနေတဲ့အခါ ချွေးတိတ်အောင်ခဏအနားယူပြီးရေချိုးလိုက်ပါ။ဒီနေရာမှာတော့ Spa မှာလုပ်နေကျအရာတွေကိုလုပ်ဆောင်နိုင်ပါပြီ။ချေးတွန်းလက်အိတ်၊ချေးချွတ်ခရင်မ်တို့ကိုအသုံးပြုပြီး ဆဲလ်သေတွေ ကိုဖယ်ရှားပါ။

နေအိမ်တွင်း၌ ကိုယ်ပိုင် Spa တစ်ခုဖန်တီးခြင်း

Mask နဲ့မျက်နှာပေါင်းတင်ပါ။ဆံသားအတွက် ဆံပင်ပျော့ဆေးသုံးပြီးအချိန်ကြာကြာထားပါ။ရေချိုးကန်ထဲကို အမွေးဆီထည့်ပြီးချိုးပါ။ခြေသည်းလက်သည်းအလှဆင်ပါ။ကိုယ့်အတွက်သက်သောင့်သက်သာဖြစ်စေမယ့်အရာတွေကိုပဲ ရွေးလုပ်ပါ။လေဝင်လေထွက်လွယ်တဲ့အဝတ်နဲ့ခြောက်အောင်သုတ်ပါ။သန့်ရှင်းတဲ့အပေါ်ဝတ်ရုံနဲ့အဝတ်ဖိနပ်ကိုကြိုတင်ပြင် ဆင်ထားပါ။

၅။သဘာဝကိုခံစားပါ။

နေအိမ်တွင်း၌ ကိုယ်ပိုင် Spa တစ်ခုဖန်တီးခြင်း

နေ့တိုင်းအလုပ်ရှုပ်နေတာကြောင့် ဒီလိုရက်မျိုးမှာ မိသားစုဝင်တွေ၊အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ပြန်ထိတွေ့ချင်မိ မှာပါပဲ။သူတို့အခြေအနေကိုသိချင်မိကြမှာပါပဲ။ညစာအတူထွက်စားကြတာပဲဖြစ်ဖြစ်၊ညနေခင်းမှာ အတူတူအချိန်ကုန်ဆုံးတာပဲဖြစ်ဖြစ် ချစ်ခင်ရသူတွေနဲ့ပြန်လည်ထိတွေ့ဖို့အကောင်းဆုံးအခွင့်အရေးပါပဲ။

၆။ညစာကိုအရသာခံစားသုံးပါ။

နေအိမ်တွင်း၌ ကိုယ်ပိုင် Spa တစ်ခုဖန်တီးခြင်း

ညစာကို တစ်ယောက်တည်းဖြစ်ဖြစ်၊မိသားစုဝင်တွေနဲ့ဖြစ်ဖြစ်၊အိမ်အပြင်ဘက်မှာပဲဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။ဟင်းချက်ရတာကြိုက်တဲ့သူဆိုရင် ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ပါ။ဒါပေမဲ့ အပန်းဖြေနေတဲ့အချိန်မှာဟင်းချက်ရတာပင် ပန်းတယ်ဆိုရင်တော့ ကြိုတင်မှာယူတာသို့မဟုတ် သူများကိုချက်ခိုင်းထားတာမျိုးလုပ်လို့ရပါတယ်။ညစာစားတဲ့အခါ ဟင်းလျာတွေကို ဖြည်းဖြည်းချင်းအချိန်ခံ၊အရသာခံပြီးစားသုံးပါ။

၇။နေဝင်ချိန်ကိုကြည့်ရှု့ခံစားပါ။

နေအိမ်တွင်း၌ ကိုယ်ပိုင် Spa တစ်ခုဖန်တီးခြင်း

ညနေခင်းအချိန်ဆိုတာနေ့တစ်နေ့ရဲ့သက်သောင့်သက်သာအရှိဆုံးအချိန်ပါ။နေဝင်လာတာနဲ့အမျှ မော်တော်ကားတွေရဲ့ဆူညံသံတွေလျော့ကျသွားပြီးငှက်ကလေးတွေရဲ့အသံကိုစကြားရသလိုအပူချိန်ကလည်းစတင်အေးမြလာပါပြီ။ ကိုယ်တစ်ယောက်တည်းအပန်းဖြေနားနေတာပဲဖြစ်ဖြစ်၊ထမင်းစားပြီးတဲ့နောက်မှာ မိသားစုဝင်တွေနဲ့လက်ဆုံစကားပြော တာပဲဖြစ်ဖြစ် နေဝင်ချိန်ကိုရှု့စားရင်းလုပ်ဆောင်နိုင်ပါတယ်။

၈။စောစောအိပ်ပါ။

နေအိမ်တွင်း၌ ကိုယ်ပိုင် Spa တစ်ခုဖန်တီးခြင်း

တစ်နေ့ကုန်အပန်းဖြေထားသမျှရဲ့အကျိုးဆက်တွေကြာရှည်ခံဖို့ဆိုတာ စောစောဝင်အိပ်ခြင်းအားဖြင့် ညဘက် အချိန်ပြည့်အိပ်စက်နိုင်ဖို့လိုအပ်ပါတယ်။နောက်တစ်နေ့မှာSpaရောက်သွားခဲ့သလိုပဲလန်းဆန်းတက်ကြွမှုကိုခံစားနိုင်မှာ ဖြစ်ပြီးထူးခြားမှုကိုသိသိသာသာမြင်တွေ့ရပါလိမ့်မယ်။


Credit: mm-homedecor


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)