ကျွန်တော်တို့ အိမ်ကလေးတွေကို သန့်သန့်ရှင်းရှင်းနဲ့ လှလှပပဖြစ် စေဖို့အတွက် အိမ်မှာရှိတဲ့ တချို့အရာ၊ ဟောင်းနွမ်းပြီးအမှိုက်လိုဖြစ် နေတဲ့အရာတွေကို ရှင်းထုတ်ပစ်တတ်ကြပါတယ်။ မလိုအပ်တော့ တဲ့ အရာတွေကြောင့် အိမ်ရဲ့အခန်းတွေမှာ ရှုပ်ပွနေတယ်လို့ ခံစား ကြရလို့ပါပဲ။ ဟုတ်ပါတယ်။
တချို့အရာတွေက သိမ်းထားဖို့မဖြစ် တော့တာနဲ့ အသုံးမဝင်တော့တာနဲ့ပဲ ပစ်ထုတ်ရမယ့် အရာတွေပါပဲ။ ဒါပေမဲ့ ပြန်သုံးလို့ရတယ်။ အိမ်အလှဆင်ဖို့အတွက် ပြန်ပြီးအသုံးပြု လို့ရတယ်ဆိုတဲ့ ပစ္စည်းလေးတွေနဲ့ စိတ်ကူးပြင်ဆင်မှုလေးတွေကို တော့ ကိုယ်ကိုတိုင်ပဲ ဖန်တီးယူရမှာပါ။အခုဖော်ပြပေးမယ့်အရာ လေးတွေက အိမ်တိုင်းမှာရှုပ်ပွနေသလိုဖြစ်နေတဲ့ အရာလေးတွေ ကို အိမ်အလှဆင်တဲ့ နေရာလေးတွေမှာပြန်ပြီး အသုံးဝင်တယ်ဆို တဲ့ နည်းလမ်းကောင်းလေးတွေပါပဲ…….
၁။ ဖန်ခွက်လှလှကလေးတွေ၊ နို့ပုလင်းလှလှလေးတွေကနေ ချစ်စ ရာကောင်းတဲ့ ပန်းအိုးလှလှလေးတွေဖြစ်အောင် ပြောင်းလဲပုံဖော်လို့ ရပါတယ်။ ကြွေပုလင်းတွေရဲ့ အပြင်ဘက်ကို ကြိုက်နှစ်သက်တဲ့ ဆေးရောင်၊ ရုပ်ပုံလေးတွေခြယ်လိုက်ပါ။
နောက်ပုလင်းရဲ့လည် တိုင်မှာ လက်ကောက် ဝတ်ဝတ်လှလှလေးတွေ စွပ်ပေးထားမယ် ဆိုရင် လှပတဲ့ပန်းအိုးလေးတစ်လုံး ဖြစ်သွားမှာပါ။ နောက် ပန်းလေး တွေ၊ အလှဆင်ပစ္စည်းလေးတွေထည့်ပြီး အလှဆင်ပေးလို့ရနိုင်ပါ တယ်။
၂။ အကွက်အစိပ်၊ အကျဲ၊ အပေါက်တွေပါတဲ့ ကြိမ်ခြင်းတောင်းတွေ၊ ကြိမ်ထိုင်ခုံလေးတွေ၊ အမှိုက်ခြင်းတောင်းလေးတွေကို နေအိမ် တိုင်းမှာ အသုံးပြုတတ်ကြမှာပါ။ ဒီ အရာတွေကို ဟောင်းသွားလို့ မလွှင့်ပစ်လိုက်ပါနဲ့။
အိမ်မျက်နှာကျက်မှာ တပ်ထားတဲ့ မီးဆိုင်းမပါ တဲ့ မီးလုံးတွေမှာ အလှဆင်ချိတ်ထားလို့ ရပါတယ်။
ခြင်းတောင်း တွေကို ပြောင်းပြန်တစ်ဖက်လှန်ပြီး မီးလုံးလေးတွေရဲ့ အကွပ်လေး တွေ၊ နောက် မှောက်ပြီးတော့ စားပွဲခုံဝိုင်းသေးသေးလေးတွေအဖြစ် ပြန်လည်အသုံးပြုလို့ရပါသေးတယ်။
၃။ လိုက်ဖက်မှုမရှိတဲ့ ကြွေပန်းကန်ပြား၊ ပန်ကန်လုံးတွေ၊ အစုံ လိုက်မရှိတော့ပဲ တစ်ခွက်တစ်လုံးသာကျန်တော့တဲ့ ကြွေထည် ပစ္စည်းတွေက အိမ်ရဲ့အလှဆင်ပစ္စည်းတွေအဖြစ် အသုံးပြုလို့ရနိုင် ပါသေးတယ်။
အလုံးနဲ့ အပြား၊ ပန်းကန်ချပ်နဲ့ ဖန်ခွက်တစ်ခုချင်းစီ ကို အိမ်ရဲ့အလှဆင်မယ့်နေရာ နံရံမှာဖြစ်ဖြစ် အလှစင်လေးတစ်ခု မှာဖြစ်ဖြစ် ခင်းကျင်းထားလိုက်ရင် တန်ဖိုးကြီးအလှဆင်ပစ္စည်းတွေ ထက်တောင် လှပသွားနိုင်ပါသေးတယ်။
၎။ သံထည်သေတ္တာအဟောင်းတွေ၊ ရှေးဟောင်းသေတ္တာလေးတွေ နဲ့ စက္ကူပုံးလေးတွေက တစ်ခါတစ်ရံမှာ အိမ်ရဲ့အလှဆင်ပစ္စည်းတွေ အဖြစ် ပြန်လည်အသုံးပြုလို့ရပါတယ်။
သေတ္တာတွေကို ဆင့်ဆင့်ပြီး အိပ်ခန်းထဲက စားပွဲခုံလေးတွေ၊ အလှစားပွဲလေးတွေအဖြစ် အသုံး ပြုလို့ရပါတယ်။
စက္ကူပုံးတွေကိုတော့ စာအုပ်စင်၊ ဓာတ်ပုံစင်တွေနဲ့ အခြား အလှပစ္စည်းတွေ ထားလို့ရတဲ့ စင်တွေအဖြစ် ပြောင်းလဲအ သုံးပြုလို့ရပါတယ်။
၅။ နေအိမ်တိုင်းက မိသားစုတွေအားလုံးနီးပါး ဝတ်ဆင်ကြတဲ့ ဂျင်း ဘောင်းဘီတွေ ဟောင်းနွမ်းသွားတဲ့ အခါဘာလုပ်ကြပါသလဲ။
ဒီ ဟောင်းနေတဲ့ ဂျင်းဘောင်းဘီတစ်ထည်လုံး အသုံးမဝင်ပေမဲ့ ဂျင်း ဘောင်းဘီရဲ့ အိတ်ကပ်ကတော့ နေအိမ်မှာအသုံးလည်းဝင်သလို အလှလည်း ဆင်လို့ရနိုင်ပါတယ်။
အိတ်ကပ်ကလေးတစ်ခုတည်း သာဖြတ်ပုံဖော်ပြီး ကပ်ကြေး၊ လက်သည်းညှပ်၊ ဘောပင်တို့ အစရှိ တဲ့ ပစ္စည်းသေးသေးလေးတွေ ထည့်သိမ်းလို့ရတဲ့ အိတ်ကလေးတွေ အဖြစ် ပြန်သုံးလို့ရနိုင်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)