လှပတဲ့ဗိသုကာဒီဇိုင်းလက်ရာနဲ့ တေးဂီတသံတေးသွား ငြိမ့်ငြိမ့်ညောင်းညောင်းတို့ကို သဘာဝကျကျ ခံစားလို့ရစေနိုင်မယ့် အတွေ့အကြုံသစ်ကို အော်ရီဂွန်အိမ် အဆင့်မြင့် ဇိမ်ခံအိမ်ကရရှိမှာဖြစ်ပါတယ်။
ဗိသုကာ ဒီဇိုင်းပညာရှင်အကျော်အမော်တစ်ဦးဖြစ်တဲ့ ရော်ဘတ်ဟာဘေး အိုရှက်ဇ်ကပိုလန်နိုင်ငံအနောက် တောင်ကြားကစိမ်းစိုနေတဲ့ တောတောင်ထဲတောတောင် ရေမြေ
သဘာဝတွေကို ကိုယ်တိုင်ထိတွေ့ခံစားရင်း အံ့မခန်းဖွယ်ဗိသုကာ လက်ရာတွေနဲ့ ဒီဇိုင်း ဆွဲဆောက်လုပ်ထားတဲ့ ဇိမ်ခံအိမ်ထဲနေထိုင်နိုင်ဖို့ ဒီဇိုင်းဆွဲ ဆောက်လုပ်ပေးထားတာ ဖြစ်ပါတယ်။
သစ်ရိပ်ဝါးရိပ် သစ်ပင်ဝါးပင်အောက်ဝယ် သဘာဝလေ၊ ရေ၊ မြေ၊ နေတို့ရဲ့အငွေ့အ သက်ကိုရှူရှိက်ရင်း သဘာဝအသံ၊ ကျေးငှက်တွန်ကျူးသီဆိုသံ၊ စမ်းချောင်းစမ်းရေကျ
သံ၊ တောတွင်းအကောင်တွေ သွားလာလှုပ်ရှားသံတွေကို လက်တွေ့ထိတွေ့ခံစားနိုင် ဖို့ ဖန်ချပ်၊ သစ် သား၊ နေကာမှန်တို့နဲ့ အိမ်တစ်လုံးတည်ဆောက်ပြီး အတွင်းခန်းမှာ လည်း ဇိမ်ခံအိမ်တစ်လုံးအပြင်အဆင်၊
အခန်းဖွဲ့တွေကို တောတွင်းသဘာဝနဲ့လိုက် လျောညီထွေဖြစ်အောင် ပြင်ဆင်မွမ်းမံပေးထားက တောတွင်းတစ်နေရာက ပြီးပြည့်စုံ တဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေး တစ်ခုဖြစ်နေမှာဖြစ်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)